Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မှော်တံမျက်စည်း

မှော်တံမျက်စည်း

ပုံပြင်တွေထဲမှာတော့ စုန်းမ ကဝေမ ကြီးတွေက ကောင်းကင် ဝေဟင်ခရီးကို ပျံသန်းနေကြတယ်လို့ ကြားဖူးကြတယ်။ ဟယ်ရီပေါ်တာ ကားထဲမှာတော့ ဇာတ်လိုက်ဟာ မှော်တံမျက်စည်းကို ခွစီးပြီး ပျံသန်းပြီး သွားနေကြတာ လူတိုင်း တွေ့ဘူးကြပါတယ်။ ကျွန်တော်တို့ ဂမ္ဘီရမှာ အသုံးပြုတဲ့ တံမျက်စည်း ရှိပါတယ်။

အဲဒီ မှော်တံမျက်စည်းကို ဘယ်နေရာတွေမှာ အသုံးချသလဲဆိုတော့ ရောဂါ ကုသတဲ့နေရာတွေ ၊ နှင်ထုပ်တဲ့ နေရာတွေမှာ အသုံးပြုပါတယ်။ ရောဂါတော်တော် ကြမ်းနေတယ်။ ကုသပျောက်ကင်းဖို့ အ၇မ်းခက်ခဲနေတယ်ဆိုရင် အဲဒီ လူနာကို ပက်လက်အိပ်ခိုင်းပြီး သူ့အပေါ်က ပိတ်ဖြူ အုပ်လိုက်ပါ။ တစ်ကိုယ်လုံးနော်။ ပြီးရင် ကိုယ့်ရဲ့ မှော်တံမျက်စည်းနဲ့ ခေါင်းကနေ ခြေထောက်အထိ လှည်းချပြီး ရောဂါတွေကို နှင်ထုပ်ဖို့ အသုံးပြုတယ်။

နောက် လူတစ်ယောက်ကို ကိုယ့်အိမ် မလာစေချင်ဘူး။ သူလာရင် ဒုက္ခတွေ တစ်လှေကြီး ပါလာတယ်။ ဒါကြောင့် သူ့ကို လုံးဝ မလာစေချင်ဘူး။ ရပါတယ်။ အိမ်ကနေ သူ့မျက်နှာကို အာရုံပြုပြီး သူ့အမည်ကို ခေါ်ပြီး ကိုယ့်ရဲ့ တံမျက်စည်းနဲ့ လုံးဝ မလာစေနဲ့ ဆိုပြီး လေထဲမှာ လက်ပြန် လှည်းထုပ်လိုက်လို့လည်း ရပါတယ်။ အဲဒီလူ ကိုယ့်အိမ်ကို နောက် ဘယ်တော့မှ မလာတော့ဘူ။

ကျွန်တော် မြန်မာပြည်မှာတုန်းက နယ်မြို့လေးတစ်မြို့မှာ ဗေဒင်ဟောခန်းဖွင့်တုန်းက အဲဒီ တံမျက်စည်းနည်းကို ကောင်းကောင်း အသုံးချခဲ့တာပေါ့။ ကျွန်တော်နေတဲ့ အိမ်ရဲ့ ခေါင်းရင်းဘက် တစ်အိမ်ကျော်က အဖိုးကြီး အဖွားကြီး အဖွားကြီး လင်မယားနှစ်ယောက် ရှိတယ်။ သူတို့မှာ သားသမီး မရှိဘူး။ အဖိုးကြီးက ရောဂါ ဖြစ်နေတာ။ တစ်ကိုယ်လုံး အနာကြီးတွေ ပေါက်နေတာ။ အနာတွေက ပြည်တွေနဲ့လေ။ အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး။

အဲဒီ သတင်းကို ကျွန်တော် ကြားတော့ ကျွန်တော့်ရဲ့ တံမျက်စည်းကြီးကို ထမ်းသွားပြီး အဲဒီ အဖိုးကြီးကို အပေါ်က ပိတ်ဖြူ လွှမ်းလိုက်တယ်။ ပြီးရင် ကျွန်တော်က အဖိုးကြီးရဲ့ ရောဂါတွေ အားလုံးထွက်စေ ဆိုပြီး ခေါင်းကနေ ခြေထောက်အထိ လှည်းချပေးခဲ့တယ်။ တစ်ချို့ လူတွေကတော့ ဝေဖန်တာပေါ့။ တံမျက်စည်းနဲ့ လူ အေပါ် လှည်းချတယ်ဆိုတော့ ဘုန်းတွေနိမ့်ကုန်တယ် ဘာညာပေါ့။ ဒါပေမဲ့ သူတို့ မသိတာက ကျွန်တော်ရဲ့ တံမျက်စည်းက ရိုးရိုးတံမျက်စည်းမှ မဟုတ်တာ။ ဂမ္ဘီရနည်းနှင့် စီရင်ထားတဲ့ တံမျက်စည်းဆိုတာ သူတို့မှ မသိတာကိုး။ ထားပါတော့.

အဲဒီလိုနဲ့ တစ်ပါတ်လောက်ကြာတော့ အဖိုးကြီးရဲ့ ခန္ဓာကိုပေါ်က အနာတွေဟာ ချောက်သွေ့ပြီး ပျောက်သွားတယ် ။ ပြည်တွေ မရှိတော့ဘူး။ အနာဖတ်တွေ ကွာကျလာတယ်။ ရက် ၂၀-လောက်ကြာတော့ လုံးဝ ပျောက်ကုန်တယ်။ အမှန်ပြောတာပါဗျာ..။တကယ်ပါ။ ဘုရားစူးပါစေရဲ့ ။ ကျိန်ပြောရဲပါတယ်။ အဲဒီ အဖိုးကြီး အဖွားကြီး သေတဲ့နေအထိ ဘုန်းကြီးကျာင်းကို အတူတူ ဥပုတ်စောင့် သွားနိုင်ခဲ့တယ်။

အဲဒီနေ့ကစပြီး ကျွန်တော့်ရဲ့ ဂမ္ဘီရတံမျက်စည်းလေးအပေါ် ပိုပြီး ယုံကြည်ခဲ့ပါတယ်။ နောက် ဗေဒင်ဆရာဆီကို ပယော၈ ဖြစ်နေတဲ့ လူတွေလည်း လာကြတယ်။ ကျွန်တော်က ရွှေရင်ကျာ်တို့ ဘာညာ ဂိုဏ်တွေ ဘာတွေ ၀င်ထားတာ မဟုတ်တော့ ပယောဂ ကုတဲ့ဘက်မှာတော့ မကျွမ်းပါဘူး။ ဒါပေမဲ့ သူတို့ ဘက်က အကူအညီတောင်းလာရင် ထုံးစံအတိုင်း ပယောဂ ဖြစ်နေသူကို ပက်လက် အိပ်ခိုင်း။ အပေါ်က ပိတ်စကို အုပ်ပြီး တံမျက်စည်းနှင့် လှဲချတော့တာ။ ဘာဖြစ်တယ် မသိပါဘူးဗျာ။ စုန်မတွေ သရဲတွေ ဆိုတာ အော်ပြီးတော့ကို ထွက်ပြေးကြတယ်။ အဲဒီနေ့ကစပြီး တံမျက်စည်း တစ်ချောင်းနဲ့ ကျွန်တော့်ရဲ့ ဗေဒင်ဟောခန်းလေးထဲမှာ ပယောဂပါ ကုပေးခဲ့တာ..။

အဲဒီလောက် ကောင်းတဲ့ ဂမ္ဘီရတံမျက်စည်းကို ဘယ်လို စီရင်မလဲ......

လွယ်ပါတယ်ဗျာ။ ရိုးရိုး အုန်းတံမျက်စည်း တစ်ချောင်း ၀ယ်လိုက်ပါ။ အရိုးက ၀ါးနဲ့နော်။ ကျွန်တော်တို့ တောအခေါ် မတ်တပ်တံမျက်စည်းပေါ့။ အဲဒီ အရိုးက ၀ါးလုံးမှာ အပေါက်ပေါ်အောင် ဖြတ်ပြီး အဲဒီ အပေါက်ကို သစ်သားစို့လေးနဲ့ ရိုက်ပိတ်ထားလိုက်ရုံ ပါပဲ။ ပြီးရင် အရိုးကို ၀ါ စိမ်း နီ ကာလာ ဆေးသုတ်ပြီး ခေါင်းရင်းဘက်မှာ သိမ်းထားလိုက်ပေါ့ဗျာ။ နိမ့်ကျတဲ့ နေရာတွေမှာတော့ မထားနဲ့ပေါ့။ မိတ်ဆွေများ လိုအင်ဆန္ဒ ပြည့်ဝကြပါစေဗျာ....

Sunday, August 1, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels