Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဘာလုပ်လုပ် အောင်မြင်ချင်သူများအတွက် သက်ရောက် ဆန်ပုံယတြာ

တစ်ခုသောည၌ ကျွန်ုပ်သည် အခန်းထဲတွင် အခန်းထဲတွင် တစ်ယောက်တည်းထိုင်၍ ကျွန်ုပ်ကိုယ်တိုင် လုပ်မှရမည့် အလုပ်များကို ထိုင်စဉ်းစားနေမိလေ၏။ အခုတလော အလုပ်များသည် များသည်ထက် များလာလေသောကြောင့် ကျွန်ုပ်လုပ်ရမည့် အလုပ်များကို တွေးတောရင်း စိတ်မောသွားလေတော့၏။ ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် လာရောက်အပ်နှံထားသော ဘ၀တစ်သက်စာ ဟောစာတမ်းများ ၊ အီးမေးလ်ပို့၍ ဟောစာတမ်းမှာယူထားကြသော သူများအားလည်း (၅)ရက်အတွင်း အရောက် ဟောစာတမ်း ပြန်လည်ပေးပို့ရမည် ဖြစ်ရာ တစ်ချို့ဆိုလျှင် သတ်မှတ်ထားသော (၅)ရက် အတိုင်းအတာကို ကျော်လွန်နေပြီပင် ဖြစ်လေရာ ဆရာ ဟောစာတမ်း မရောက်သေးပါဟု ထပ်မံ၍ အီးမေးလ်ပင် ပို့လာကြလေ၏။

နောက်တစ်ခု ဗေဒင်မေးလာကြသူများက အဆောင်လက်ဖွဲများ လိုချင်သည်ဟု ဆိုသောကြောင့် ရက်ချိန်းယူ၍ အဆောင်လက်ဖွဲ့များ စီးရင်ပေးရမည့် ကိစ္စများလည်းရှိလေ၏။ ထိုရက်ချိန်းများလည်း ပြည့်တော့မည် ဖြစ်လေရာ ဆရာ လာယူရတော့မလားဟု ဖုံးဆက်၍ မေးမြန်းကြသူများကို နောက်သို့ ရက်အနည်းငယ် စောင့်ပေးပါမည့်အကြောင်း ပြန်လည်တောင်းပန်ထားရလေ၏။

ထိုကဲ့သို့ ကျွန်ုပ်သည် တစ်ယောက်တည်း မအားမလပ်နိုင်အောင် အလုပ်များလျှက် ရှိလေရာ အခန်းထဲတွင် တစ်ယောက်တည်း ထိုင်၍ ဘယ်အလုပ်ကို အရင်လက်စသတ်ရမည်နည်းဟု စဉ်းစားမိရင်း ရင်ထဲတွင် မောပန်းလာလေတော့၏။ ဟိုအလုပ်လည်း လက်စမသတ် ဒီအလုပ်လည်း လက်စမသတ် ရှိနေလေတော့၏။ ထိုကဲ့သို့ ရှိနေလေရာ ကျွန်ုပ်သည် အလုပ်များကို ငြီးငွေ့သွားလေတော့၏။ ထို့ကြောင့် ကွန်ပြူတာကို ပိတ်ပစ်လိုက်၏။ စောင်တစ်ထည်ကို ကြမ်းပြင်ပေါ်တွင် ခင်းလျှက် ငါ အိပ်တော့မယ်ဟု ဆုံးဖြတ်ကာ အိပ်ယာထဲတွင် ကျောဆန့်လိုက်၏။ သိပ်မကြာခင် အချိန်တွင် ကျွန်ုပ်သည် အိပ်ပျော်သွားလေတော့၏။

ကျွန်ုပ်သည် အိပ်မက်မက်နေလေ၏။ အိပ်မက်ထဲတွင် ဆရာသခင် အဘမင်းသိင်္ခနှင့် တွေ့ရလေ၏။ ကျွန်ုပ်၏ အိပ်မက်ထဲတွင် အဘသည် စမ်းချောင်းလေးတစ်ခု ဘေးရှိ ၀ါးတဲလေးတစ်လုံးပေါ်တွင် စိတ်အေးချမ်းသာစွာ ထိုင်နေသည်ကိုတွေ့ရလေ၏။ အဘသည် ကျွန်ုပ်အား ပြုံးရွှင်စွာဖြင့် လာ ကောင်လေးဟု လှမ်းခေါ်လေ၏။ အဘရှေ့ တွင် သစ်သား စားပွဲလေးတစ်လုံးလည်း ရှိလေ၏။ ထိုစားပွဲပေါ်တွင် တားရော့ထုပ်လေး ရှိ၏။ ရေနွေးကြမ်း တစ်ဖန်ခွက်လည်း ရှိလေ၏။

အိပ်မက်ထဲတွင် အဘအား ကျွန်ုပ်သည် ရိုသေစွာရှိခိုးကန်တော့ပြီးနောက် အဘအား အဘတို့ကတော့ အေးအေးဆေးဆေးလေးကို ထိုင်နေလိုက်တာ။ ဘာအပူအပင်မှကို မရှိဘူးနော်အဘ။ ကျွန်တော်တို့ကတော့ လုပ်စရာအလုပ်တွေ တစ်ပုံတစ်ပင်ကြီး။ ဘယ်ကနေဘယ်လို စလုပ်လို့ လုပ်ရမှန်းကို မသိတော့တာ အဘရေ။ အဘလို အေးအေးချမ်းချမ်းလေး နေချင်လိုက်တာ အဘရယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် အဘသည် နူးညံ့စွာဖြင့် ပြုံးလေတော့၏။ ထို့နောက် အဘက

အလုပ်လုပ်တယ်ဆိုတာ မလုပ်သလိုလိုနဲ့ လုပ်ရတယ်ကွ။ အလုပ်ကို အင်တိုက်အားတိုက် ဘယ်တော့မှ မလုပ်လေနဲ့ကွ။ ဘာကြောင့်လည်းဆိုတော့ မင်းတို့ ပြောပြောနေတဲ့ အလုပ်ဆိုတာကြီးက မသေမချင်းကို လုပ်နေရမည့် အရာဖြစ်တယ်။ လူသားရယ်လို့ မွေးဖွားလာပြီ ဆိုကတည်းက အလုပ်တို့ တာဝန်တို့ဆိုတာ တွဲပါလာတာ မဟုတ်လား။ ဒါကြောင့် အလုပ်ဆိုတာကို ရှောင်လွဲလို့ ဘယ်တော့မှ မရဘူးကွ။

နောက်တစ်ခုက မင်းကို ငါပြောမယ်ကွ။ လူတော်တော်များများက ကောက်ရိုးမီးလို ဟုန်းခနဲ့ ထတောက်တတ်တဲ့ အကျင့်ရှိတယ်။ အရှိန်ကုန်သွားရင်တော့ ချက်ချင်းကို ငြိမ်သွားတော့တာ။ အဲဒီတော့ ကောက်ရိုးမီးလို မကျင့်နဲ့ကွ။ ဖွဲမီးလို တမြေ့မြေ့ တောင်လောင်နေတာက ပိုကောင်းတယ်ကွ။ ဒါကြောင့် အလုပ်လုပ်တဲ့ နေရာမှာ အင်တိုက်အားတိုက် အားကုန်သုံးပြီး လုပ်တဲ့ လူတွေဟာ ခနလေးနဲ့ အလုပ်ကို စိတ်ကုန်သွားတယ်။ ငြီးငွေ့သွား တတ်ကြတယ်။ ဒါကြောင့် ဖြေးဖြေးချင်း စိတ်အေးလက်အေးနဲ့ အလုပ်လုပ်တတ်အောင် လေ့ကျင့်ထားမယ်ဆို ရင် အလုပ်ကလည်း ပြီးစီးတယ်။ အလုပ်တွင် မကပါဘူး။ ဘယ်အရာမဆို ခရီးပေါက်တယ် ကောင်လေး။ ဒါကြောင့် ဖြေးဖြေးမှန်မှန်နဲ့ ခရီးရောက်အောင် ခရီးပေါက်အောင် သွားတတ်အောင် လေ့ကျင့်ထားပါ ကောင်လေးဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်ကလည်း

ဟုတ်ကဲ့ပါအဘ ။ ကျွန်တော် နားလည်ပါပြီ။ ကြိုးစားပါ့မယ်။ အခု ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ လူတော်တော်များများက သူတို့တွေရဲ့ ဘ၀တွေ အောင်မြင်ချင်တယ်။ တိုးတက်ချင်တယ်။ ကျော်ကြားချင်တယ်။ ပြီးတော့ ပြဿနာတွေ အန္တရယ်တွေလည်း ကင်းဝေးချင်ကြတယ်။ နောက်ပြီး မိတ်ဆွေ အပေါင်းအသင်း အခြံအရံတွေလည်း ပေါများချင်တယ်။ လူချစ်လူခင်လည်း ပေါများချင်ကြ တယ်အဘ။ အဲဒီတော့ ကျွန်တော်တို့ ဗေဒင်ဆရာတွေဆီကို လာပြီး အကူအညီတောင်း တတ်ကြတယ်။ အဲဒီတော့ သူတို့တွေရဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံအောင် သူတို့ မလိုချင်တဲ့ အရာတွေ မလာအောင် လာဘ်လာဘရွှင်လန်းအောင် ဘာယတြာ လုပ်ခိုင်းရင် ကောင်းမလဲ အဘဟု ကျွန်ုပ်က မေးလိုက်လေရာ အဘသည် ကျွန်ုပ်အား ခေတ္တ ငြိမ်သက်ကြည့်နေရာမှ မင်းဒီမှာ ခနစောင့်နေကွာဟု ပြောပြီးလျှင် ၀ါးတဲလေး၏ နောက်ဘက် တွင်ထားသော ဆန်ပုံးထဲမှ ဆန်များကို လက်ထဲတွင် ဆုပ်ကိုင်ရင်း တဲလေးပေါ်မှ ဆင်းသွားလေ၏။

ထို့နောက် ၀ါးတဲလေး၏ ရှေ့ဘက်ရှိ မြေပြောင်ပြောင်ပေါ်တွင် သူယူသွားသော ဆန်များကို အပုံလေးများ ချရင် သတ္တ၀ါများကို ကျွေးမွေးနေလေ၏။ အဘ၏ ပါးစပ်မှလည်း တဖွဖွ ရွတ်ဆို၍ နေလေတော့၏။ ထို့နောက် အဘသည် တဲပေါ်တွင် ထိုင်နေသော ကျွန်ုပ်အား လှည့်ကြည့်လိုက်ပြီးလျှင် ကျွန်ုပ်အား ပြုံးပြလိုက်လေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်သည် အိပ်ယာမှ လန့်နိုးသွားလေ၏။ ကျွန်ုပ်သည် အိပ်ယာထဲမှ မထသေးဘဲ နာရီးကို လှမ်း၍ ကြည့်လိုက်လေရာနံက် (၇)နာရီပင် ထိုးနေပြီ ဖြစ်လေတော့၏။

ကျွန်ုပ်သည် အိပ်ယာမှ ထ၍ ရေမိုးချိုး သွားတိုက် အ၀တ်အစားလဲပြီးလျှင် မြတ်စွာဘုရားအား ရေသပ္ပါယ်ခြင်း ၊ မျက်နှာသစ်ရေ ကပ်ခြင်း၊ သောက်တော်ရေ ၊ ဖယောင်းတိုင် ၊ အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ အစရှိသည်ဖြင့် မိုးသောက် ဘုရား ဝေယျာဝစ္စများကို လုပ်ပြီး ဘုရားရှိခိုးပြီးလျှင် ခေတ္တတခနမျှ ငြိမ်သက်စွာ ထိုင်နေရင်း ညတုန်းက အဘမင်းသိင်္ခကို အိပ်မက်မက်ခဲ့သည့် အကြောင်းကို ပြန်လည်တွေးတောမိလေတော့၏။ ထို့နောက် ဆက်လက် စဉ်းစားကြည့်နေမိ၏။ ကျွန်ုပ်သည် အိပ်မက်ကို အစမှ အဆုံးတိုင် ပြန်လည်၍ မှတ်မိနေ၏။ ကျွန်ုပ်က အဘအား ယတြာအကြောင်း မေးခွန်းမေးခဲ့၏။ အဘက ဆန်များကိုယူ၍ မြေပြောင်ပြောင်တွင် ပုံ၍ သတ္တ၀ါများအား ချကျွေးနေ၏။ ကျွန်ုပ်၏ မေးခွန်းအား အဘသည် ပြန်လည်၍ မဖြေခင်မျာပင် ကျွန်ုပ်အိပ်ယာမှ လန့်နိုးလာခဲ့၏။

အိပ်မက်ထဲတွင် အဘသည် ဆန်များကို ပုံ၍ သတ္တ၀ါများအား ချကျွေးပြခဲ့လေ၏။ ထိုသည်ပင်လျှင် အဘ၏ အဖြေပင် ဖြစ်သလောဟု တွေးတောကြည့်နေမိလေ၏။ ဆက်လက်၍ ကျွန်ုပ်တို့အား အဘသင်ထားပေးခဲ့သော ဆနပုံယတြာကို ချက်ချင်း သတိယလိုက်မိလေတော့၏။ ဆန်ပုံယတြာကို ဆန်းဗေဒင်နည်းနှင့် အခြေခံ၍ ဆောင်ရွက်ရခြင်းပင် ဖြစ်၏။ ထိုဆန်ပုံယတြာမှာ လွန်စွာ ထူးခြား၍ လွန်စွာမှလည်း အစွမ်းထက်သော ပွဲတွေ့ ယတြာပင် ဖြစ်လေ၏။ ထိုယတြာကို ကျွန်ုပ်သည် မကြာမကြာ ကိုယ်တိုင်လည်း ဆောင်ရွက်ဖူး၏။ ကျွန်ုပ်၏ ဗေဒင်မေးသော ဗေဒင်ပုရိသတ်များအားလည်း မကြာမကြာ ဆောင်ရွက်ခိုင်းဘူးလေ၏။ ကွန်ုပ်ရော သူတို့ပါ အဆင်ပြေကြလေ၏။ ထို့ကြောင့် ကျွန်ုပ်အား မြင်ဘူးတွေ့ဘူးခြင်း မရှိသော ကျွန်ုပ်ကလည်း တစ်ကြိမ်တစ်ခါဘူး မျှ ဆုံတွေ့ဘူးခြင်း မရှိကြသော အွန်လိုင်းမှ မိတ်ဆွေများအတွက် ပြည့်စုံစွာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ လုပ်ဖြစ်အောင် လုပ်ကြည့်ပါဟုသာ တိုက်တွန်းလိုက်ပါတယ်။

လွန်စွာထူးခြားသော သက်ရောက်ဆန်ပုံယတြာ

နံပါတ်(၁)က သင်ဟာ ဒီနှစ် ဘာသက်ရောက်လဲဆိုတာကို အရင်သိအောင် လုပ်ရမယ်။

သင်၏ အသက်ကိုတည်ပါ။ ၈-နှင့်စားပါ။ အကြွင်းအတိုင်း သင်၏မွေးနံ ဂြိုဟ်အိမ်ကစ၍ မျှားပြထားတဲ့အတိုင်း ထောက်ပါ။ ၁-ကြွင်းလျှင် ၁-ကွက်ထောက်ပါ။ ၂-ကြွင်းလျှင် ၂-ကွက်ထောက်ပါ။ ၃-ကြွင်းလျှင် ၃-ကွက်ထောက်ပါ။ ၄-ကြွင်းလျှင် ၄-ကွက်ထောက်ပါ။ ၅-ကြွင်းလျှင် ၅-ကွက်ထောက်ပါ။ ၆-ကြွင်းလျှင် ၆-ကွက်ထောက်ပါ။ ၇-ကြွင်းလျှင် ၇-ကွက်ထောက်ပါ။ ၀-ကြွင်းလျှင် (၈-ကြွင်း) ၈-ကွက်ထောက်ပါ။ ကျရာ ဂြိုဟ်ခွင်ဟာ မိတ်ဆွေရဲ့ သက်ရောက်ရာ ဂြိုဟ်ခွင်ပါပဲ။ အောက်မှာ ကျွန်တော်ပုံတစ်ပုံ တင်ပြပါ့မယ်။

ဥပမာ တွက်ပြပါ့မယ်ဗျာ...

ဒီလိုပါ.။ တနင်္ဂနွေသား အသက် (၂၇)ကို တွက်ကြည့်မယ်ဗျာ။ သူရဲ့အသက် (၂၇)ကို ၈-နဲ့စားဗျာ။ ၃-ကြွင်းတယ်။ (၃) ကြွင်းတော့ တနင်္ဂနွေ ဂြိုဟ်အိမ်ကနေ (၃) ကွက်ထောက်ဗျာ။ အဲဒါဆိုရင် အင်္ဂါဂြိုဟ်မှာ ကျပါတယ်။ ဒါကြောင့် သူဟာ အင်္ဂါ သက်ရောက် ဖြစ်ပါတယ်။ ကျန်တဲ့ နေ့သားသမီးတွေ မည်သူမဆို အတူတူပါပဲ။ သတိထားရမှာ တစ်ခုက ကိုယ်နေ့ရဲ့ နေရာကနေ စထောက်ရတယ် ဆိုတာလေးကိုတော့ ဂရုစိုက်ပါဗျာ။

  • သင်ဟာ တနင်္ဂနွေသက်ရောက်တယ်ဆိုရင်.....
ကြာသပတေး (သို့) တနင်္ဂနွေနေ့များမှာ တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၅၁)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ တနင်္လာသက်ရောက်တယ်ဆိုရင်.....
တနင်္ဂနွေ (သို့) ဗုဒ္ဓဟူးနေ့များမှာ အနောက်တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၄၁)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ အင်္ဂါ(သို့) ဗုဒ္ဓဟူးသက်ရောက်တယ်ဆိုရင်.....
တနင်္လာ (သို့) သောကြာနေ့များမှာ အနောက်အရပ်ကို မျက်နှာမူ၍ ဆန်(၆၂)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ စနေသက်ရောက်တယ်ဆိုရင်.....
အင်္ဂါ (သို့ ) စနေနေ့များမှာ မြောက်အရပ်ကို မျက်နှာမူ၍ ဆန်(၇၃)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ ကြာသပတေးသက်ရောက်တယ်ဆိုရင်.....
တနင်္လာ (သို့) ကြာသပတေးနေ့များမှာ မွန်းတည့် (၁၂း၀၀) နောက်ပိုင်း အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ ဆန်(၅၂)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ ရာဟုသက်ရောက်တယ်ဆိုရင်.....
အင်္ဂါနေ့ (သို့) သောကြာ နေ့များမှာ မွန်းတည့် (၁၂း၀၀) နောက်ပိုင်း ။ အရှေ့အရပ်ကို မျက်နှာမူ၍ ဆန်(၆၃)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာသောကြာသက်ရောက်တယ်ဆိုရင်.....
ဗုဒ္ဓဟူး (သို့) စနေနေ့များမှာ မွန်းတည့် (၁၂း၀၀) နောက်ပိုင်း ။ အရှေ့တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၇၄)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။

ကဲ... အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ.......
အဆင်မပြေရင်တော့ ကော်မန်မှာ မေးထားခဲ့ပါဗျာ........

ဆိတ်သားကြော်ပူပူလေးနှင့် ကျောက်ဖရုံသီးဟင်းခါး

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“

အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့် အစားအသောက်ပဲပြောပါ၊ ကျုပ်က ဈေးသွားရဦးမှာဗျ” ဟု ကျွန်ုပ်က ပြန်၍ ပြောလို က်မိလေ၏။ ထိုအခါ ကိုပီတာကြီးက..

“ငါက အလွန်အစွမ်းထက်တဲ့ မြန်မာဆေးပညာတစ်ရပ်ကို ဆရာကောင်းဆီမှာ တပည့် ခံပြီး သင်ယူထားဖူးတယ်ကွ၊ ဒါကြောင့် သူတစ်ပါးကို ကုပေးနိုင်လောက်အောင် မကျွမ်းကျင်ပေမဲ့ ကိုယ့်ဟာကိုယ်တော့ ဘယ် အသက်ပိုင်းမှာ ဘယ်လိုစားရမယ်၊ ဘယ်ဟာတွေ ရှောင်ရမယ်ဆိုတာတော့ သိတာပေါ့ ငါ့လူရာ၊ အဲဒါကြောင့် ငါ့ဘဝမှာပေး တိုင်းလည်းမယူပါဘူး၊ ကျွေးတိုင်းလည်း မစားဘူး၊ ငါနဲ့တည့်တဲ့အစာမှ စားတာ” ဟု အတည်ပေါက်နှင့် ကျွန်ုပ်အားပြောလေ ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ကိုပီတာကြီး.. တကယ်ပြောနေတာလား” ဟု ပြန်၍မေးလိုက်လေ၏။ “တကယ်ပြောနေတာပေါ့ ငါ့လူရ၊ ငါ တကယ်လေ့လာထားတာပါ” ဟု ကိုပီတာကြီးက ပြန်၍ပြောလေ၏။

“အဲဒီလိုဆိုလည်း ခင်ဗျားပညာတွေ ရှင်းပြစမ်း ပါဥိး” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြိးက.. “လူမှာက အသက်ပိုင်းအလိုက် အပူအအေးပြောင်းနေတယ်ကွ၊ ပုံသေမ ဟုတ်ဘူး၊ အဲဒါကိုငါရဲ့ဆရာက ဘယ်လိုသင်ပေးထားသလဲဆိုတော့ ကိုယ်ရောက်နေတဲ့ အသက်ကို (၇)နဲ့စားရတယ်ကွ၊ (၁) ဖြစ်စေ၊ (၃) ဖြစ်စေ၊ (၆) ဖြစ်စေကြွင်းရင် အပူသက်ရောက်လို့ဆိုတယ်၊ (၂) ဖြစ်စေ၊ (၀) ဖြစ်စေ၊ (၄)ဖြစ်စေ (၅) ဖြစ်စေကြွင်း ရင် အအေးသက်ရောက်လို့ခေါ်တယ်ကွ၊ အဲဒါကိုမှ “ဆောင်-ပျက်-ခိုက်-ငုပ်-လွန်-ဆုံး-ချုပ်” ဆိုတဲ့ ဓာတ်သွားခုနှစ်မျိုးနဲ့ဖမ်းပြီး အစားအစားရတာကွ၊

ဒီနှစ် ငါက (၁) ကြွင်းပြီး အပူသက်ရောက် ရောက်နေတယ်၊ ဒါကြောင့်ထမင်းပူပူလေးနဲ့ ဆိတ်သားပြု တ်ကြော်ပူပူလေး၊ ကျောက်ဖရုံသီးဟင်းခါး၊ ငရုတ်သီးတောင့် ကြော်၊ ငါးပိကြော်၊ ပိန္နဲကွင်း၊ အဲဒါနဲ့ စားမယ်ကွာ၊ ထမင်းစားပြီး တဲ့အခါမှာလည်း အချိုပွဲမှာ နွားနို့သောက်မယ်၊ ဆီထမင်းပါရင် ပိုကောင်းသေးတယ်” ဟု ပြောလေတော့၏။ “ဒီမှာ ကိုပီတာ ကြီး ခင်ဗျားပြောတာတွေ ကျုပ်တော့နားမလည်ဘူး၊ ဒါပေမဲ့ ခင်ဗျားက ဧည့်သည်၊ကျုပ်ကအိမ်ရှင်း ခင်ဗျား စားချင်တာတွေ ချက်ကျွေးပါမယ်ဗျာ၊ ခင်ဗျားဟာခင်ဗျား ပူချင်ပူ၊ အေးချင်အေး စားပေတော့၊ တစ်ခုတော့ ပြောချင်တယ်ဗျာ၊ နောက်နောင် လာရင် ရိုးရိုးစားစမ်းပါ၊ ဓာတ်စာလိုလို ဘာလိုလို မလုပ်စမ်းပါနဲ့၊ ချက်ရတာ ဦးနှောက်ခြောက်လွန်းလို့ပါ” ဟု ကျွန်ုပ်ကပြောလို က်ရာ ကိုပီတာကြီးက.. “ကိုယ်လူကတော့ ကိုယ့်လို အစားအသောက် မဆင်ခြင်တာနဲ့ ဒုက္ခရောက်ဥိးမယ်နော်၊ အစာလည်း ဆေး၊ ဆေးလည်းအစာ၊ ကိုပီတာကြီးပြောတာမှတ်ထား..” ဟု ပြောလေ၏။

ကျွန်ုပ်သည် ကိုပီတာကြီးအားထမင်းကျွေးရန်အ တွက် ဈေးသို့ပြေးရလေ၏။ ထို့နောက်ဆိတ်သားကို ပြုတ်ကြော်ကျွတ်ကျွတ်ကလေး လုပ်ပေးရ၏။ ငရုတ်ကောင်းနိုင်နိုင်နှင့် ကျောက်ဖရုံသီးဟင်းခါးလုပ်ပေးရ၏။ ငါးပိကြော်ပေးရ၏။ ပိန္နဲကွင်းများ လှီး၍ပေးရ၏။ ဆီထမင်း ထိုးေးရ၏။ ကိုပီတာကြီး သည် ကွှန်ုပ်ချက်ပြုတ်ကျွေးမွေးသော ထမင်းဟင်းလျာများ သို့မဟုတ် ၎င်းပြောသည့် ဓာတ်စာများကို မြိန်ရှက်စွာ စားသော က်လေ၏။

ထိုအချိန်၌မှာပင် တစ်ခါက ကျွန်ုပ်နှင့်ပတ်သက်ခဲ့ဖူးသော မိန်းမကြီး ရောက်လာပြီးလျှင်ကျွန်ုပ်ထံ၌ ငွေချေးလေ၏ ကျွန်ုပ်မှာ ကုန်ကျရန်လုပ်ငန်းများရှိသောကြောင့် မချေးနိုင်ကြောင်းပြောလျှင် ထိုမိန်းမကြီးက ကျွန်ုပ်အား စကားသုံးမျိုးဖြင့် နှိပ်စက်လေတော့၏။ ပထမအမျိုးမှာ ငေါ့၍ပြောသော စကားများဖြစ်၏။ ဒုတိယပြောသော စကားများမှာ ထေ့၍ပြောသော စကားများဖြစ်၏။ တတိယအမျိုးမှာ တိုက်ခိုက်သော စကားများဖြစ်၏။ ကျွန်ုပ်သည် ထိုမိန်းမကြီး၏ ငေါ့၊ ထေ့၊ တိုက် သုံးမျိုး ကို အလူးအလဲ ခံလိုက်ရပြီးနောက် မောဟိုက်၍သွားလေတော့၏။

ထို့နောက် များမကြာမီအချိန်၌ ရောင်ပြန်မဂ္ဂဇင်းမှ အယ်ဒီ တာချုပ်မောင်မောင်မြင့်အေး ရောက်လာလေ၏။ သူသည် ကျွန်ုပ်ကိုတွေ့လျှင်တွေ့ချင်း.. “ ဝမ်းသာပေတော့ ဆရာကြိးရေ မနက်ဖြန် (၈) နာရီကို စာပေစိစစ်ရေးရုံးကို အရောက်သွားရမယ်၊ ထုတ်ဝေခွင့် ထုတ်ပေးလိမ့်မယ်၊ ပေးတဲ့ထုတ်ဝေခွင့်က သိပ်ပြီးအဖိုးတန်တယ်၊ ဂျင်နရယ်လ်လို့ခေါ်တယ်” ဟု ပြောလေ၏။ ကျွန်ုပ်လည်း လွန်စွာဝမ်းသာ၍ သွားလေ၏။ “ဝမ်းလိုက် တာကွာ၊ အဲဒီဆရာတွေကိ ကျေးဇူးလည်းတင်ပါတယ်ကွာ” ဟု ကျွန်ုပ်က အားရဝမ်းသာပြောလိုက်လေ၏။

ထိုအခါ ထမင်း စားနေသော ကိုပီတာကြိးက.. ဘယ်လိုလဲ.. ကိုယ့်လူရဲ့၊ မိန်းမကြိးလာတုန်းကတော့ စိတ်တွေညစ်လို့၊ ခု ဒီဆရာရောက်လာ တော့ ပျော်လိုက်တာမပြောနဲ့တော့၊ ကိုယ်ရင့် မု(ဒ်)တွေကလည်း အပြောင်းအလဲ မြန်လှချည့်လား” ဟု မချိုမချဉ်မျက်နှာနှင့် ပြောလေ၏။ “ ဟုတ်ပါရဲ့ဗျာ၊ ကိုပီတာကြီးပြောမယ်ဆိုလည်း ပြောစရာပဲ၊ တစ်နေ့တစ်နေ့ စိတ်ညစ်စရာတွေ တစ်ပုံတစ်ခေါင်း ကြီး ရောက်လာတယ်၊ အဲဒီလိုပဲပျော်စရာတေလည်း ပါလာတယ်ဗျာ..” ဟု ကျွန်ုပ်က ခပ်ညည်းညည်းလေး ပြောလိုက်မိလေ ၏။

“မင်းကို ငါ ပုံလေးတစ်ပုံပြောပြမယ်ကွ၊ ဟိုရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်၊ အဲဒီဘုရင်ရဲ့တိုင်းပြည်ကို တခြားအ င်အားကြီးတဲ့ တိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေတယ်၊ အဲဒီမှာ ဘုရင်ကြီးဟာ စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီးဆီမှာ အဆောင်ကလေးတစ်ခု သွားပြီးတောင်းတယ်၊ သူတောင်းတဲ့အဆောင်က စိတ်ညစ်စရာတွေနဲ့ ကြုံရင်လည်း စိတ်မညစ်ရဘဲ ပြေပျောက်သွားရမယ်တဲ့၊ ပျော်စရာနဲ့ ကြုံ၇င်လည်း အရမ်းမပျော်ဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်သွားရမယ်တဲ့၊ အဲဒီလိုအစွမ်းထက်တဲ့အဆာင်ကလေးတစ်ခုပေးပါလို့တောင်းတယ်၊

အဲဒီတော့ ရသေကြီးက ကျောက်အနက်ကလေးနဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်၊ လက်မှာဝတ်ထားဖို့ လည်း မှာလိုက်တယ်၊ ပြီးတော့ စိတ်ညစ်စရာကြုံတဲ့အခါမှာ ဒီလက်စွပ်ကျောက်ကို စိုက်ပြီးကြည့်လိုက်တဲ့၊ ကြည့်တဲ့အခါမှာ အလင်းရောင်မှာ မကြည့်နဲ့တဲ့၊ ကျောက်က အလင်းပြန်တော့ ဘာမှတွေ့ရမှာ မဟုတ်ဘူးတဲ့ အမှောင်ရှိတဲ့နေရာမှာကြည့်တဲ့၊ သိပ်ပြီးပျော်လာတဲ့အခါမျိုးမှာလည်း အဲဒီလိုပဲ လက်စွပ်ကလေးကို ကြည့်ပါတဲ့၊ အဲဒီအခါမှာ ဘုရင်ကြီးဟာ သူလိုချင်တဲ့ အဆောင်လက်စွပ်ကလေးရတဲ့အတွက် အလွန်ပဲ ဝမ်းသာသွားတယ်၊

အဲဒီလက်စွပ်ကလေးရပြီ။ သိပ်ပြီးမကြာပါဘူး၊ အခြား တိုင်းပြည်က ဘုရင်တွေရဲ့ ခြိမ်းခြောက်မှုဟာ ပိုပြီးပြင်းထန်လာတဲ့အတွက် ဘုရင်ကြီးဟာ အတော့်ကို စိတ်ညစ်သွားတယ်၊ တုန်လည်း တုန်လှုပ်သွားရှာတယ်၊ အဲဒီအခါမှာ ဘုရင်ကြီးဟာ မှောင်ရိပ်ရှိတဲ့ ကျောက်တောင်လေးနားကိုကပ်သွားပြီး လက် စွပ်ကျောက်ကို စိုက်ပြီးကြည့်လိုက်တယ်၊ ရသေ့ကြီးက အဲဒီကျောက်ထဲမှာ စာထွင်းပြီး ထည့်ထားတာ မှောင်ရိပ်ခိုပြီးဘုရင် ကြီးဟာ အဲဒီကျောက်နက်ကလေးကို စိုက်ကြည့်လိုက်တဲ့အခါမှာ ကျောက်နက်ကလေး ထဲကစာကို ကောင်းကောင်းကြီး ဖတ် လိုရသွားတယ်၊

ဖတ်မိတာနဲ့ တစ်ပြိုက်နက် စိတ်ညစ်တာတွေ၊ ထိတ်လန့်တာတွေ၊ စိုးရိမ်တာတွေ လုံးဝလွင့်ပျောက်သွားတယ် အဲဒီကျောက်နက်ထဲကစာက ဘာလဲဆိုရင် “ ပြီးသွားမှာပါ” ဆိုတဲ့ စာပဲ၊ ဆိုလိုတာကတော့ စိတ်ညစ်မနေပါနဲ့၊ သူ့ဘာသာသူ ပြီးသွားမှာပါတဲ့” ဟု ကိုပီတာကြီးက စိတ်ရှည်လက်ရှည် ပြောပြလိုက်လေ၏။ ကျွန်ုပ်လည်း ၎င်း၏ပုံပြင်ကို လွန်စွာသဘော ကျသွား၏။ စောစောက မိန်းမကြီးရောလာပြီး ဒုက္ခပေးသောကြောင့် စိတ်ညစ်ရခြင်းများသည်လည်း ယခုအခါ၌ “ပြီးသွားပါပြီ” ထို့ကြောင့် “ပြီးသွားမှာပါ” ဆိုသော စာကလေးသည် ကိစ္စတိုင်းအတွက် သက်သာခွင့်ရရုံမျှမက စိတ်ဒုက္ခရောက်မှလည်း လွတ်မြောက်စေနိုင်သည်ဆိုသည်ကို ကျွန်ုပ် ကောင်းစွာသဘောပေါက်သွားလေ၏။

ထို့ကြောင့် ကျွန်ုပ်က.. “ဟုတ်ပါ့.. ကိုပီတာကြီးရယ်၊ ဘာတွေပဲဖြစ်ဖြစ် ပြီးသွားမှာပါ၊ သိပ်ပြီးကောင်းတယ်ဗျာ..” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက ကျွန်ုပ်၏ကျောကုန်းကို ဘုန်းကနဲ့ ထု၍.. “မင်းက ငါ့ကို ဓာတ်စာကျွေးတယ်၊ ငါက မင်းကို “ပြီးသွားမှာပါ” ဆိုတဲ့ စကားလေး လက်ဆောင်ပေးခဲ့တယ် ကိုယ့်လူရေ..” ဟု ဆိုကာ လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ခြံတွင်းမှ ထွက်သွားလေတော့သတည်း။

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

အမှန်အတိုင်း ၀န်ခံရပါမူ ဤပို့အားတင်နေချိန်တွင် ကျွန်ုပ်၏အခန်းတွင်းမှ နာရီသည် ည(၃း၂၀) ကို ညွန်ပြနေပြီ ဖြစ်၏။ ကျွန်ုပ်၏ မျက်လုံးများသည်လည်း ညောင်းစပ်နေပြီ ဖြစ်၏။ ကျွန်ုပ်၏ ဇက်ကြောများလည်း မခံမရပ်နိုင်အောင် ညောင်းညာကိုက်ခဲလျှက် ရှိ၏။ ယခုကဲ့သို့ အိပ်ရေးပျက်သော ညပေါင်းလည်း အတော်ပင် များခဲ့ပြီ ဖြစ်လေ၏။ ဟောစာတမ်းများကို ရက်ချိန်းအတိုင်း အတိအကျ ပိုနိုင်အောင် ကြိုးစားအားထုပ်နေရင်း တစ်ဖက်တစ်လမ်းမှ ဥုမ်သဟာစာကြည့်တိုက်အတွက် ကြိုးစားနေပါ၏။ ထို့ကြောင့် ယခုရက်များအတွင်း စာရေးနောက်ကျပါက အားလုံး နားလည်ခွင့်လွှတ်ကြပါရန် တောင်းပန်အပ်ပါကြောင်း.......

လာရောက်သူအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ.......
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ -မဟာချိုင်မြို့

ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၈ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...

ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......

နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို
မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့ သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ.. ဘာဖြစ်လို့လဲ
ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်
လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7...

နံပါတ်(၂)

မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို
လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ
လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရောက်လာပြီ..
သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း
ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..
မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!`

နံပါတ် (၃)

နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ
နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက
ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ
.ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့
မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..
ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ
တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!

နံပါတ် (၄)

မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကို
အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့.. စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ..
အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!

နံပါတ် (၅)

မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...
မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

နံပါတ် (၆)

အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက
မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို
နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကို
ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ
တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး
ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ
အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး
သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!

နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး.. သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ
တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ
ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ
ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ
နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့်
အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို
ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို
ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ
ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း
ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို
ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့ မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာလူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့အဖော်မွန်ကတော့ 2!!!

မေးလ်ထဲကိုရောက်လာတာလေးကို ဂဏန်းဗေဒင်ပညာနဲ့ အပ်စပ်လို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။ စာလုံးပေါင်းတွေတောင် ပြန်မပြင်လိုက်ရပါဘူး။ အလုပ်နည်းနည်း များနေလို့ပါ။

ဒိန်ချဉ်နှင့် ဆေးဘဲဥသုပ်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ စိတ်ကောင်းစွာမနှံ့သော ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာ ဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကို ပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်း.. “ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်..” ဟု ကိုးရိုးကားရား နှုတ်ဆက်လေ၏။ “ကိုပီတာကြီးကို ဒီနေ့မနက် ဘယ်လိုဟင်းမျိုးနဲ့ကျွေးရမလဲ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ပုစွန်ချဉ်ကောင်း ကောင်းလေး မစားရတာ ကြာပါပြီ၊ ဖြစ်နိုင်ရင် ပဲခူးမနီ ပုစွန်ချဉ်ကို ကြက်သွန်နီဥကြီးကြီးနဲ့ ဆီစိမ်းဆမ်းပြီးသုပ်မယ်၊၊ ငရုတ်သီးစိမ်းလေးတွေလည်း လှီးပြီးထည့်ရမှာပေါ့၊ ပြီးတော့ပဲနဲလေးဟင်းချိုချက်မယ်၊ အရည်သောက်အတွက်ပေါ့ ပြီးတော့ ပျဉ်ပုံကြီးက ငါးရံ့ခြောက် ကောင်းကောင်းလေးကို မီးဖုတ်ပြီး ထောင်းပြီးတော့ ဆီဆမ်းမယ်၊ ဆန်ကတော့ ကောင်းပစေဟေ့၊ တို့စရာကတော့ သခွားသီးကောင်းတယ်၊ ငါးပိရည်မလုပ်နဲ့ကွာ ငံပြာရည်ကောင်းကောင်းကို ငရုပ်သီးမှုန့်ခပ်မယ်၊ ထမင်းစားပြီးရင်လည်း အချိုစားဖို့အတွက် တခြားဘာမှ မစီစဉ်ပါနဲ့၊ ထန်းလျက်ကောင်းကောင်းနဲ့ ရေနွေးကြမ်းကောင်းကော င်းရရင်တော်ပါပြီ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ကိုပီတာကြီး စားရန်အတွက် စီမံရလေတော့၏။

ထမင်းစားချိန်ရောက်သော အခါ၌ ကိုပီတာကြီးအား ၎င်းမှာကြားသော ဟင်းလျာများဖြင့်ပင် ထမင်းကျွေးရလေ၏။ ထမင်းစားပြီးသောအခါ၌ ကျွန်ုပ်က .. “ဘယ်လိုလဲ ကိုပီတာကြိး၊ ကောင်းရဲ့လား” ဟု ကျွန်ုပ်ကမေးရာ ၎င်းက.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘက်ဒ်..” ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း ၎င်း၏အဖြေကြောင့် ရယ်ရသေးတော့၏။ ထို့နောက် ကျွန်ုပ်သည် နေ့စဉ်ပြုလုပ်နေကျ ဝတ္တရားများဖြစ်သော အလုပ်များကို တစ်ခုပြီးတစ်ခု တန်းစီ၍ လုပ်ရလေတော့၏။ အလုပ်လုပ်ရင်းနှင့်ပင် ထမင်းကို ကပျာကသီ စားရလေ၏။ ထမင်းစားပြီးသောအခါ၌ ကျွန်ုပ်၏ တပည့်ကလေးများနှင့်အတူ ကျွန်ုပ်၏ခြံမှ အမှိုက်များကို ရှင်းရလေ ၏။ခြံထဲတွင် သီဟိုဠ်ပင် အမြောက်အများရှိသည်ဖြစ်ရာ ကြွေကျသော သီဟိုဠ်ရွက်ခြောက်များကို ရှင်းရသည်မှာ မသက်သာလှပေ။ အမှိုက်များ ရှင်းပြီးသောအခါ၌ ကျွန်ုထံ လာရောက်သော ဧည့်သည်များနှင့် တွေ့ဆုံရလေ၏။ ဧည့်သည်များမှာလည်း အကြောင်းအရာမျိုးစုံနှင့် လာကြသည်ဖြစ်ရာ ကျွန်ုပ်သည် တစ်ဦးချင်းတွေ့ဆုံကာ ဖြေရှင်းပေးနေရလေ၏၊

နေ့လယ် လက်ဖက်ရည် သောက်ချိန်သို့ရောက်သောအခါ၌ ကျွန်ုပ်သည် ကိုပီတာကြီးအား လက်ဖက်ရည်တိုက်လေ၏။ ကျွန်ုပ်လည်း လက်ဖက်ရည်သောက်လေ၏။ နှစ်ယောက်သား လက်ဖက်ရည်သောက်နေရင်း ကျွန်ုပ်က ကိုပီတာကြီးအား.. “ ကိုပီတာ ကြီးနဲ့ ပေါင်းလာတာကြာပြီ၊ ကိုပီတာကြီးအကြောင်း ကျုပ် မသိတာတွေ အများကြီးပါ၊ ဘာတွေလဲဆိုတော့ ကိုပီတာကြီးရဲ့ ဇာတိက ဘယ်ကလဲ မိဘတွေကရော ဘယ်သူတွေလဲ ညီအစ်ကို မောင်နှမ ဘယ်နှယောက်ရှိသလဲ ပညာဘယ်ထိအောင် သင်ခဲ့သလဲ၊ အစိုးရရုံးဌာနတွေမှာ အလုပ်လုပ်ဖူးသလား အိမ်ထောင်ကျဖူးသလား ဘုရားရှိခိုးတာလည်း တစ်ခါမှမတွေ့ဖူးဘူး၊ ဘယ်ဘာသာကိုးကွယ်သလဲ၊ ပြီးတော့ ဘာဝါသနာပါသလဲ၊ ဝါသနာပါတဲ့အထဲက ဘာတွေလိုက်စားဖူးသလဲ၊ လိုက်စားဖူးတဲ့အထဲက ဘယ်ဟာတွေ ဖြစ်ဖြစ်မြောက်မြောက် တက်ကျွမ်းဖူးသလဲ၊ ဘဝအတွက်လည်း ဘာတွေပြင်ဆင်ထားသလဲ ရှေ့မှာ ဘယ်လို မျှော်လင့်ချက်မျိုးတွေရှိသလဲ..” ဟု ကျွန်ုပ်က မေးလေ၏။

ကျွန်ုပ်၏ မေးခွန်းများမှာ မပြီးသေးပေ၊ ကိုပီတာကြီးသည် ကျွန်ုပ်အား လက်ကာ၍ပြလေ၏။ ထိုသို့ပြရင်း.. “မေးခွန်းတွေက များလှချည့်လား၊ အဲဒီအကြောင်းအရာ တွေကို ဘာကြောင့်သိချင်တာတုံး” ဟု ပြန်၍ပြောလေ၏။ “သိထားရမှာပေါ့ဗျာ၊ ကိုယ်နဲ့ပေါင်းသင်းနေတဲ့လူ တစ်ယောက် အကြောင်းကို မသိလို့ဘယ်ဖြစ်မတုံး” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက..

“ ကိုယ့်လူမှာက အပေါင်းအသင်းတွေ အများကြီးပဲလေ၊ အဲဒီလူတွေရဲ့ တစ်ဦးချင်းအကြောင်းကို အခုလောက် ပြည့်ပြည့်စုံစုံသိဖို့ ဘယ်လွယ်မတုံး၊ ကိုယ့်လူကို လူတစ်ယောက်လို့ မမြင်ဘဲ ခွက်ကြီးတစ်ခွက်လို မြင်ကြည့်မယ်ဆိုရင် ကိုယ့်လူရဲ့ ခွက်ကြီးဟာ မေးခွန်းတွေ၊ သိချင်တာတွေနဲ့ ပြည့်နေတဲ့ ခွက်ကြီးတစ်ခွက်ဖြစ်နေပြီ၊ ကိုယ့်လူခွက်ကြီးထဲမှာက နေရာလပ်ကို မရှိတော့ဘူး၊ အဲဒီမေးခွန်တွေကို ပြန်ဖြေဖို့ အဖြေထည့်ထားဖို့၊ နေရာတောင်ရှိသေးရဲ့လား” ဟု ကျွန်ုပ်အား အေးဆေးစွာပြန်၍ပြောလေ၏။

“ခင်ဗျားဘာတွေပြောနေ တာလဲ ကိုပီတာကြီးရယ်၊ ကျုပ်မေးတာတွေကို ဖြေစမ်းပါဦး” ဟု ကျွန်ုပ်က ဒေါနှင့်မောနှင့် ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးသည် စီးကရက်တစ်လိပ်ကို မိးညှိလိုက်ပြီးနောက်..“ တစ်ခါက တရုတ်ပြည်မှာ ဘုန်းတော်ကြီးတစ်ပါးဟာ တောင်ပေါ်မှာ ကျောင်းဆောက်ပြီး တစ်ပါးတည်း နေတော်မူတယ်ကွယ့်၊ တစ်နေ့မှာ သူ့ဆီကို ကျောင်းဆရာကြီး တစ်ယောက်ရောက်လာပြီး ထိုင်တောင် မထိုင်ရသေးဘူး၊ သူသိချင်တာတွေကိုတရစပ် စတင်ပြီးမေးတော့တာပဲ၊

အဲဒီဘုန်းတော်ကြီး ရဲ့ဘွဲ့အမည်က နမ့်အာင်းတဲ့၊ အဲဒီကျောင်းဆရာကြီးက ကျောင်းကလေးပေါ် ရောက်တာနဲ့ “အရှင်ဘုရား.. ကမ္မဋ္ဌာန်းထိုင်တာ ဘယ်လိုထိုင်သလဲ၊ မြတ်စွာဘုရားသခင်ဟာ သီတင်းကျွတ်လပြည့်နေ့မှာ သင်္ဂီသဋ္ဋ်နဂိုပြည်ကို တာဝတိံသာကနေ ဆင်းသက်ကြွလာတော်မူတယ် လို့ပြောတယ်၊ အဲဒီမှာ အဘယ်တရားကို ဟောပါသလဲ” စတင်ပြီ မေးခွန်းတွေ အများကြီး မေးတော့တာပဲ၊

အဲဒီမှာ ဦးပဉ္ဇင်းနမ့်အင်းက ငြိမ်သက်စွာ နားထောင်တော်မူပြီး “ဒကာကြီးကြည့်ရတာ အတော်မောနေပုံရ တယ်၊ မောမှာပေါ့လေ၊ အသက်ကလေးကလည်း အတော်ရနေပြီပဲ၊ ပြီးတော့ ဒီကျောင်းကလည်း ကြည့်ရင်နိမ့်တယ်လို့ ထင်ရတယ်၊ အတော်မြင့်တယ်၊ ဒကာကြီးလာတာကလည်း ဟိုးအဝေးကြီးက လာတာမို့လား၊ အမောပြေ ရေနွေးကြမ်း လေးတစ်ခွက်တော့ တိုက်ပါရစေလို့ ဆိုပြီး အနားမှာရှိတဲ့ အုတ်မီးဖိုလေးထဲကို ဦးပဉ္ဇဇင်းကိုယ်တိုင်ပဲ မိးသွေးတွေထည့်တယ် မီးမွှေးတယ်၊ ပြီးတော့ ရေနွေးအိုးတည်တယ်၊

အဲဒီတည်ထားတဲ့ အချိန်မှာပဲ ကျောင်းဆရာကြီးက သူသိချင်တာတွေကို မေးမယ် အကဲကဲလုပ်နေတယ်၊ အဲဒီတော့ ဦးပဉ္ဇဇင်းက “ဒကာကြီး.. မလောစမ်းပါနဲ့၊ ရေနွေးကြမ်းလေး ဆူပြီးတဲ့အထိ လက်ဖက်ခြောက်ကလေး ကောင်းကောင်းခပ်ပြီးတဲ့ အထိ၊ ပန်ကန်းလုံးထဲကို ငှဲ့ပြီးတဲ့အထိ၊ ပြီးတော့ အဲဒီရေနွေးကြမ်းကော င်းကောင်းလေးကို အရသာခံပြီး သောက်ပြီးတဲ့အထိ သည်းခံပြီး စောင့်လိုက်ပါဦး၊ အဲဒီအခါမှာ ဒကာကြီးသိချင်တာတွေ၊ အဖြေရပြီးသား ဖြစ်သွားမှာပါ၊ သည်းခံပါ.. သည်းခံပါ..” လို့ ပြောလိုက်တယ်၊

ကျောင်းဆရာကြီးဟာ အတော်ကလေး ကသိကအောင့် ဖြစ်သွားတယ်၊ သူက သိချင်နေတာ ဦးပဉ္ဇဇင်း နနမ့်အင်းက သူ့ကို ရေနွေးကြမ်းတိုက်ဖို့လုပ်နေတယ်၊ အဲဒီ မှာ ကျောင်းဆရာကြီးရဲ့ စိတ်ထဲမှာ “ခက်တော့တာပဲ၊ ငါ့မှာတော့ သိချင်တာလေးတွေသိဖို့ အဝေးကြီးက လာခဲ့ရတယ်၊ တောင်အမြင့်ကြီးကို တက်ခဲ့ရတယ်၊ ဒီကြားထဲ ဒီးဦးပဉ္ဇဇင်းက ငါ့ကိုရေနွေးကြမ်းတိုက်ဖို့လုပ်နေတယ်၊ သူတိုက်တဲ့ ရေနွေး ကြမ်းလေးတစ်ခွက် သောက်ပြီးရင် ငါမေးတဲ့မေးခွန်းတွေ ဖြေပြီးသားဖြစ်မှာပါလို့ ပြောတယ်၊ ဘယ်လိုဖြစ်မှာတုံး၊ ငါသိချင် တာတွေကို ဒီရေနွေးကြမ်းက ဘယ်လိုအဖြေပေးမှာတုံး၊ ငါတော့ အချိန်ကုန် လူပန်းခံပြီးလာခဲ့ရတာ မှားပြီထင်တယ်၊ ဘာပဲ ဖြစ်ဖြစ်လေ ဒီတောင်ပေါ်က မဆင်းခင် ရေနွေးကြမ်းလေး တစ်ခွက်သောက်သွားရင်တော့ ပိုပြီးကောင်းတာပေါ့” လို့ စိတ်ထဲ မှာဆုံးဖြတ်လိုက်တယ်၊

အဲဒီအချိန်မှာပဲ မီးဖိုပေါ်တင်ထားတဲ့ ရေနွေးအိုကလေးဟာ ဆူလာတဲ့အတွက် သူ့ရဲ့နှုတ်သီးက တရွှီရွှီအသံတွေမြည်လာပြီ၊ အဲဒီတော့မှ ဦးပဉ္ဇဇင်းနမ်းအင်းက ရေနွေးကရားထဲ လက်ဖက်ခြောက်ကောင်းကောင်း ခပ်လိုက် တယ်၊ လက်ဖက်ခြောက် ကျလောက်တဲ့ အချိန်လည်းရောက်ရော ပန်းကန်လေးတစ်လုံးကို အောက်က ပန်းကန်ပြားလေး တစ်ချပ်ခံပြီး ကျောင်းဆရာကြီး ရှေ့ကိုထိုးပေးပြီး ပန်းကန်လုံးထဲကို ဦးပဉ္ဇဇင်းကိုယ်တိုင် ရေနွေးကြမ်းငှဲ့ပေးတယ်၊

ဥိးပဉ္ဇဇင်းငှဲ့ပေးတဲ့ ရေနွေးကြမ်းဟာ ပန်းကန်လုံးကိုပြည့်ပြီး အောက်က ပန်းကန်ပြားကိုပါ လျှံနေပြီ၊ နောက်ထပ်တစ်စက်လောက်ထည့်တာ နဲ့ ပန်းကန်ပြားကိုလျှံပြီး ကြမ်းပြင်ပေါ် စီးကျတော့မယ်၊ အဲဒီအခါမှာ ကျောင်ဆရာကြီးက “ဟိုး..ဟိုး..ဦးပဉ္ဇဇင်း၊ ပန်းကန်လုံးရော၊ ပန်းကန်ပြားရော လျှံနေပြီလေ၊ ဦးပဉ္ဇဇင်း မျက်စိမှုန်နေပြီလား ထပ်ပြီးထည့်ရင် ကြမ်းပြင်ပေါ် ဖိတ်ကျဖို့ပဲ ရှိတော့တယ် လို့ ပျာပျာသလဲပြောလိုက်တယ်၊

အဲဒီအခါမှာ ဦးပဉ္ဇဇင်းနမ့်အင်းက “ဒကာကြီးဖြစ်နေတဲ့ အခြေအနေဟာ ဒီအတိုင်းပါပဲ၊ ကျုပ်ရဲ့ တဲကျောင်းကလေးထဲကို ဝင်လာကတည်းက မေးလိုက်တဲ့ မေးခွန်းတွေ ဒကာကြီးရဲ့တစ်ကိုယ်လုံးဟာ မေးခွန်းတွေ ဒကာကြီးရဲ့ တစ်ကိုယ်လုံးဟာ မေးခွန်းတွေနဲ့ ပြည့်နေတယ်၊ အပြင်ကိုယ်တောင် လျှံကျနေပြီ၊ ကျုပ်ရဲ့ကျောင်းကလေးတောင် လျှံကျနေပြီ ကျုပ်ရဲ့ ကျောင်းကလေးတောင် ပြည့်နေပြီ ကျုပ်က အဖြေပေးဖို့ နေရာတောင် မရှိတော့ဘူး၊ အဲဒါ ကြောင့် ဒကာကြီးပြန်ပါ၊ ဒကာကြီးရဲ့ခွက်ကြီးထဲက မေးခွန်းတွေကို သွန်ချပြီး ရှင်းပစ်လိုက်ပါဦး” ဟု ပြောလိုက်လျှင် ကျောင်းဆရာကြီးသည် သဘောက်ပေါက်သွားပြီးဖြစ်ရာ ပြုံးလိုက်လေ၏၊

ပြီးလျှင် ဦးပဉ္ဇဇင်းကို ဦးချ၍ ကျောင်းကလေးအတွင်းမှ စတင်၍ ထွက်လေတော့၏ ထွက်ခါနီးတွင် ကျောင်းဆရာကြီးက ဦးပဉ္ဇဇင်း တပည့်တော်ခွက်ထဲက မေးခွန်းတွေ၊ သိလိုစိတ်တွေကို အပြီးအပိုင် သွန်ချရှင်းလင်းပြီးမှ တစ်ခေါက်လာပါဦးမယ်ဘုရား..” လို့ ပြောလိုက်တယ်၊

အဲဒီအခါမှာ ဦးပဉ္ဇဇင်းက “ ခွက်ထဲက မေးခွန်းတွေကို ရှင်းလိုက်ပါဦးဆိုတာက သိလွယ် မြင်လွယ်အောင် ပြောလိုက်တာပါ၊ အဲဒါတွေရှင်းမှ ထပ်ပြီးထည့်လို့ရမှာမို့လား၊ တကယ်ပြောရရင်တော့ ခွက်ပါမရှိအောင် အပြီးရှင်းလိုက်ရင် ပိုကောင်းတာပေါ့ အကြမ်းပန်းကန်လုံးကိုပဲ ကြည့်လေ၊ ရေနွေးကြမ်းတွေနဲ့ ပြည့်နေရင် ထည့်လိုမရဘူး၊ အဲဒီရေနွေးကြမ်းတွေကို သွန်ရမှာပဲ၊ ဒါပေမဲ့ နောက်တစ်ခါထပ်ပြီး ပြည့်လာဦးမှာပါဲ့၊

ဘယ်တော့မှ မပြည့်အောင်ဆိုရင်တော့ ခွက်ပါမရှိမှဖြစ်မယ်ဗျို့၊ ခွက်မရှိလေတော့ ထည့်စရာလည်းမရှိဘူး၊ မပြည့်တာလည်း မရှိဘူး၊ ပြည့်လို့ လျှံကျတယ်ဆိုတဲ့ ပြဿနာလည်း မရှိတော့ဘူးပေါ့၊ ဒကာကြီးရယ်..” လို့ မိန့်တော်မူလိုက်တဲ့အခါမှာ ကျောင်းဆရာကြီးဟာ တွေတွေကြီးရပ်နေပြီး ဦးပဉ္ဇဇင်းကို ပြုံးပြလိုက်တယ်၊ အဲဒီအပြုံးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အပြုံးဖြစ်တယ်” ဟူ၍ ကိုပီတာကြီးက ကျွန်ုပ်အား စိတ်ရှည်လက်ရှည် ပြောပြပြီး ကျွန်ုပ်၏ ကျောကုန်းကို သူ၏ လက်သီးကြီးဖြင့် အုန်းကနဲ့ ထုကာ.. “ ဟေး.. မင်းသိင်္ခ မင်းရဲ့ခွက်ကြီးကလည်း ပြည့်လျှံနေပြီကွ၊ ခွက်ထဲက အရာတွေကို အမြန်ဆုံး သွန်ချပစ်လိုက်၊ ဒါမှမဟုတ် အဲဒီထည့်စရာ ခွက်ကြီးပါမရှိအောင် ဆုံးဖြတ်လိုက်တော့ဟေ” ဟု ပြောဆိုကာ သွက်လက်ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်သွားရင်း ကျွန်ုပ်အား ကျောခိုင်းလျက် အနေအထားမှ.. “ ငါသွားမယ်၊ ပြီးတော့ ငါလာဦးမယ်..” ဟု နှုတ်ဆက် သွားလေတော့သတည်း။

ဘဲသားဆီပြန်နှင့် ဆေးဘဲဥသုပ်

တစ်နေ့သ၌ ကျွန်ုပ်၏ခြံသို့ ကျွန်ုပ်နှင့် လွန်စွာခင်မင်ရင်းနှီးသော ကိုပီတာဆိုသည့် စိတ်မနှံ့သောလူကြီး တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်…” ဟု နှုတ် ဆက်လေ၏။ ထို့နောက် ကျွန်ုပ်က.. “ဘဲသားကို အာလူးနဲ့ဆီပြန်ချက်မယ်ဗျာ၊ အရိုးပါကိုက်စားလို့ရအောင် နူး နေအောင် ချက်မယ်၊ ပြီးတော့ ဆေးဘဲဥသုပ်မယ်၊ အဲဒီဆေးဘဲသုပ်မှာ တရုတ်နံနံဖြူးမယ်၊ ပြီးတော့ ဝက်ရိုးနဲ့ ကျောက်ဖရုံသီး ဟင်းချိုချက်မယ်၊ ငရုပ်ကောင်းနိုင်နိုင်ခပ်မယ်၊ ငါးပိရည်၊ တို့စရာ မထည့်ဘူး၊ ကြက်သွန်ချဉ် ကောင်းကောင်းလုပ်မယ်၊ ပြီးတော့ အီကွေးနဲ့ရေနွေးကြမ်းကောင်းကောင်းတိုက်မယ်…” ဟု ကျွန်ုပ်ကပြော လိုက်လျှင် ကိုပီတာကြီးက.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြန်၍ ပြောပြန်လေ၏။

ထို့နောက် ကျွန်ုပ်သည် စာအုပ်အဟောင်းများကိုစု၍ စုတ်ပြဲနေသည့်နေရာများကို ကော်ကပ်၏။ အနှောင့်များကို ကော်သုတ်၍ ပြန်ချုပ် ၏။ ထို့နောက် ကိုင်ရို၏ လက္ခဏာစာအုပ်များကို ချည်းသီးသန့် ဆွဲထုတ်ကာ မှတ်စုထုတ်ရလေ၏။ ကိုပီတာကြီး ကွန်ုပ်လုပ်သမျှကိုကြည့်၍နေလေ၏။

ထို့နောက်.. “တကုပ်ကုပ်နဲ့ ကိုယ့်လူကိုကြည့်ရတာ ကြွက်တစ်ကောင် အ လုပ်ရှုပ်နေသလိုပဲ၊ ဘာတွေများ ဒီလောက်အလုပ်ရှုပ်နေတာလဲ” ဟု မေးလေ၏။ “ကမ္ဘာကျော်လက္ခဏာဆရာ ကြီး ကိုင်ရိုရဲ့ စာအုပ်တွေ ပြန်ရှာပြီး မှတ်စုထုတ်နေတာဗျ” ဟု ကျွန်ုပ်ကပြန်၍ဖြေလိုက်လျှင် ၎င်းက.. “ဘာလုပ် မလို့လဲ” ဟု မေးလေ၏။

“ဘာလုပ်မလို့လဲဆိုတော့ဗျာ ရင်းရင်းနှီးနှီးပြောရရင် ကိုင်ရိုလိုဖြစ်အောင်ကြိုးစားမလို့” ဟု ကျွန်ုပ်က ခပ်ဆတ်ဆတ် ပြန်၍ပြောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကိုယ့်ဟာကိုမနေဘဲ ဟိုလူနဲ့ တူအောင် ကြီးစားရတာနဲ့၊ ဒီလူနဲ့တူအောင် ကြီးစားရတာနဲ့၊ မလုပ်ပါနဲ့ဗျာ၊ အဲဒါ အရူးရောဂါတစ်မျိုးပဲ၊ အဲဒီရော ဂါနာမည်က ကိုင်ရိုအရူးရောဂါတဲ့၊ ကုလို့မရဘူး ကိုယ့်လူရေး ကိုင်ရိုတော့မဖြစ်ူဘး၊ “ထိုငိုင်” သွားရမယ်။ ဟီ ဟီ ဟု ပြောဆိုလှောင်ပြောင်လေ၏။ “ကိုပီတြာီးက ကျုပ်ကိုလှောင်တာလား..” ဟု ကျွန်ုပ်ကမေးလိုက်ရာ..

“လှောင်တာ မဟုတ်ပါဘူး၊ မသိတတ်လွန်းလို့ပြောပြတာပါ၊ နှံပြည်စုတ်ကလေးလည်း နှံပြည်စုတ်ကလေးလို လှတယ်၊ နှံပြည်စုတ်ကလေးလို ချစ်ဖို့ကောင်းတယ်၊ အဲဒီလိုပဲ ကြက်တူးရွေးက ကြက်တူရွေးလိုလှတယ်၊ အရောင် အသွေးစုံတယ်၊ ကြက်တူရွေးလို ချစ်ဖို့ကောင်းတယ်၊ သဘာဝတရားကြီးက ကြက်တူရွေးရှိဖို့လိုအပ်လို့ ကြက် တူရွေးလည်း ရှိနေတာ၊ နှံပြည်စုတ်လည်း လိုအပ်လို့ နှံပြည်စုတ်ရှိနေတာ၊ အဲဒီတော့ နှံပြည်စုတ်ကလည်းကြက် တူရွေးဖြစ်အောင် မလုပ်နဲ့၊ သူ့အတိုင်းတိုင်းလေး ကောင်းပါတယ်၊ အဲဒီတော့ ဘာဖြစ်လို့များ ကိုယ့်လူက ကိုင်ရို ဖြစ်ချင်ရတာလည်း မရူးစမ်းပါနဲ့..” ဟု ပယ်ပယ်နယ်နယ်တွယ်လေတော့၏။

ကျွန်ုပ်သည် ၎င်းနှင့် စကားမပြော တော့ဘဲ ဘဲသားဆီပြန်ဟင်းချက်နေလေ၏။ ဆေးဘဲဥသူပ်နေလေ၏။ ဝက်ရိုးနှင့် ကျောက်ဖရုံသီး ဟင်းချိုချက် နေလေ၏။ အလုံးစုံကျက်သွားသောအခါ၌ ကိုပီတာကြီးအား တည်ခင်းကျွေးမွေးလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်တည်ခင်းကျွေးမွေးသော ဟင်းလျာများဖြင့်ထမင်းကို မြိတ်ရှက်စွာစားလေ၏။ ထိုသို့စားရင်း..

“ ကိုယ့်လူ က စားတော်ကဲလည်း ဖြစ်ချင်ပုံရတယ်၊ အဲဒါလည်း အရူးရောဂါတစ်မျိုးပဲ၊ စာရေးဆရာဖြစ်ချင်လိုက်၊ လက္ခဏာ ဆရာဖြစ်ချင်လိုက်၊ စားတော်ကဲ ဖြစ်ချင်လိုက်နဲ့ အရုးရောဂါ တော်တော်များနေပြီး အခုလောလောဆယ် ကိုယ် တွေ့တာကတော့ ကိုင်ရိုဖြစ်ချင်တဲ့ရောဂါရယ်၊ စားတော်ကဲဖြစ်ချင်တဲ့ရောဂါရယ်၊ အဲဒီရောဂါတွေဟာ ကုရခက် တယ် ကိုယ့်လူ၊ ဒီရောဂါကို ယေဘုယျခြုံပြီးပြောရရင် ဖြစ်ချင်တဲ့ရောလို့ ပြောရမှာပဲ” ဟု ကျွန်ုပ်အား ပြောလေ ၏။ “ကိုပီတာကြီး.. ခင်ဗျားက အတော်ကောင်းတဲ့လူပဲ၊ ထမင်းလည်းကျွေးရသေးတယ်၊ ကျုပ်ကိုလည်း ဆော် သေးတယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ဆော်တယ်လို့ မယူပါနဲ့၊ ထမင်းကျွေးတဲ့ကျေးဇူး ကြောင့် တည့်မတ်ပေးတယ်လို့ ယူလိုက်စမ်းပါ” ဟု ကျွန်ုပ်ကို ပြောလေ၏။

ကျွန်ုပ်သည် အောင့်သက်သက်ဖြင့် ခံ၍နေရလေ၏။ ကိုပီတာကြီးသည် ထမင်းစားပြီးနောက် အီကွေးနှင့် ရေနွေးကြမ်းကို စားသောက်လေ၏။ ထိုသို့စားသောက်ရင်း.. “တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်ကွ၊ အဲဒီဘုရင်ဟာ သူ့ဥယျာဉ် ထဲမှာရှိတဲ့ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်၊ သူဟာ ဥယျာဉ်ထဲရောက်တဲ့အခါတိုင်းအပင်တွေ ကို အရမ်းပွင့်၊ အရမ်းသီးခိုင်းလေ့ရှိတယ်၊ တစ်နေ့မှာ သူဟာဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ဝက်သစ်ချပင် ကြီးဟာ ညှိုးပြီး ခြောက်နေတယ်၊

အဲဒီတော့ “ဘာဖြစ်တာလဲ” လို့ သူကမေးလိုက်တယ်၊ ဝက်သစ်ချပင်ကြီးက “ ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှုးပင်ကိုတုပြီး အပေါ်ကိုတက်တော့ ထင်းရှူးပင်မဟုတ်လေတော့ အမြစ်အား က မခံနိုင်တော့ သေရတော့တာပေါ့ လို့ပြောတယ်၊ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက ကိုင်းပြီးကွေးကျနေတယ်၊ အဲဒီတော့ ထင်းရှူးပင်ကြီးကို “ဘယ်လိုဖြစ်တာလဲ” လို့ဘုရင်ကြီးက မေးပြန်တယ်၊ အဲ ဒီတော့ ထင်းရှူးပင်ကြီးက “ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်းကွေးသွားတာပေါ့” လို့ ပြောတယ်၊

အဲဒီတော့ ဘုရင်ကြီးက စပျစ် ပင်ဆီကို ရောက်ပြန်ရော၊ စပျစ်ပင်ကြီးလည်း သေမလိုဖြစ်နေတယ်၊ “ဘယ်လိုဖြစ်တာလဲ” လို့ မေးတော့ “ကျုပ် ကနှင်းဆီပင်ကို အားကျပြီး သူ့လိုလိုက်ပြီးပွင့်တာဗျို့၊ အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီးပန်းလည်း မပွင့်တော့ဘဲ အခုလို သေလုမျောပါးဖြစ်သွားရတာပါပဲ” လို့ ပြောပြန်တယ်၊ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီး လျှောက်သွားတဲ့အခါမှာ အပင်လေးတစ်ပင်ကိုတွေ့တယ်၊ အပင်က သိပ်မကြီးပါဘူး၊ အရွက်ကလေးတွေ၊အကိုင် အခက်ကလေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနဲ့လေးတွေလည်း သင်းပျံ့လို့

အဲဒီအပင်ရဲ့နာမည်က Heart Ease နှလုံးအေးချမ်းပန်းလို့ခေါ်လေ့ရှိတဲ့ အပင်ကလေးပါပဲ ဘုရင်ကြီးဟာ အဲဒီအပင်ကလေးကို ကြည့်ပြီး “ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံးမှာရှိတဲ့ အပင်တွေသေတာတွေ သေကုန်ပြီ၊ တချို့လည်း သေလုမျောပါဖြစ်နေပြီး နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြည်နေပါလား ဘာကြောင့်လဲ” လို့ မေးလိုက်တယ်၊ အဲဒီမှာ အပင်က လေးက ဘာပြန်ပြောသလဲဆိုတော့ “အသင် မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်ထဲမှာ စိုက်ကတည်းက နှလုံးအေးချမ်း ကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်၊ ဝက်သစ်ချပင်လို မဖြစ်စေချင်ဘူး၊ ဒါကြောင့် ဝက်သစ်ချပင်ကို လည်း အားမကျခဲ့ဘူး၊

အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးကိုလည်း အားမကျခဲပါဘူး၊ အသီးတွေ ပြွတ်နေအောင်သီး တဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး၊ အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အားမကျခဲ့ဘူး၊ နှလုံးအေး ချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်၊ နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်၊ အားကျပြီး ဘာမှကိုမလုပ်ခဲ့ဘူး၊ ဒါကြောင့် နှလုံးအေးချမ်းအဖြစ်နဲ့ပဲရှင်သန်ရပ်တည်နေနိုင်တာပေါ့၊ တခြားဘာမှမဟုတ်ပါဘူး” လို့ ပြန်ပြီးပြော လိုက်တယ်၊

ငါပြောချင်တဲ့ ပုံပြင်ကတော့ ဒါပါပဲကွာ၊ မင်းသိင်္ခအဖြစ်နဲ့ပဲရှင်သန်ပါကွာ၊ ကိုင်ရိုကို အားမကျစမ်းပါနဲ့ မင်းသိင်္ခဟာ မင်းသိင်္ခအဖြစ်နဲ့ပဲ ရှင်သန်ပါကွာ၊ ဟင်းချက်ကောင်းတဲ့ စားတော်ကဲကြီး ဦးဂွမ်တီကိုလည်း အားမကျ ချင်စမ်းပါနဲ့” ဟု ဆိုကာ ကျွန်ုပ်၏ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် ဘုန်းကနဲ့ထုပြီးနောက်.. “ငါသွားမယ် ပြီး တော့..လာဦးမယ်” ဟု ဆိုကာ ကိုပီတာကြီးသည် လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ ခြံအတွင်းမှ ထွက်သွားလေတော့သတည်း။

နေ့စဉ်ကုန်ကျစရိတ်များပြန်ဝင်လာစေသောဂါထာတော်

လွန်ခဲ့သော လအနည်းငယ်ခန့်က ထိုင်းနိုင်ငံ-မဟာချိုင်မြို့- နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ခိုနှင့် အလားသဏ္ဍန်တူသော အသက်(၃၈)ခန့်ရှိ ကိုသိန်းတန်ဟု အမည်ရသော လူတစ်ဦး ရောက်ရှိလာလေ၏။ ကိုသိန်းတန်တန်သည် လွန်စွာ အငြီးတွားသန်၍ လွန်စွာမှလည်း စိတ်ပျက်အားငယ် တတ်သောသူ တစ်ယောက်လည်း ဖြစ်လေ၏။ ၎င်းသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ၀င်ရောက်လာပြီးလျှင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကောင်းကောင်းပင် မရှိခိုးနိုင်သေးပဲ ကျွန်ုပ် ဗေဒင်ဟောသော ခုံရှေ့တွင် ၀င်ရောက်၍ ခြေပစ်လက်ပစ် ထိုင်ပြီးလျှင် လောကကြီးကို အပြစ်မြင်ပြီး ခိုသတ္တ၀ါကဲ့သို့ စတင်၍ ငြီးတွားလေတော့၏။

ပြော မပြောချင်ဘူး ဗေဒင်ဆရာရေ....။ ကုန်ဈေးနှုံး ကုန်ဈေးနှုံးဆိုတာကလည်း ကျတယ်ဆိုတာကို မရှိတော့ဘူး။ အတက်ပဲ ရှိတယ်။ အကျမရှိဘူးဆိုတာ ကုန်ဈေးနှုန်းကို ခေါ်တာ ထင်ပါရဲ့။ ဒီအတိုင်းဆိုရင်တော့ တယ်မလွယ်ဘူး။ ရှေ့လျှောက် ဘယ်လိုဆက်ပြီး စခန်းသွားရမယ်မှန်းတောင် မသိတော့ပါဘူး ဗေဒင်ဆရာ ရယ်။ ထိုင်းနိုင်ငံမှာ လုပ်စားကိုင်စားရတာ မလွယ်တော့ပါဘူးဆိုမှ ဒီကုန်ဈေးနှုန်းကလည်း တက်ပြီးရင် မကျတော့ဘူး ဆိုတော့ ဘယ်လိုလုပ်ပါ့မလဲ။ မဟုတ်ဘူးလား ဗေဒင်ဆရာရယ်ဟု ကျွန်ုပ်အား စတင်၍ ပြောလေ၏။ ထိုအခါ ကျွန်ုပ်က သူ့အား ခေါင်းတစ်ချက် ညိတ်ပြလိုက်လေ၏။ ထို့နောက် ၎င်းက ဆက်လက်၍

အော်.... နောက်တစ်ခုကလည်း ရှိသေးတယ်ဗျ။ အခု ထိုင်းနိုင်ငံမှာ တရာဝင်မှတ်ပုံတင် မရှိသေးတဲ့ လူတွေကို အလုပ်သမား မှတ်ပုံတင် အသစ်ရိုက်ပေးတယ်လေ။ အဲဒါ ဟိုတလောကမှ ကျွန်တော့ သားလေး တစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ကျောင်းထုပ်ပြီး ထိုင်းနိုင်ငံကို ခေါ်တင်လိုက်တယ်လေ။ အဲဒါ သူတို့တွေကိုလည်း ဘတ် ( အလုပ်သမားမှတ်ပုံတင်) ရိုက်ပေးရဦးမယ်။ နှစ်ယောက်ပေါင်းလိုက်ရင် အနည်းဆုံး ဘတ်ငွေ (၇)ထောင် (၈)ထောင်တော့ အသားလေးသွားမှာပဲ ဗေဒင်ဆရာ။ အဲဒါလက်ထဲမှာလည်း ငွေက အဆင်သင့် မရှိသေးဘူးဆိုတော့ အင်း သူများဆီ ယူရဦးမယ်။ အတိုးနဲ့ပေါ့ ဗေဒင်ဆရာရယ်။ ဘယ်တတ်နိုင်ပါ့မလဲ မဟုတ်ဘူးလား။ အကြွေးကလည်း ဘယ်တော့ ကင်းပါ့မလဲ ဗေဒင်ဆရာရယ်။ စိတ်ညစ်လိုက်တာဟု ထပ်ပြောပြန်လေ၏။ ကျွန်ုပ်လည်း ခေါင်းတစ်ချက် ထပ်မံ၍ ညိတ်ပြလိုက်ပြန်လေ၏။

အော် ... နောက်တစ်ခု ထပ်ပြောရဦးမယ် ဗေဒင်ဆရာ။ အခုတလော ထိုင်းရဲတွေလည်း အဖမ်းအစီးတွေက တယ်များသကိုး။ ကျွန်တော်တို့ တန်းလျှားဆိုရင် တစ်နေ့ကို အနည်းဆုံး မနက်တစ်ခေါက် နေ့လည်တစ်ခေါက် ညနေဘက်ကို တစ်ခေါက် အနည်းဆုံး ၀င်ဝင်ဖမ်းတယ်ဆရာ။ ကျွန်တော့်ကလေးတွေလည်း ဘတ်က မရိုက်ရသေးဘူးဆိုတော့ ရင်ထဲမှာ ပုလိပ်လာပြီဆိုတဲ့အသံကို ကြားလိုက်တာနဲ့ တံခါးကို အပြင်ကနေ ပြေးပြေးပြီး သော့ခတ်လိုက်ရတယ်။ အဲဒီအတွက် နှလုံးရောဂါတောင် ရချင်ချင်ဖြစ်နေပြီ ဗေဒင်ဆရာ။ ငယ်ငယ်တုန်းက မခုန်ဘူးခဲ့တဲ့ နှလုံးက အခု ပုလိပ်မြင်တာနဲ့ ရင်တုန်တတ်နေပြီ။ လောကကြီးမှာ ပုလိပ်ဆိုတဲ့ လူတွေမရှိရင် သိပ်ကောင်းမယ်နော်ဗျာဟု ပြောပြန်လေ၏။ ကျွန်ုပ်လည်း ကိုသိန်းတန်အား ခေါင်းတစ်ချက် အသာ ညိတ်ပြလိုက်လေ၏။

အော် ... ပြောရဦးမယ် ဗေဒင်ဆရာရဲ့။ အခုတလော လူဆိုးလူမိုက်တွေကလည်း အတော်ပေါလာသကိုး။ ဟိုတလောက ကျွန်တော်တို့ အခန်းဘေးက ကောင်လေးတစ်ယောက် လမ်းသွားရင်း ဖုန်းပြောလာတာ နောက်ကနေ ဆိုင်ကယ်နဲ့ ကပ်မောင်းသွားရင်း လက်ထဲကဖုန်းကို လုသွားတယ်လေ။ ဘာကြာသေးလို့လဲ ကျွန်တော့် အခန်းမျက်စောင်းထိုးက ကောင်မလေးတစ်ယောက်လည်း မင်္ဂလာဆောင်က အပြန် လမ်းရှောက်လာတာ ဘေးကနေ ဆိုင်ကယ်နဲ့ အသာလေးကပ်ပြီး ဆွဲကြိုးကို ဖြတ်သွားတယ်လေ။ ပါသွားတာ ပေါ့။ အဲဒီကောင်မလေးကလည်း မရှိလို့ သူများနိုင်ငံ လာလုပ်စားပါတယ်ဆိုမှ ဘာလို့ ရွှေဝတ်တာလဲ မသိဘူး။ ၀တ်ချင်ရင် ကိုယ့်နိုင်ငံ ပြန်ရောက်မှ တ၀ကြီးဝတ်ပေါ့။ အခုတော့ ဟင်း မပြောလိုက်ချင်ဘူး။ ခံရတာတောင် နည်းသေးတယ်။ အဲဒီ လူဆိုးလူမိုက်တွေ လောကကြီးမှာ မရှိရင် သိပ်ကောင်းမှာပဲ။ မဟုတ်ဘူးလား ဗေဒင်ဆရာဟု ကျွန်ုပ်အား ပြောပြန်လေ၏။ ကျွန်ုပ်သည်လည်း ထိုသူအား ခေါင်းတစ်ချက် ထပ်မံ၍ ညိတ်ပြလိုက်ပြန်လေ၏။

ထို့နောက် ၎င်းကိုသိန်းတန်သည် လာရင်းနှင့် မိုးမိသည်ဆို၍ မိုးရာသီမိုးဥတု မရှိလျှင် သိပ်ကောင်းမည် ဟု၎င်း။ ဗိုက်စာတိုင်း အလုပ်လုပ်နေရသောကြောင့် သမုဒ္ဒရာဝမ်းတထွာဆိုသော စကားကြောင့် နေ့စဉ် ၀မ်းတထွာအတွက် အလုပ်လုပ်ကိုင်နေရသောကြောင့် ဘ၀တစ်လျှောက်လုံး တစ်ခါဘူးမှ မနား၇သေးကြောင်း ထို့ကြောင့် ဖြစ်နိုင်လျှင် ထိုဝမ်းတထွာတောင် မွေးလာကတည်းက မပါလာရင် အတော်ကောင်းမည် ဖြစ်ကြောင်း၊ အစရှိသည်ဖြင့် မဖြစ်နိင်သည်များကို တစ်ခုပြီးတစ်ခုပြောဆို၍ ငြီးတွားလေတော့၏။ ကျွန်ုပ်သည်လည်း ထိုသူ တစ်ခါပြောတိုင်း ခေါင်းတစ်ခါ ညိတ်ပြရလေ၏။ ကြာလာသော အခါတွင် ၎င်းကိုသိန်းတန်သည် စိတ်တိုလာပုံ ပေါက်လာ၍ ဘယ်လိုလဲဗေဒင်ဆရာ၊ ဗေဒင်ဆ၇ာက ပုတ်သင်ညိုလိုပဲ ခေါင်းညိတ်ဖို့ပဲ တတ်သလားဟု ကျွန်ုပ်အား ပြောလေတော့၏။

ထိုအခါ ကျွန်ုပ်က ဒီမှာကိုသိန်းတန်ရဲ့။ ဒါက လောကသဘာဝတွေပါ။ ခင်ဗျားလည်းမသိဘူး ကျုပ်လည်း နားမလည်ဘူး။ ကောင်းတာတွေရော ဆိုးတာတွေရော တန်ဖိုးရှိတာတွေရော၊ တန်ဖိုးမဲ့တာတွေရော၊ သစ်ပင်တွေရော ၊ တောတောင်တွေရော ၊ ရေမြေတွေရော လောကကြီးမှာ ရှိသမျှ အရာဝတ္ထုတိုင်းဟာ လိုအပ်လို့ ရှိနေတာဖြစ်တယ်။ မလိုအပ်တော့တဲ့ တစ်နေ့ကျရင် ကမ္ဘာလောကကြီးကနေ အလိုလို ပြန်လည် ပျောက်ကွယ်သွားကြမှာ ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားပြောတဲ့ အရာတွေအားလုံးဟာ လိုအပ်လို့ ရှိနေတာပေါ့ ဗျာ။ အဲဒါတွေကို ရှိရင်ကောင်းမယ်။ မရှိရင် ကောင်းမယ်လို့ ပြောနေလဲ ခင်ဗျားအတွက် ပါးစပ်ညောင်းတာပဲ အဖတ်တင်တော့မပေါ့ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ကိုသိန်းတန်က ဒါဆို ကုန်ဈေးနှုန်းဈေးကြီးတာ လည်း ဗေဒင်ဆရာပြောတဲ့ လောကကြီးက လိုအပ်လို့ ဖြစ်နေတာလားဟု ကျွန်ုပ်အား ရွဲ့၍ ပြန်ပြောလေ၏။

ကဲပါ ကိုသိန်းတန်ရယ်။ ခင်ဗျား ကျွန်တော့်ဆီလာတာ ဗေဒင်မေးဖို့လာတာ မဟုတ်လား။ ဒါဆိုလည်း ဗေဒင်တွက်ကြရအောင်ဟု ပြောကာ ၎င်းကိုသိန်းတန်၏ ကံဇာတာ ကောင်းမကောင်း အဆင်ပြေမပြေ စသည်တို့ကို ပြည့်စုံစွာ ဟောပေးလိုက်ပြီလျှင် ဒီမှာ ကိုသိန်းတန် ကဲ... ဘာမေးချင်သေးလဲ။ နောက် ကျုပ် ဘာကူညီပေးရဦမလဲဟု ပြန်မေးလိုက်လျှင် ၎င်း ကိုသိန်းတန်က...

ဒီလိုပါဆရာ။ အရေးကြီးတာက ထမင်းလေး ဗိုက်ဝအောင် စားချင်တယ်။ အဲလောက်ပါပဲ။ ကျွန်တော်တို့လို လူတန်းစားတွေကို ဆရာ့ ယတြာပညာနဲ့ သန်းကြွယ်သူဌေးကြီး ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောရင်လည်း ကျွန်တော် လက်မခံပါဘူး။ အဲလောက်ကြီးလည်း မတောင်းဆိုပါဘူး။ အရေးကြီးတာက မပူမပင်မကြောင့် မကျနဲ့ ထမင်း နပ်မှန်အောင် စားလို့ရမယ့် အဆောင်လေး ယတြာလေး ရှိရင် ပေးစေချင်ပါတယ်ဟု ကျွန်ုပ်အား ကိုသိန်းတန်က ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ကိုသိန်းတန်ရေ...ကျွန်တော် ခင်ဗျားကို ဂါထာတစ်ပုဒ်ပေးလိုက်ပါ့မယ်။ အဲဒီဂါထာကို မနက်ပိုင်း အခေါက်နှစ်ဆယ်၊ ညဘက် အခေါက်နှစ်ဆယ် ပုံမှန်ရွတ်ပေးမယ်ဆိုရင် နေ့စဉ်ကုန်ကျနေသော ကုန်ကျစရိတ်များ ပုံမှန် ပြန်ဝင်လာပါလိမ့်မယ်။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပူပင်သောက ကင်းဝေးသွားပါလိမ့်မယ်ဟု ပြောဆိုကာ အောက်ဖော်ပြပါ ဂါထာတော်အား ကိုသိန်းတန်ဆိုသူအား သင်ပေးလိုက်လေ၏။

ဗုဒ္ဓဂုဏော အနန္တော
ဓမ္မဂုဏော အနန္တော
သံဃာ့ဂုဏော အနန္တော
ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ
ဓမ္မောမေ သရဏံ အညံနတ္ထိ
သံဃောမေ သရဏံ အညံနတ္ထိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဧသာ ဉာတ္တိ ဂစ္ဆာ အမုမှိ သြကာသေ တိဋ္ဌာဟိ။

ကိုသိန်းတန်ဆိုသောသူသည် ကျွန်ုပ်ပြပေးလိုက်သော ထိုဂါထာကို ကူးရေးပြီးနောက် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းမှ ပြန်သွားလေတော့၏။

မှတ်မှတ်ရရ ၎င်း ကိုသိန်းတန်သည် ဒီနေ့ ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ပြန်ရောက်လာခဲ့လေ၏။ ၎င်းလက်ထဲတွင် ဆွဲလာသော အအေးဗူးများ ၊ စီကရက်များ ၊ မုန့်များကို မြင်လိုက်သည်နှင့် ကိုသိန်းတန်တစ် ယောက် ပူပင်ကြောင့်ကြ ကင်းစွာဖြင့် ထမင်းစားနေရပြီ ဖြစ်ကြောင်း ကျွန်ုပ်သိလိုက်လေတော့သတည်း။

သီးစုံကုလားပဲဟင်းနှင့် ငရုတ်သီးဆားထောင်း

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်ကောင်းကောင်းမနှံ့ရှာပေ၊ သို့သော် ခင်မင်ဖွင်ရာကောင်း၏။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ၎င်းက ၎င်း၏ ထုံးစံအတိုင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု နှုတ်ဆက်လေ၏။

ကျွန်ုပ်က ၎င်းအား . “ ကိုပီတာကြီးတစ်ယောက် မလာတာ အတော်ကြာပြီနော်” ဟု ပြောလိုက်ရာ ၎င်းက..“ဟုတ်ပါတယ်ကွာ၊ မင်းကို ငါသတိရနေလို့ မလာဖြစ်တာကွ” ဟု ကိုပီတာကြီးက ပြောလေ၏။

ထို့ကြောင့်ကျွန်ုပ်က .. “မဟုတ်သေးပါ ဘူး ကိုပီတာကြီးရယ်၊ သတိရရင်လာရမှာပေါ့” ဟု ပြောလိုက်လျှင် ကိုပီတာကြီးက .. “သတိရနေတယ်ဆိုတော့ မင်းဟာ ငါရဲ့အာရုံထဲမှာ ရှိနေပြီလေကွာ၊ လာဖို့မလိုတော့ပါဘူး၊ ကောင်းကောင်း သတိရမရတဲ့ အခါကျတော့ အရုံထဲမှာ မင်းက မရှိတော့ဘူးလေကွာ၊ ယုံပါကွာ” ဟု ကျွန်ုပ်ကို ပြောလေ၏။

“ကဲပါ.. ကိုပီတာကြီးရယ် ဒီနေ့မနက် ဘာဟင်းနဲ့စားမလဲ..” ဟု ကျွန်ုပ်ကမေးလိုက်ရာ ၎င်းက.. “မင်းချက်တဲ့ ဟင်းတွေက အတော့်ကို မြိန်ဖို့ကောင်းပါတယ်ကွာ.. နိုးဂွတ်ဒ်” ဟု ပြောလေ၏။ “ဟင်းတွေက မြိန်၇င် ဂွတ်ဒ်လို့ ပြောရမှာမို့လား၊ ဘာဖြစ်လို့ နိုးဂွတ်ဒ်လို့ပြောတာလဲဗျာ” ဟု ကျွန်ုပ်က ပြန်၍မေးလိုက်လေ။ ထိုအခါ ကိုပီတာကြီးက.. “မင်းဟင်းတွေက ကောင်းတော့ ငါက အရမ်းစားတယ်လေကွာ၊ အဲဒီတော့ အစာမကျေဘူးပေါ့၊ အဲဒါကြောင့် ငါ့အတွက် နိုးဂွတ်ဒ် ဖြစ်သွားတာ၊မင်းရဲ့ဟင်းကို နိုးဂွတ်ဒ်လို့ ပြောတာမဟုတ်ဘူး၊ နားရှင်းအောင် နားထောင်စမ်းပါကွာ လူတော် တော်များများဟာ အတော်ခက်တယ်ကွ၊ နားရှင်းအောင် နားမထောင်တတ်ဘူး” ဟု ပြောလေ၏။

“ဟုတ်ပါ့မလား ကိုပီတာကြါ်ရယ်..” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက.. “မနက်စောစောမှာ မိန်းမတစ်ယောက်ဟာ တောင်းကလေးကိုရွက်ပြီး ပဲပြုတ်လို့ အော်တယ်ကွ၊ အဲဒီတော့ ခေါ်တဲ့လူကလည်း ခေါ်ပြီး ဝယ်တယ်ဗျာ၊ တကယ်စဉ်းစားကြည့်ရင် သူအော်တာ ပဲပြုတ်ရှိသေးတယ်၊ ရောင်းမယ်လို့ မပါဘူးလေကွာ” ဟု ပြောလိုက်ရာ ကျွန်ုပ်မှာ ရယ်ရသေးတော့၏။

“ကတ်သီးကတ်သတ်တွေ မဟုတ်တာတွေ မပြောစမ်းပါနဲ့ ကိုပီတာကြီးရယ် ဘာဟင်းနဲ့ စားမလဲပြောစမ်းပါ” ဟု မေးလိုက်လျှင် ကိုပီတာကြီးက .. “ကုလားပဲဟင်း ကောင်းကောင်း ချက်စမ်းပါ ငါ့လူရာ၊ ပြီးတော့ ငရုတ်သီး ဆားထောင်း၊ တို့စရာကတော့ မုန်လာချဉ်ဖတ်လောက်ဆိုရင် တော်ပြီကွ၊ အဆီအဆိမ့်တွေ သိပ်ပြီး မလုပ်စမ်းပါနဲ့” ဟု ပြောလေ၏။ ကျွန်ုပ်လည်း .. “ကောင်းပါပြီဗျာ” ဟုဆိုကာ ၎င်းအား ကျွေးရန်အတွက် ကုလားပဲဟင်း တစ်ခွက်ကို စပါးလင်ထည့်၍ မုန့်ဟင်းခါး ဟင်းရည်အနံရအောင် ချက်လေ၏။ ထို့နောက် ငရုတ်သီးဆားထောင်း မန်လာချဉ်ဖတ်တို့နှင့် တည်ခင်းကျွေးမွေးလေ၏

ကျွန်ုပ်သည် ကိုပီတာကြီးအား ထမင်းကျွေးနေသည့်ကြားကပင် ယတြာသမား သုံးယောက်ကို ကိုယ်တိုင်ထ၍ လုပ်ပေးရ၏။ စာအုပ်ကိစ္စ အတွက်လာသော မိတ်ဆွေနှစ်ဦးကို စကားပြောရ၏။ ကျွန်ုပ်၏ ဝတ္ထုကို ရုပ်ရှင်ရိုက်ရန်အတွက် လာရောက်ဝယ်ယူသော ရုပ်ရှင်သမား သုံးယောက်ကို စကားပြောရ၏။ ထိုအခါ၌ ပိုက်ဆံချေးရန် ရောက်လာသော မိတ်ဆွေတစ်ဦးအား မချေးနိုင်ကြောင်း ကျွန်ုပ်၌လည်းမရှိကြောင်း စီကာပတ်ကုံးရှင်းပြရလေ၏၊ ထို့နောက် ခြံတွင်းရှိ အဓိဋ္ဌါန် ကြွေဗေဒင်မေးရသော ဂူကလေးအား သန့်ရှင်းရေး လုပ်ရ၏၊

ကျွန်ုပ်ကိုကြည့်၍ ကိုပီတာကြီးက.. “ မောင်ရင့်ဟာကလည်း မနားရပါလား၊ မောင်ရင့်ကိုကြည့်ရတာ အရက်မူးသမား သိုင်းကွက်နင်းနေသလိုပဲ၊ မျက်စိနောက်ဖို့ အတော်ကောင်းတယ်” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်က.. “ကိုပီတာကြီးရယ် ဒီအလုပ်တွေ ကျွန်တော် မလုပ်ဘယ်သူလုပ်မတုံးဗျာ” ဟု ပြောလိုက်ရာ ၎င်းကပြုံ၍.. “ကိုရင် မမွေးခင်၊ ကိုရင် လူ့လောကကို မရောက်ခင်က ဘယ်သူတွေ လုပ်သလဲ၊ စဉ်းစားကြည့်လေ” ဟု ကျွန်ုပ်အား ပြန်၍မေးလေ၏။ ထိုအချိန်၌မှာပင် စာမေးပွဲ ဖြေသည့် ကလေးများ ယတြာချေရန် အုပ်စုလိုက် ရောက်လာသောကြောင့် ကျွန်ုပ်သည် ၎င်းတို့ထံသို့ ပြေး၍ အားပေးစကားပြောခြင်း၊ ယတြာလည်းချေ၊ စားကျက်ရန်လည်းလိုကြောင်း လေးလေးနက်နက် ပြောပြနေရလေ၏။

ထို့သို့ပြောပြရာ ကလေးများအနက်မှာ တစ်ယောက်သော ကလေးက.. “အဘရယ် ကျွန်တော်တို့က စာကျက်ပြီ ပါပြီ၊ အောင်ဖို့လည်း သေချာပါတယ်၊ လိုရမယ်ရဆိုပြီး အဘဆီလာပြီး ယတြာချေတာပါ” ဟု ပြန်၍ပြောလေ၏။ ထိုအချိန်၌ ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုပီတာကြီးသည် ထမင်းစားပြီး၍ လက်ဆေးက လက်သုတ်နေပြီဖြစ်၏။ ထို့ နောက် တိုင်တွင်ချိတ်ထားသော ဖီးကြမ်းငှက်ပျောသီးကို ယူ၍စားလေ၏။ ပြီးလျှင် ကျွန်ုပ်ဆီသို့ လျှောက်လာ ကာ ကျွန်ုပ်အား .. “နည်းနည်းလေ နားထောင်စမ်းပါ၊ ပြောစရာရှိလို့” ဟုဆိုသဖြင့် ကျွန်ုပ်က.. “ပြောပါ ကိုပီတာကြီးရယ်၊ နားထောင်ပါတယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက..

“တစ်ခါက အလက်ဇင်းဒါသဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်ကြီး တစ်ဦးရှိခဲ့ဖူးတယ်၊ တစ်နေ့မှာ သူဟာ မြတ်ဆိပ်တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်းနဖူး သဲပြင်ပေါ်မှာ အဝတ်အစား ဗလာကျင်းတုံးလုံးလှဲ အိပ်နေပြီး နေဆာလှုံနေတဲ့ ဒိုင်အိုဂျင်ဆိုတဲ့ သူတောင်းစားတစ်ဦးကို မြင်တွေ့ရတယ်၊ အဲဒီစစ်သူရဲကောင်းကြီးကလည်း အဲဒီသူတောင်းစား ဒိုင်အိုဂျင်ကို သိပါတယ်၊ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ်ပေါက် အလွန်လှတယ်၊ မျက်နှာကလည်း ဥပဓိရုပ်ကောင်းတယ်၊

အဲဒီတော့ အလတ်ဇင်းဒါး သဂရိတ်က “ အို.. ဆရာသမား ကျုပ်ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ” လို့ရိသဲ့သဲ့စကားမျိုးနဲ့ မေးလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုင်ဂျင်က “အလက်ဇင်းဒါး သဂရိတ်ဆိုတဲ့လူကို ပြောချင် တာကတော့ ဘာမှလုပ်မပေးပါနဲ့၊ ဒီနားက နည်းနည်းဖယ်ပေးစမ်းပါ၊ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ၊ ဒီ့အ ပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး” လို့ ပြန်ပြောလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က နေရိပ်မ ကွယ်အောင် နေရာဖယ်ပေးလိုက်တယ်၊

အဲဒီအခါမှာ ဒိုင်အိုဂျင်က “တလောတုန်းက တပ်တွေပြင်နေတာကို ကျုပ်တွေ့ရတယ်၊ အဲဒါ ဘာလုပ်မလို့လဲ” လို့မေးလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “တခြားမ ဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်၊ အိန္ဒိယကို တိုက်မလို့ အိန္ဒိယကိုတိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့၊ အတူတူပဲ” လို့ ပြန်ပြီးပြောလိုက်တယ်၊ အဲဒီအခါမှာ ဒိုင်အိုဂျင်က “အိန္ဒိယကို နိုင်ပြီပဲ ထားပါတော့၊ ဘာလုပ်ဦးမလဲ” လို့မေးတော့ အလက်ဇင်းဒါး သဂရိတ်က “ အိန္ဒိယကို အောင်နိုင်ပြီးရင်တော့ ကျုပ် အနားယူမှာပေါ့” လို့ ပြန်ပြီးဖြေလိုက်တယ်၊

အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟတ်ဟတ်ပက်ပက် ရယ်လိုက်တယ်၊ “ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိန္ဒိယကို အောင်နိုင်ဖို့ဆိုတဲ့ အကြောင်းမပါဘူး၊ ဘယ်သူမဆို အနားယူခွင့်ရှိတယ်၊ အိန္ဒိယကို အောင်နိုင်မှ အနားယူရမယ်လို့ ခင်ဗျားကို ဘယ်လိုဆရာသမားမျိုးက သင်ပေးလို့လဲဗျာ၊ ဒီမှာကြည့်စမ်း၊ ခု.. ကျုပ်အနားယူနေပြီ အိန္ဒိယကိုလည် မအောင်နိုင်ပါဘူးဗျာ လွတ်လွတ်လပ်လပ် အနားယူခွင့် ကျုပ်မှာရှိနေပြီ၊ ခင်ဗျားနားရမယ့် အချိန်ဟာ ဒီအချိန်ပဲ၊ အိန္ဒိယကို အောင်နိုင်ပြီးမှာ နားရမယ်ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ်ဘူး၊ အိန္ဒိယကို အောင်နိုင်ပြီးလည်း တခြားအောင်နိုင်စရာတွေကို ခင်ဗျား လုပ်ရဦးမယ်၊ ဘယ်တော့မှ နားရမယ့် လူစားမျိုးမဟုတ်ဘူး သေရင်လည်း၊ အိမ်မှာသေရမယ့် လူစားမျိုးမဟုတ်ဘူး၊ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာ သေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်၊

“ခင်ဗျားလုပ်ရတဲ့ အလုပ်တွေ မပြီးခင်မှာဘဲ ခင်ဗျား၊ သေမှာ၊ ကျုပ်ပြောတာ မယုံစောင့်ကြည့်” လို့ ဒိုင်အိုဂျင်က ဆက်ပြီးပြောလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က “ဒိုင်အို ဂျင်းပြောတာ ကျုပ်မှတ်ထားပါ့မယ်၊ ဒီလိုပြောပြတဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်၊ ဒါပေမဲ့ ခုတော့ အိန္ဒိယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့” လို့ ပြောပြီး ထွက်သွားတယ်၊ အမှန်တကယ်ပဲ အလက်ဇင်းဒါး သဂရိတ်က လမ်းမှာပဲဆုံးသွားတယ်။ အိမ်ကိုပြန်မရောက်တော့ဘူး၊

အလက်ဇင်းဒါးသဂရိတ် သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်လည်း သေဆုံးသွားပါတယ်၊ သူတို့နှစ်ဦးဟာ သေလွန်ပြီးတဲ့ နောက်ပိုင်း တမလွန်ဘဝမှာ ပြန်ပြီးတွေ့ကြတယ်၊ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က ရှက်ကိုးရှက်ကန်းနဲ့ “ဟော..စစ်သူရဲကောင်းနဲ့ သူတောင်းစား တစ်ဦးပြန်ပြီးဆုံ ကြပြန်ပြီ” လို့ ပြောလိုက်တယ်၊ အဲဒီအခါမှာ ဒိုင်အိုဂျင်က “ပြန်ပြီးဆုံတာတော့ မှန်တယ်ဗျို့ ဒါပေမဲ့ ခင်ဗျားရဲ့ တွေးထင်ချက်တွေဟာ လွဲနေတယ်၊ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား၊ ဘယ်သူဟာ ဧကရာဇ် ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲ သဘောပေါက်ပုံမရဘူး၊

ကျုပ်ဟာ လွတ်လပ်တယ်၊ ပြီးတော့ ကျုပ်ဘဝကို ကျုပ်ကျေနပ်တယ်၊ အပြည့်အဝ အသက်ရှင်တယ်၊ ခင်ဗျားဟာ ဒီလိုမဟုတ်ဘူး၊ အောင်နိုင်မှုတွေ အတွက်ကြိုးစားရင်း ခင်ဗျားဘဝကို ခင်ဗျားမကျေနပ်ဘူး အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှုတွေနဲ့ ပြည့်လျှမ်းနေတယ်၊ ကျုပ်ဟာ ဘာမှမလိုအပ်ဘူး၊ ဒါကြောင့် ကျုပ်ဟာူသူတောင်းစား မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ်ရင် ဟဲ.. ဟဲ.. မပြောတော့ပါဘူးလေ” လို့ ပြန်ပြီး ပြောလိုက်တယ်.. ” ဟု ဆိုကာ ကိုပီတာသည် သူ၏ပုံပြင်ကို ရပ်လိုက်၏။

ထို့နောက် ကျွန်ုပ်၏မျက်နှာကို စိမ့်စိမ့်ကြည့်ကာ.. “ကိုယ်ပြောချင်တဲ့ အလက်ဇင်းဒါး သဂရိတ်နဲ့ သူ တောင်းစား တစ်ယောက်အကြောင်း ပုံပြင်က ဒီမှာပြီးသွားပါပြီ၊ ဖိုးအောင်ထွန်း စဉ်းစားကြည့်လေ၊ ဖိုးအောင်ထွန်းက ကိယ့်ကို စိတ်မနှံ့တဲ့လူ၊ အရူးတစ်ယောက်လို့ ထင်နေတယ်၊ ဒါပေမဲ့ ပီတာဆိုတဲ့ လူကြီးဟာ စားတယ်၊ သောက်တယ်၊ အေးအေးဆေးဆေး အနားယူတယ်၊ ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်၊ အနားယူခွင့်တွေလည်း ကိုယ့် မှာရှိတယ်၊ ဖိုးအောင်ထွန်းကတော့ ဒီလိုမဟုတ်ဘူး၊ ကိုယ့်လို အနားယူခွင့်တွေလည်း မရှိဘူး အလုပ်တွေပြီးမှ နားရမယ်လို့ ထင်နေတယ်၊ ဝတ္ထုတွေရေးပြီးမှ နားရမယ်လို့ ဘယ်လိုဆရာသမားမျိုးက သင်ကြားထားပါသလဲ၊ ယတြာကိစ္စတွေပြီးမှ နားရမယ်လို့ ဘယ်သူကများ ပြောထားလို့တုံး၊ ရူးလှချေလား ငါ့လူရာ..” ဟု ဆိုကာ ကျွန်ုပ်၏ ကျောကုန်းကို ဘုန်းကနဲ့ ပုတ်၍ ပျော်ရွှင်မြူးထူးစွာ ထွက်သွားလေတော့သတည်း။

ဆန္ဒပြည့်ဝစေဖို့ ကောင်းမှုယတြာပြုကြစို့.....

မိုးဥတု၏ တစ်ခုသော မိုးဖွဲဖွဲလေး ရွာသွန်းနေသော နေ့လေးတစ်နေ့၌ ကျွန်ုပ်သည် ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းတွင် တစ်ယောက်တည်း ဟောစာတမ်းများကို ပရင့်ထုပ်ပြီးနောက် စာအုပ်ချုပ် နေ၏။ ထိုအချိန်တွင် လွန်ခဲ့သော လအနည်းငယ်က ဗေဒင်မေး ယတြာချေဘူးသော ကိုမောင်မောင်ဆိုသူသည် အခန်းအတွင်းသို့ ၀င်ရောက်လာလေ၏။ ကိုမောင်မောင်သည် အခန်းအတွင်းသို့ ရောက်လာပြီးလျှင် ဘုရားဝတ်ပြုပြီးနောက် ဆရာသမား ဘာတွေ အလုပ်ရှုပ်နေတာလဲဟု ကျွန်ုပ်အား နှုတ်ဆက်ရင်း ကျွန်ုပ်အနားသို့ လာထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က

ဟောစာတမ်းစာအုပ်တွေ လုပ်နေတာပါဗျာ။ ရက်ချိန်အတိုင်း သူတို့ကို အချိန်မီ လုပ်ပေးရမယ်ဟု ပြန်ပြောလိုက်လေ၏။ ထို့နောက် ကိုမောင်မောင်က ဒါတွေက ဆရာကိုယ်တိုင် လုပ်နေတာလား။ ကျွန်တော်က ဆရာ့ ဆိုင်မှာ သွားလုပ်ယူတယ် မှတ်လို့။ ဟိုတလောတုန်းက ကျွန်တော့် အခန်းဘေးကပ်ရက်က ကောင်မလေး ကို ဆရာ ဘ၀တစ်သက်စာ ဟောစာတမ်း လုပ်ပေးလိုက်တာ ကျွန်တော့်ကို ပြတယ်။ ဆရာ ရေးထားတာ တော်တော်လေး စုံနေတာပဲ။ ကျွန်တော်ကြည့်လိုက်တာ စာမျက်နှာ (၅၀) ကျော်မယ်ထင်တယ်။ ကျွန်တော်ထင်တာက ဆရာက စာအုပ်ချုပ်တဲ့ဆိုင်မှာ သွားလုပ်တာ ထင်နေတာဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က... ဆိုင်ကို မသွားပါဘူးဗျာ။ ကိုယ်တိုင်ပဲ လုပ်ယူပါတယ်။ ပြီးတော့ သူတို့ ပြန်ပြီး ပူဇော်တဲ့ ပညာပူဇော်ခလေး သုံးလေးရာလောက်ကို ကျွန်တော်က ဆိုင်မှာသွားလုပ်ရင် ဆိုင်ကို ပေးလိုက်ရလို့ ကျွန်တော် မသုံးလိုက်ရပဲ ဖြစ်သွားမှာပေါ့။ ဒါကြောင့် ကျွန်တော် ဟိုတလောက Brother အမျိုးအစား ပရင့်တာလေး တစ်လုံးကို သွားဝယ်လာခဲ့တယ်။ ပြီးတော့ အဲဒါလေးနဲ့ ကြိုးစားပြီး ကိုယ့်ဘာသာ ထုပ်တာပေါ့ဗျာ။ တစ်နေ့ကို အများကြီးလည်း ထုပ်လို့လည်း မရဘူးကိုးဗျ။ ပရင့်တာလေးက သေးသေးလေးဆိုတော့ ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က....

အဲဒီလို ကိုယ်တိုင် လုပ်နေရတော့ ဆရာပင်ပန်းတာပေါ့ ဆရာရဲ့။ တစ်နေ့တစ်နေ့ ဆရာ့ကို ကြည့်လိုက်ရင် ကိုယ့်အခန်းကို လာပြီး ဗေဒင်မေးတဲ့ လူတွေကိုလည်း ဟောပေးရတယ်။ ကျွန်တော့်စိတ်ထင် တစ်နေ့ကို အနည်းဆုံး ဆယ့်ငါးယောက်လောက်တောင် ရှိမယ်တော့ ထင်တယ်။ နောက်ပြီး အခက်အခဲရှိတဲ့ လူတွေ ယတြာလာချေရင်လည်း အနည်းဆုံးတစ်ယောက်ကို တစ်နာရီလောက် အချိန်ယူပြီး ယတြာလုပ်ပေးရသေး တယ်နော်။ နောက်ပြီး အင်တာနက်ကနေလည်း ဗေဒင်ဟောစာတမ်းမှာတဲ့ လူတွေကိုလည်း ၅-ရက်နဲ့ အပြီး ပို့ပေးရသေးတယ်။ နောက်ပြီး ဗေဒင်ပညာ ၀ါသနာပါတဲ့ ကလေးတွေကိုလည်း သူတို့အားရက်တွေလာရင် ဗေဒင် သင်ပေးရသေးတယ်ဆိုတော့ ဆရာ့မှာ အားချိန်နားချိန်ရယ်လို့ကော ရှိသေးရဲ့လား ဆရာရယ်ဟု ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ကိုမောင်မောင်အား ဒီလိုရှိပါတယ် ကိုမောင်မောင်ရယ်။ ကျွန်တော်တို့ အသက်အရွယ်အရ ဆိုရင်တော့ အားချိန်နားချိန်ဆိုတဲ့ စကားကို သိပ်ပြီးပြောလို့ မကောင်းပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာသခင်ဖြစ်တဲ့ အဘမင်းသိင်္ခဟာဆိုရင် တစ်နေ့မှာ နှစ်နာရီလောက်ပဲ အိပ်ပြီး နောက်ဆုံးအချိန်တွေအထိ အလုပ်တွေ လုပ်သွားခဲ့တာ။ အဘမင်းသိင်္ခ အားတဲ့အချိန် နားတဲ့အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် အဘမင်းသိင်္ခလို အေးအေးဆေးဆေး နားနားနေနေ နေလို့ရတဲ့ ပုဂ္ဂိုလ်ကြီးတောင် မနားမနေ အလုပ်လုပ်ခဲ့သေးရင် ကျွန်တော်တို့လို သုညဘ၀ကူတွေက ပိုလို့တောင် အလုပ်လုပ်ရဥိးမယ် မဟုတ်လားဗျာ။ မြန်မာ စကားပုံတစ်ခုတောင် ရှိတာပဲ။ ဘာတဲ့ ရင်လောက်တင်မှ ခါးလောက်ကျဆိုတာလေဟု ကျွန်ုပ်က ကိုမောင်မောင်အား ပြန်ပြောလိုက်လေလျှင် ကိုမောင်မောင်က....

ဒါနဲ့ ဆရာဆောင်ရွက်ပေးတဲ့ ဟောစာတမ်းစာအုပ်က တော်တော် စုံတယ်နော်။ စာမျက်နှာ (၅၀) ကျော်တောင် ပါတယ်ဆိုတော့။ အဲဒီဟောစာတမ်းကြီးကိုလည်း ဘယ်နည်းနဲ့ လုပ်ပေးတာလဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က....

ဒီဟောစာတမ်းကလည်း ကျွန်တော်တို့ရဲ့ အဘမင်းသိင်္ခရဲ့ မူနဲ့ပဲ လုပ်ပေးတာပါ။ အဘမင်းသိင်္ခရှိစဉ်တုန်းက အဲဒီလို ဟောစာတမ်းမျိုးကို လိုချင်တဲ့ လူတွေက မရမ်းတလင်းယတြာမြေကို တကူးတက သွားပြီး လုပ်ကြရတာ။ တစ်လတောင် အချိန်ပေးရတယ်။ ပထမတစ်ခေါက်က အပ်ခဲ့ရတာ။ နောက်တစ်လကြာတော့ မှ သွားပြီး ယူရတာဗျ။ အဘက တပည့်တွေကို အဲဒီမူတွေကို ပေးထားခဲ့တာ။ အခု ကျွန်တော် လုပ်ပေးနေတာလည်း အဲဒီမူနဲ့ လုပ်ပေးနေတာပါဗျ။ ဒါပေမယ့် ကျွန်တော် အခုလုပ်ပေးတဲ့ ဟောစာတမ်းကြိး ကြတော့ နောက်ပိုင်းမှာ ယတြာတွေ ထည့်ပေးလိုက်တာဗျ။ ဒါကြောင့် ဟောစာတမ်း စာအုပ်က အဲဒီလောက် ထူသွားခဲ့တာဟု ကျွန်ုပ်က ပြေန်ပြောလိုက်လေ၏။

ဘယ်လို ပညာရပ်တွေနဲ့ လုပ်ပေးတာလဲဆရာသမားဟု ကိုမောင်မောင်က မေးပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က ဘယ်လိုပညရပ်တွေ အသုံးပြုသလဲဆိုတော့ ကျွန်တော်တို့ မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာရယ်၊ နာမက္ခရတိုင်ရယ်၊ ဆန်းဗေဒင်ရယ်၊ နျူမရော်လော်ဂျီလို့ ခေါ်တဲ့ ဂဏန်းဗေဒင်ပညာရယ်၊ တာရော့ပညာတွေ ရယ်၊ သုံးတန်ပေါ်နိစ်ဗေဒင်ပညာရယ်၊ နောက် ယတြာပညာရပ်တွေရယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ရေးရတာပေါ့။ ရေးတဲ့အခါမှာဆိုရင် မေးတဲ့သူအတွက် ပြည့်စုံအောင် ကောင်းမွန်အောင် စေတနာအရင်းခံပြီး ရေးရတာပေါ့။ လိုအပ်ချက်တွေ တပ်နိုင်သလောက် နည်းအောင် ရေးပေးရတာပေါ့ဗျာ။ နောက်ပြီး သူတို့ရဲ့ ဘ၀အစကနေ အဆုံးအထိ အိမ်ထောင်ရေး ကျန်းမာရေး စီးပွားရေး ဆောင်ရန်ရှောင်ရန်တွေကို အကုန်ထည့်ရေးပေးရတာပေါ့ ဗျ။ တော်တော်များများကလည်း သဘောကျကျပါတယ်ဗျာဟု ပြန်ပြောလိုက်လေ၏။

မသိလို့ မေးတာဆရာသမားရဲ့။ အင်တာနက်ကနေ ဗေဒင်မေးတဲ့ လူတွေကိုကော ဒိလို ဟောစာတမ်းမျိုး လုပ်ပေးတာပဲလားဟု မေးပြန်လေ၏။ ဟာ လုပ်ပေးတာပေါ့ဗျာ။ အင်တာနက်က မေးတဲ့ လူတွေကြတော့ နှစ်ပိုင်းခွဲပြီး လုပ်ပေးရတာ။ တစ်ပိုင်းကျတော့ ဟောစာတမ်းပိုင်းပေါ့။ ဟောစာတမ်းကိုကျတော့ အစောနပြော ခဲ့သလို ပြည့်ပြည့်စုံစုံ လုပ်ပေးတာပါပဲ။ နောက်တစ်ပိုင်းကြတော့ လတ်တလော အခက်အခဲကြုံတွေ့ နေရတဲ့ ကိစ္စတစ်ခု ပိုလာတာပေါ့ကွာ။ အိမ်ထောင်ရေး စီးပွားရေး လူမှု့ေ၇း အစစအရာရာ သိချင်တဲ့ ကိစ္စတွေကို မေးထားတာတွေကိုလည်း သိးသန့်တစ်ပါတည်း ပြန်ဖြေပေးရတာလည်း ရှိတာပေါ့ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

ထိုအခါ ကိုမောင်မောင်က ဒါနဲ့ ဆရာ အင်တာနက်က ဗေဒင်မေးတဲ့ လူတွေဆီကရော ဆရာ့ရဲ့ ပညာပူဇော်ခကို ပေးကြရဲ့လားဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က ဟာ... ပေးတာပေါ့ကွ။ အားလုံးနည်းပါးကို ပေးကြတယ်။ နည်းလမ်းပေါင်းစုံနဲ့ ကို ပို့ပေးကြတယ်ကွ။ ရပါတယ်ဗျာ။ အေးအေးဆေးဆေးပေါ့လို့ ငါက ပြောတာတောင် မရဘူးကွ။ သူတို့က ပြောတယ်။ ဆရာရယ်တဲ့ ။ဆရာက ဗေဒင်ပညာတစ်ခုတည်းနဲ့ ချို့ချို့တဲ့တဲ့ ရပ်တည်နေ၇တဲ့ ဆိုပြီး ငါ့ကို သနားလို့နဲ့ တူပါတယ်ကွာ။ အားလုံးက အဆင်ပြေသလို ပို့ပေးကြပါတယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က...

ကောင်းပါတယ်ဆရာရယ်။ နောက်မှ ကျွန်တော်တို့ မိသားစုအတွက်လည်း ဟောစာတမ်းလာလုပ်ပါဦးမယ်။ အခုလောလောဆယ်တော့ ကံဇာတာကောင်းမွန်စေတဲ့ ယတြာတစ်ခုလောက် လမ်းညွန်လိုက်ပါဦး ဆရာ။ အခုတလော ဘာပဲလုပ်လုပ် နည်းနည်းလေး ကသိကအောက်ဖြစ်နေတယ်။ ဒါကြောင့် ဆရာ့ဆီကို ရောက်လာခဲ့တာပါဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ဖော်ပြပါ ယတြာကို ကိုမောင်မောင်ဆို သူအား ညွန်ပြပေးလိုက်လေတော့၏။

အခုငါပြောတဲ့ ယတြာကတော့ ကောင်းမှု့ယတြာပေါ့ကွာ။ အတိဒုက္ခ ရောက်နေတဲ့အချိန်တွေ၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲ၊ လုပ်သမျှအဆင်မပြေ ၊ ဘာလုပ်လုပ် အခက်အခဲ ကြုံတွေ့နေရတဲ့ အချိန်တွေမှာ အင်္ဂ၀ိဇ္ဇာ အတတ်ပညာမှာ လာတဲ့ နည်းနဲ့ ကုသိုလ်ကောင်းမှုယတြာ လုပ်တဲ့အတွက် မကောင်းတဲ့ အညံ့အဆိုးတွေ ပြေပျောက်သွားတယ်။ လွတ်မြောက်သွားတယ်။ မိမိဘ၀ ။ မိမိမိသားစု တိုးတက်အောင်မြင်သွားတယ်။ ကံဇာတာမြင့်မားစေတယ်ကွ။ ပညာရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ နေ့သားတစ်ဦးတစ်ယောက်ဟာ မိမိရဲ့ တြိရန်းနေ့မှာ စတုရန်းအရပ်၌ မိတ်နံကိုဆောင်၍ သတ်မှတ်ထားတဲ့ အလှူဒါနကို ဆောင်ရွက်ရမယ်လို့ ဆိုထားတယ်။

ဒီယတြာနည်းမှာ အသုံးပြုတဲ့ မိတ်နံဆိုတာက “ ဥသာ စိန်ပန်း ဒါန်းလှကိုရှာ ” ဆိုတဲ့ မိတ်ဓာတ်သဘာဝကို အသုံးပြုထားတာ။ အဲဒီ မိတ်ဓာတ်တွေရဲ့ ဂြိုဟ်သက်ကို ပေါင်းကြည့်လိုက်ရင်လည်း ၂၇-ရတယ်။ သတ္တဗီဇ ကျေတဲ့အတွက် မကောင်းတဲ့ အညံ့အဆိုးတွေကနေ ကကျော်လွှားလွတ်မြောက်စေတဲ့ ယတြာအမျိုးအစား ဖြစ်တာပေါ့။ ကဲ... (၇)ရက်သားသမီး အားလုံးအတွက် အသုံးပြုလို့ရအောင် အာလုံးအတွက် ရေးပေးလိုက် တယ်ကိုမောင်မောင်ရေဟု ဆိုကာ ဆန္ဒပြည့်ကောင်းမှု့ယတြာဟု အမည်ပေးထားသော အောက်ဖော်ပြပါ ယတြာကို အားလုံးအတွက် ပြည့်စုံစွာရေးသားပေးလိုက်ရပေသတည်း။

တနင်္ဂနွေသားသမီးများအတွက်...
အင်္ဂါနေ့တွင် သီဟိုဠ်ညွန့် တစ်ညွန့်ကို ဆောင်၍ မိမိနေအိမ်၏ တောင်အရပ်ရှိ ညောင်ပင်အား မိမိအသက်စေ့ ရေသွန်းလောင်းပါ။

တနင်္လာသားသမီးများအတွက်....
ဗုဒ္ဓဟူးနေ့တွင် ရှောက်ညွန့်တစ်ညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အနောက်အရပ်တွင်ရှိသော ဘုရားတစ်ဆူဆူ၏ မွေးနံဒေါင့်တွင် ဆွမ်းကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်.......
ကြာသပတေးနေ့တွင် သပြေညွန့်ကိုဆောင်၍ မိမိနေအိမ်၏ မြောက်အရပ်တွင်ရှိသော ညောင်ပင်တပင်အား သက်စေ့ရသွန်းလောင်းပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်......
သောကြာနေ့တွင် နှင်းဆီပန်းကို ဆောင်၍ မိမိနေအိမ်၏ အနောက်တောင်အရပ်တွင်ရှိသော ညောင်ပင်တပင်အား သက်စေရေ့သွန်းလောင်းပါ။

ကြာသပတေးနေ့သားသမီးများအတွက်.......
စနေနေ့တွင် ဇီးညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အရှေ့မြောက်အရပ်တွင်ရှိသော ဘုရားစေတီတစ်ဆူဆူ၏ မွေးနံဒေါင့်တွင် ဆီမီး သက်စေ့ ထွန်းညှိပူဇော်ပါ။

သောကြာနေ့သားသမီးများအတွက်......
တနင်္ဂနွေနေ့တွင် အုန်းညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အရှေ့အရပ်တွင်ရှိသော ဘုရားစေတီ တစ်ဆူဆူ၏ မွေးနံဒေါင့်တွင် အုန်းသီးစိပ်လှူပေးပါ။

စနေသားသမီးများအတွက် .....
တနင်္လာနေ့တွင် ရွက်လှညွန့်ကိုဆောင်၍ မိမိနေအိမ်၏ အရှေ့တောင်အရပ်တွင်ရှိသော ဘုရားစေတီတစ်ဆူ ဆူ၏ မွေးနံဒေါင့်တွင် ခရေပန်းကပ်လှူပါ။

အထက်ပါ ကုသိုလ်ကောင်းမှု့ ပြုသောအခါတွင် သတ်မှတ်ထားသော နေ့ရက်များ၏ မိမိတို့ အဆင်ပြေသော မည့်သည့်အချိန်တွင်မဆို ဆောင်ရွက်နိုင်ပါသည်။ အထူးကံမြင့်မားသော အချိန်နှင့် တိုက်ဆိုင်ဆောင်ရွက်ပါက ပိုမိုလျှင်မြန်စွာ ထိရောက်ခြင်းရှိပါသည်။ နေ့သားအလိုက် ကံမြင့် ကံကောာင်းစေသော အချိန်များကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

နေ့သား.......... အချိန်.

တနင်္ဂနွေ---------- အင်္ဂါနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။
တနင်္လာ-----------ဗုဒ္ဓဟူးနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။
အင်္ဂါ---------------ကြာသပတေးနေ့ နံက် ၆း၀၀ မှ ၇း၃၀ ကြား။
ဗုဒ္ဓဟူး-------------သောကြာနေ့ နံက် ၁၀း၃၀ မှ ၁၂း၀၀ ကြား။
ကြာသပတေး------စနေနေ့ ညနေ ၆း၀၀ မှ ၇း၃၀ ကြား။
သောကြာ---------တနင်္ဂနွေနေ့ နံက် ၆း၀၀ မှ ၇း၃၀ ကြား။
စနေ--------------တနင်္လာနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။

အားလုံးအဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အုန်းသီးထဲကို ကြက်သားထည့်၍ ဖွဲမီးဖြင့်ဖုတ်သော ဟင်းတစ်မျိုး

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်းမရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်တို့ ငယ်စဉ်က တစ်ရပ်တည်းနေခဲ့ဖူးသော ကိုပီတာဆိုသော လူကြီးတစ်ဦး ရောက်လာလေ၏။ ထိုလူကြီးသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း ထိုလူကြီးက .. “ ဟေ့… အောင်ထွန်း၊ဂွတ်ဒ်မော နင်း၊ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လိုက်လေ၏။ “ကိုပီကြီးကတော့ လုပ်ပြီး ဂွတ်ဒ်မောနင်းဆိုလည်း ဂွတ်ဒ်မော နင်းပေါ့မောနင်းပေါံ၊ ဂွတ်ဒ်နိုက်ဆိုလည်း ဂွတ်နိုက်ပေါ့ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက.. “ မနေ့ညက တည်းက ကိုယ့်လူဆီလာဖို့ စိတ်ရောက်နေတာ၊ အဲဒါကြောင့် ဂွတ်ဒ်နိုက်လို့ပြောတာ၊ ရောက်လာတာက ခုမှ ရောက်လာတာ၊ အဲဒါကြောင့် ဂွတ်ဒ်မောနင်းလို့ နှုတ်ဆက်တာ၊ နားရှင်းအောင် နားထောင်စမ်းပါ ကိုယ့်လူရာ” ဟု ကျွန်ုပ်အား အပြစ်တင်သောလေသံဖြင့် ပြောလိုက်လေ၏။

ထို့ကြောင့် ကျွန်ုပ်က.. “ကဲပါ.. ကိုပီတာကြီး ရယ်၊ ဘာဟင်းနဲ့စားမလဲ ပြောစမ်းပါ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “ငါဘဝမှာလ ကကွာ သူ များကျွေးမှ စားရတဲ့ဘဝပါ၊ အဲဒီတော့ ဖွယ်ဖွယ်ရာရာလည်း မစားတတ်ပါဘူး၊ ကတ်သီးကတ်သပ်လည်း မစားတတ်ပါဘူး၊ အဲဒီတော့ ဒီလိုလုပ်ကွာ အုန်းသီးရင့်ရင့်တစ်လုံးကိုအဝလှပ်၊ ခုနှစ်ဆယ်သားလောက်ရှိတဲ့ ကြက်ကိုခုတ်ထစ်ပြီး ငရုတ်သီး၊ ကြက်သွန်၊ဆား၊ အဲဒါတွေနဲ့ နယ်ပေါ့ကွာ၊ ပြီးတော့ အဲဒီအုန်းသီးထဲ ပြန် ထည့်အဖုံးပြန်ဖုံး၊ ရွံ့နဲပမံကွာ၊ အဲဒီအုန်းသီးကို ဖွဲနှစ်တင်းလောက်နဲ့ မီးဖုတ်ကွာ၊ အုန်းသီးအပြင်က အကုန် လံးကျွမ်းကုန်လိမ့်မယ်၊ ပြီးတော့ အဲဒီအုန်းသီးထဲက ကြက်သားတွေက အုးသီးနှစ်တွေနဲ့ ကျက်နေလိမ့်မယ်၊ ပြီးတော့ ဇလုံကြီးထဲလောင်းချ ထမင်းပူပူနဲ့ စားမယ်ကွာ..” ဟု ပြောလေ၏

“ ဒါလောက် အုန်းသီးတွေများ တာဗျာ၊ သွေးတိုးလိမ့်မယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီး.. “ကိုရင်လည်း သိသားပဲ၊ ငါ့ကို ရပ် ကွက်တစ်ခုလုံးက အရူးစာရင်းထဲမှာ သွင်းထားကြတာ၊ အရူးပီတာလို့တောင် ခေါ်ကြတာ၊ တစ်ခု မင်းစဉ်းစား ကြည့်၊ သွေးတိုးပြီးသေတဲ့ အရူး မင်းတွေ့ဖူးလား၊ အရူးက ဘာစားစား သွေးမိုးဘူးကွ၊ သူများတွေယင်ကောင် နားတဲ့ အစားအသောက်ကို စားရင်ဝမ်းရောဂါဖြစ်တယ် မဟုတ်လား၊ ငါ့တို့ အရူးတွေက မဖြစ်ဘူးကွ၊

အရူးရောဂါတစ်ခု ရပြီကတည်းက သွေးတိုးလည်းမဖြစ်ဘူး၊ ဝမ်းရောဂါလားမဖြစ်ဘူး၊ ကျောက်ကပ်လည်းမဖြစ်ဘူး၊ နှလုံး ရောဂါလည်းမဖြစ်ဘူး၊ နှလုံးရောဂါနဲ့သေတဲ့ အရူးမင်းတွေ့ဖူးလို့လား၊ ဒီလိုကွ .. အရူးလက်မှတ်ရပြီးကတည်း က ကျန်တဲ့ရောဂါတွေ ပြီးသွားပြီးထင်တယ်၊ အဲဒီတော့ ငါပြောတဲ့အတိုင်းသာ ချက်ကျွေးစမ်းပါကွာ..” ဟု ရှည် လျားစွာ ပြောလိုက်လေ၏။ ကျွန်ုပ်လည်း ၎င်းပြောသည့်အတိုင်း ကြက်သားနှင့်အုန်းသီးကို စီမံရလေ၏။ အလုံး စုံပြီးသောအခါ၌ ဟင်းများကို ဇလုံကြီးထဲတင်ထည့်၍ ကိုပီတာကြီးကို ကျွေးရလေ၏။ ကိုပီတာကြီးသည် မြိန် ရှက်စွာ စားသောက်နေ၏။

ထိုသို့စားသောက်နေစဉ်တွင် ကျွန်ုပ်က ဟင်းအရသာနှင့်ပတ်သက်၍ စကားပြော လိုသောကြောင့်.. “ဒီလို ကိုပီတာကြီးရဲ့ အရသာက ခြောက်ပါး ရှိတယ်လေဗျာ” ဟု စကားစလိုက်လျှင် “ဘယ်ကသာ ခြောက်ပါးရမလဲ ကိုယ့်လူရာသူများက ခြောက်ပါးဆိုတာနဲ့ ခြောက်ပါးလိုက်ပြီးပြောနေတာကိုး၊ ကိုယ်ပိုင်ဥာဏ်နဲပမှ မစဉ်းစားဘဲ” ဟု ကျွန်ုပ်အားပြောရာ ကျွန်ုပ်က.. “ဘယ်နှပါလဲဗျာ..” ဟု မေးလိုက်လေ၏

“ ဒီလိုငါ့လူရ၊ မင်းပြောတဲ့ အရသားခြောက်ပါးက အချိုရယ်၊ အချဉ်ရယ်၊ အစပ်ရယ်၊ အငံရယ်၊ အခါးရယ်၊ အ ဖန်ရယ်၊ အဲဒါကိုပြောတာမို့လား၊ အဲဒီတော့ မင်းကို ငါတစ်ခုမေးမယ်၊ လက်ဖက်ရည်အချိုကို အေးစက်နေတုန်း သောက်တာနဲ့ ပူပူနွေးနွေးသောက်တာနဲ့ အရသာချင်းတူသလား၊ ရိုးရိုးသားသားဝန်ခံကွာ၊ အဲဒီတော့ အပူ၊ အအေး၊ကိုလည်း အရသာထဲ ထည့်ရမှာပဲကွ၊ ပြီးတော့ထမင်းကတော့ ထမင်းပေါ့ကွာ၊ ထမင်းပျော့အရသားနဲ့ အမာအရသာနဲပ အရသာမှာကွာလိမ့်မယ် ကိုယ့်လူရေ၊ အဲဒါကိုလည်း ဝန်ခံကွာ၊ အဲဒါဆိုရင်တော့ အမာ၊ အပျော့ ကလည်းအရသားနှစ်ပါးပေါ့ကွာ၊ အဲဒီတော့ စောစောက ပြောတဲ့ အရသာခြောက်ပါးရယ်၊ ငါထပ်ပြီးတိုး တဲ့၊ လေးပါရယ် အရသာဆယ်ပါးဖြစ်နေပြီ၊

ပြီးတော့ မင်းသိထားရမှာ စောစောက အရသာဆယ်ပါးထဲမှာ ဆိမ့်တယ်ဆိုတာ မပါးဘူးကွာ၊ အဲဒါပါထည့်လိုက်ရင် အရသာ ဆယ့်တစ်ပါးဖြစ်သွားလိမ့်မယ်၊ အခု ငါပြောတဲ့စကားကို လက်ခံပြီဆိုရင်တော့ မင်းစကားကို ဆက်ပြောခွင့်ရှိတယ်၊ လက်မခံဘူးဆိုရင့် ငါနဲ့ဆက်ပြီးငြင်းမှာ” ဟု ကိုပီတာကြီးက အကျပ်ကိုင်လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ဆက်၍လည်းမပြော၊ ၎င်းနှင့်လည်း ငြင်းခုံခြင်းမပြုဘဲ ဆိတ်ဆိတ် နေလိုက်ရလေတော့၏။ ကျွန်ုပ်သည် ကိုပီတာကြီး၏စကားကို မကျေနပ်သောကြောင့် သုန်သုန်မှုန် မှုန်ကြီးဖြစ်နေ၏။ ကျွန်ုပ်၏မျက်နှာကိုကြည့်၍လည်း ကိုပီတာကြီးက .. “ ကိုယ့်လူရဲ့မျက်နှာကလည်း သုန်သုန် မှုန်မှုန်ကြီးနဲ့ စိတ်ပျက်ဖို့ကောင်းလိုကတာ၊ ရယ်ရယ်မောမောနေစမ်းပါ ကိုယ့်လူရဲ့” ဟု ဆိုကာ ၎င်းကစ၍ တဟားဟားရယ်လေ၏။ ကျွန်ုပ်၏ မျက်နှာကိုကြည့်၍ လည်းရယ်နေလေ၏။

ကျွန်ုပ်လည်း၎င်း၏ ရယ်ရွှင်မြူး ထူးပုံကိုမြင်သဖြင့် စိတ်ဆိုးပြေကာ ပြုံးလာမိလေ၏။ ထိုမှတဆင့် ရယ်မိလေတော့၏။ ထိုအခါ ကိုပီတာကြီးက “ ကိုယ့်လူကို ပြောပြရဦးမယ်၊ တစ်ခါတုန်းက တရုတ်ပြည်မှာ ထူးခြားတဲ့ သူတော်စင်သုံးဦး ရှိခဲ့ဖူးတယ်၊ အဲဒီ သုံးဦးဟာ အတူနေတယ်၊ အတူစားတယ်၊ အတူသွားတယ်၊ ဘယ်တော့ပဲကြည့်ကြည့် အကြောင်းတစ်ခုနဲ့ မဟုတ် တစ်ခုနဲ့ ဟက်ဟက်ပက်ပက် ရယ်နေတတ်ကြတယ်၊ သူတို့တွေဟာ ဈေးရှိတဲ့နေရာတွေကို သွားတယ် ပြီးဈေးဝမှာ သုံးယောက်သား မျက်နှာချင်းဆိုပြီး ဗိုက်သားကြွတက် လှုပ်ယမ်းလာတဲ့အထိ ရယ်ကြတော့တာပဲ ဈေးကိုလာတဲ့လူတွေဟာ သူတို့ သုံးယောက်ကို ကြည့်ပြီး အူရွှင်လာတတ်ကြတယ်၊ ပြီးတော့ ရယ်ချင်စိတ်တွေ ပေါ်လာပြီး ရယ်ကြတော့တာပဲ၊

ရယ်လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ လေးလံနေတာတွေ ပေါ့သွားတော့တာပေါ့၊ လောကသစ်၊ အမြင်သစ်ကို ဝင်ရောက်ခွင့်ရသွားတော့တာပေါ့၊ ဟက်ဟက်ပက်ပက် ရယ်လိုက်တဲ့အခါမှာ ညစ်နွမ်းနေတဲ့စိတ်ဟာ ပုံပြောင်းသွားတယ်၊ အဲဒီအရယ်သန်တဲ့ သူတောစင်သုံးဦးဟာ တရုတ်ပြည် တစ်ပြည်လုံးကို လှည့်လည် သွားလာခဲ့ပြီး လူတွေကို ရယ်မောစေခဲ့တယ်၊ ဒေသထွက်နေတဲ့ လူတွေကို ဒေါသပြေငြိမ်းစေခဲ့တယ်၊ လောဘတက်နေတဲ့လူတွေကို လောဘနည်းစေခဲ့တယ်၊ မနာလိုဝန်တိုမှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ လူတွေကို မုဒိတာ ပွားတတ်အောင် လုပ်ပေးခဲ့တယ်၊

ဘယ်လိုလုပ်ပေးသလဲဆိုတော့ သူတို့နဲ့ရောနှောပြီး ရယ်ပစ်လိုက် တာပါပဲ၊ သူတို့ကို လူတိုင်းလိုလိုက သိကြပါတယ်၊ တစ်နေ့မှာ ရွာတစ်ရွာအရောက်မှာ သူတို့ထဲက တစ်ယောက်ဟာ သေပါလေရော၊ အဲဒီတော့ ရွာသူရွာသားတွေက ကျန်တဲ့နှစ်ယောက်ဟာ ရယ်နိုင်ပါမလားလို့ စောင့်ကြည့်ခဲ့တယ်၊ ဒါမေမဲံ ရယ်နေကြတာပါပဲ၊ အဲဒီတော့ ရွာသူရွာသားတွေက “တစ်ယောက်သေတာတောင် ကျန်တဲ့နှစ်ယောက်က ရယ်နိုင်သေးတယ်” လို့ပြောတယ်၊

ကျန်တဲ့နှစ်ယောက်က ဘာပြန်ပြောသလဲဆိုတော့ “ တို့သုံးယောက်ဟာ ပြိုင်ပွဲလုပ်ထားတာ ပထမသေတဲ့လူက အနိုင်လို့လုပ်ထားတာ၊ ခု သူနိုင်သွားပြီလေ၊ ဒါကြောင့် သူ့စား ဝမ်းသာလို့ရယ်တာဟေ့..” လို့ ပြန်ပြောပြီး ဟက်ဟက်ပက်ပက် ရယ်ကြပြန်လေ၏။ အဲဒီတော့ ရွာသူရွာသားတွေက “ကောင်းပါပြီလေ၊ သေတဲ့လူကို မီးသင်္ဂြိုလ်မယ်၊ ထုံးစံအတိုင်း သေတဲ့လူကို မီးမသင်္ဂြိုလ်ခင်မှာ ရေချိုးပြီး အဝတ်အစားလဲပေးရမယ်” လို့ ပြောတယ်၊ အဲဒီတော့ ကျန်တဲ့နှစ်ယောက် “မလုပ်ပါနဲ့၊ မသေခင်မှာ သူက မှာသွားတယ်၊ သူသေရင် ရေမချိုးပါနဲ့တဲ့၊ အဝတ်အစားလည်း မလဲပါနဲ့တဲ့ မီးသာရှို့လိုက်ပါတဲ့” အဲဒီတော့ ရွာသူရွာသားတွေက ပြောတဲ့အတိုင်း လုပ်ကြရတာပေါ့၊

သေတဲ့လူရဲ့အလောင်းကြီးကို ထင်းပုံပေါ် တင်ပြီး အောက်လည်း မီးရှို့လိုက်ရော သေတဲ့ လူရဲ့အင်္ကျီးအတွင်းမှ ဝှက်ပြီးထည့်ထားတဲ့ မီးရှုးမီးပန်းတွေဟာ ထပြီးပေါက်တော့တာပဲ၊ အဲဒီလို မီးရှုမီးပန်းတွေ ထပေါက်တဲ့အခါမှာ ကျန်တဲ့နှစ်ယောက်က ဟက်ဟက်ပက်ပက်ရယ်ပြီး ကကြတော့တာပဲ၊ အဲဒီမှာ ရွာသားတွေလည်း မနေနိုင်ဘူး၊ ရယ်ကြ၊ မောကြ၊ ကခုန်ကြ လုပ်ကုန်တော့တာပါပဲ၊ အဲဒီတော့ မသာဟာ မသာနဲ့မတူတော့ဘူး၊ ပျော်ပွဲရွှင်ပွဲလိုဖြစ်သွားတယ်၊ နှစ်သစ်ကူးပွဲတော်ကြီး လိုဖြစ်သွားတယ်၊

သေသွားတဲ့လူဟာလည်း သေသွားတာနဲ့ မတူတော့ဘူး၊ ဘဝသစ်တစ်ခုမှာ ပြန်လည်ရှင်သန် လာသလိုဖြစ်သွားတယ်၊ အဲဒါ လုပ်ကြံပြီးပြောတာ မဟုတ်ဘူးနော်၊ နှစ်ပေါင်းများစွာတုန်းက တရုတ်ပြည်မှာတ ကယ်ရှိခဲ့ ဖြစ်ခဲ့တာ၊

အဲဒီတော့ စိတ်ညစ်နေသလား၊ ဗိုက်သားတွေလှုပ်အောင် အားရပါးရရယ်ပစ်လိုက်ပါ၊ ထွက် ပေါက်ပိတ်ပြီး အကြံရခက်နေသလား၊ မျက်ရည်ထွက်အောင် တအားရယ်ပစ်လိုက်ပါ၊ ဘယ်လိုအခက်အခဲတွေ တွေ့နေ တွေ့နေအဲဒီအခက်အခဲတွေကို ပုံပြောင်းသွားဖို့နည်းဟာ တအားရယ်ပစ်တဲ့နည်းပဲရှိတယ်၊ အဲဒီလိုရယ် ဖြစ်ဖို့လည်း ဘာပစ္စည်းမှ မလိုဘူး၊ ဘယ်သူ့အကူအညီမှလည်း မလိုဘူး၊ ရယ်ခင်တဲ့ အချိန်မှာ အားရပါးရရယ် နိုင်တဲ့ အခွင့်အရေး လူတိုင်းမှာရှိတယ်၊ ကဲ.. မောင်အောင်ထွန်း ငါသွားမယ် ရယ်လိုက်စမ်းပါ၊ ဟား..ဟား..ဟား.. ဟား..” ဟု ရယ်မောပြောဆိုကာ ဦးပီတာကြီးသည် ကျွန်ုပ်၏ ကျောကုန်းကို လက်သီးဖြင့် ဘုန်းကနဲ ထု၍ ထွက် သွားလေတော့သတည်း။

လိုအင်ပြည့်ရာ ပဒေသာ ဂန္ဓာရီအဓိဋ္ဌာန် အဆက်

့"ဆရာဟိန်း။ လိုအင်ပြည့်ရာပဒေသာ အဓိဋ္ဌာန် ပုတီးစိပ်နည်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်ပါသည် ရှင်းပြပေးပါ" လို့ ကိုမျိုးသန့်က ကျွန်တော့်ရဲ့ စိဘောက်ထဲမှာ မေးထားလို့ ကျွန်တော် ဒိပို့လေးကို အနည်းငယ် ဖြည့်စွက်ပြီး ပြန်တင်လိုက်တာပါ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက စာနဲ့ ရေးပြလို့ ထင်သလောက် မလွယ်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ တစ်ခုလောက်ပြောချင်တာက ကိုယ်တိုင် တကယ်လုပ်ကြည့် စေချင်တယ်။ လုပ်ကြည့်ရင်း လုပ်ကြည့်ရင်းနဲ့ စိတ်ထဲမှာ အလိုလိုနေရင်း ကျင့်နေရင်း သဘောပေါက်လာမယ်။ အဲဒါက ရှင်းပြတာထက်စာရင် ပိုပြီးတော့ လက်တွေကျတယ်။

နောက် အခု ဒီအဓိဋ္ဌာန်ကျင့်စဉ်ကြီးက ဂန္ဓာရီ ကျင့်စဉ်ပါ။ စိတ်နဲ့ဆိုင်တဲ့ ကျင့်စဉ်ဆိုပါတော့။ အဲဒိတော့ မိတ်ဆွေတို့ဟာ ဒီကျင့်စဉ်ကြီးကို လေ့ကျင့်တော့မယ်ဆိုရင် အရင်ဆုံးဦးဆုံး မိတ်ဆွေတို့ရဲ့ စိတ်ကို (ဗလာ) ဖြစ်အောင် ထားထားဖို့လိုပါတယ်။ ဒါလည်း အရမ်းကြီးတော့ မခက်ခဲပါဘူး။ ခနလောက်ကလေး ငြိမ်ငြိမ်သက် သက်လေး ၊ အေးအေးချမ်းချမ်းလေး ထိုင်နေလိုက်ရုံပါပဲ။ ထိုင်တယ်ဆိုတဲ့ နေရာမှ ချောင်ချောင်ချိချိ အ၀တ်အစားလေး ၀တ်၊ ပြီးရင် အနှောက်အယှက်ကင်းတဲ့ နေရာလေးမှာ ကိုယ့်စိတ်ကို တင်းတင်းကြီး မထားပဲ သက်တောင်သက်သာလေး ထိုင်ရမယ်။ ပြီးရင် အသက်ကို မှန်မှန်လေး ရှုရမယ်။

ပထမဦးဆုံး အသက်ကို ဖြေးဖြေးချင်း အဆုံးအထိ ရှုသွင်းလိုက်ရမယ်။ ဖြေးဖြေးချင်း ရှုသွင်းရမယ်နော်။ အမြန်မဟုတ်ဘူး။ အဆုတ်ထဲမှာ လေတွေ ပြည့်ဖောင်းသွားတဲ့အထိ ရှုသွင်းရမယ်။ ဟုတ်ပြီနော်။ အဲဒီလို လေတွေကို ရှုသွင်းပြီးသွားရင် ချက်ချင်း ပြန်မထုပ်ရဘူး။ ခနလောက် အောင့်ထားရမယ်။ ဘယ်လောက်ကြာ ကြာအောင့်ထားရမလဲဆိုတော့ စိတ်ထဲကနေ နံပတ်စဉ်ရေတွက်ထားလိုက်။ တစ်ကနေ တစ်ဆယ်အထိ။ ဖြေးဖြေးမှန်မှန် ရီနေလိုက်။ တစ်ဆယ်ကို ရောက်ပြီဆိုတာနဲ့ ရှုသွင်းထားတဲ့ လေတွေကို ဖြေးဖြေးချင်း ပြန်ထုပ်လိုက်။ လေတွေကို ကုန်အောင် ပြန်ထုပ်ရမယ်နော်။ ဗိုက်ထဲက လေတေါ ကုန်သွားလို့ ဗိုက်ကြီး ပြားချပ်သွားတဲ့အထိ ရှုထုပ်ရမယ်။ အဲဒီလို ဘယ်နှစ်ကြိမ် လုပ်ရမလဲဆိုတော့ (၁၀) ကြိမ်လောက်ပဲ လုပ်ရမယ်။ ပိုမလုပ်နဲ့။ ဒိလောက်ဆို ရပြီ။ အရေးကြီးတာက အဲဒီလို လေတွေကို ရှုသွင်းရှုထုပ် လုပ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်က ငါ့ရဲ့ စိတ်တွေဟာ တည်ငြိမ်သွားပြီ။ ရောက်ယက် မခတ်တော့ဘူး။ အေးချမ်း သွားပြီ။ စိတ်ထဲမှာ ရှိတဲ့ ညစ်ထွေးနေတဲ့ နောက်ကျိနေတဲ့ စိတ်တွေဟာ ၇ှင်းလင်းသွားပြီလို့ တွေးထင်နေရမယ်။ အသက်တစ်ခါ ရှုသွင်းတိုင်း ရှုထုပ်တိုင်း တွေးထင်နေရမယ်။

လုပ်ကြည့်လိုက်ပါ။ အဲဒီလို အသက်ရှုလေ့ကျင့်ခန်းကို ဆယ်ကြိမ်လောက်လေး လုပ်လိုက်တာနဲ့ မိတ်ဆွေရဲ့ စိတ်ဟာ ဘယ်လောက်တောင် အေးချမ်းသွားမယ်၊ ပေါ့ပါးသွားမယ်၊ လန်းဆန်းသွားမယ်ဆိုတာ လုပ်ကြည့်လိုက်တာနဲ့ သိပါပြီ။

အိုကေ ... ဆက်မယ်နော်။ နောက်တဆင့် သွားမယ်နော်။ အဲဒီလို မိတ်ဆွေရဲ့ စိတ်လေးဟာ ပကတိ အေးချမ်းသွားပြီ တည်ငြိမ်သွားပြီ လွတ်လပ်ပေါ့ပါးသွားပြီ ဆိုတာနဲ့ မိတ်ဆွေရဲ့ မျက်လုံးကို အသာကလေး မှိတ်လိုက်ပါ။ ပြီးရင် ဒီစကြာဝဠာကြီးထဲက ဟိုး.... ကောင်းကင်ကို အာရုံပြုလိုက်။ ကောင်းကင်မှာ ရေကန်ကြီး တစ်ကန်ရှိတယ်လို့ အာရုံပြုရမယ်နော်။ အဲဒီရေကန်ကြီးဟာ အင်မတန် ကျယ်ပြောတဲ့ ရေကန်ကြီးပေါ့။ အဲဒီရေကန်ကြီးထဲက ရေတွေဟာ ရိုးရိုးရေတွေမဟုတ်ဘူးနော်။ ရွှေရောင်အဆင်းရှိတဲ့ ရေတွေ။ ရွှေရေတွေပေါ့။ အဲဒီရွှေရောင်အရည်တွေဟာ အဲဒီရေကန်ကြီးထဲကနေ မိတ်ဆွေရဲ့ ခေါင်းပေါ်ကို စီးဆင်းကျ လာမယ်။ နောက် မိတ်ဆွေရဲ့ ခေါင်းပေါ်ကနေတစ်ဆင့် ခန္ဓာကိုတစ်ခုလုံးကို စိမ့်ဝင်သွားပြီလို့ အာရုံပြုရမယ်။ ပြီးရင် အောက်က ပုတီးစိပ်အတိုင်း တစ်ဆင့်ချင်းဆက်ပြီး စိတ်သွားရုံပဲပေါ့။ မခက်ပါဘူး။ ဖြေးဖြေးချင်း ပုတီးတစ်လုံးချင်း စိပ်သွားလိုက်ရုံပဲပေါ့။

လိုအင်ပြည့်ရာပဒေသာအဓိဋ္ဌာန်ပုတီးစိပ်။

ဒီအဓိဋ္ဌာန်မှာ ပုတီးစိပ်ရမယ့် အဆင့် (၉)ဆင့်ရှိပါတယ်။ ပုတီးကတော့ တစ်ရာ့ရှစ်လုံးပုတီးနဲ့ စိပ်ရမယ်။ ပုတီးစိပ် ရမယ့် အဆင့်ကိုးဆင့်ကို အလွယ်မှတ်လို့ရအောင် အောက်မှာ လင်္ကာလေးနဲ့ လုပ်ထားတယ်။ တစ်ချက်လောက် မှတ်ထားလိုက်ဗျာ။

အပ် ၊ ဆက် ၊ ဖြည့် ၊ ၀င် ၊ ရ ၊ ဖန် ၊ မိန့် ၊ ရှင် ၊(နှင့်) မိမိအလိုရှိရာ။

အပ်...ဆိုသည်မှာ
““ ငါဟာ စကြာဝဠာ မနောဓာတ်ကြီးထံမှာ ငါ့ကိုယ့်ငါ အပ်နှံထားလိုက်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဆက်....ဆိုသည်မှာ
“ ငါနဲ့ စကြာဝဠာ မနောဓာတ်ကြီးဟာ ဆက်သွယ်မိနေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖြည့်...ဆိုသည်မှာ
“ ငါ့ ခန္ဓာကိုယ်ထဲကို စကြာဝဠာ မနောဓာတ်ကြီက တန်ခိုးသိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေကို ဖြည့်ဆည်း ပေးနေ ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဝင်...ဆိုသည်မှာ
“ ငါ့တစ်ကိုယ်လုံးမှာ ရှိတဲ့ ကလပ်စည်းတိုင်းကို စကြာဝဠာ တန်ခိုး သိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေ ဖြတ်သန်းဝင် ရောက်နေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ရ...ဆိုသည်မှာ
“ ဒါကြောင့် ငါအလိုရှိရာတွေကို ရယူနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖန်...ဆိုသည်မှာ
“ ဒါကြောင့် ငါ အလိုရှိတာတွေကို ဖန်ဆင်းနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိန့်..ဆိုသည်မှာ

ရှင်...ဆိုသည်မှာ
“ ဒါကြောင့် ငါဟာ လူအပေါင်းကို ကယ်တင်နိုင်တဲ့ တန်ခိုး သိဒ္ဓိရှင် ဖြစ်ပြီ ၊ (သို့) ငါအလိုရှိတာတွေရဲ့ အရှင် သခင်ဖြစ်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိမိအလိုရှိရာ...ဆိုသည်မှာ
လတ်တလော အလိုရှိရာ ကိစ္စကို ရွတ်ဆို၍ ပုတီးစိပ်ရမည်။ ဥပမာ “ ငါဟာ အိမ်တစ်လုံး ရရှိနေပြီ ၊ ငါဟာ ကားတစ် စီးရရှိနေပြီ ၊ ငါ့ရဲ့ ဗေဒင် ဟောခန်းမှာ လူတွေတန်းစီနေပြီ ၊ ငါ့ရဲလုပ်ငန်း အရမ်းအောင်မြင်နေပြီ အစရှိသည်ဖြင့် ရွတ်ဆို၍ ပုတီးစိပ်ရပါမည်။

လူတိုင်း လူတိုင်းကတော့ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတာချဉ်းပဲ။ ကျွန်တော် အပါအ၀င်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စီးပွားရေး အခြေအနေ အလုပ်အကိုင် နေ့ရပ်ဒေသသာ ကွာခြားချင် ကွာခြားမယ်။ နောက်ဆုံးမှာ လူတိုင်းရဲ့ ဦးတည်ချက်ကတော့ အောင်မြင်ဖို့ ၊ ကြီးပွားဖို့ ၊ ချမ်းသာဖို့ပါပဲ။ နောက်ဆုံး လူသားတွေရယ်လို့ ဖြစ်လာရင် တိုးတက်အောင်မြင်ဖို့ လုပ်တာကိုပင် လူသားတွေရဲ့ သမိုင်းပေး တာဝန်တစ်ခုလို့တောင် ပြောဆိုကြတယ်။

အဲဒီတော့ မချမ်းသာချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပါပဲ။ မအောင် မြင်ချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပဲ။ ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အလွှာအသီးသီးက လူတွေကို တစ်ယောက်ခြင်း တစ်ယောက်ချင်း လိုက်မေးကြည့်ပါလား။

မင်းသား မင်းသမီးတွေကော မအောင်မြင်ချင်ဘူးလား....?
စာရေးဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
အဆိုတော်တွေကော မအောင်မြင်ချင်ဘူးလား...?
ဈေးသည်တွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးလေးတွေကောဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
ကန်ထရိုက်တာကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
အစိုးရ၀န်ထမ်းတွေကော မအောင်မြင်ချင်ဘူးလား...?
လယ်သမားတွေကော မအောင်မြင်ချင်ဘူးလား...?
ဆိုက်ကားသမားတွေကော မအောင်မြင်ချင်ဘူးလား...?
သူတောင်းစားတွေကော မအောင်မြင်ချင်ဘူးလား...?
ဗေဒင်ဆရာတွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းသူကျောင်းသားတွေကော မအောင်မြင်ချင်ဘူးလား...?
ရဟန်းသံဃာတွေကော မအောင်မြင်ချင်ဘူးလား...?

အကုန်လုံး လိုက်မေးကြည့်လိုက်ရင် အကုန်လုံးက တူညီတဲ့အဖြေတစ်ခုက အကုန်လုံး အောင်မြင်ချင်ကြတာပဲ။ လူချင်းမတူလို့ မူခြင်းမတူတာလောက်ပဲ ရှိမယ်။ ခံယူချက်ခြင်း မတူလို့ အောင်မြင်ချင်တဲ့ ပုံစံခြင်း မတူတာလောက်ပဲ ရှိမယ်။ သေချာတာ တစ်ခုကတော့ လူတိုင်းနီးပါးလောက်က အောင်မြင်ချင်ကြတာပဲလေ။ ဒါကလည်း အဖြစ်သင့်ဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အောင်မြင်ခြင်းဟာ ချိုမြိန်တယ်။ ကျရှုံးခြင်းဟာ ခါးသီးတယ်လေ။ ပြည့်စုံခြင်းဟာ စိတ်ချမ်းသာမှု့ကို ဖြစ်စေပြီး ဆင်းရဲခြင်းဟာ စိတ်သောကတွေကို မွေးဖွားစေတယ်။

ဆင်းရဲခြင်းဟာ အိပ်ပျက်ညတွေကို ဖြစ်စေပြီး ချမ်းသာခြင်းကတော့ ကောင်မွန်စွာ အိပ်စက်နိုင်စေတယ်။ ချမ်းသာခြင်းက လူတွေကို ထမင်းမြိန်စေပြီး ဆင်းရဲခြင်းကတော့ အစားအသောက် ပျက်စေတယ်။ ချမ်းသာခြင်း ကအပေါင်းအသင်း အခြွေအရံတွေကို ပေါများစေပြီး ဆင်းရဲခြင်းကတော့ ဘ၀ကို အထီးကျန်စေတယ် ၊ တစ်ယောက်ထဲ အဖော်မဲ့စေတယ်။ ဆင်းးရဲခြင်းက ရောဂါတွေကို ထူပြောစေပြီး ပြည့်စုံခြင်းက ရောဂါတွေကို ကင်းဝေးပျောက်ကင်းစေတယ်။

အဲဒီတော့ ချမ်းသာတာ၊ ပြည်စုံတာ၊ အဆင်ပြေတာဟာ အရမ်းကောင်းတယ်။ အောင်မြင်တာဟာ အရမ်းကောင်း တယ်ဆိုတာ သိရပြီဆိုရင် ကျွန်တော်တို့ ချမ်းသာခြင်းဆိုတဲ့ အကြောင်ကို နည်းနည်းလောက် သုတေသနပြုကြည့်ဖို့ လိုလိမ့်မယ်။ တစ်ချို့ကတော့ လူချမ်းသာဖို့ မလိုဘူး ၊ စိတ်ချမ်းသာဖို့ အရေးကြီးတယ်လို့ ပြောကြတယ်။ အဲဒီစကားလေး တစ်ခွန်းမှာ ကျွန်တော် သဘောပါက်လိုက်တစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အော်.. ချမ်းသာခြင်းဆိုတာ နှစ်မျိုးရှိပါလား၊ တစ်ခုကတော့ စိတ်ချမ်းသာခြင်းနဲ့ နောက်တစ်ခုက လူချမ်းသာခြင်းဆိုတာပါလားလို့ ကျွန်တော် သဘောပေါက်သွားတယ်။

ကျွန်တော်တို့တွေက ချမ်းသာအောင် ကြိုးစားတဲ့အခါမှာ လူချမ်းသာဖို့ချဉ်း ကြိုးစားနေလို့ မရဘူး။ ကျွန်တော်တို့ ရဲ့ နှလုံးသာ သို့မဟုတ် စိတ်ဓာတ် အဲဒါကို ချမ်းသာအောင် လုပ်ဖို့လဲ အရေးကြီးတယ်ပေါ့။ အဲဒီ စိတ်ချမ်းသာ အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကတော့ နောက်မှ ကျွန်တော် အေးအေးဆေးဆေး ပို့တင်ချင်ပါသေးတယ်။ အခုလောလောဆယ်တော့ လူ့ဘ၀မှာ ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် နေထိုင်သွားနိုင်မယ့် နည်းလမ်းကို ပြောချင်တာ။

ချမ်းသာတယ်ဆိုတာ ငွေတွေအများကြီး ရှိနေတဲ့လူကို ခေါ်တယ်ထင်တာပဲ။ ငွေတွေ အများကြီး ရှိနေတဲ့ လူက စာချင်တာတွေလဲ စားလို့ရတယ်။ အိပ်ချင်တဲ့နေရာမှာ အိပ်လို့ရတယ်။ သွားချင်တဲ့နေရာကို အစဉ်သင့် သက်တောင့်သက်သာ သွားလို့ရတယ်။ ၀ယ်ချင်တာတွေကို မစဉ်းစားဘဲ ၀ယ်လို့ရတယ်။ လှူချင်ရင်လဲ တန်းကနဲ လှူလို့ရတယ်နော်။ ပြောရရင်တော့ များပါတယ်။ ပိုက်ဆံတွေ အများကြီးရှိတဲ့ အများကြီး ပိုင်ဆိုင်ထား တဲ့ လူကို သူဋ္ဌေးလို့ခေါ်ကြတာပဲ။

အဲဒီတော့ သူဋ္ဌေးဆိုတဲ့ ဘ၀က ဒီလောက်ကောင်းနေရင် ခင်ဗျားတို့ရော ကျွန်တော်ရော လုပ်ရအောင်ဗျာ။ ဒီနေ့ကစပြီး ကျွန်တော်တို့တွေ သူဋ္ဌေးလုပ်ရအောင်။ မကောင်းဘူးလား။ ကောင်းတာပေါ့။ ဒါပေမယ့် ဟေ့ကောင်ရ သူဋ္ဌေးဆိုတာ လူတိုင်းလုပ်ချင်တိုင်း လုပ်လို့ရတာမဟုတ်ဘူးကွ၊ ပိုက်ဆံများများရှိမှ သူဋ္ဌေး လုပ်လို့ရတာ၊ မင်းမှာ ပိုက်ဆံများများ ရှိလို့လားလို့ တစ်ယောက်ကကျွန်တော်ကို ပြန်မေးလာခဲ့ရင် ဒါဆို ကျွန်တော် ပိုက်ဆံများများရအောင် ရှာမယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ ကျွန်တော်တို့ တတွေအတွက် အရေးကြီးနေတာက သူဋ္ဌေး ဖြစ်အောင်လုပ်ဖို့ပဲလေ။

ကျွန်တော်တို့ ရှာမယ်လို့ပြောတဲ့ ပိုက်ဆံဆိုတဲ့အရာက လောကကြီးမှာ ရှိတဲ့အရာလား ၊ မရှိတဲ့အရာလား ခင်ဗျားစဉ်းစားပေါ့။ လောကကြီးမှာ မရှိတဲ့ အရာဆိုရင်တော့ ခင်ဗျား လိုက်ရှာနေလို့လည်း အပိုပဲနေမှာ။ နဂိုကတည်းက ရှိမှမရှိတာ။ လောကကြီးမှာ အရင်ကတည်းက ရှိနေတဲ့အရာဆိုရင်တော့ သေချာပေါက် တွေကိုတွေ့မှာ ၊ ရကို ရမှာပါ။ အဲဒီတော့ လောကကြီးမှာ ပိုက်ဆံတွေ ဒီလောက်ပေါတာ ခင်ဗျား ရှာမယ်ဆိုရင် သေချာပေါက် ရကိုရမယ်။ ကျွန်တော် အာမခံတယ်။

မိတ်ဆွေတို့တတွေအတွက် ကျွန်တော်က မုချကြီးပွားချမ်းသာစေမဲ့ နည်းလမ်းတစ်ခုလောက် ကျွန်တော်ပြောပြချင်တယ်။ အဲဒါက အဓိဋ္ဌာန်ဝင်တဲ့နည်းပါ။ ဒါပေမယ့် ဒီအဓိဋ္ဌာန်က ဘာသာရေးနဲ့ မပါတ်သက်ဘူး။ ဒါကြောင့် ဒီအဓိဋ္ဌာန်ကို မည်သည့်ဘာသာဝင်မဆို ၀င်လို့ရတယ်။ နောက် ဆောင်ရန် ရှောင်ရန်တွေ ဘာမှမလိုဘူး။ လွတ်လတ်ပေါ့ပါးတဲ့ စိတ်နဲ့ လုပ်မယ်ဆိုရင် သေချာပေါက် တစ်နေ့မှာ အောင်မြင်တဲ့ ပြည့်စုံတဲ့ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြီးတော့ ပြောပြလိုက်ရပါတယ်။

ကဲ... မိတ်ဆွေများခင်ဗျာ... မုချ ကြီးပွားတိုးတက် အောင်မြင်ချင်ကြပါက ယခု ဖော်ပြထာားသော အဓိဋ္ဌာန် ပုတီးစိပ်နည်းဖြင့် ကြိုးစားကြပါကုန်။ ကြိုးစား အာထုပ်၍ အောင်မြင်မှု့များ ရရှိလာ၍ ကျေးဇူးတင်ချင်သည် ဆိုခြားအံ့။ ကျွန်ုပ်ကို ကျေးဇူးမတင်ပါနှင့်။ ဤနည်းကို သင်ကြားပြသပေးခဲ့သော ဆရာဖြစ်သည့် အဘဒေါက်တာ မင်းသိင်္ခအား ကျေးဇူးတင်ကြပါကုန်...........

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ထောပတ်ထမင်း ကြက်သားဟင်းနှင့် ပဲနီလေးဟင်းချို

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်၏ မိတ်ဆွေရင်း ကိုပီတာဆိုသူ ရောက်ရှိလာပြန်၏။ ကိုပီတာသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒါမောနင်း..ကွတ်ဒ်နိုက်” ဟု နုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား.. “ ဘာဟင်းနဲ့ ထမင်းစားမလဲ၊ ဈေးသွားမလို့..” ဟု ပြောရာ ၎င်းက.. “

ဝက်သားကို သိပ်ကြိုက်ပေမဲ့ ကျုပ်ဗိုက်က လက်မခံဘူး၊ စားမိတာနဲ့ အောင့်လို့ပါ၊ ကိုရင့်ရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ နိုးဂွတ်ဒ်.” ဟု ပြောလေ၏။ “ ဒီလိုဆို ဘာချက်ရမလဲဗျာ.. ပြောစမ်းပါ၊ ခင်ဗျားကလည်း ဆန့်ကျင်ဘက်တွေချည်း ပြော နေတော့တာပဲ” ဟု ကျွန်ုပ်ကညည်းညူလိုက်ရာ ကိုပီတာကြီးက.. “စိတ်မဆိုးပါနဲ့ ဖိုးအောင်ထွန်းရယ်.. ကိုယ့် လူချက်ပြီး ကျွေးချင်တာ ကျွေးပါ၊ ကျုပ်က စားရမှာပေါ့ ကျုပ်က သူများကျွေးမှစားရတဲ့ဘဝပဲဗျာ..သနားဖို့မ ကောင်းပါဘူး…” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ကိုပီတာကြီးစားရန်အတွက် ထောပတ်ထမင်း၊ ကြက်သားဟ်းနျင့် ပဲနီလေးဟင်းချိုတို့ကို စီမံကာ ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် မြိန်ရှက်စွာစားရင်း… “သိပ်ပြီးစားလို့ကောင်းတာပဲ၊ နိုးဂွတ်ဒ်..” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က.. “စားလို့ကောင်းရင် ဂွတ်ဒ်လို့ ပြောပေါ့ဗျာ၊ ဘယ်လိုကြောင့် နိုးဂွတ်ဒ်လို့ပြောရတာလဲ” ဟု ပြောရာ ၎င်းက.. “ ဒီလိုကောင်းတဲ့ အစားစာကို နေ့တိုင်းမစားနိုင်လို့ နိုးဂွတ်ဒ်လို့ပြောတာပါ ကိုယ့်လူရာ..” ဟု ပြန်၍ချေပလေ၏။ ကျွန်ုပ်သည် ၎င်းအား စလောင်းမှ ချင်နယ်တစ်ခုကို ဖွင့်ပြပြီးလျှင် ရှင်းပြလေ၏။ ကိုပီတာကြီးက ခေါင်းကို တဆတ်ဆတ်ညိတ်၏။ ထို့နောက် အခြားချင်နယ်တစ်ခုကိုဖွင့်ပြ၍ ထိုချင်နယ်တွင်ပြသော ဗဟုသုတများအကြောင်းကို ပြောပြလေ၏။

ထို့နောက် ၎င်းနှင့်အတူ အိန္ဒိယနိုင်ငံမှ မြို့များ၊ အကြောင်းအရာများကို ၎င်းအား ပြောပြပြန်လေ၏။ “ နေစမ်းပါ ဦး ဖိုးအောင်ထွန်း.. ဗုဒ္ဓဂယာကို ဘုရားဖူးခရီးထွက်ပြီးတဲ့ နောက်ပိုင်းမှာ အိန္ဒိယကို နောက်ထပ်တစ်ခေါက် ထပ် ထွက်တာ ဘာသဘောလဲ” ဟု ၎င်းက မေးလေ၏။ “ ဘာသဘောလဲဆိုတော့ သိချင်တာလေးတွေသိရအောင် အပြင်ထွက်ပြီး လေ့လာတာပါဗျာ၊ ဒါပေမဲ့လည်း ဘာမှတော့ မယ်မယ်ရရ မသိခဲ့ရပါဘူး၊ အခုလာမယ့် နွေမှာ လည်း တိဗက်ကို သွားဦးမလို့ဗျ၊ အဲဒါအတွက် နည်းနည်းတော့ ကြိုးပမ်းနေတယ်၊ ကြိုးပမ်းနေတယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ ငွေဟု ကျွန်ုပ်ကပြောလိုက်လျှင်..

“အဲဒီမှာက သိပ်ပြီးအေးတယ်ဆိုပဲ၊ ဘာဖြစ်လို့ သွားမှာတုံး” ဟု ကိုပီတာကြီးက မေးပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ သိချင်တာလေးတွေ သိရအောင် သွားကြည့်မလို့ပေါ့ဗျာ၊ လားမားဘုန်းကြီးတွေ အကြောင်း၊ ပြီးတော့ တိဗက်ရဲ့ လောကီပညာအကြောင်း ရနိုင်သလောက် သွားပြီးလေ့လာမလို့ဗျို့…” ဟု ပြန်၍ဖြေလိုက်ရာ ကိုပီတာကြီးက ခေါင်းကို တဆတ်ဆတ်ညိတ်လေ၏။

ထိုအချိန်၌မှာပင် ကျွန်ုပ်၏မိတ်ဆွေတစ်ဦး ထပ်၍ရောက်လာပြန်၏။ ထိုမိတ်ဆွေက ကျွန်ုပ်အား.. “ဆရာသ မားရေ… တန်ခိုးသိဒ္ဓိနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အသေးစိတ် ရှင်းပြနိုင်တဲ့ ရသေ့ကြီးတစ်ပါးတော့ တွေ့ခဲ့တယ်ဗျ အဲဒီရသေ့ကြီးကိုလည်း စိတ်ဝင်စားရင် ခေါ်ခဲ့ပါလို့ပြောပါတယ်၊ အဲဒီတော့ ဗုဒ္ဓဟူးနေ့ တစ်နေ့လောက် ခင်ဗျား အလုပ်ပိတ်တဲ့အခါ ခင်ဗျားနဲ့ ကျုပ်နဲ့သွားကြတာပေါ့” ဟု ပြောလေ၏။

ကျွန်ုပ်တို့ စကားစ ဖြတ်လိုက်သောအခါ၌ ကိုပီတာကြီးက.. “ ဖိုးအောင်ထွန်းကို ကိုယ့်မိတ်ဆွေမစ္စတာရပ်ရှ် ပြောပြတဲ့ အကြောင်းအရာ လေးပြောပြချင်တယ်” ဟု စကားစလေ၏။ “ပြောပါ ကိုပီတာကြီး၊ နားထောင့်ပါမယ်ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက .. “အဲဒီ မစ္စတာရပ်ရှ်ဆိုတာက အိန္ဒိယကပဲ၊ ကိုယ်သွင်းကုန်ထုတ်ကုန် လုပ်တုန်းက သူနဲ့ပတ် သက်ခဲ့တာ၊ သူက စကားပြော အတော်ကောင်းတယ်၊ ဘာသာရေးသမားတစ်ယောက်လည်း ဖြစ်တယ်၊ သူရဲ့ အိမ်နီးနားချင်းတွေကလည်း သူ့ကို အတော်ခင်ကြတယ်၊ အဲဒီအိမ်နီးနားချင် အတော်များများကလည်း ဘာသာ ရေးသမားတွေပါပဲ၊ တစ်ဦးနဲ့တစ်ဦးလည်း ချစ်ချစ်ခင်ခင် ရှိကြပါတယ်၊

သူတို့နားမှာ မုဆိုးမအဘွားကြီးတစ် ယောက် ရှိတယ်ဆိုပဲ၊ အဲဒီအဘွားကြီးရဲ့နာမည်က ရာဗီယာတဲ့၊ အဲဒီရာဗီယာကြီးဟာ တစ်ညမှာ သူ့အခန်းရှေ့ လမ်းပေါ်က မီးတိုင်အောက်မှာ ကုန်းကုန်း ကုန်းကုန်းနဲ့ တစ်စုံတစ်ခုကို ရှာနေတယ်၊ အဲဒီမှာ မစ္စတာရပ်ရှ်ကော အခြားအိမ်နီးနားချင်း တွေပါ ထွက်လာပြီး အဘွားကြီး ဘာပျောက်နေသလဲ မသိဘူး၊ ဝိုင်းပြီး ရှာပေးဦးမှဆိုပြီး ရာဗီယာနားကို သွားကြတယ်၊ အနားရောက်တော့ ကိုယ့်ရဲ့မိတ်ဆွေ မစ္စတာရပ်ရှ်က အဘွားကြီးကို “ အမေကြီး…ဘာပျောက်တာလဲ” လို့မေးတယ်၊ အဲဒီမှာ ရာဗီယာကြီးက “ကြီးကြီးမားမား မဟုတ်ဘူး၊ လက်ချုပ် အပ်ကလေး တစ်ချောင်းကျသွားလို့ ရှာနေတာ” လို့ပြောလိုက်တယ်၊

အဲဒီတော့ မစ္စတာရပ်ရှ်ကော အိမ်နီးနား ချင်းတွေပါ ဝိုင်းပြီးရှာပေးကြတယ်၊ ဒါပေမဲ့ ရှာလို့မတွေ့ပါဘူး၊ အဲဒီတော့ မစ္စတာရပ်ရှ်က “အမေကြီး ရာဗီယာ.. ကျွန်တော်တို့လည် ရှာတာပဲ၊ အမေကြီးရဲ့အပ်က မတွေ့ပါဘူး၊ ဘယ်နားမှာ ကျတာလဲ၊ သေချာပြောစမ်းပါ” လို့ မေးလိုက်တယ်၊ အဲဒီတော့မှ ရာဗီယာဆိုတဲ့အဘွားကြီးက “ ငါနေတဲ့အခန်းထဲမှာ ကျတာဟဲ့.. ” လို့ ပြောတယ်၊ အဲဒီလိုလည်း ပြောလိုက်ရော အိမ်နီးနားချင်းတစ်ဦးက

“သြော်.. အပ်ကျတာက အိမ်ထဲမှာ၊ ရှာတာက လမ်းမှာထွက်ပြီး ရှာတာကိုး.. ဘယ်လိုလုပ်ပြီး တွေ့မှာလဲ” လို့ မေးလိုက်တယ်၊ အဲဒီတော့ မစ္စတာရပ်ရှ်က “ အမေကြီး ရာဗီယာရယ်.. စိတ်မှနှံ့သေးရဲ့လား၊ ကျတာက အမေကြီးရဲ့ အိမ်ထဲမှာ၊ရှာတာက လမ်းပေါ်မှာ၊ ဘယ်လိုလုပ်တွေ့မှာ လဲအမေကြီးရယ်” လို့ ပြောလိုက်တယ်၊

အဲဒီတော့ ရာဗီယာဆိုတဲ့ အဘွားကြီးက “တကယ်ကျတဲ့နေရာက မီးမှောင်နေတာဟဲ့၊ ဒီနေရာမှာက မီးက ထိန်ထိန်လင်းနေတာ၊ ဒါကြောင့် ဒီမှာရှာတာ” လို့ ပြန်ပြီးပြောတယ်၊ အဲဒီတော့ မစ္စတာရပ်ရှ်ကအတော့်ကို စိတ်ဆိုးသွားတယ်၊ “အမေကြီးနှယ်ဗျာ.. အလင်း ရောင် ရှိတာ၊ မရှိတာနဲ့ မဆိုပါဘူး၊ အပ်ကျသွားတဲ့နေရာမှာပဲ ရှာရမှာပေါ့၊ ဒီလောက်တော့ သိဖို့ကောင်းပါတယ် ဗျာ.. အခုအမေကြီး လုပ်ပုံက အတော့်ကို မသိသားဆိုးဝါးတာပဲ” လို့ အပြစ်တင်လိုက်တယ်၊

အဲဒီအခါမှာ ရာဗီယာဆိုတဲ့ အဘွားကြီးက မစ္စတာရပ်ရှ်ရဲ့ကျောကုန်းကို လက်နဲ့ပုတ်ပြီး “ နင်ဟာ တော်တော့်ကို တတ်သိ နားလည်တဲ့ကောင်ပဲ၊ ပစ္စည်းပျောက်ရှာတဲ့ အခါမှာ အလင်းရောင်ရှိတဲ့နေရာ ဟာ အရေးမကြီးဘူး၊ တကယ်ကျ ပျောက်တဲ့နေရာ မှာရှာရမယ်ဆိုတာ နင်သိသားပဲ၊ ဒါပေမဲ့ အမှန်တရားကို ရှာတဲ့နေရာမှာတော့ နင်ဟာဒီ သဘောကိုမယူဘူး၊ အလင်းရောင်နဲ့ တူတဲ့ ဆရာတွေနောက်ကို လိုက်နေတယ်၊ တကယ်နင်ရှာရမှာက နင့်ခန္ဓာအတွင်း အမှောင်ထဲမှာပဲ တွေ့အောင်စူးစိုက်ပြီး ရှာရမယ်ဆိုတာ နင့်အနေနဲ့ မသိသားဆိုးဝါးလှချည်လားရပ်ရှ် ရေ.. ”လို့ ပြောပြီး သူ့အိမ်ခန်းထဲကို ပြန်ဝင်သွားတယ်ဆိုပဲ၊

ကဲ.. ဖိုးအောင်ထွန်းရေ.. မောင်ရင်ရော ဘယ်အလင်းရောင်နောက်ကို လိုက်ဦးမလို့တုံး၊ သွားမယ်နော်” ဟု ဆိုကာ ကျွန်ုပ်၏ကျောကို လက်ဖြင့် ဘုန်းကနဲ့ပုတ်၍ ထွက်သွားလေတော့၏။ ကျွန်ုပ်လည်း ကိုပီတာကြီး ထွက်သွားသည်ကို နောက်မှ လှမ်းမျှော်ကြည့်ရူရင်း လက်အုပ်ချီလိုက်မိလေ၏။ ထို့နောက်တွင်မှ.. “ကိုပီတာကြီးရေ..လာခဲ့ဦးနော်..” ဟု လှမ်း၍ အော်ပြောလိုက်ရာ ကိုပီတာကြီးက.. “ နိုး..လာခဲ့မယ်” ဟု ထူးဆန်းစွာ ပြန်၍ ဖြေသွားလေတော့သတည်း။

Thursday, June 30, 2011

Monday, June 27, 2011

Friday, June 24, 2011

Thursday, June 23, 2011

Monday, June 20, 2011

Sunday, June 19, 2011

Monday, June 13, 2011

Sunday, June 12, 2011

Friday, June 10, 2011

Thursday, June 9, 2011

Monday, June 6, 2011

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels