အချို့သော အိမ်များတွင် ဖခင်နှင့် သားလည်းကောင်း ၊ မိခင်နှင့် သမီးလည်း ကောင်း ၊ ညီအမ အချင်းချင်းလည်းကောင်း၊ ညီအကို အချင်းချင်း လည်းကောင်း ၊ အကြောင်းအရာ ကြီးကြီးမားမား မရှိပဲ ငြင်းခုန်ခြင်း ၊ စကားများခြင်း ၊ ပြုတတ်ကြ၏။ထိုအိမ်မျိုးကို အိမ်ပူသည် အိမ်ဆူသည်ဟု ခေါ်ဝေါ်ကြ၏။ အိမ်ပူခြင်း ဒုက္ခမှ ကင်းဝေး စေရန်အတွက် ဗားမဲ့ဆရာတော် ၏ ကျမ်းမှ ကကြီး အလယ်သေ အင်းကို ဖော်ပြလိုက်ပါသည်။
ထိုအင်းကို ကူးယူ၍ ကြွေပန်းကန်တွင် ကပ်ကာ "က" ကြီးရှိသော နေရာတွင် ရိုးရိုး ဖယောင်းတိုင် တစ်တိုင် ထွန်းပါ။ ငါးရက်ပြည့်အောင် ထွန်းပါ။ အိမ်ပူသော ဒုက္ခ ကင်းဝေး သွားပါ လိမ့်မည်။
လာဘ်တိတ်နေပါက ထိုအင်းတွင် ပန်းကန်ပြားတွင် ကပ်၍ ရေအနည်းငယ် လောင်းထည့်ပြီး ရေစိမ်ထားပါ။ လာဘ်လာဘများ ပွင့်လန်းလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရလိမ့်မည်။ လောင်းထည့်သော ရေသည် ရိုးရိုးရေ မဟုတ်ပဲ နံ့သာရေကို လောင်းထည့်ပြီး ဈေးဆိုင် ရှိပါက ဆိုင်မဖွင့်မီ ဆိုင်ရှေ့တွင် ပက်ဖြန်းလိုက်ပါ။ ဈေးခေါ် အလွန်ကောင်းပါသည်။ (မူရင်း-အဘမင်းသိင်္ခ)








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter