Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်အဆင်ပြေစေဖို့....

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ နိုင်ငံတကာမှာ အကြောင်းအမျိုးမျိုးနဲ့ ပြန့်နှံ့ရောက်ရှိနေတဲ့ ညီအကိုမောင် ဘွား သွေးချင်းသားတွေ အများကြီးရှိပါတယ်။ တော်တော်လေးကို များပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့။ သေချာတာတစ်ခုက ကျွန်တော်တို့မှာ အားကိုးစရာမရှိပါဘူး။ ကျွန်တော်တို့တတွေဟာ အထီးကျန်နေပါတယ်။ မျက်နှာငယ်နေရပါတယ်။ နောက်ပြီး ကျွန်တော်တို့တတွေဟာ သိမ်ငယ်နေရပါတယ်။ တစ်စုံတစ်ခုကို ကြောက်ရွံ့စိုးထိပ်မှု့တွေနဲ့ ဖြတ်သန်းနေရပါတယ်။ ကိုယ်ချစ်ခင်စွဲလန်းတဲ့ မိသားစုတွေနဲ့ ဝေးကွာနေရပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်ရက်မှ မပျော်ရွှင်ခဲ့ရပါဘူး။

ကျွန်တော်တို့ကို အမြဲတမ်းဖေးမမဲ့၊ အားပေးမဲ့သူတွေ၊ ကူညီမယ့်၊ အကြံညာဏ်ပေးမယ့် သူတွေ ကျွန်တော်တို့ အားလုံးမှာ ကင်းဆိတ်နေပါတယ်။ မျက်နှာငယ်ရမှု့တွေ၊ အနှိမ်ခံရမှု့တွေ၊ သေးသိမ်တဲ့ အကြည့်တွေအောက်မှာ နေ့စဉ် စိတ်အားငယ်စွာ ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့ကို ဖေးမပေးမယ့် လက်တွေနဲ့ အလှမ်းကွာဝေးနေကြပါတယ်။ လက်လှမ်းမမီတဲ့ အရပ်ဒေသတစ်ခုမှာ ကျွန်တော်တို့ အားလုံး ရှင်သန်နေရပါတယ်။

ဘယ်လို အခြေအနေတွေနဲ့ ဘယ်လိုပင် ဖြတ်သန်းနေရပေမယ့် ကျွန်တော်တို့အားလုံး တစ်ရက်တစ်နာရီလောက် လောက်တောင် အေးဆေးဆေး မနားနေရပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးတွေကို သွားမလည်ခဲ့ရပါဘူး။ စိတ်အေးလက်အေးလေးနဲ့ အနားမယူခဲ့ရပါဘူး။ ကျွန်တော်တို့ကို နေ့စဉ်နှင့် အမျှ အလုပ်တွေကို မအားမလပ်နိုင်အောင် ဇယ်ဆက်သလို လုပ်နေခဲ့ရတယ်။ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ရှင်သန်မှု့တစ်ခုအတွက်နဲ့ အလုပ်တွေလုပ်နေရပါတယ်။ ကျွန်တော်တို့ လူတန်းစားတွေမှာ တူညီတာတစ်ခု ချမ်းသာဖို့- သူဋ္ဌေးဖြစ်ဖို့ အလုပ်လုပ်နေရတာ မဟုတ်ပဲ၊ စားဝတ်နေရေးဆိုတာကြီး အစဉ်ပြေစေဖို့အတွက် ကျွန်တော်တို့တွေ အလုပ်လုပ်နေကြရတာ ဖြစ်တယ်။

အားလုံးက ကျနေတဲ့ ကိုယ့်စိတ်ဓာတ်ကို ကိုယ်ပြန်တင်းရင်း နောက်လှမ်းမယ့် ခြေလှမ်းပေါင်း များစွာအတွက် ပင်သက်ကို ရှိုက်၊ နွမ်းနေတဲ့ ကိုယ်နှလုံးသားကို ကိုယ်ပြန် အသက်သွင်းခဲ့ရတာလည်း အကြိမ်ကြိမ်အခါခါ ရှိခဲ့ပါပြီ။ အဆင်ပြေရင်တော့ မဆိုးဘူး။ အဆင်မပြေရင်တော့ ဒီလောင်းကစားပွဲမှာ ကိုယ်ပေးလိုက်ရမယ့် အရင်းအနှီးက များပါတယ်။ ဘ၀ပေါင်းများစွာပေါ့။ ပြန်ပြီး လုံးဝ မတက်နိုင်လောက်အောင် နက်တဲ့ အသူရာ ချောက်ကြီးက တော့ ကျွန်တော်တို့ရဲ့ ရှေ့မှာနော်။

ဒီနေရာလေးမှာ ကျွန်တော်ပေးလိုက်ချင်တဲ့ ယတြာကတော့ ကိုယ်တိုင်လည်း လုပ်လို့ရတယ်။ ဒါမှမဟုတ် မြန်မာပြည်က ကိုယ့်မိသားစုကလည်း လုပ်ပေးလို့ရတယ်။ လုပ်ခိုင်းလို့ ရတယ်။ လွယ်လည်း လွယ်ကူတယ်။ အလုပ်မှာ အဆင်မပြေဘူး။ မပျော်ရွှင်ရဘူး။ အထက်လူကြီးနဲ့ သဟဇာတ မဖြစ်ဘူး။ အလုပ်က ပြောင်းရတော့မလိုလို ဖြစ်နေတယ်။ အလုပ်က အရမ်းပင်းပန်းတဲ့နေရာမှာ နွားတစ်ကောင်လို ကုန်းရုန်းလုပ်နေရတယ်။ အလုပ်မှာ လုပ်ဖော်ကိုင်ဘက်တွေက မနာလို ခြေထိုးတာ ကြုံနေရတယ်။ အလုပ်သွားမယ့် လမ်းခရီးမှာ အန္တရယ်တွေနဲ့ နီးစပ်နေတယ်။ အစရှိသည်ဖြင့်ပေါ့ဗျာ။ အလုပ်နဲ့ ပါတ်သက်လာရင် ဆောင်ရွက်လို့ရပါတယ်။ နိုင်ငံခြားတိုင်းပြည်သို့ ရောက်ရှိနေကြသော ၊ အမိမြန်မာပြည်ကို လွမ်းဆွတ်တသ နေကြသော၊ သူများ၏၎င်း စိတ်ပူနေကြသော နောက်က မိသားစုများ၏ ပူပန်သောကကို၎င်း ဒီယတြာနဲ့ ဖေးမလိုက်ရင်းဖြင့်............

ဟိန်းတင့်ဇော်- ထိုင်းနိုင်ငံ- မဟာချိုင်မြို့

အိမ်ထောင်ရေး၊အချစ်ရေး သယာချမ်းမြေစေသောနည်း

နေ့စဉ်နေ့တိုင်း ဗေဒင်ဟောခန်းမှာ ကြုံဆုံနေရလို့။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ယတြာတွေ အဆောင်တွေ လာပြီး အကူအညီတောင်းကြတယ်။ ယောင်္ကျားက မချစ်ဘူးထင်တယ်။ ဒါမှမဟုတ် ယောင်္ကျားက အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲနေပြီလို့ ထင်တယ်။ ကျွန်တော့်မိန်းမ အခုတလော အမူအယာတွေ ပြောင်းလဲနေသလိုပဲ။ အသစ်တွေ့နေပြီ ထင်ပါတယ်ဆရာရယ်။ ကူညီပါဦးတဲ့။

ကျွန်တော် သတိထားမိတဲ့ စကားလေးတစ်ခွန်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ “ထင်တယ်” တဲ့။ ထင်တာဟာ ထင်တာပဲ ဖြစ်တယ်။ အမြင်မဟုတ်ဘူး။ အထင်ဆိုတာက မသေချာဘူး။ မတိကျဘူး။ ဒါကြောင့် ထင်တယ်ဆိုတဲ့ စကားကို ကျွန်တော်က မကြိုက်ဘူး။ အထင်ရယ်-အမြင်ရယ်ဆိုတဲ့ စကားနှစ်လုံးထဲမှာ အမြင်က သေချာသလိုလို ရှိနေတယ်။ အထင်ကတော့ ကိုယ်ထင်တာ ဖြစ်တဲ့အတွက် မှားရင်လဲ မှားနိုင်တယ်။ မှန်ရင်လည်း မှန်နိုင်တယ်။ ပြောရရင်တော့ မသေချာဘူး။ မတိကျဘူး။

နောက် အဲဒီအထင်ဆိုတာက သံသယကို မွေးဖွားပေးတဲ့ အရာတစ်ခုပဲ။ အထင်ရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ဆိုးကျိုးတွေ ဆက်တိုက်လိုက်လာတတ်တယ်။ ပြဿနာတွေ အများကြီးကို ဖန်တီး ပေးတယ်။ ကြီးထွားစေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ကစပြီး ဘ၀ခရီးဖြတ်သန်းမှု့မှာ အထင်ဆိုတာကြီးကို စွန့်လွှတ်ခဲ့ပြီး အမြင်နဲ့ လက်တွေ့နဲ့ သွားကြရအောင်။

မချစ်ဘူးထင်တယ်။
မလွမ်းဘူးထင်တယ်။
သတိမရဘူးထင်တယ်။
မဖြစ်လောက်ဘူး ထင်တယ်။
မအောင်မြင်လောက်ဘူး ထင်တယ်။
သူ ငါ့ကို အမြင်မကြည်ဘူးထင်တယ်။
သူ ငါ့ကို မုန်းနေတယ်ထင်တယ်။
သူငါ့ကို နားမလည်နိုင်လောက်ဘူးထင်တယ်။
...............................................ထင်တယ်။
.............................................................ထင်တယ်။

အစရှိသော အဲဒီစကားလုံးလေးတွေ ထဲမှာ ပါနေတဲ့ ထင် ဆိုတဲ့ စကားလုံးလေးက မကောင်းသော ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။ သံသယကို ကြီးထွားစေတယ်။ အဆင်မပြေမှု့တွေကို ရက်ရှည်စေတယ်။ ဒါကြောင့် အမြင်ဆိုရင်တော့ မပြောပါဘူး။ အထင်ကြောင့်ဆိုရင်တော့ မကောင်းဘူးပေါ့။

ဒါကြောင့် ဒီနရာမှာ အိမ်ထောင်ရေး အိမ်တွင်းရေး အဆင်မပြေဖြစ်ကြကုန်သော မိတ်ဆွေများကို အဓိက ပြောချင်တာက ကိုယ့်အိမ်ထောင်ရေး သာယာချင်တယ်၊ စိတ်ချမ်းသာချင်တယ်ဆိုရင် ကိုယ့်အိမ်ထောင် ရေးထဲကို အထင်ဆိုတဲ့ စကားကို မ၀င်လာအောင် ကြိုးစားကြပါလို့ သင်တို့၏ အကျိုးကိုထာဝစဉ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် တိုက်တွန်းလိုက်ပါတယ်။ ဒါက စကားလက်ဆောင်ပါ။

အခုပြောမှာက ယတြာပါ။ အိမ်ထောင်ရေးကြောင့် စိတ်သောက ရောက်နေသူများအတွက် ရည်ရွယ်ပါတယ်။ တစ်ခုခုလုပ်ကြည့်လိုက်လို့ တစ်ခုခု အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။

အိမ်ထောင်ရေးအချစ်ရေး အဆင်ပြေချင်တယ်ဆိုရင် ဒီအတိုင်းဆောင်ရွက်လိုက်ပါ။

အောက်တွင် ဖော်ပြပေးလိုက်သော ဟင်္သာမောင်နှံ ပုံလေးပေါ်တွင် လင်မယားနှစ်ဦး (သို့) ချစ်သူနှစ်ဦး၏ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို ကပ်လိုက်ပါ။ ပြီးရင် ဓာတ်ပုံနှစ်ပုံကို မျက်နှာချင်းဆိုင် ဖြစ်အောင် ခေါက်လိုက်ပါ။ ပြီးရင် မိမိအိပ်သော အိပ်ယာခေါင်းအုန်းအောက်မှာ ထားအိပ်ဆောင်ထားလိုက်ရုံပါပဲ။ ယတြာကတော့ ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီနေရာမျာ တစ်ခု သတိထားရမှာက ဒီအစီအရင်ကို မိမိမွေးနေ့၏ အိမ်ထောင်မိတ်ကျသော အခါမှာ ဆောင်ရွက်ရပါ့မယ်။ အောက်မှာ အိမ်ထောင်မိတ်ကျတဲ့အခါကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်မိတ်ဆိုတာ

(ဥ - သာ ၊ စိန် - ပန်း ၊ ဒါန်း - လှ ၊ ကို - ရှာ) လို့ ဆိုပါတယ်။ အလွယ်ဖြစ်အောင် တစ်ခါတည်း ရေးပေးလိုပါတယ်။

  • တနင်္ဂနွေသားသမီး - ( သောကြာနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • တနင်္လာသားသမီး - ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • အင်္ဂါနေ့သားသမီး - (ကြာသပတေးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ဗုဒ္ဓဟူးနေ့သားသမီး - (စနေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ကြာသပတေးသားသမီး - (အင်္ဂါနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • သောကြာနေ့သားသမီး- (တနင်္ဂနွေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • စနေနေ့ သားသမီး- ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း

ကြွေးယူပြုံးပြုံး-တောင်းလျှင်မုန်းဆိုသူများအတွက်...

သူ့နာမည်က- ဒေါ်ဝင်းရီတဲ့။ သူမ၏ ချမ်းသာကြွယ်ဝမှု့နဲ့ အဆင့်အတန်းကြောင့်သာ ဒေါ်လို့ တပ်ခေါ်ရတာ။ အသက်က အခုမှ (၃၂) ကျော်ကျော်ပဲ ရှိသေးတယ်။ အိမ်ထောင်မရှိသေးဘူး။ အပျိုကြီး။ အိမ်တစ်အိမ်မှာ တစ်ယောက်ထဲနေတယ်။ ယောင်္ကျားတွေနဲ့ ခပ်ကင်းကင်းနေတတ်တဲ့အကျင့်ရှိတယ်။ ဘယ်ယောင်္ကျားလေးကိုမှ အထင်လည်းမကြီးတတ်ဘူး။ အထင်လည်း မသေးတတ်ဘူး။ ရောလည်း မရောနှောဘူး။ ပုံမှန်ပဲ နေထိုင်တယ်။ အချိန်ပြည့် စီးပွားရေးနဲ့ အောင်မြင်ရေးတစ်ခုကိုပဲ ဦးစားပေးတဲ့သူ။

ဒေါ်ဝင်းရီရဲ့ ဘ၀ကို ပုံမှန်အတိုင်းလေးပဲ ဖြတ်သန်းနေခဲ့ရာက တစ်နေ့မှာ အောင်အောင်လို့ဒေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ခရီးတစ်ခုမှာ မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရတယ်။ အောင်အောင်က အခုမှ အသက်က (၂၅)နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သွက်လက်တယ်။ စကားပြောတာ ဆိုတာ သွက်လက်တယ်။ ပွင့်လင်းတယ်။ ရဲတင်းတယ်။ အသားအရည်က ခပ်လပ်လပ်နဲ့။ အဲဒီကောင်လေးနဲ့ အပျိုကြီးမမ မ၀င်းရီတို့ ခရီးတစ်ခုမှာ မ၀င်းရီ ခေါင်းမူးတယ်ဆိုတာကို ကားမှတ်တိုင်မှာ ရှုဆေးဗူးတစ်ဗူး ဆင်းဝယ်ပေးရာက အစပြုပြီး အောင်အောင်နဲ့ မ၀င်းရီတို့ ခင်မင်မှု့ စတင်ခဲ့တယ်။

နောက်တော့ မကြာမကြာဆိုသလိုပဲ အောင်အောင်က မ၀င်းရီဆီကို လာလည်တယ်။ လာတဲ့အခါဆိုရင်လည်း လက်ချဉ်းသက်သက် ဘယ်တော့မှ မလာဘူး။ မ၀င်းရီအတွက် လက်ဆောင်တစ်ခုမဟုတ် တစ်ခု ၀ယ်လာလေ့ရှိတယ်။ အောင်အောင်က မ၀င်းရီကို မမလို့ ပြောင်းလဲ ခေါ်လိုက်တဲ့ နောက်ပိုင်း မ၀င်းရီနဲ့ အောင်အောင်တို့ ရင်းနှီးမှု ပိုတိုးလာခဲ့ကြတယ်။ ဒါပေမယ့် အောင်အောင်ဆိုတဲ့ ကောင်လေးက မ၀င်ရီကို စိတ်ဝင်စားနေတဲ့ အမူအယာတွေကိုသာ ပြတာ မ၀င်းရီကို ချစ်ပါတယ်လို့ တရားဝင်ဖွင့်မပြောသေးဘူး။

သူတို့နှစ်ယောက်ဟာ သွားအတူ၊ လာအတူ၊ လည်အတူ နေလာကြတာ။ နောက်ပြီး မ၀င်းရီကို ဆိုရင် အောင်အောင်က အဆင်သင့် အမြဲတမ်း အကူအညီပေးနေကြဆိုတော့ မ၀င်းရီရင်ထဲမှာ တစ်နေ့မှာ အောင်အောင် သူ့ကို ချစ်ခွင့်ပန်လာလိမ့်မယ်လို့လည်း တထစ်ချ တွေးထားတယ်။ ဒီလိုနဲ့ မ၀င်းရီနဲ့ အောင်အောင်တို့ ရင်းနှီးခင်မင်စွာ နေထိုင်လာကြတာ (၆)လလောက်အကြာမှာ အောင်အောင်က မ၀င်းရီဆီမှာ ငွေ သိန်း (၅၀) ချေးတယ်။ မ၀င်းရီကလည်း ဘာမှ ထွေထွေထူးထူး မစဉ်းစားနေတော့ဘူး။ ချက်ချင်းထုပ်ပေးလိုက်တယ်။ စာချုပ်စာတမ်းတွေတောင် မချုပ်တော့ဘူး။ ဘာသက်သေ အထောက်ထားမှကို ယူမထားဘူး။ တကယ်လို့ မ၀င်းရိက တစ်ခုခုမေးလိုက်လို့ အောင်အောင်က မမ ကျွန်တော့်ကို မယုံလို့လားလို့ ပြန်မေးမှာကို မလိုလားဘူးတဲ့။

တစ်နေ့မှာ မ၀င်းရီဆိုတဲ့ မိန်းကလေး ကျွန်တော်ရဲ့ ဗေဒင်လက္ခဏာဟောခန်းထဲကို ရောက်လာပြီး ကျွန်တော်ဆီမှာ အကူအညီ လာတောင်းတယ်။ အဓိကကတော့ သူ အောင်အောင်ကို ထုပ်ချေးထားတဲ့ ငွေတွေ ပြန်တောင်းလို့ မရလို့တဲ့.။ တောင်းတိုင်းတောင်တိုင်း အောင်အောင်က နေ့ရွေညရွှေ့ ရွှေလာတယ်တဲ့။ နောက်ပြီး သူ့ဆီကို အရင်တုန်းကလိုလဲ မလာတော့ဘူးတဲ့။ အဲဒါ သူပေးထားတဲ့ ငွေတွေ အမြန်ပြန်တောင်းလို့ ရအောင် ကူညီပေးပါလို့ ယတြာ လာတောင်းတယ်။

အဲဒီတော့ ကျွန်တော်က မ၀င်းရီရယ်လို့ ဒီလောက်များတဲ့ ငွေတွေကို ဘာလို့ အခြေအမြစ်မရှိပဲ ထုပ်ပေးလိုက်ရ တာလဲလို့ မေးလိုက်တော့ မ၀င်းရီက ကျွန်မက နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလို့ တွေးနေမိတာကိုးလို့ ပြန်ပြောတယ်လေ။ အော် လက်စသတ်တော့ မ၀င်းရီက အောင်အောင်ကို အပိုင်တွက်ထားလိုက်တာကိုးလို့ ကျွန်တော့် စိတ်ထဲမှာ တွေးလိုက်မိတယ်။ ဒါပေမယ့် မ၀င်းရီမှာလည်း အပြစ်မရှိပါဘူးလေ။ ကျွန်တော်မ၀င်းရီကို အောက်က ဖော်ပြပေးထားတဲ့ ယတြာကို လုပ်ခိုင်းလိုက်တယ်။ မ၀င်းရီလည်း လုပ်ပါတယ်။ နောက်ဆုံးပြောချင်တာ မ၀င်းရီ ပြန်ရသွားတယ်။ ဒါပေမယ့် အောင်အောင်က ပြန်ပေးတာတော့ မဟုတ်ဘူး။ အောင်အောင် လက်ထပ်မယ့် ကောင်မလေးက ပြန်လာပေးသွားတာတဲ့။

ပေးထားသောငွေများအမြန်ပြန်ရစေသောယတြာ

ကြက်လျှာရောင်စုံ (၆)လက်မှာ (အမည်ထည့်ပါ) ငွေလာပေးစေ .... လို့ ရေးရမယ်။ ပြီးရင် ခရင်းမှာ ပူးချဉ်လိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ဘုရားစင်ပေါ်တင်ပြီး ဆုတောင်းပါ။ ဒီလောက်ပါပဲ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့။

နင်... ငါ့ကို ကျောရရုံ ကြံလို့ကတော့...

များသောအားဖြင့် ဗေဒင်ဆရာဆီကို လာကြတာဟာ အမျိုးသမီးတွေ များပါတယ်။ ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းမှာလည်း လာကြတာတွေက အမျိုးသမီး ပရိသတ်ကများတယ်။ အခု ကျွန်တော်ပြောမဲ့ အကြောင်းအရာတွေကတော့ အမျိုးသမီးတွေအကြောင်း မကောင်းပြောတာ မဟုတ်ပါဘူး။ မိန်းကလေးတွေရဲ့ ဘ၀မှာ ဒီလိုမျိုး အခက်အခဲတွေ ကြုံတတ်ပါလားဆိုတာ သိစေချင်လို့ပါ။

တစ်ခါတုန်းက ကျွန်တော်ဆီကို ဗေဒင်လာမေးတဲ့ မိန်းကလေးတစ်ယောက် အကြောင်းကို ပြောပြချင်တယ်။ ကောင်မလေးက အသက် (၂၂)နှစ်လောက်တော့ ရှိမယ်။ သူက ကျွန်တော်ဆီမှာ ဗေဒင်မေးတယ်။ အိမ်ထောင်ရေး ကံကြမ္မာတဲ့။ အဲဒီတော့ ကျွန်တော်က ပြန်မေးလိုက်တယ်။ မိန်းကလေးရဲ့ အိမ်ထောင်ဘက်က ဘာနေ့သားလည်းလို့ ပြန်မေးလိုက်တော့ သူက ကျွန်မမှာ အိမ်ထောင်မရှိဘူးတဲ့။ အဲဒီတော့ ကျွန်တော်က ဆက်ပြီး ပြန်ပြောလိုက်တယ်။ ဒါဆို အိမ်ထောင်မရှိဘဲနဲ့ အိမ်ထောင်ရေးကိစ္စကို ဘယ်လိုမေးမလဲလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။

အဲဒီတော့ သူက ကျွန်မမှာ အိမ်ထောင်တော့ မရှိပါဘူးဆရာ။ ဒါပေမယ့် ဆရာ၊ ဟိုလေ ကျွန်မမှာ ကိုယ်ဝန် လေးလရှိနေတယ်။ သူ့အသံက တိုးတိတ်သွားတယ်။ ဆွံအသွားတယ်။ တိမ်ဝင်သွားတယ်။ အဲဒီမှာ ဗေဒင်ဆရာလည်း ဘာပြောရမှန်းမသိပဲ တိတ်ဆိတ်သွားတော့တယ်။ တော်တော်လေးကြာတယ်။ တခန်းလုံး တိတ်ဆိတ်နေတာ။ နောက်ဆုံးတော့ ကျွန်တော်လည်း မိန်းကလေးရဲ့မျက်နှာကို ကြည့်လိုက်ပြီး ဘယ်လိုဖြစ်တာလဲ မိန်းကလေးရယ်လို့ ခပ်တိုးတိုး ပြန်မေးလိုက်တယ်။

ကောင်မလေးက ချက်ချင်းကြီးတော့ ကျွန်တော်မေးတာကို ပြန်မဖြေဘူး။ အတော်ကြာမှ ကျွန်မ ချစ်သူ ထွက်ပြေးသွားတယ်တဲ့။ ဒီလို ဖြစ်နေတာကို မသိလို့ ဖြစ်မှာပါလို့ ကျွန်တော်က ပြောလိုက်တော့ သူသိသွားလို့ ပြေးသွားတာတဲ့။ မသိခင်တုန်းကတော့ အေးဆေးပဲ။ ကိုယ်ဝန်ရှိနေတယ်လို့ သိလိုက်ရတဲ့ နောက်နေ့မှာ သူ့ကောင်လေး မဟာချိုင်ကနေ ပျောက်သွားခဲ့တာပဲ။ ဘယ်လို စုံစမ်းစုံစမ်း မတွေ့ရတော့ဘူးတဲ့။

အဲဒီတော့ ကျွန်တော်ကမေးလိုက်တယ်။ ကျွန်တော် ဘာကူညီပေးရမလဲလို့ဆိုတော့ သူနဲ့ အဆက်အသွယ်ရချင်တယ်လို့ ပြောပြီး ကောင်မလေးမျက်ဝန်းက မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ အသံထွက်အောင်တော့ သူမငိုပါဘူး။ ငိုရလွန်းလို့ အသံတွေတောင် တိမ်ဝင်နေပြီထင်တယ်လို့ ကျွန်တော် တွေးလိုက်မိတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဒီလို အခက်အခဲမျိုးတွေ ကြုံတဲ့ မိန်းကလေးမျိုးတွေ အများကြီး ရှိတယ်။ သူတို့ဟာ အဲဒီလို ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့ရတဲ့ အချိန်မှာ ဘာလုပ်ရမှန်း မသိတော့ဘူး။ သိသလောက် ကြားဖူးသလောက် နေရာလေးတွေတော့ သွားပြီး အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားတတ်ကြတယ်။ ဒါပေမယ့် အဆင်မပြေတဲ့ အခါကြတော့ ကိုယ့်ကိုကို သတ်သေသွားဖို့အထိ စဉ်းစားလာတတ်ကြတယ်။ နောက်တစ်ခုက သူတို့မှာ လတ်တလောကြုံတွေ့ရတဲ့ ဒီပြဿနာကြီးကို တခြားလူတွေ သိသွားမှာ ၊ အဓိကကတော့ ကိုယ့်မိသားစုတွေ သိသွားမှာ အရမ်းကြောက်ကြတယ်။ အဲဒိတော့ တစ်ယောက်တည်းကြိတ်ပြီး ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားတာပေါ့။ ကိုယ်ရဲ့ တိုင်ပင်လို့ရမယ့် တစ်ယောက်တည်းသော ချစ်သူကောင်လေးကလည်း ထွက်ပြေးသွားတယ်ဆိုတော့ သူ့ဘ၀မှာ အားကိုရာဆိုလို့ ကောက်ရိုးတစ်မျှင် လောက်တောင် မရှိတော့ဘူး။

အခု ဒီနေ့တင်မယ့်ယတြာက အဲဒီလိုကိစ္စတွေ ကြုံတွေ့လာတဲ့အခါမှာ ဆောင်ရွက်လို့ရတဲ့ ယတြာပါ။ မသိရင်တော့ တော်တော်လေး ရှုပ်မယ့်အနေအထားရှိပါတယ်။ ဒါပေမယ့် သေသေချာချာလေး အေးအေးဆေးဆေးလေး ဖတ်ကြည့်မယ်ဆိုရင်တော့ နားလည်သွားမှာပါ။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးပေးပါ့မယ်။ ဒီနေရာမှာ ဒီယတြာအကြောင်းကို အသေးစိပ်မပြောခင် ဒီယတြာမှာ အသုံးပြုမယ့် အဖြစ်ဆိုတာရယ်၊ အညွန်ဆိုတာရယ်ကို သိစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီယတြာမှာ အသုံးပြုမှာတွေက အဲဒီအမြစ်ရယ် -အညွန့်ရယ်နဲ့ ဆောင်ရွက်မှာ မို့လို့ပါ။

အပေါ်ကပုံကို ကြည့်ကြည့်ပါ။ ဥပမာ သင်က အင်္ဂါသားသမီး တစ်ယောက်ဖြစ်တယ် ဆိုကြပါစို့။ အင်္ဂါရဲ့ အမြစ်ကို သိချင်၇င် ရှေ့က တနင်္လာဆိုတာဟာ အင်္ဂါရဲ့ အမြစ်ပေါ့။ နောက်က ဗုဒ္ဓဟူးကတော့ သင့်ရဲ့ အညွန့်ပေါ့။ အဲဒီအမြစ်နဲ့ အညွန်နှစ်ခုကို သိရရင် ဒီယတြာကို ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်လို့ရပါပြီ။ ကဲဗျာ...။ ဒီလောက်ဆိုရင် အမြစ်အညွန်ဆိုတာကို သိလောက်ပါပြီ။

ကဲယတြာစီရင်ပုံအပြည့်အစုံကို စကြရအောင်

(၁) ကော်မဟုတ်တဲ့ မြက်ယပ်တောင် နှစ်ခုလိုပါတယ်။ အောက်မှာ ကြည့်ကြည်လိုက်ပါ။

(၂) ကာယကံရှင်ရဲ့ အမြစ်နံ (အသား)ရယ် အညွန့်နံ(ပန်းတပွင့်)ရယ်။ နောက်ပြီး တစ်ဘက်လူနေ့နံရဲ့ အမြစ်နံ (အသား) ရယ်၊ အညွန့်နံ (ပန်းတစ်ပွင့်)ရယ် အရင်ရှာထားပါ။ ပြီးရင် ယပ်တောင်တစ်ချောင်းမှာ ကိုယ့်ရဲ့ (အမြစ်နံ) အသားရယ်၊ တစ်ဖက်လူရဲ့ အမြစ်နံ အသားရယ်ကို ပူးချဉ်ပါ။ ယပ်တောင်အရွက်မှာကတော့ ကိုယ့်ရဲ့ အညွန်နံပန်းတစ်ပွင့်ရယ်၊ တစ်ဖက်လူရဲ့ အညွန်နံပန်းတစ်ပွင့်ရယ် ပူးချဉ်ပါ။ ယပ်တောင်နှစ်ချပ်လုံးမှာ အထက်ပါအတိုင်း ဆောင်ရွက်ထားပါ။

ဟုတ်ပြီနော်။ အပေါ်မှာ ဥပမာအနေနဲ့ သောကြာသမီးတစ်ယောက်က သူ့ကို ပစ်သွားတဲ့ ဗုဒ္ဓဟူးသားတစ်ယောက်ကို ဓာတ်ရိုက်ဓာတ်ဆင် ဆောင်ရွက်ပုံကို ဥပမာအနေနဲ့ ပြထားပေးပါတယ်။

ဥပမာ သောကြာသမီးက ဗုဒ္ဓဟူးသားကို ဓာတ်ဆင်တယ် ဆိုကြပါစို့။

သောကြာသမီးရဲ့ အမြစ်နဲ့ အညွန့်ကို အရင်ဆုံး ရှာထားရမယ်နော်။ အမြစ်က ယပ်တောင်ရိုးမှာ ချဉ်ဖို့။ အညွန့်က ယပ်တောင် အရွက်မှာ ချဉ်ဖို့ပါ။ အပေါ်မှာ ပုံလေးဆွဲပြထားတယ်ဆိုတော့ ထပ်မရှင်းပြတော့ပါဘူး။

နောက်ဆုံးအဆင့် အားလုံး ယပ်တောင်နှစ်ခုမှာ အမြစ်တွေ၊ အညွန့်တွေအားလုံး စီစဉ်ပြီးသွားပြီဆိုရင်

မိမိအိမ်ဘုရားစင်ရှေ့မှာ သန့်ရှင်းသော ဇလုံတစ်လုံးထဲမှာ ဘုရားဆင်းတုတော်ကို ရေ (၁၂)ခွက်တိတိ သပ္ပါယ်ပါ။ ပြီးရင် အစီအရင် လုပ်ထားသောယပ်တောင်ဖြင့် ဆင်းတုတော်ကို (၁၀၈)ခေါက် ယပ်ခတ်ပြီး ကိုယ်ဖြစ်ချင်တာကို ဆုတောင်းပါ။ လေးလေးနက်နက် ဆုတောင်းပါ။ ကိုယ့်ကိစ္စပြီးစီးအောင်မြင်သည့်အထိ ဆောင်ရွက်ပါရန်။

အောက်ဖက်မှာတော့ (၇)ရက်သားသမီး အားလုံးအတွက် အမြစ်နံ အညွန့်နံတွေကို အဆင်ပြေပြေ သိရအောင် ဇယားကွက်လေးပြုလုပ်၍ ဖော်ပြပေးလိုက်ရပါတယ်။

ခင်မင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့ခင်ဗျား.....
မည်သူမဆို အထက်ပါယတြာနျင့် ပါတ်သက်၍ တစုံတရာ မရှင်းလင်းသည်ဖြစ်ပါက ကျွန်ုပ်၏ စာရေးသားတင်ပြပုံ လိုအပ်၍သာ ဖြစ်ပါကြောင်းနှင့် ကျွန်ုပ်၏ အီးမေးလ်လိပ်စာဖြစ်သော sayaheintintzaw@gmail.com သို့ အားနာစရာ လုံးဝမလိုပဲ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း....

အားလုံး၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ငါကလွဲရင်-ဖွဲနဲ့ဇကွဲဖြစ်စေ...

လေးစားခင်မင်ရပါသော ဆရာဟိန်းတင့်ဇော်....

ကျွန်မနာမည် ပိုးလေးပါဆရာ။ အခုလောလောဆယ်တော့ စင်္ကာပူမှာ အလုပ်လုပ်နေပါတယ်။ အလုပ်အကိုင်ရော- နေရေးထိုင်ရေးပါ အဆင်ပြေပါတယ်။ ကျွန်မက အလုပ်အားရင် ဆရာ့ရဲ ဆိုက်လေးထဲမှာ အချိန်ပြည့် စာဖတ်နေတဲ့ ဆရာ့ရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပါ။ ကျွန်မက ဆရာ့ရဲ့စာတွေကို ဖတ်ရုံတင် ဖတ်တာမဟုတ်ဘူးနော်။ အကုန်လုံးကို ပရင့်ထုပ်ထားသေးတာ။ ကျွန်မနဲ့ တွေ့ကြုံတဲ့ အခက်အခဲရှိနေတဲ့ သူငယ်ချင်းတွေဆိုရင် ကျွန်မက အမြဲတမ်း ယတြာတွေ လုပ်ပေးနေကြလေ။ တော်တော်များများတော့ အဆင်ပြေကြပါတယ်။

အခုတော့ သူများကိစ္စမဟုတ်ပါဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေတာနဲ့ ဆရာ့ဆီလှမ်းပြီး အကူအညီ တောင်းလိုက်ရတာပါဆရာ။ ထုံးစံအတိုင်းပေါ့ဆရာရယ်။ လူငယ်ဆိုတော့လည်း တခြားမဟုတ်ပါ ဘူး။ အိမ်ထောင်ရေးပေါ့ဆရာရယ်။ ပြောရဦးမယ် ဆရာရေ။ ကျွန်မမှာက အိမ်ထောင်ရှိပါတယ်။ ကျွန်မကသာ အခြအနေအရ စင်္ကာပူနိုင်ငံကို အလုပ်သွားလုပ်နေရတာပါ။ ကျွန်မအမျိုးသားကတော့ မြန်မာပြည်မှာပဲ နေပါတယ်ဆရာ။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်တုန်းက ရန်ကုန်က ကျွန်မသူငယ်ချင်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်မသူငယ်ချင်းက ကျွန်မကို ကျွန်မယောက်ျားအကြောင်း ဒီလို ပြောပြခဲ့တယ်။ သူငယ်ချင်း ပိုးလေးတဲ့ နင်ကတော့ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေရတယ်။ နင်ယောက်ျားကိုလည်း နင်ပစ်မထားနဲ့နော်။ ဒီမှာ နင့်ယောက်ျားက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်တဲ့။ အဲဒီလို ပြောတဲ့စကားကို ကြားတဲ့နေ့က စပြီး ကျွန်မလေ စိတ်တွေအရမ်းလေနေတယ် ဆရာ။ အလုပ်လုပ်ရတာလည်း စိတ်မပါတော့ဘူး။ အိပ်ရင်လည်း အိပ်လို့ မပျော်တော့ဘူး။ ဘာမှလည်း စားချင်စိတ်သောက်ချင်စိတ် မရှိတော့ဘူး။ အချိန်ပြည့် ကျွန်မစိတ်က ကိုဦး ( အော်.. ကျွန်မယောက်ျား နာမည်က ကိုဦးပါဆရာ) ဆီကို ရောက်နေတယ်။

တစ်ခါတစ်လေလည်း ကျွန်လေ မြန်မာပြည်ကို ပြန်ပြီး မိသားစုနဲ့ အေးအေးချမ်းချမ်း အေးအတူပူအမျှ နေထိုင်ရရင် ကောင်းမလေားလို့တောင် တွေးမိတယ်ဆရာ။ ဒါပေမဲ့ ဒါက အတွေးပဲရှိပါတယ်။ တကယ့်လက်တွေ့ လုပ်လိုက်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ဒါကြောင့် ဆရာရယ် ကျွန်မကို ကူညီပေးစေချင် ပါတယ်။ ကျွန်မလည်း စိတ်အေးလက်အေး ဒီမှာ ဆက်ပြီး အလုပ်လုပ်နိုင်အောင် ကျွန်မယောက်ျားလည်း ကျွန်မကို တစ်သက်လုံး အမြဲတမ်း ရိုးမြေကျ ချစ်ခင်မြတ်နိုး သစ္စာရှိအောင် တစ်ခုခု လုပ်ပေးပါဆရာ။ ကျွန်မလေ ကြာရင် ကိုဦးစိတ်နဲ့ ဒုက္ခရောက်တော့မှာမို့ပါ။ ဆရာ့အတွက် ညာဏ်ပူဇော်ခကို စင်္ကာပူဘဏ်အကောင့်ထဲကို ထည့်ပေးလိုက်ပါ့မယ်ဆရာ။

လေးစားခင်မင်စွာဖြင့်
ပိုးလေး (ခေတ္တ-စင်္ကာပူ)

ကျွန်ုပ်ထံသို့ အီးမေးလ်ပို့၍ စာရေးအကူအညီ တောင်းလာသော စင်္ကာပူမှပိုးလေး၏ စာကို ဖတ်၍ ကျွန်ုပ်သည် တစ်ခါတစ်ရံမျှ မြင်ဘူးတွေ့ဘူးခြင်း မရှိသော ပိုးလေးဆိုသူ၏ ရင်ထဲမှ ဒဏ်ရာများခံစားချက်များကို မြင်လိုက်ရ၏။ စာနာမိလိုက်၏။ နားလည်ပေးမိ၏။ တစ်ဖက်မှလည်း စင်္ကာပူတွင် အလုပ်တစ်ဖက်လုပ်နေရ၏။ တစ်ဖက်မှလည်းမြန်မာပြည်တွင် ကျန်နေသော မိမိ၏ လင်တော်မောင် ကိုဦးကိုလည်း စိတ်ပူနေရသော ပိုးလေး၏ ခံစားချက်များ၊ စိတ်သောကများသည် မည်မျှလောက် နာကျင်နေမည်လဲဟု တွေးမိလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်ထောင်ရေး တည်တန့်ခိုင်မြဲအောင် သာယာအောင် ၊ သူ့ယောက်ျားကိုဦးဖြစ်သူ မိန်းမမရှုပ်ပဲ သူတစ်ဦးတည်းအပေါ်တွင် ခိုင်မြဲစေအောင်၊ သစ္စာရှိအောင် အဆောင်တစ်ခုခု လုပ်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ သို့သော် ပိုးလေးသည် ယခုလောလောဆယ် စင်္ကာတွင် ရောက်နေ၏။ ကျွန်ုပ်က ထိုင်းနိုင်ငံတွင် ရှိနေ၏။ သူနှင့် ကျွန်ုပ်သည် လွန်စွာ အလှမ်းကွာနေ၏။ ထို့ကြောင့် အဆောင်များ ယတြာများ မည်ကဲ့သို့ စီစဉ်ပို့ပေးရမည်းနည်း။ အိမ်ထောင်ရေးနှင့်ပါတ်သက်သော အဆောင်များစွာရှိ၏။ သို့သော် စင်္ကာပူတွင် လုပ်၍ အဆင်ပြေပါမည်လား။ အစရှိသည်ဖြင့် အတွေးများစွာဖြင့် ရှိနေလေရာ ကျွန်ုပ်သည် ပိုးလေးထံသို့ Reply- ပြန်မလုပ်ဖြစ်ခဲ့ပေ။ (၃) ရက်အကြာတွင် ပိုးလေးထံမှ ကျွန်ုပ်ထံသို့ အကူအညီပေးပါရန် စာတစ်ဆောင်ထပ်ရောက်လာလေ၏။ ထို့ကြောင့် ရက်ပိုင်းအတွင်း အကြောင်းပြန်ပေးမည့်အကြောင်းနှင့် ယတြာအတွက် စီစဉ်နေကြောင်း စာပြန်ပေးလိုက်လေ၏။

ကျွန်ုပ်သည် ထိုရက်ပိုင်းတွင် အဆောင်ကိစ္စများတွက် စီစဉ်ရလေ၏။ ထို့ကြောင့် ကိုဦးသည် တနင်္ဂနွေသား ဖြစ်၏။ ပိုးလေးသည် ကြာသပတေးသမီးဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေအတွက် အင်သားရှာရ၏။ ကြာသပတေးအတွက် ပျဉ်းမသားကို ရှာရ၏။ ထိုအသားနှစ်ခုနှင့် အဆောင် စီရင်ပေးရ၏။ ထိုအဆောင်စီရင်ပုံကို အောက်တွင် အသေးစိပ်ဖော်ပြပေးပါမည်။

အဆောင်တစ်ခု စီရင်ပြီးသည့်နောက်ပိုင်းတွင် ထိုအဆောင်ကို စင်္ကာပူရှိ ပိုးလေးထံသို့ ပိုပေးရန် စီစဉ်ရပြန်၏။ အစပထမတွင် ကျွန်ုပ်သည် လူကြုံနှင့် ပို့ပေးရန် စဉ်းစားမိလေ၏။ သို့သော် လူကြုံဆိုသည်မှာ ကြုံမှ ဖြစ်မည့်ကိစ္စဖြစ်သောကြောင့် ထင်သလောက်မလွယ်ကူလှပေ။ ထို့ကြောင့် ကျွန်ုပ်သည် နည်းလမ်းပေါင်းစုံကို တွေးနေမိ၏။ တစ်ရက်တွင် ကျွန်ုပ်ထံသို့ အမေရိကတွင် ရှိသောမိတ်ဆွေတစ်ဦးမှ တားရော့ကဒ်တစ်ထုပ်ကို စာတိုက်မှ ပို့ပေးလိုက်လေ၏။ ကျွန်ုပ်ထံသို့ (၇)ရက်ခန့်အကြာတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေရာ တားရော့ထုပ်လေးကို ကြည့်ရင်း အကြံတစ်ခုရမိ၏။ ပိုးလေး၏ အဆောင်ကို စာတိုက်မှ သွားပို့ရရင် ကောင်းမည်ဟု တွေးမိ၍ ချက်ချင်းဆိုသလိုပင် စာတိုက်သို့သွားကာ စုံစမ်း၏။ ထိုသို့ စုံစမ်းရာ နိုင်ငံတကာသို့ ပစ္စည်းများ ပို့လို့ရသည်ဟု သိရလေ၏။ ထိုအကြံကို အခုမှ ဘာကြောင့်သိရတာလည်းဟူ၍လည်း မိမိကိုယ်ကို အားမလိုအားမရဖြစ်မိလေ၏။

ပစ္စည်းပို့ရာ၌ နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ပုံမှန်အတိုင်း ပို့ခြင်းဖြစ်၏။ တစ်မျိုးမှာ အမြန်ချောပို့ခြင်း ဖြစ်၏။ ထိုနှစ်မျိုးတွင် ပို့ခအဖြစ် အမြန်ချောပို့အဖြစ် ငွေငါးဆပို၍ပေးရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်လိပ်စာအပြည့်အစုံကို တောင်းယူ၍ ပိုးလေးအတွက် အဆောင်ကို ပို့ပေးလိုက်လေတော့၏။ (၄)-ရက်ခန့်အကြာတွင် ပိုးလေးမှ ဖုံးဆက်၍ ကျွန်ုပ်ပို့ပေးလိုက်သော အဆောင်ကို ရရှိပြီဖြစ်ကြောင်း ဖုံးဆက် ပြောပြ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း ဤအဆောင်လေးကို ယုံယုံကြည်ကြည်နှင့် ဆောင်ထားရန်နှင့် ကိုဦးကို တစ်စုံတစ်ရာ ပြောဆိုချင်သော ကိစ္စများရှိပါကလည်း ကိုဦးကို ထိပ်တိုက်မပြောခင် ဤအဆောင်လေးကို ကြည့်၍ အရင်ဆုံးစကားများအမိန့်များ ပေးနိုင်ကြောင်း ပြန်လည်ပြောပြလိုက်လေ၏။

မိတ်ဆွေများခင်ဗျာ....

အထက်ပါအဆောင်သည် အိမ်ထောင်ရေးတွင်မက အချစ်ရေးကိစ္စများတွင်လည်း အသုံးပြုနိုင်ယုံမက မိမိနှင့် ဘ၀တစ်ခုလုံးရေရှည် အဆင်ပြေချင်သော မိသားစုများ ၊ စီးပွားရေးလက်တွဲဖော်များ၊ သူငယ်ချင်းများနှင့်လည်း ဆောင်ရွက်ထားနိုင်ပါတယ်။ သို့သော် တစ်ခု ကြိုတင်မေတ္တာရပ်ခံချင်သည်မှာ ကောင်းမြတ်သော မေတ္တာစိတ်ကိုသာ အခြေခံ၍ ပြုလုပ်ကြပါရန် ကြိုတင်၍ ပြောဆိုလိုပါတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ဆီပြန်လာတတ်သောကြောင့် ကောင်းမွန်သော စိတ်စေတနာကိုသာ အရင်းခံ၍ ပြုလုပ်ဆောင်ရွက်မည် ၊ သစ္စာဆို ဆောင်ရွက်မည်ဆိုပါက မုချ အောင်မြင်နိုင်ပါကြောင်း ကြိုတင်၍ ပြောဆိုလိုက်ပါရစေ...။

ထိုအဆောင်ကို မည်သူမဆို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နှိုင်ပါတယ်။ အရမ်းလည်း ထိရောက်ပါတယ်။ အရမ်းလည်း စွမ်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိပါက ကျွန်ုပ်ထံသို့ လိပ်စာအတိအကျ ၊ မွေးနံအတိအကျများကို (sayaheintintzaw@gmail.com) သို့ ပေးပို့ အကူအညီ တောင်းနိုင်ပါတယ်။ သင့်ဘက်က ကုန်ကျစရိပ်လောက်သာ ကျခံပါ။ ကျွန်ုပ်ဘက်က မေတ္တာဖြင့် စီရင်၍ ပြန်လည်ပေးပို့လိုက်ပါမည် ဖြစ်ပါကြောင်း......

အစီအရင်အပြည့်အစုံ

အသားလေးနှစ်ခု ရှာပါ။ အဆောင်လုပ်မှာဆိုတော့ သေးသေးလေးဆိုရပါတယ်။ အရှည်ကတော့ (၁)လက်မလောက်ဆိုရင် ရပါပြီ။ အသားကတော့ ကိုယ်ရဲ့ နေ့နံအသားက တစ်ခုပေါ့။ ကိုယ်စီရင်မယ့် သူရဲ့ နေ့နံအသားက တစ်ခု။ ပြီးရင် အဲဒီ အသားလေးနှစ်ခုကို ကန့်လန်လုပ်လိုက်။ ပြီးရင် ကန့်လန့်နေရာမှာ ကြိုးအမဲနဲ့ ခေါက်ဆွဲတုတ်ချဉ်သလို ပတ်ချဉ်ရမယ်။ အပေါ်မှာတော့ ဓာတ်မိသွားအောင် တစ်ဖက်လူရဲ့ ဓာတ်ပုံကပ်ပေါ့။ ဓာတ်ပုံကိုလည်း အသားကသေးရင် ကပ်လို့ မရဘူးဆိုရင် ပတ်လိုက်ပေါ့ဗျာ။ ပြီးရင် အင်္ကျီအနီလေး ၀တ်ပေးပြီး ဒီလိုပြောရမယ်။ ငါကလွဲရင် ဘယ်သူ့ကိုမှ မချစ်နဲ့။ ငါတစ်ယောက်တည်းကိုပဲ ချစ်ရမယ်။ ငါ့ကိုပဲ စွဲစွဲမြဲမြဲ ချစ်ရမယ်။ အဲဒီလို ပြောရမယ်။ ပြီးရင် ထုံးစံအတိုင်း အိပ်ယာပေါ် ကိုယ့်ခေါင်းအုန်းဘေးမှာ ထားသိပ်ပေါ့။ နေ့နံအသားတွေကတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပါပြီနော်။

ကဲ... အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အချစ်ရေးနှင့်-စိတ်ညှို့ပညာ

ဒီတစ်ခါ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗေဒင်အကြောင်းလည်း မပါဘူး။ ယတြာအကြောင်းလည်းမပါဘူး။ အဆောင်တွေအကြောင်းလည်း မဟုတ်ပါဘူး။ မရေးတာကြာပြီဖြစ်တဲ့ စိတ်တန်ခိုးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ စိတ်တန်ခိုးနဲ့ ပတ်သက်ပြီး ရေးရတာကတော့ အရမ်းတာဝန်ကြီးမားပါတယ်။ တစ်စုံတစ်ယောက်က မင်းကကော ဘယ်အဆင့် ရောက်နေလို့လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘာအဆင့်မှ မရသေးပါဘူး။ ဘာအဆင့်မှလည်း မလိုချင်ပါဘူး။ ကြိုးစားဆဲ-လေ့လာဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက်လေးထဲကို လာရောက်လေ့လာတဲ့ စာဖတ်သူများကို သိစေချင်တဲ့ စေတနာသက်သက်ဖြင့် သိသလောက် ရေးသားပေးလိုက်တာပါ။

အချစ်ဆိုသောအရာ

ဟုတ်ပြီ။ အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ

အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ... ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့

နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း

အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။

ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ ဖြူဖြူကျော်သိန်းဆိုရင် ဖြူဖြူကျော်သိန်းပဲ။ ဖြူဖြူကျော်သိန်းကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ မဖြူ။ ကျွန်တော် မဖြူကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မဖြူ့ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မဖြူကို စွဲလန်းချစ်ခင် နေသလိုပဲ မဖြူကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။

အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။

မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

မိမိအပ်နှံထားသောပစ္စည်းများ ပြန်တောင်းရစေသောနည်း

သူ့နာမည်က ဦးအေးမောင်တဲ့၊ သူက မွန်လူမျိုး ၊ အသက် လေးရှစ်လောက်ရှိတဲ့ ၊ စိတ်သဘောထားပြည့်ဝပြီး ခင်မင်ဖော်ရွှေတတ်တဲ့ ဦးလေးကြီးတစ်ယောက်ပါ။ သူက လူတစ်ဖက်သားကို အရမ်းလည်း ကူညီတတ်တယ်။ ဒုက္ခရောက်နေတဲ့လူကို တွေ့ပြီဆိုတာနဲ့ မကူညီရရင်ကို မနေနိုင်ဘူး။ နောက်ပြီး သူ့မှာရှိလို့ကတော့ အကူအညီ လာတောင်းတဲ့လူက မရသွားဘူးဆိုတာကို မရှိတာ။ ငွေမတတ်နိုင်ရင် လူနဲ့ ကူညီပေးတာ။ ပြောရရင်တော့ စိတ်ကောင်းအလွန်ရှိတဲ့ ဦးလေးကြီးတစ်ယောက် ဆိုပါတော့။

သူ-စိတ်ကောင်းရှိလွန်းလို့ ဒုက္ခရောက်တာလည်း ကျွန်တော်မှတ်မိသေးတယ်။ အမှန်ကတော့ ပြဿနာက ကျွန်တော်ကစတဲ့ ဇာတ်လမ်း။ ဖြစ်ပုံက ဒီလို။ တစ်နေ့ အလုပ်ပိတ်ရက်မှာ ဦးအေးမောင်ကြီး ကျွန်တော်အခန်းကို လာလည်တယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွန်တော့်ဆီကို ဖုံးတစ်လုံးဝင်လာတယ်။ တစ်ဘက်က ပြောတာကို ကျွန်တော်က လုံးဝနားမလည်ဘူး။ တစ်ဘက်လူက ကျွန်တော်ကို မွန်လိုပြောနေတာကိုး။ အဲဒီတော့ ကျွန်တော်က နားမလည်တော့ မွန်လူမျိုး ဦးအေးမောင်ကြီးကို ဖုံးလှမ်းပေးလိုက်တယ်။

ကျွန်တော်ရှေ့မှာ ဦးအေးမောင်ကြီးတစ်ယောက် မွန်လို စကားတွေပြောနေတာ နာရီဝက်လောက်တောင် ကြာတယ်။ စိတ်ဝင်တစားကို ပြောနေတာနော်။ အခြေအတင်ကို ပြောနေတာ။ နောက်ပြီး သူကလည်း ဘာတွေလည်းမသိ ပြန်ပြန်မေးတယ်။ အဲဒီလိုနဲ့ နာရီဝက်လောက် ကြာတော့ ဦးအေးမောင်ကြီးတစ်ယောက် ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဖုံးကို ကျွန်တော့် ပြန်ပေးလိုက်ရင်း သွားလိုက်ဦးမယ်ဆရာလေးရေ။ လုပ်စရာလေး ချက်ချင်းပေါ်လာလို့ဆိုပြီး သုတ်တိသုတ်ပြာနဲ့ ကျွန်တော့်အခန်းထဲက ပြန်ထွက်သွားတယ်။ ကျွန်တော်လည်း စဉ်းစားပြီး ကျန်နေခဲ့တယ်။ ဒီလူကြီး ဘာဖြစ်သွားတာပါလိမ့်ပေါ့။

ညနေ(၆)နာရီလောက်ရောက်တော့ ဦးအေးမောင်ကြီးတစ်ယောက် ကျွန်တော့်အခန်း ပြန်ဝင်လာပြန်တယ်။ မျက်နှာကတော့ ရှုံ့မဲ့မဲ့နဲ့။ တစ်ခုခုကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတဲ့ ပုံနဲ့ ။ အဲဒီတော်မှ ကျွန်တော်လည်း တနေကုန်သိချင်နေတဲ့ ကိစ္စကို မအောင်အီးနိုင်ပဲ ဖွင့်မေးလေိုက်တယ်။ အဲဒီတော့မှ ဦးအေးမောင်ကြီးက ကျွန်တော်ကို ဒီလိုပြောပြတယ်။ အဖြစ်က ဒီလို...

ဒီလိုဆရာလေးရေ..။ မနက်တုန်းက ဆရာဆီကို အမျိုးသမီးတစ်ယောက် ဖုံးဆက်တယ်။ မွန်လိုပြောတယ်။ ဆရာက နားမလည်တော့ ကျွန်တော်ဆီကို ဖုံးပေးလိုက်တယ်လေ။ အဲဒီမှာ ဖုံးဆက်လာတာက ဗန်ကောက်မှာ အိမ်ဖော်လုပ်နေတဲ့ မွန်အမျိုးသမီးတွေလို့ ပြောတာပဲ။ သူတို့က ညီအမနှစ်ယောက်တဲ့။ သူကတော့ တစ်ခုလပ်တဲ့။ သူ့ညီမလေးကတော့ အပျိုလေးတဲ့။ အခု သူတို့ ညီအမနှစ်ယောက် ဒုက္ခအရမ်းရောက်နေလို့ လာကယ်ပါတဲ့။ မွန်လူမျိုးအချင်းချင်းလှမ်းပြီး အကူအညီတောင်းတာပါတဲ့။

အဲဒီတော့ ကျွန်တော်က ဘာဖြစ်တာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီတော့ သူတို့က ဘာပြောလဲဆိုတော့ အခုလောလောဆယ် သူညီမအပျိုမလေးကို သူတို့လုပ်နေတဲ့ အိမ်က သူဋ္ဌေးက အတင်းယူမယ်လုပ်နေတယ် လို့ ပြောတယ်။ အဲဒါအဲဒီအိမ်ကနေ ထွက်သွားချင်တာပါတဲ့။ ဒီကနေ ထွက်မသွားရင် သူ့ညီမလေး ရေတိမ်နစ်ရပါလိမ့်မယ်။ ကယ်ပါဦးလေးရယ်လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က ဒါဆို လိပ်စာပေး ဦးလေးလာကြိုမယ်လို့ ပြန်ပြောလိုက်တော့ အဲဒီအမျိုးသမီးက အခုလောလောဆယ်တော့ သူက အရေးမကြီးပါဘူး။ သူ့ကိုလည်း သူဋ္ဌေးက မကြိုက်တော့ အရေးမကြီးဘူး။ အရေးကြီးတာက သူ့ညီမ အပျိုလေး ဘ၀မပျက်အောင်တော့ ကူညီပေးပါလို့ ပြန်ပြောတယ်။

ထိုအခါ ကျွန်တော်က စကားဖြတ်ပြီး အော်..မနက်တုန်း က အရေးတကြီး ထထွက်သွားတာ ဒီကိစ္စပဲပေါ့လေလို့ ဆိုတော့ ဦးအေးမောင်ကြီးက ဟုတ်တယ်ဆရာလေးရေလို့ ပြန်ပြောတယ်။ နောက်တော့ ဆက်ပြောပါဦးလို့ ကျွန်တော်က စကားဆက်ထောက်ပေးလိုက်တော့ ဦးအေးမောင်ကြီးက သူ့အဖြစ်အပျက်ကို ဆက်ပြောပြတယ်။

အဲဒီလိုနဲ့ ကျွန်တော်က လာကြိုမယ်လို့ ပြောတော့... အဲဒီဖုံးဆက်တဲ့ အမျိုးသမီးက ဒီလိုပြန်ပြောတယ်ဆရာရေ။ ဦးလေးတဲ့။ ဦးလေးကူညီမယ်ဆိုရင် ဒီလို ကူညီလို့ မရသေးဘူးတဲ့။ သူဋ္ဌေးက ပြောတယ်။ တကယ်လို့ နင့်ညီမကို ဒီမှာဆက်မထားချင်ရင် မြန်မာပြည်က လာတုန်းက ငါစိုက်ထားတဲ့ လမ်းစရိတ်တွေ ကို ပြန်အမ်းပေးရင် ခွင့်ပြုမယ်လို့ ပြောတယ်။ ပိုက်ဆံမရရင်တော့ လုံးဝ အိမ်ကနေ ပြန်ခွင့်မပေးဘူးလို့ သူဋ္ဌေးက ပြောတယ်လို့ ဖုံးဆက်တဲ့ မိန်းကလေးက ပြောတယ်ဆရာလေးရေ။

အဲဒီတော့ ဦးလေးရယ် ကျွန်မကတော့ အိမ်ထောင်လည်းကျပြီးသားဆိုတော့ ကျွန်မအတွက်ကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဖြစ်နိုင်ရင် ကျွန်မ ညီမလေးရဲ့ ဘ၀ရေတိမ်မနစ်အောင် ကူညီပေးစေချင်တယ်။ ဖြစ်နိုင်ရင်လေ ကျွန်မညီမလေးပေးရမယ့် ပိုက်ဆံရှစ်ထောင်ကို ဦးလေးက စိုက်ပြီး ကူညီပေးစေချင်တယ်။ သူ ဦးလေးတို့အိမ် ရောက်လာရင် အလုပ်လုပ်ပြီး ပြန်လုပ်ဆပ်ပါ့မယ်လို့ သူက ဆက်ပြောတယ် ဆရာရေ...

အဲဒီမှာ ကျွန်တော်ကလည်း ဘာမှ မစဉ်းစားတော့ဘူး။ ကိုယ့်မှာကလည်း သမီးတွေနဲ့ မဟုတ်လား။ သမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ချက်ချင်းပဲ ကူညီပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာ။ ခပ်တိုတိုပြောရရင်တော့ ဆရာရေ။ ညနေ နှစ်နာရီလောက်မှာ မိန်းကလေးတစ်ယောက် အသက်ကတော့ (၂၀)လောက်တော့ရှိမယ်ထင်တယ်။ တက္ကစီနဲ့ ကျွန်တော့်အခန်းကို ရောက်လာတယ်ဆိုပါတော့။ သူ့အမကတော့ ပိုက်ဆံကို သူဋ္ဌေးကိုပေးဖို့ တက္ကစီ ကားသမားနဲ့ ထည့်ပေးလိုက်ပါဆိုလို့ ကျွန်တော်လည်း ပိုက်ဆံရှစ်ထောင်ကို အဲဒီ ကောင်မလေးကို လာပို့တဲ့ ကားသမားနဲ့ ထည့်ပေးလိုက်တယ်။ ကောင်မလေးကတော့ ကျွန်တာ့်အခန်းကို ရောက်လာတယ်ပေါ့။ ထိုအခါ ကျွန်တော်ကလည်း ဦးအေးမောင်ကြီး စကားကို ဖြတ်ပြီး ဒီလိုပြောလိုက်တယ်။

ကောင်းလိုက်တာဗျာ။ ဒီ ကုသိုလ်က ဘာနဲ့မှ လဲလို့မရဘူးဗျ။ သူတစ်ပါး ဘ၀ပျက်မယ့်ဘေးကနေ သီသီကလေး လွတ်မြောက်အောင် ကူညီပေးတာ အင်မတန် မွန်မြတ်တဲ့ ကူညီဖေးမမှု့ပါပဲ ဦးအေးမောင်ကြီးရာ။ သာဓုဗျာ သာဓုလို့ ပြန်ပြောလိုက်တော့ ဦးအေးမောင်ကြီးက မျက်နှာကြီး နီသွားပြီး...ဘယ်ကလာ ကုသိုလ်ရရမှာလည်း ဆရာလေးရဲ့။ အခု အဲဒီကောင်မလေး အိမ်အောက်ကို ခနသွားဦးမယ်ဆိုပြီး ဆင်းသွားတာ အခုထိ ပေါ်မလာတော့ဘူး ဆရာလေးရေဟု ပြန်ပြောလေတော့၏။ သေချာတာ ကတော့ ငွေရှစ်ထောင်ပါသွားပြီ ဆရာလေးရေ...ဟု ဦးအေးမောင်ကြီးက ပြန်ပြောလေ၏။

အဲဒီ ဦးအေးမောင်ကြီးက အဲဒီလောက် သူတစ်ပါးအပေါ်ကို ကူညီပေးတာ။ ကိုယ့်ဘ၀ အပျက်ခံပြီး ကူညီပေးမယ့် လူစားမျိုးပဲ။ ယခုလည်း ဦးအေးမောင်ဆိုသော ဦးလေးကြီးသည် ကျွန်တော့် ဗေဒင်ဟောခန်း ထဲ ရောက်လာပြီးလျှင် အောက်ပါအတိုင်း ပြောလေ၏။

ဒီတစ်ခါလာတာကတော့ ဆရာလေးဆီက အကူအညီတောင်းစရာလေးရှိလို့ပါ။ မြန်မာပြည်က ကျွန်တော့် အိမ်နဲ့ ခြံ စာချုပ်စာတမ်းတွေကို အမကြီးဆီမှာ အပ်ထားတာ။ အဲဒါလေးတွေကို ပြန်တောင်းတာ တောင်းလို့ကို မရဘူးဖြစ်နေတယ်။ ကျွန်တော့်ရဲ့ ဆန္ဒက အဲဒီအိမ်နဲ့ ခြံကို ရောင်းပြီး မော်လမြိုင်မြို့သစ်ဘက်မှာ အသစ်ပြန်ဝယ်ချင်တာ။ အဲဒီစာချုပ်စာတမ်းလေးတွေကို ပြန်တောင်းလို့ရအောင် အမကြီးက ထုပ်ပေးအောင် ဆရာလေးက ယတြာပေးပါဟု ပြောသောကြောင့် ကျွန်ုပ်လည်း မိမိ၏ ပစ္စည်းများ သူတစ်ပါးထံတွင် အပ်နှံထားပါက ပြန်တောင်းရစေသော အောက်ဖော်ပြပါ ယတြာနည်းကို ဦးအေးမောင်ကြီးအား ပေးလိုက်လေတော့သတည်း။

မိမိအပ်နှံထားသော ပစ္စည်းများကို သွားတောင်းခါနီးတွင် လက်အုပ်ချီ၍ ပိသော ဟူသောဂါထာကို (၁၀၈)ခေါက် ရွတ်သွားပါ။ မိမိကို မြင်တာနဲ့ အပ်နှံထားသော ပစ္စည်းများကို လွယ်လင့်တကူ ထုပ်ပေးပါလိမ့်မယ်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ဘေးကင်းစေသော နငယ်ကွင်းပိတ် အဆောင်

မိတ်ဆွေများခင်ဗျား.....

သင်တို့၏ ဘ၀ခရီးလမ်းမှာ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ (ဒါမှမဟုတ်) မိသားစုတွေမှာ အခက်အခဲတွေ၊ ရန်တွေ ပြဿနာတွေ အထစ်အငေါ့တွေ၊ အပိတ်အစို့တွေ ကြုံတွေ့နေရတယ်ဆိုရင် ဒီအောက်ဖက်မှာ ဖောပြပေးထားတဲ့ အဆောင်လေးကို ဆောင်ထားလိုက်ပါ။ အဲဒီနငယ် နကွင်းပိတ် အဆောင်လေးကို ဖယောင်းတိုင်မှာ ရေးဆွဲပြီးလည်း မီးထွန်းနိုင်ပါတယ်။ မီးထွန်းတဲ့အခါမှာလည်း ညနေဆည်းဆာ နေ၀င်ချိန်မှာ ထွန်းပါ။ အနည်းဆုံး (၉)ရက်ဆက်တိုက် မီးထွန်းဆုတောင်းလိုက်ပါက မိသားစုတွင် ကြုံတွေ့နေရသော ရန်အန္တရယ်များသည် ရက်ပိုင်းအတွင်း ပြေလည်သွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပေလိမ့်မည်။

မေဂျာကဒ်(၂၂)-ချပ်နှင့် တားရော့ဟောနည်းစာအုပ်ကို လက်ဆောင်ပေးလိုက်ပါတယ်။

ဟုတ်ကဲ့ဗျာ။ ကျွန်တော်က ဗေဒင်ဟောတဲ့နေရာမှာ တားရော့ပညာကို ခရေစီအဖြစ်ဆုံးပဲဗျ။ အဲဒီလို ဖြစ်လာတယ် ဆိုတာကလည်း တားရောကဒ်တွေကို စကိုင်ပြီဆိုကတည်းက အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ တားရော့နဲ့ ဗေဒင်စဟောပြီ ဆိုကာမှ သူ့အလိုလို ဖြစ်လာတာပါ။ ဟောတာကြာလေလေ ပိုဖြစ်လေပေါ့။ လူတစ်ယောက်က ကိစ္စတစ်ခုမေးတယ် ဆိုကြပါစို့။ ကိုယ်က သူ့ကို တားရော့တစ်မျိုးတည်းနဲ့ သူမေးတာကို ဖြေပေးလိုက်တယ်။ အစပထမတော့ yes (or) No ပေါ့။ နောက်တော့ သူက လာပြောတယ်။ ဆရာပြောတဲ့အတိုင်း ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ ကိုယ်က တားရော့ကို နည်းနည်း မြတ်နိုးသွားတယ်။ ကိုယ်က ကိုယ့်တားရော့ကို နည်းနည်း စယုံသွားတယ်။

အဲဒီလို နည်းနည်းလေးတွေ များများလာတော့ များများယုံကြည်လာတယ်ပေါ့။ များများ ယုံကြည်လာရာကနေ အရမ်းမြတ်နိုးလာတယ်။ နောက်တော့နောက်တော့ တားရော့မျ တားရော့ ဖြစ်လာတယ်ပေါ့။ ဒါကြောင့် တားရော့ပညာကို ၀ါသနာပါ လေ့လာလိုက်စားကြကုန်သော ဗေဒင်ဝါသနာရှင်များကို အထူးတိုက်တွန်းချင်တာ ကတောါ့ လေ့လာပါ။ လိုက်စားပါ။ လက်တွေ့ အသုံးပြုကြည့်ပါ။ နောင်တော့ တားရော့ရဲ့ ဓမ္မ တားရော့ရဲ့ သဘောတရားတွေကို မည်သူမျှ သင်ပေးခြင်း မရှိပါပဲ အလိုလို တတ်မြောက်နားလည်သွားပါလိမ့်မယ်။

အောက်မှာ တားရော့ မိုင်နာကဒ် (၂၂)ချပ်နဲ့ အဘမင်းသိင်္ခ၏ တားရော့ဟောနည်း စာအုပ်ကို မျှဝေပေးလိုက်ပါတယ်။ ဒေါင်းလော့လင့်ကတော့ မီဒီယာဖိုင်းက တင်ပေးထားပါတယ်။ အဆင်မပြေရင် ကော်မန့်ခဲ့ပါဗျာ။ အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်။

အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ခင်မင်လေးစားစွာဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အလိမ်ခံရသော - ငွေများအမြန်ပြန်ရစေသောယတြာ

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၃၅)နှစ်ခန့် ရှိသော မအေးဝင်းဟုအမည်ရသော အမျိုးသမီးတစ်ဦး ရောက်လာပြီးလျှင် ကျွန်ုပ်ထံသို့ ဗေဒင်လက္ခဏာ ကြည့်လေ၏။ သူ၏ မွေးသက္ကရာဇ်ကို ပထမဦးဆုံး သုံးတန်ပေါ်နိစ်ပညာ၊ မဟာဘုတ်ဗေဒင်၊ နာမက္ခရအစရှိသောတိုင်များကို အဆင်သင့် တွက်ထားပြီးလျှင် ကျွန်ုပ်၏ အသက်သွေးကြောသဖွယ် သဘောထားသော တားရော့ပညာရပ်နှင့် မအေးဝင်အား ဟောပေးရလေ၏။

ကျွန်ုပ်သည် မအေးဝင်း၏လက်အား ရေးမွှေးဖြင့် ဆွတ်ဖြန်းပြီး သန့်ရှင်းစေပြီးလျှင် ၎င်း၏ ဘယ်ဘက်လက်ဖြင့် တားရော့ကို တစ်ဝက်ချိုးခိုင်းလိုက်လေရာ အောက်ပါအတိုင်း ကျလေတော့၏။

ကျွန်ုပ်သည် မအေးဝင်းအတွက် တားရော့(၇) ချပ် ချလေ၏။ အပေါ်ပုံကို ကြည့်ကြည့်ပါ။ (၁-၆-၄-၂-၇-၅-၃) ဟု အစဉ်အတိုင်း ချ၍ ဟောပေးလေ၏။ ထိုတားရော့(၇)ချပ်ဟောနည်းကို အသေးစိပ်လေ့လာချင်ပါက နောင်တွင် အသေးစိပ် ပို့တင်ပေးပါဦးမည်။ ကျွန်ုပ်သည် မအေးဝင်၏ ကံကြမ္မာအား တားရော့နှင့်ဖြန့်ကျက်၍ ကြည့်လိုက်ရာ...

နံပတ်(၁) တားရောကဒ်သည် တနင်္ဂနွေဂြိုဟ်နှင့် ပတ်သက်သောကိစ္စများကို ဟောရသောကဒ်ဖြစ်လေ၏။ နံပါတ် (၁)နေရာတွင် တားရောနံပါတ်(၅) ဘုန်းကြီးကဒ်ကျလေ၏။ ဘုန်းကြီးကဒ်သည် အကောင်းဖြစ် သောကြောင့် အိမ်ထောင်ရေးကိစ္စ၊ အလုပ်ကိစ္စများနှင့် ပါတ်သက်၍ ကောင်းမွန်ကြောင်း၊ အလုပ်အကိုင် အဆင်ပြေမည် ဖြစ်ကြောင်း ဟောပေးရလေ၏။

နံပါတ်(၆)ဟု ရေးပြထားသောနေရာသည် သောကြာဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စများကို ဟောပေးရသော ကဒ်ဖြစ်၏။ ထိုနေရာတွင် တားရောနံပါတ် (၁၈) လမင်းစန္ဒာကဒ်ကျ၏။ လမင်းစန္ဒာကဒ်သည် မကောင်းသောကဒ်ဖြစ်လေ၏။ ရန်များသောကဒ်ဖြစ်လေ၏။ ထို့ကြောင့် ဆွေမျိုးသားချင်းကိစ္စ၊ ခရီးကိစ္စ အစရှိသော သောကြာနံနှင့်ပါတ်သက်သော ကိစ္စများကို မကောင်းကြောင်း သတိထားရမည်ဖြစ်ကြောင်း ကို ဟောပေးရလေ၏။

နံပါတ် (၄)ဟု ရေးပြထားသောနေရာသည် ဗုဒ္ဓဟူးဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စများကို ဟောပေးရသော ကဒ်ဖြစ်၏။ ထိုနေရာတွင် တားရော့နံပါတ်(၉) ပုဏ္ဏားဘကွန်းကဒ်ကျလေသောကြောင့် သားသမီးကိစ္စ၊ လူမှု့ပေါင်းသင်းဆက်ဆံရေး ကိစ္စများတွင်ကောင်းကြောင်း ၊ အကျိုးပေးမည်ဖြစ်ကြောင်း၊ အောင်မြင်မည်ဖြစ် ကြောင်း၊ ဟောပြေရလေ၏။

နံပါတ်(၂)ဟုရေးပြထားသော နေရာသည် တနင်္လာဂြိုဟ်နှင့် ပါတ်သက်၍ ဟောပေးရသောနေရာ ဖြစ်၏။ ထိုနေရာတွင် တားရော့နံပါတ်(၁၆) ပြိုကျသောမျှော်စင် ကဒ်ကျလေသောကြောင့် ငွေကြေးကိစ္စ၊ အလှူမင်္ဂလာကိစ္စများနှင့် ပါတ်သက်၍ အဆင်မပြေကြောင်း၊ ပျက်စီးမည်ဖြစ်ကြောင်း၊ ငွေကြေးဆုံးရှုံးမည့် ဖြစ်ကြောင်း၊ ငွေလိမ်ခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးကိစ္စ ချေးငှားခြင်း၊ အာမခံပေးခြင်း၊ ကိုယ်တိုင် ချေးငှားခြင်းများကို ဆင်ချင်ရမည်ဖြစ်ကြောင်း ဟောပေးရ၏။

နံပါတ်(၇)ဟု ရေးပြထားသောနေရာသည် စနေဂြိုဟ်နှင့်ပါတ်သက်သော ကိစ္စရပ်များကို ဟောပေးရသော နေရာဖြစ်၏။ ထိုနေရာတွင် တားရောနံပါတ်(၁၅) တစ္ဆေကဒ်ကျ၏။ ထို့ကြောင့် လတ်တလောရည်ရွယ်ထား သော ကိစ္စများနှင့်ပါတ်သက်၍ ထစ်ငေါ့နိုင်ကြောင်း၊ အနှောက်အယှက်မြင်ကြောင်း၊ ဆုံးဖြတ်ရ ခက်မည့်အကြောင်း ဟောပေးရပြန်၏။

နံပါတ်(၅)ဟု ရေးပြထားသော နေရာသည် ကြာသပတေးဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စရပ်များကို ဟောပေးရသော နေရာဖြစ်၏။ ထိုနေရာတွင် တားရောနံပါတ် (၁၂) တွဲလောင်းဆွဲခံရသူကဒ် ကျလေ၏။ ထိုကဒ်သည် မကောင်းသောကဒ်ဖြစ်၏။ ထို့ကြောင့် ကြာသပတေးဂြိုဟ်ဖြစ်သော မိတ်ဆွေအပေါင်း အသင်းများနှင့်ပါတ်သက်၍ လူယုံသတ်တတ်ကြောင်း၊ မည်သူကိုမျှ ယုံကြည်ခြင်းငှာ မသင့်ကြောင်း၊ မိမိယုံကြည်သော မိတ်ဆွေ၊ ဆရာသမားကဲ့သို့သောသူ ဒုက္ခပေးခံရတတ်ကြောင်း ဟောပေးရ၏။

နံပါတ်(၃)ဟု ရေးထားသောနေရာသည် အင်္ဂါဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စရပ်များကို ဟောပေးရသောနေရာ ဖြစ်လေ၏။ ထိုနေရာတွင် တားရောနံပါတ်(၂၀) ရှင်ပြန်ထမြောက်ကဒ်ကျ၏။ ဆိုးရာမှ ကောင်းရာဘက်သို့ ဦးတည်လာသော အဓိပ္ပါယ်ဖြစ်၏။ ထို့ကြောင့် အင်္ဂါနံ လင်ကိစ္စ၊ စက်ကိစ္စများ၊ နျင့်ပါတ်သက်၍ အဆင်မပြေဖြစ်နေတာတွေ အဆင်ပြေလာမည်ဖြစ်ကြောင်း၊ လင်ယောင်္ကျားကို ပါတ်သက်၍ စိတ်သောကများ ပြေပြောက်မည်ဖြစ်ကြောင်း ဟောပေးရ၏။

မအေးဝင်းသည် ကျွန်ုပ်တစ်ခါဟောတိုင်း တစ်ခါ ခေါင်းညိတ်၍ မှန်ကန်ကြောင်း ၀န်ခံလေ၏။ သူတစ်ခါ ၀န်ခံတိုင်း ကျွန်ုပ်လည်း ကျွန်ုပ်လွန်စွာချစ်မြတ်နိုးသော တားရော့ကဒ်လေးများကို နမ်းလေ၏။ ကျွန်ုပ် ဗေဒင်ဟောပြောသော တားရောကဒ်လေးများသည် စုတ်ပြတ်နေပြီ ဖြစ်၏။ ရိနေ၏။ လောင်းထားသော ပလပ်စတစ်ကဒ်များပင် တ၀က်တပျက်က ကွာနေ၏။

မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ် မှော်ဘီမရမ်းတလင်းတွင် နေထိုင်စဉ်ကပင် မွေးထားသော တားရော့ကဒ်များ ဖြစ်သောကြောင့် ကျွန်ုပ်၏ မသိစိတ်က လွန်စွာစွဲလန်းမြတ် နိုးနေ၏။ ထို့ကြောင့် သူများလက်ဆောင်ပေးသော တားရော့ထုပ်အသစ်များ တော်တော်များများ ရှိနေသည့်ကြားတွင်ပင် ကျွန်ုပ်သည် ကျွန်ုပ်၏ စုတ်ပြတ်နေသော တားရောအဟောင်းထုပ်ကလေးကိုသာ မြတ်မြတ်နိုးနိုးဖြင့် သုံးစွဲရခြင်း ဖြစ်လေ၏။

ကျွန်ုပ်သည် မအေးဝင်းအား အထက်ပါအတိုင်း တားရော့(၇)ချပ်ကို ဖြန့်ကျက်၍ တားရောတစ်ချပ်လျှင် ၃-ခွန်း ဖြင့် (၂၁)ခွန်းတိတိ ဟောပေးလိုက်ပြီ ဖြစ်၏။ (၂၁)ခွန်းဆိုသော ဟောကိန်းများသည် အတော်များနေပြီ ဖြစ်၏။ ကျွန်ုပ်ဟောတိုင်းဟောတိုင်းလည်း အရမ်းမှန်တာပဲဟု ၀န်ခံသောကြောင့် ကျွန်ုပ်သည် ဗေဒင်ဟောပေးရသည်မှာ လွန်စွာပျော်ရွှင်နေမိလေ၏။ (မှတ်ချက်- ဒီနေရာတွင် ဤကဲ့သို့ရေးသားရခြင်းမှာ ကျွန်ုပ်ကို ကျွန်ုပ် ဗေဒင်မှန်ပါတယ်ဟု ကိုယ့်ကိုဖော်မသူတော်ကဲ့သို့ ကြွားလုံးထုပ်သည်ဟု မထင်မြင်မယူစေလိုပဲ ဗေဒင်ဝါသနာရှင် လူငယ်များက တားရော့ဖြင့် ဗေဒင်မဟောတတ်ပါ။ ဘယ်လို ဟော၇တာလဲဟု မကြာခနဆိုသလို မေးတတ်ကြသောကြောင့် တားရော့ ပညာရပ်ဖြင့် ဤကဲ့သို့ မှန်မှန်ကန်ကန်ဟောလို့ရတယ်ဆိုတာကို သိစေချင်သောကြောင့် ဤသို့ ရေးသား ရခြင်း ဖြစ်ပါတယ်။) ထို့နောက် မအေးဝင်က ကျွန်ုပ်အား ဆက်လက်၍ အောက်ပါအတိုင်း ပြောပြလေတော့၏။

မှန်ပါတယ်ဆရာရယ်။ ဆရာဟောတာတွေ အကုန်နီးပါးလောက် မှန်ပါတယ်။ အလုပ်အကိုင် အဆင်ပြေတယ်ဆိုတာရော။ လင်ကံ ကောင်းလာတယ်ဆိုတာရော၊ လတ်တလောကိစ္စ ထစ်ငေါ့မယ်ဆိုတာရော၊ တော်တော်များများ မှန်ပါတယ်။ အဆိုးဆုံးကတော့ လူယုံသတ်မယ်။ ငွေလိမ်ခံရမယ်ဆိုတာကတော့ အမှန်ဆုံးပါပဲ။ အခုလာတာလဲ အဲဒီကိစ္စနဲ့ ဆရာ့ဆီလာတာပါ။ တော်တော်များ များ ပေးထားတဲ့ငွေတွေ ပြန်မရဘူးဖြစ်နေတယ်ဆရာ။ အဲဒါလေးတွေ ပြန်ရအောင် ကူညီပေးပါဦးဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း အလိမ်ခံရသောငွေများ အမြန်ပြန်ရစေသော အောက်ဖော်ပြပါယတြာ ကို မအေးဝင်းအား ပေးလိုက်လေတော့သတည်း။

အလိမ်ခံရသောငွေများ အမြန်ပြန်ရစေသောယတြာ

သခွါးသီးတစ်လုံးမှာ လူပုံဆွဲပါ။ ထိုလူပုံလေးရဲ့အောက်မှာ ငွေလိမ်သူရဲ့အမည်ကို ရေးပါ။ ထိုနောက် လမ်းလေးခွဆုံကို သွား၍ “ ငါ့ငွေတွေ အမြန်လာပေးစေ”ဟု ပြောဆို၍ ချိုးဖဲ့ စွန့်ပစ်လိုက်ပါ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

တစ်စုံတစ်ယောက်နှင့် သူနိုင်ကိုယ်နိုင်

မိတ်ဆွေများခင်ဗျား...
သင်တို့၏ ဘ၀တွင် တစ်စုံတစ်ယောက်နှင့် စကားအနိုင်ယူ၍ ပြောဆိုရမည့်ကိစ္စများ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကြုံတွေ့လာရပါက အောက်ပါနည်းအတိုင်း ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ အိမ်ထောင်ရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ အရောင်းအ၀ယ်ကိစ္စ၊ လူမှု့ရေးကိစ္စ ၊ အမှု့အခင်းကိစ္စ၊ အပေးအယူကိစ္စ၊ ပြဿနာဖြေရှင်းသောကိစ္စ အစရှိသော ကိစ္စရပ်များအတွက် တစ်စုံတစ်ယောက်နှင့် စကားယှဉ်ပြိုင် ပြောဆိုရသော ကိစ္စများရှိပါက ဆောင်ရွက်လို့ရပါ တယ်။

ကျွန်ုပ်၏ ဘ၀တစ်သက်တာ ဖြတ်သန်းခဲ့ရသော ကာလတွင် အတွေ့အကြုံများအရ ပြဿနာတစ်စုံတစ်ရာ တွေ့ကြုံပါက လူတော်တော်များသည် ထိုပြဿနာမှ ရှောင်ထွက်သွားကြတာ များပါတယ်။ ပြဿနာကို ဘယ်လိုပြေလည်သွားအောင် ဖြေရှင်းမလဲဆိုတာကို တွေးကြတာက နည်းပါတယ်။ ကျွန်တော် ငယ်ငယ်တုန်း ကဆိုရင် ပိုဆိုးပါတယ်။ ပြဿနာတက်မှာကို တွေးကြောက်တတ်တယ်။ နောက်ပြီး ကိုယ်ဆီကို ပြဿနာတစ်စုံတစ်ရာ ကျရောက်လာပြီဆိုရင် အဲဒီပြဿနာကို ဖြေရှင်းဖို့မစဉ်းစားပဲ လွတ်မြောက်ဖို့ပဲ ရှောင်ထွက်တတ်တယ်။

အမှန်တကယ်စဉ်းစားကြည့်တဲ့ အခါကြတော့ အဲဒီလိုရှောင်ထွက်လိုက်ကာမှ ပြဿနာတွေဟာ ပိုပိုပြီး ကြီးထွားလာတာကို သွားတွေ့ရတယ်။ ဥပမာဆိုကြပါစို့။ လူတစ်ယောက်က ကျွန်တော့်ကို အထင်လွဲတယ်။ သူ့မိန်းမနဲ့ ကျွန်တော်နဲ့ ဘာလိုလိုဖြစ်နေတယ်လို့ ထင်တယ်ဆိုကြပါစို့။ ငယ်ငယ်တုန်းကဆိုရင် သူအဲဒီလို ထင်နေတဲ့အတွက် ကျွန်တော်က သူတို့အိမ်ကိုလည်း မသွားမလာတော့ဘူး။ တတ်နိုင်သလောက် သူ့မိန်းမကိုလည်း မခေါ်မပြောတော့ဘူး။ ဘာကြောင့်လာည်းဆိုတော့ ကိုယ်က ပြဿနာကို ကြောက်တဲ့အတွက် ရှောင်ထွက်လိုက်တာ။

အခုကြတော့ အဲလိုမလုပ်တော့ဘူး။ ကိုယ်ကိုသူက အဲဒီလို ထင်တယ်ဆိုရင် ကိုယ်ကသူ့ကို သွားတွေ့ပစ်လိုက်တယ်။ မိတ်ဆွေက ကျွန်တော့်ကို အဲဒီလိုထင်နေတာဟာ အထင်လွဲတာသာဖြစ်ကြောင်း အစရှိသည်ဖြင့် ကိုယ့်ရဲ့ ရိုးသားမှု့ကို ထင်ရှားအောင် သွားပြလိုက်တယ်။ သူလည်းကိုယ့်ကို သံသယတွေ ပြေပြောက်သွားတယ်။ ပုံမှန်အတိုင်း သူတို့ မိသားစုနဲ့ ကျွန်တော်နဲ့လည်း အခင်အမင်မပျက် ဆက်လက် ခရီးဆက်လို့ရတယ်။ တစ်စုံတစ်ယောက်က သူ့ကို ကျွန်တော်နဲ့ သူ့အမျိုးသမီး အကြောင်းကို မကောင်းပြော ဆိုလာခဲ့ရင်တောင် သူက ကျွန်တော်တို့ဘက်က မားမားမတ်မတ် ရပ်တည်ပေးတယ်။ ဒါကဥပမာပြောတာပါ။

နောက်ရှိသေးတယ်။ အကြွေးသမားတွေ တော်တော်များများရှိတယ်။ ကိုယ်က သူများပိုက်ဆံကို ယူထားတယ် ဆိုကြပါစို့။ ဒီလမှာ အကြောင်းအမျိုးမျိုးနဲ့ အတိုးရော အရင်းရော မပေးနိုင်ဘူးဆိုကြပါစို့။ တော်တော်များများက အကြွေးရှင်ကို သွားမတွေ့ဘူး။ ရှောင်နေတယ်။ ဖုံးဆက်ရင် ဖုံးမကိုင်ဘူး။ နောက်ပြီး စကားပြောရင် ဝေ့လည်ကြောင်ပတ်နဲ့ ပြောတယ်။ သူ... ဒီလိုလုပ်တာဟာ သူနဲ့ အကြွေးရှင်နဲ့ ပြဿနာကို ပိုမို ကြီးထွားလာစေတယ်ဆိုတာရယ်၊ နောက် အကြွေးရှင်က သူ့အပေါ်မှာ သံသယတွေပိုမို ကြီးထွားလာစေတယ် ဆိုတာကို သူ ထည့်မတွက်ပဲ ရှောင်ထွက်တယ်။

အဲဒီလိုမလုပ်ပဲ သူကအကြွေးရှင်ကို ကိုယ်တိုင်သွားတွေ့ပြီး အကျိုးအကြောင်းကို သေသေချာချာ သွးပြောပြမယ်၊ တောင်းပန်ထားမယ်ဆိုရင် ပြဿနာတွေ အခက်အခဲတွေက သူထင်သလို ဆိုးရွားသွားမှာ မဟုတ်ပဲ အကောင်းဘက်ကို ဦးတည်စေမှာ ဖြစ်တယ်။ ဒါကြောင့် မိတ်ဆွေများကို အဓိက ပြောချင်တာက မိတ်ဆွေတို့ရဲ့ ဘ၀မှာ တစ်စုံတစ်ရာ ပြဿနာ အခက်အခဲကြုံတွေ့လာပါက ကိုယ်တိုင် ထိပ်တိုက် ပြေလည်အောင် ဖြေရှင်းကြည့်ပါ။

အခုကျွန်တော်ပြောပြချင်တဲ့ ယတြာက တစ်စုံတစ်ယောက်နဲ့ သူနိုင်ကိုယ်နိုင် စကားအနိုင်လုပြီး ပြောဆိုရမယ့်ကိစ္စတွေရှိလာပြီဆိုရင် ကိုယ်ပြောတဲ့ စကားကို တစ်ဖက်သားလက်ခ့အောင် နားဝင်အောင် ခေါင်းညိတ်အောင် ဆောင်ရွက်လို့ရမယ့် ယတြာတွေပါ။ ဒါကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ အသုံးဝင်လာပါလိမ့်မယ် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပါတယ်။

သွားတွေ့မည့်နေ့သား
ဆောင်သွားရန်
မျက်နှာမူစကားပြောရမည့်အရပ်
တနင်္ဂနွေ
မေမြို့ပန်းမြောက်အရပ်
တနင်္လာသပြေညွန့်အနောက်တောင်အရပ်
အင်္ဂါနှင်းဆီပန်းအရှေ့မြောက်အရပ်
ဗုဒ္ဓဟူးအုန်းညွန့်အရှေ့အရပ်
ကြာသပတေး
ကံ့ကော်ညွန့်
အရှေ့တောင်အရပ်
သောကြာ
စံပယ်
တောင်အရပ်
စနေ
ရွက်လှ
အနောက်အရပ်

ကျွန်တော်ကျွန်မတို့သည် နှစ်ဘက်သောမိဘတို့၏ ဘဘောတူညီချက်အရ

တစ်နေ့သော နံက်ခင်းပိုင်းတစ်ရက်မှာ အသက် (၄၀)လောက်ရှိတဲ့ ဒေါ်ဌေးရွှေဆိုသူသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းလေးထဲသို့ ရောက်လာလေ၏။ သူနဲ့ ကျွန်တော်က တော်တော်လေးလည်း ရင်းနှီးပါတယ်။ မကြာခနဆိုသလိုလဲ ကျွန်တော့်ဆီကို လာနေကျပါ။ ဒီနေ့ သူလာတော့ ကျွန်တော် သူ့မျက်နှာကို မသိမသာ အကဲခတ်ကြည့်မိတယ်။ ဒေါ်ဌေးရွှေရဲ့ မျက်နှာက မကြည်မသာ ဖြစ်နေတယ်။ တစ်ခုခုကို မကျေမနပ်ဖြစ်နေတဲ့ ပုံပါပဲ။ ကျွန်တော်တွေးတာ မမှားဘူးဆိုတာ ဒေါ်ဌေးရွှေပြောတဲ့ စကားတွေကြောင့် ကျွန်တော် သိလိုက်ရပါတယ်။ ကျွန်တော်ကို သူမက ဒီလို ပြောပြပါတယ်။

အိမ်က ကောင်မကြောင့် စိတ်ညစ်တယ်ဆရာတဲ့။ ပြောစကားဆိုစကားလည်း တစ်ချက်မှ နားမထောင်ဘူးတဲ့။ ဒီကောင်လေးနဲ့ လုံးဝ သဘောမတူပါဘူးဆိုတာ ပြောလို့ကို မရဘူးဆရာ။ ဒီနှစ်ထဲ အတင်းကြီးကို ယူတော့မယ်လုပ်နေတယ်။ ကောင်လေးကတော့ မဆိုးပါဘူး။ ခပ်ရိုးရိုး ခပ်အေးအေးထဲကပါပဲ။ ဒါပေမယ့် သူ့ မိဘတွေနဲ့ ကျွန်မက တည့်တာမဟုတ်ဘူး။ ဒါကြောင့် ကျွန်မက ဒင်းတို့သားနဲ့ဆို လုံးဝကို သဘောမတူတာ။ အဲဒါကို ဒင်းကသိသိကြီးနဲ့ အတင်းကိုယူမယ်တဲ့လေ။ ဒါကြောင့် သူတို့နှစ်ယောက်ကို မယူဖြစ်အောင် ကွဲသွားအောင် ဆရာလုပ်ပေးပါ။ အခု ဓာတ်ပုံတွေယူလာတယ်ဟုဆိုကာ သူမ၏ သားနှင့် ကောင်လေး၏ ဓာတ်ပုံတို့ကို ကျွန်ုပ်၏ ဗေဒင်ဟောသော စားပွဲပေါ်သို့ တင်လိုက်ရင်း သူမ၏ မကျေနပ်ချက်တို့ကို ပြောပြလေတော့၏။ ထိုအခါ ကျွန်ုပ်က

ဒေါ်ဌေးရွှေရယ်၊ ခင်ဗျားသမီးဆိုတာကလည်း ငယ်တော့တာမှ မဟုတ်တော့တာ။ အသက်တောင် ၂၃-ကျော်နေပြီပဲ။ ပြီးတော့ ဒီကောင်လေးနဲ့ သူနဲ့ ကြိုက်နေတာကလည်း အခုမှ မဟုတ်ဘူး။ ၃-နှစ်တောင် ကျော်ပြီဆိုတော့ သံယောဇဉ်ဆိုတာကလည်း တော်တော်လေး ဖြစ်နေရှာပြီဆိုတော့ သူတို့နှစ်ယောက်ကို သဘောတူပေးလိုက်ပါဗျာဟု ကျွန်ုပ်က ပြောလိုက်လျှင် ဒေါ်ဌေးရွှေက....

မရဘူးဆရာရေ.. လုံးဝ သဘောမတူနိုင်ဘူး။ ကျွန်မက ဗူးဆို ဖရုံသီးတတ်တာ မဟုတ်ဘူး။ ဆရာကလည်း ကျွန်မသမီးဘက်က သက်သေလိုက်မနေနဲ့တော့။အဲဒီတော့ ဆရာက ကျွန်မကို ကူညီပေးနိုင်မလား။ သူတို့နှစ်ယောက်ကို ကွဲသွားအောင် မယူဖြစ်အောင် လုပ်ပေးနိုင်မလားဟု ထပ်မံ၍ ပြောလိုက်လေလျှင် ကျွန်ုပ်က...

အဲဒါကတော့ ဒေါ်ဌေးရွှေကို အားနာနာနဲ့ ငြင်းရမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က အဲဒီလို ကွဲအောင် ကွာအောင်၊ ပျက်စီးအောာင် ၊ မပေါင်းရအောင် ဓာတ်ရိုက်ဓာတ်ဆင်တွေကို လုံးဝ လုပ်မပေးဘူး။ လုပ်မပေးဘူးဆိုလို့ မလုပ်တတ်ဘူးတော့ မထင်နဲ့။ ကျွန်တော်တို့ ဂမ္ဘီရပညာရပ်မှာ လုပ်တဲ့ ပညာရပ်တွေကတော့ အဆင်သင့်ရှိတယ်။ ဒါပေမယ့် ကျွန်တော် မလုပ်ပေးဘူး။ ဒါကြောင့် အားတော့နာပါတယ်။ အဲဒီကိစ္စကတော့ လုံးဝ မကူညီနိုင်ပါဘူး။ အရမ်းကို လုပ်ချင်တယ်ဆိုရင်တော့ ဒီပြင့် ဆရာတစ်ယောက်ယောက်ဆီမှာသာ သွားပြီး အကူအညီတောင်းပေတော့ဟု ပြန်ပြောလိုက်လျှင် ဒေါ်ဌေးရွှေသည်ကျွန်ုပ်အား လွန်စွာ မကျေမနပ် ဖြစ်သွားသောပုံဖြင့်

ဆရာမကူညီနိုင်ဘူးဆိုရင်လည်း ဆရာ့အခန်းထဲမှာ အချိန်ကုန်ခံပြီး ထိုင်နေလို့လည်း အပိုပေါ့ဆရာရယ်။ မဟာချိုင်မှာ ဆရာတွေ မရှားပါဘူး။ ဆရာတစ်ယောက်ထဲရှိတာမှ မဟုတ်တာဟု စောင့်စောင့်အောင့်အောင့် ပြောကာ ခြေကို စောင့်အောင့်နင်း၍ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းမှ စောင့်ကြီးအောင့်ကြီးဖြင့် ပြန်ထွက်သွားလေတော့၏။

ကျွန်ုပ်သည် ဒေါ်ဌေးရွှေဆိုသူအား လုံးဝ စိတ်မဆိုးပါ။ အဘယ်ကြောင့်ဆိုသော် သူမသည် အတ္တကြီးသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အတ္တကို ရှေ့တန်းတင်သော သူဖြစ်၏။ အတ္တကြီးသော သူများအားလုံး နီးပါးသည် ထိုကဲ့သို့ ဖြစ်တတ်သော သဘော၇ှိသည် မဟုတ်ပါလား။ ပြီးတော့ ဒေါ်ဌေးရွှေသည် သာမန်လူသားတစ်ဦး ပင်ရှိသေး၏။ လူသည် စိတ်အပြောင်းအလဲ များတတ်သော သတ္တ၀ါပင် မဟုတ်ပါလား။ ထို့ကြောင့် လူဖြစ်သော ဒေါ်ဌေးရွှေသည် လူဖြစ်နေသောကြောင့် လောဘလည်း ဖြစ်နိုင်၏။ ထို့အတူ ဒေါသလည်း ဖြစ်နိုင်၏။ ကျွန်ုပ်သည် မနုဿဟုခေါ်သော လူသားများအကြောင်းကို အနည်းငယ် သဘောပေါက်ထားသူ ဖြစ်လေရာ ဒေါ်ဌေးရွှေကို စိတ်ဆိုးစရာအကြောင်း မရှိတော့ချေ။

ဒေါ်ဌေးရွှေဆိုသူသည် ပြန်သွားပြီဖြစ်၏။ ကျွန်ုပ်သည်လည်း လုပ်လက်စ အလုပ်များကို ဆက်လက် လုပ်ကိုင်နေ၏။ အချိန်နာရီများလည်း တစ်ပတ်ပြီးတစ်ပတ်ဆက်လက် လည်ပတ်နေ၏။ နေ့လည်းတစ်နာရီခန့် တွင် လမ်းထိပ်ထမင်းဆိုင်သို့ သွားကာ ထမင်းစားပြီး၍ ကျွန်ုပ်လည်း အခန်းသို့ ပြန်လာ၏။ လမ်းတွင် ကွမ်းယာဆိုင် ကွမ်းဘတ်နှစ်ဆယ်ဖိုးလည်း ၀ယ်လာ၏။ အခန်းတွင် ကျွန်ုပ်သည် တစ်ယောက်တည်း အေးချမ်းစွာထိုင်၍ လုပ်လက်စ အလုပ်များကို ဆက်လက် လုပ်ကိုင်နေ၏။ ဆေးလိပ်ကိုလည်း တစ်လိပ်ပြီး တစ်လိပ်သောက်၍ စူပါကော်ဖီမစ်ကိုလည်း တစ်ကြိုက်ပြီး တစ်ကြိုက်သောက်နေ၏။ တစ်ခါတစ်ရံ ကွမ်းယာကို စား၍ ကွမ်းတံတွေးကို ထွေးခံအတွင်းသို့ တစ်ပြစ်ပြစ်ထွေး၏။ ထိုအချိန်တွင် ကျွန်ုပ်၏ အခန်းတံခါးကို တစ်စုံတစ်ယောက်သည် အပြင်မှ ခေါက်သောကြောင့် ကျွန်ုပ်လည်း အခန်းတံခါးကို ထ၍ ဖွင့်ပေးရလေ၏။

အခန်းအပေါက်ဝတွင် မတ်တပ်ရပ်နေသူမှာ နံက်ခင်းက ကျွန်ုပ်ထံသို့ ရောက်လာသော ဒေါ်ဌေးရွှေ၏ သမီးဖြစ် သူ သူဇာပင် ဖြစ်နေ၏။ သူဇာသည်လည်း ကျွန်ုပ်နှင့်ရင်းနှီးသော သူဖြစ်၏။ ကျွန်ုပ်သည်လည်း ဒေါ်ဌေးရွှေ၏ သမီးဖြစ်သူ သူဇာကို လာလေသူဇာ ။ ၀င်ပါ။ ဘယ်ကနေ ဘယ်လို လှည့်လာတာတုန်းဟု ဖိတ်ခေါ်ရလေ၏။ ထိုအခါ သူဇာက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြပြန်လေတော့၏။

ဒီလိုဆရာရေ..။ ဘယ်ကမှလှည့်လာတာ မဟုတ်ဘူး။ ဆရာဆီကိုပဲ လာတာ။ အိမ်က အမေလေဆရာ၊ အိမ်က အမေပေါ့။ မကောင်းဘူး သိလား။ အခု ကျွန်မတို့ အိမ်ထောင်ပြုမယ့် ကိစ္စကို သိသိကြီးနဲ့ သဘောမတူပြန်ဘူး။ အရင်တုန်းကတော့ သူတို့ပဲ သဘောတူ ကြည်ဖြူလာကြပြီးတော့ အခုကြတော့ သဘောမတူတော့ပြန်ဘူး။ အဲဒီတော့ အမေဆိုတော့ ပြောလို့ကလည်း မကောင်းဘူဆရာရယ်။ ပြောပြန်ရင်လည်း ကိုယ်ပဲ လွန်ရာကျမယ်။ ကိုယ်ပဲ မကောင်းဖြစ်ဦးမယ်။ ကိုယ်ပဲ ငရဲကြီးဦးမယ်ဆရာ။ ဒါကြောင့် မပြောတာပဲကောင်းမယ် ဆရာ့ဆီမှာပဲ အကူအညီတောင်းမယ်ဆိုပြီး ဆရာ့ဆီ ထွက်လာခဲ့တာ။

ဆရာက ကျွန်မကို တစ်ချက်လောက် ကူညီပေးပါဆရာရယ်။ ကျွန်မ အိမ်ထောင်ပြုမယ့်ကိစ္စကို မိဘတွေ သဘောတူအောင် ဆောင်ရွက်ပေးပါဟု ပြောလေ၏။ ဒီနေ့ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ တစ်နေ့တည်း တစ်ရက်တည်းတွင် အမြင်မတူသော ကိစ္စတစ်ခုကို နှစ်ဦးနှစ်ဘက်မှ လာရောက်၍ အကူအညီတောင်းကြ၏။ အမေဖြစ်သူအားတော့ ကျွန်ုပ်သည် မကူညီပေးနိုင်ဟု ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်လေ၏။ ယခု ထိုကိစ္စကိုပင် သမီးဖြစ်သူက ကူညီပေးပါဟု လာရောက် အကူအညီတောင်းပြန်၏။

ထို့ကြောင့် ကျွန်ုပ်သည်လည်း သမီးဖြစ်သူ၏ ကိစ္စကို အကူအညီပေးရလျှင် ပေးလျှင်ကောင်းမကောင်း ကျွန်ုပ် လွန်စွာ မြတ်နိုးသော တားရောကဒ်များထံမှ အကြံညာဏ်တောင်းယူလေ၏။ ထို့ကြောင့် သူဇာတို့နှစ်ယောက်၏ ကံဇာတာကို သိလိုသောကြောင့် ကျွန်ုပ်လည်း တားရော့ကို ချိုးကြည့်လိုက်လေရာ နံပတ် (၅) ဘုန်းကြီးတားရော့ ကဒ်ကျလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် သူဇာအား အောက်ဖော်ပြပါ ယတြာများကို ညွန်ပြလိုက်လေတော့၏။ ထိုယတြာများမှာ နှစ်ဘက်သောမိဘများမှ သဘောတူကြည်ဖြူ မင်္ဂလာကိစ္စ အထမြောက်အောင်မြင်စေသော ယတြာများပင် ဖြစ်၏။

နှစ်ဘက်သောမိဘများမှ သဘောတူကြည်ဖြူ မင်္ဂလာကိစ္စ အထမြောက်အောင်မြင်စေသော ယတြာ

နံပါတ်(၁)- တနင်္လာနေ့ နံက် (၉း၀၀)တွင် ၀သုနြေ္ဒနတ်မင်းကို တိုင်တည်၍ ဖယောင်းတိုင် (၉)တိုင် လှူဒါန်း၍ ဆုတောင်းရ၏။

နံပါတ်(၂)- ငှက်ပျော်သီးမှည့် တစ်လုံးတွင် အဖျားကနေ အရင်းအတိုင်း သံချွန်နှင့် “ နောက်ပြီးတော့ ”လို့ ရေးရ၏။ အဲဒိငှက်ပျော်သီးကို တိရာစ္ဆာန် တစ်ကောင်ကောင်အား ကျွေးမွေး၍ မင်္ဂလာကိစ္စ အထမြောက်စေကြောင်း ဆုတောင်းရ၏။ ထိုယတြာနှစ်ခုကို ကျွန်ုပ်သည် သူဇာအားဆောင်ရွက်ခိုင်း၏။ သူဇာကလည်း ကျွန်ုပ်ပြောသည့်အတိုင်း လိုက်လုပ်၏။

ထိုယတြာများ၏ အကျိုးကျေးဇူးကြောင့် သူဇာတို့၏ မင်္ဂလာကိစ္စသည်လည်း အထမြောက်သွား၏။ ဒေါ်ဌေးရွှေဆိုသော အမျိုးသမီးသည်လည်း လမ်းတွင်ကျွန်ုပ်အား မဆီမဆိုင် မခေါ်တော့ပေ။ ယနေ့တိုင် စိတ်ဆိုးလျှက်ရှိနေလေ၏။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်သည် ဒေါ်ဌေးရွှေဆိုသူအားလည်း ကျွန်ုပ် စိတ်မဆိုးပါ။ ထို့အတူ သူဇာ မင်္ဂလာဆောင်သောကြောင့်လည်း ကျွန်ုပ်သည် အလွန်အမင်း ၀မ်းမသာပါ။ အဘယ်ကြောင့် ဆိုသော် ကွန်ုပ်သည် ဗေဒင်ဆရာတစ်ဦး ဖြစ်နေသောကြောင့်တည်း။

အရာအားလုံးကိုလက်ခံနိုင်ကြပါစေ.....
ဟိန်းတင့်ဇော်

စာမေးပွဲအတွက် အထောက်အပံ့ ယတြာ

အင်း... ဘာလိုလိုနဲ့ ကျောင်းသားကျောင်းသူများအတွက် စာမေးပွဲဖြေဖို့အချိန်တောင် ရောက်တော့မယ်။ မကြာခင်မှာ ကျောင်းသူကျောင်းသားများအတွက် စာမေးပွဲတွေ ဖြေရတော့မယ်။ အောင်မြင်စေချင်တယ်။ ဒါရင်ထဲက ဆန္ဒအမှန်ပါ။ တစ်နှစ်ပြီးတစ်နှစ် တစ်တန်းပြီးတစ်တန်း တိုးတက်စေချင်တယ်။ ပညာရေးကို လိုက်စားစေချင်တယ်။ ပညာတတ်တဲ့ မြန်မာလူမျိုးတွေ များများပေါ်ထွန်းလာစေချင်တယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူ လူငယ်များကို အထူးပဲတိုက်တွန်း အကြံညာဏ်ပေးချင်တာက ဇွဲလုံ့လ၀ိရိယနဲ့ ကြိုးစားအားထုတ်စေချင်ပါတယ်။

ခေတ်ကြီးက ပြောင်းလဲလာပြီ။ ဒါကို သိစေချင်တယ်။ ပညာတတ်တဲ့ လူငယ်တွေရဲ့ လက်ထဲကို ရောက်လာပြီ။ ဒါကို မမေ့ပါနဲ့။ ပြီးတော့ လူကြီးမိဘတွေကို အထူးလေးစားစွာ တိုက်တွန်းချင်တာက မိမိတို့၏ သားသမီးတွေရဲ့ ပညာရေးကို အထူးအလေးပေးစေချင်တယ်။ ဆရာအောင်သင်းရဲ့ စကားကိုယူပြီး ပြောရရင်တော့ ယာယီကို ထာဝရ မထင်ပါနဲ့။ တဒင်္ဂ အဆင်ပြေဖို့ တစ်ခုတည်းကိုသာကြည့်ပြီး လူငယ်တွေပညာရေး တပိုင်းတစ မဖြစ်စေချင်ပါဘူး။

ဒီနေရာမှာ ကျွန်တော့်ဘ၀နဲ့ ရင်းပြီး ရလာတဲ့ သင်္ခန်းစာတစ်ခုကို ပြောပြချင်တယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ အများစုဟာ ပညာမတတ်ကြဘူး။ များသောအားဖြင့် မူလတန်းပညာအဆင့်ပဲ ရှိကြတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ ကျွန်တော်တို့ သူများနိုင်ငံမှာ သူများခိုင်းတာလုပ် သူများပေးသလောက် ယူရတဲ့ သူတစ်ပါးရဲ့ အခိုးအစေတွေ လာဖြစ်ရတာပေါ့။ အရာရာကို စီစစ်ဝေဖန် ပိုင်းခြားနိုင်တဲ့ ဦးနှောက်အတွေးအခေါ် အဆင့်အတန်း အရမ်းနိမ့်တယ်။ ဒါ ပညာမတတ်လို့ပေါ့။

ကျွန်တော်ကိုယ်တိုင် ပညာမတတ်ဘူး။ ဒီအချိန်မျာ ကျောင်းပြန်တက်ချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ ပညာတော့ လေ့ကျင့်သင်ယူနေရမှာပဲဆိုပြီး အသက်မွေးဝမ်းကျောင်း ပညာဘက်ကို လိုက်စားလာတယ်။ ကမ္ဘာကြီးမှာ လေ့လာသင်ယူစရာတွေ အများကြီး ရှိပါလားလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်တော်က အင်္ဂလိပ်စာ မတတ်ပြန်ဘူး။ အင်္ဂလိပ်စာ မတတ်ခြင်းဟာ နည်းပညာတွေနဲ့ ပေါင်းကူးတံတားလေး မရှိတဲ့အတိုင်းပါပဲ။ ဒါကြောင့် စစ်မှန်တဲ့ ပညာတွေကို လေ့လာခွင့်မရနိုင်ခဲ့ဘူး။

တိုးတက်ပြောင်းလဲနေတဲ့ အင်တာနက်ခေတ်ကြီးထဲမှာ ကျွန်တော်တို့တွေအတွက် လေ့လာစရာတွေ သင်ယူစရာတွေ တပုံတပင်ကြီးပါ။ ဘာအကြောင်းကို သိချင်လဲ။ သင်က ဘာတွေ ၀ါသနာပါလဲ။ google မှာ ရှာပြီး လေ့လာရုံပါပဲ။ အခက်အခဲကတော့ အင်္ဂလိပ်စာမတတ်တော့ ကျွန်တော်တို့တွေဟာ မြင်သာမြင်မကြင်ရတဲ့ ဘ၀ပေါ့။ ကျွန်တော်ဆိုရင် ဗေဒင်ပညာ၊ ဂမ္ဘီရပညာ၊ လျှို့ဝှက်သော ပညာရပ် စသော နိုင်ငံတကာ အနောက်တိုင်း အရှေ့တိုင်း လောကီပညာရပ်တွေကို အရမ်းဝါသနာပါတယ်။ လေ့လာချင်တယ်။ လိုက်စားချင်တယ်။ ဒါပေမယ့် ထုံးစံအတိုင်း အင်္ဂလိပ်စာမတတ်တော့လဲ အဆင်မပြေဘူးပေါ့။

နောက်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ဖူးတဲ့လူတိုင်း ပညာတတ်တစ်ယောက်ရဲ့ တန်ဖိုးကို အလိုလို နားလည် လာတတ်ကြတယ်။ လောကကြီးမှာ ပညာမတတ်တဲ့ လူတွေဟာ ပညာတတ်တဲ့ လူတွေရဲ့ ခိုင်းဖတ်ဖြစ်တော့မယ့် အခြေအနေပါ။

ဒါကြောင့် သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် အကြံညာဏ်ပေးချင်တာက ရသလောက်ပညာကို ကြိုးစားရှာဖွေပါ။ သင်ယူပါ။ ဆည်းပူးပါ။ မျက်လုံးကျယ်ကျယ်နဲ့ လောကကြီးကို ကြည့်ပါ။ အချိန်ကို တန်ဖိုးထားပါ။ မိမိ၏ အရင်းနှီးဆုံး ပတ်ဝန်းကျင်နဲ့ နွေးထွေးစွာနေပါ။ စိတ်ကို အေးချမ်းစွာ လေ့ကျင့်ပါ။ ကြိုးစားအားထုတ်နေတဲ့ သင်တို့အတွက် အခွင့်အရေးကောင်း အခြေအနေကောင်းတွေဟာ သင်တို့ရှေ့ကို မလွဲမသွေ ရောက်ရှိလာမှာပါလို့ အားလုံးကို တိုက်တွန်းပြောလိုက်ရင်း ပညာရေးကို အထောက်အကူဖြစ်စေမယ့် စာမေးပွဲယတြာများကို တင်ပြပေးလိုက်ရ ပေသတည်း။

တနင်္ဂနွေသားသမီးများအတွက်

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
ကံ့ကော် (၂) ညွန့်၊ မေမြို့ (၅)ပွင့်၊ သပြေ (၆)ညွန့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
အနောက်အရပ်ကို မျက်နှာမူ၍ သကြားအနည်းငယ်စား၍ ဆုတောင်းသွားပါ။

တနင်္လာသားသမီးများအတွက်....

ဇော်ဇိမ်း (၃) ညွန့်၊ သပြေ (၆)ညွန့်။ နှင်းဆီ (၇)ပွင့်။

မြောက်အရပ်ကို မျက်နှာမူ၍ နွားနို့အနည်းငယ်သောက်၍ ဆုတောင်းသွားပါ။

အင်္ဂါသားသမီးများအတွက်

ရွက်လှ (၄)ညွန့် ၊ အုန်း (၆)ညွန့် ၊ နှင်းဆီ (၇) ပွင့်။

အနောက်တောင်အရပ်ကို မျက်နှာမူ၍ အာလူးကြော်အနည်းငယ်စား၍ ဆုတောင်းသွားပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

အုန်း (၁) ညွန့်၊ မေမြို့ (၅)ပွင့်၊ ကံ့ကော် (၂)ညွန့်။

အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ ကိတ်မုန့်အနည်းငယ်စား၍ ဆုတောင်းသွားပါ။

ကြာသပတေးသားသမီးများအတွက်

ကံ့ကော် (၂) ညွန့်၊ ဇော်စိမ်း (၃)ပွင့်၊ သပြေ (၆)ညွန့်။

အရှေ့အရပ်ကို မျက်နှာမူ၍ ဇီးသီးအနည်းငယ်စား၍ ဆုတောင်းသွားပါ။

သောကြာသားသမီးများအတွက်

ဇော်စိမ်း (၃) ညွန့် ၊ ရွက်လှ (၄) ညွန့် ၊ နှင်းဆီ (၇)ပွင့်။

အရှေ့တောင်အရပ်ကို မျက်နှာမူ၍ ရှောက်ယိုအနည်းငယ်စား၍ ဆုတောင်းသွားပါ။

စနေသားသမီးများအတွက်

ရွက်လှ(၄) ညွန့်၊ အုန်း (၁)ညွန့် ၊ မေမြို့ (၅)ပွင့်။

တောင်အရပ်ကို မျက်နှာမူ၍ ပေါင်မုန့်အနည်းငယ်စား၍ ဆုတောင်းသွားပါ။

အားလုံးသောသူများအားလုံးအစဉ်ပြေကြမည်ဟု မျှော်လင့်ပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုးနိုင်ငံ-မဟာချိုင်မြို့

ပြီးတော့လည်း ပြီးသွားမှာပါ

ကျွန်ုပ်သို့ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်မှာ ယခုဆိုလျှင် လေးနှစ်တင်းတင်း ပြည့်မြောက်လာခဲ့ပြီ ဖြစ်လေ၏။ လေးနှစ်ပင် ပြည့်ပင်ပြည့်ငြားသော်လည်း ထိုင်းစကားကို ထမင်းစားရေသောက်ပင် ကောင်းကောင်းမွန်မွန် မပြောဆိုတတ်သေးပေ။ ထို့အတွက်ကြောင့် ကျွန်ုပ်သည် ထိုင်းနိုင်ငံတွင် နေရေးထိုင်ရေး လွန်စွာ ကသိကအောက် ဖြစ်ရလေ၏။ ကျွန်ုပ်အပေါ်တွင် ကောင်းမွန်ကြသော ထိုင်းစကားကျွမ်းကျင်ကြသော မိတ်ဆွေ အပေါင်းအသင်းများသာ မရှိပါက ကျွန်ုပ်သည် တစ်နေကုန်နေ၍ ထမင်းတောင်ကိုယ့်ဖာသာ စားရဖို့မမြင်ပေ။

အစတုန်းကတော့ ကျွန်ုပ်သည် ထိုင်းစကားအနည်းငယ်ကို ပြောကြည့်သေး၏။ ထိုင်းလူမျိုးများက ကျွန်ုပ်ပြောလိုက်သော စကားကို လုံးဝနားမလည်သောကြောင့် (အလိုင်နား- ဘာပြောတာလဲ)ဟု ပြန်မေးတတ်လေ၏။ ထို့ကြောင့် နောင်သောအခါတွင် အသက်ကြီးမှ လက်ပေးသင်ဆိုသကဲ့သို့ ကွန်ုပ်ပြောဆိုသော စကားများကို နားမလည်သည်ကို ရှက်သောကြောင့် မပြောရင်းမပြောရင်းဖြင့် လုံးဝမတတ်သော မပြောတတ်သော အခြေအနေသို့ ကျရောက်ခဲ့ရလေ၏။

ယခုအခါ ကျွန်ုပ်သည် ထိုင်းနိုင်ငံတွင်နေထိုင်၍ ထိုင်းစကားမတတ်သည်မှာ လွန်စွာ မျက်နှာငယ်ရကြောင်းကို ငြီးငြူမိလေရာ ကျွန်ုပ်၏ တပည့်တစ်ဦးက ထိုင်းစကားသင်ပေးသော ဆရာမတစ်ဦးကို ကျွန်ုပ်ထိုင်းစကား သင်ယူရန်အတွက် ခေါ်ပေးလေတော့၏။ ထိုထိုင်းလူမျိုး ဆရာမကလေးသည် အသက်အရွယ်အားဖြင့် (၂၈)နှစ်ခန့်ရှိ၏။ အသားက ဖြူဖြူဖွေးဖွေးလေးဖြင့် လွန်စွာကြည့်၍လည်း ကောင်းမွန်လှပေ၏။ သူသည် လွန်စွာမှလည်း သဘောမနောကောင်းရုံတင်မက စာသင်ရာတွင်လည်း လွန်စွာ စိတ်ရှည်သည်ဖြစ်ရာ မှတ်ညာဏ်မကောင်းသော ကျွန်ုပ်အတွက် လွန်စွာ အဆင်ပြေနေလေ၏။

ထိုင်းဆရာမကလေးသည် ကျွန်ုပ်၏အခန်းသို့ တစ်ပါတ်လျှင် (၅)ရက်တိတိ ထိုင်းစာနှင့်ထိုင်းစကားကို လာရောက်၍ သင်ပြပေးလေ၏။ နေ့လည် (၂)နာရီခန့်တွင် ရောက်လာ၍ (၅)နာရီလောက်ရောက်မှ ပြန်လေတော့၏။ ကြာသောအခါတွင် ကျွန်ုပ်နှင့် ဆရာမကလေးတို့သည်လည်း လွန်စွာရင်းနှီးခင်မင်သော အဖြစ်သို့ ရောက်ရှိလေတော့၏။ မောင်နှမအရင်းအခြာများပမာ ရင်းနှီးခင်မင်သောအဖြစ်သို့ ရောက်ရှိလေတော့၏။

တစ်ခါတစ်ရံ ညနေ (၅)နာရီထိုး၍ အိမ်ပြန်ကာနီးတွင် ဆရာမကလေးက “ အကျန်(ဆရာ) အပြင်မှာထမင်း သွားစားရအောင်ဟု ခေါ်လျှင် ကျွန်ုပ်က လိုက်ကျွေး၏။ တစ်ခါတစ်ရံ အလုပ်ပိတ်ရက်များတွင် ကျွန်ုပ် မရောက် ဖူးသောအရပ်ဒေသများသို့ လိုက်ပို့ပေးလေ၏။ တစ်ခါတစ်ရံ ထိုင်းဆရာမကလေးနှင့် ကျွန်ုပ်သည် ဈေးဝယ်သွားကြလေ၏။ ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး တပူးတွဲတွဲ နေထိုင်လာခဲ့၍ ကြာလာသောအခါတွင် ကျွန်ုပ်နေထိုင်သော ပါတ်ဝန်းကျင်မှ လူများသည် ကျွန်ုပ်အား ရှေ့တွင်တမျိုး။ ကွယ်ရာတွင် တစ်ဖုံ အမျိုးမျိုး အတင်းပြောကြလေတော့၏။

တစ်ချို့က ဆရာမကလေးနှင့် ဗေဒင်ဆရာသည် တိတ်တိတ်ပုန်း ညားနေကြပြီဟူ၍၎င်း ဖြစ်နေကြပြီဟူ၍၎င်း ပြောဆိုကြလေတော့၏။ တစ်ချို့ကဆိုလျှင် ကိုယ်ဝန်တောင် ဖျက်ချရသည်အထိပင် ပြောဆိုကြလေ၏။ ထိုစကားများကို ကျွန်ုပ်နှင့် လွန်စွာရင်းနှီးသော အသိမိတ်ဆွေများက ကျွန်ုပ်ထံသို့ သယ်ဆောင်လာခြင်းပင် ဖြစ်လေတော့၏။ ဆရာ သတိထားနော် ၊ ထိုင်းတွေက ဒါတွေ သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ ကျွန်မတို့က ကိုယ့်ဆရာ သိက္ခာကျမှာစိုးရိမ်လို့ သတိပေးတာပါ စသည်ဖြင့် သတိပေးသလိုလိုဖြင့် အတည်ပြောကြလေ၏။

တစ်ချို့ကလည်း ဆရာဟိန်းတင့်ဇော် မင်္ဂလာဆောင်ရင် ဘာကြွေးမှာလည်းဟု ခပ်တည်တည်ဖြင့် နောက်ကျလေရာ ကျွန်ုပ်၏ စိတ်ဓာတ်များသည် ဆောက်တည်ရာမရ လွင့်မျောနေလေတော့၏။ ထိုင်းစာသင်ခြင်းကို၎င်း၊ ဆရာမကလေးနှင့် ထမင်းအတူသွားစားရသည်ကို၎င်း အရင်တုန်းကလောက် စိတ်ပါလက်ပါ မရှိတော့ပေ။ တစ်ခါတစ်လေ မကောင်းတတ်၍ နှစ်ယောက်အတူတူ သွားရလျှင်လည်း လမ်းမှာတွေ့ရသော လူအများ၏ မျက်နှာကို ကြည့်မိရင်း အင်း... ငါ့အတင်းတွေတော့ ပြောနေတော့မှာပဲဟု ကိုယ့်ဘာသာ မလုံမလဲ တွေးမိလေတော့၏။

ထိုရက်များတွင် ကျွန်ုပ်၏စိတ်သည် ၎င်းကိစ္စကို အကြောင်းပြု၍ လွန်စွာမှပင် စိတ်လေနေလေတော့၏။ မိမိရှေ့ဆက်၍ ရည်ရွယ်ထားသော လုပ်ငန်းကိစ္စများ ခေါင်းထဲသို့ ရောက်ရှိလာသောအခါတွင်လည်း မအောင်မမြင်ဖြစ်မည်ကို တွေးတောပူပန်မိလေပြန်၏။ တပည့်များက သယ်လာသော ပတ်ဝန်းကျင်ပြောသော စကားများကို ပြန်လည်ကြားရသောအခါတွင်လည်း လူတွေကို ဒေါသ ဖြစ်မိပြန်၏။ ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် လေလိုက် ကျလိုက် ဒေါသထွက်လိုက် စသည်ဖြင့် ဆောက်တည်ရာမရ ဖြစ်နေလေတော့၏။ ထိုအချိန်တွင် အဘမင်းသိင်္ခပြောပြဖူးသော အောက်ဖော်ပြပါ ပုံပြင်လေးကို ပြန်လည်အမှတ်ရမိလေတော့၏။

ပြီးတော့လည်းပြီးသွားမှာပါကွာ

မင်းတို့ကို ငါ ပုံလေးတစ်ပုံ ပြောပြမယ်။ ဟိုး... ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲဒီ ဘုရင်ရဲ့ တိုင်းပြည်ကို တစ်ခြား အင်အားကြီးတိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေကြတယ်။ အဲဒီမှာ ဘုရင်ကြီးဟာ စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီးဆီမှာ အဆောင်ကလေးတစ်ခု သွားပြီးတောင်းတယ်။ သူတောင်းတဲ့အဆောင်က စိတ်ညစ်စရာတွေ ကြုံရင်လည်း စိတ်မညစ်ရဘဲ ပြေပျောက်သွားရမယ်တဲ့။ ပျော်စရာနဲ့ ကြုံရင်လည်း အရမ်းမပျော်ဘဲ တည်တည်ငြိမ်ငြိမ် ဖြစ်သွားရမယ်တဲ့။ အဲဒီလို အစွမ်းထက်တဲ့ အဆောင်လေးတစ်ခု ပေးပါလို့ တောင်းတယ်။

အဲဒီတော့ ရသေ့ကြီးက ကျောက်အနက်ကလေးနဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်။ လက်မှာ ၀တ်ထားဖို့လည်း မှာလိုက်တယ်။ ပြီးတော့ စိတ်ညစ်စရာတွေ ကြုံတဲ့အခါမှာ ဒီလက်စွပ်ကလေးကို စိုက်ပြီး ကြည့်လိုက်တဲ့။ ကြည့်တဲ့အခါ ဘာမှတွေ့ရမှာ မဟုတ်ဘူးတဲ့။ အမှောင်ရှိတဲ့နေရာမှာ ကြည့်တဲ့။ သိပ်ပြီး ပျော်လာတဲ့အခါမှာလည်း အဲဒီလိုပဲ လက်စွပ်ကလေးကို ကြည့်ပါတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးဟာ သူလိုချင်တဲ့ အဆောင်လက်စွပ်ကလေး ရတဲ့အတွက် အလွန်ပဲ ၀မ်းသာသွားတယ်။

အဲဒီလက်စွပ်ကလေးရပြီး သိပ်ပြီး မကြာပါဘူး။ အခြားတိုင်းပြည်ရဲ့ ဘုရင်တွေရဲ့ ခြိမ်းခြောက်မှု့ဟာ ပိုပြီး ပြင်းထန်လာတဲ့အတွက် ဘုရင်ကြီးဟာ အတော့်ကို စိတ်ညစ်သွားတယ်။ တုန်လည်း တုန်လှုပ်သွားရှာတယ်။ အဲဒီတော့ ဘုရင်ကြီးဟာ မှောင်ရိပ်ရှိတဲ့ ကျောက်တောင်ကလေးနားကို တက်သွားပြီး လက်စွပ်ကို စိုက်ပြီး ကြည့်လိုက်တယ်။ ရသေ့ကြီင်္းက အဲဒီလက်စွပ်ထဲမှာ စာထွင်းပြီးထည့်ထားတာ။ မှောင်ရိပ်ခိုပြီး ဘရင်ကြီးဟာ အဲဒီ ကျောက်နက်ကလေးကို စိုက်ကြည့်လိုက်တဲ့အခါ ကျောက်နက်ကလေးထဲက စာကို ကောင်းကောင်း ဖတ်လို့ ရသွားတယ်။ ဖတ်မိတာနဲ့ စိတ်ညစ်တာတွေရော ၊ ထိတ်လန့်တာတွေရော၊ စိုးရိမ်တာတွေ လုံးဝ လွင့်ပျောက်သွားတယ်။

အဲဒီကျောက်နက်လေးထဲက စာက ဘာလဲဆိုတော့... ပြီးသွားမှာပါ ဆိုတဲ့ စာပဲ။ ဆိုလိုတာက စိတ်ညစ်မနေနဲ့ သူ့ဘာသာသူ ပြီးသွားမှာပါတဲ့။ ပုံပြင်ကလေးကတော့ ဒီလောက်ပဲ။ အဲဒိတော့ မောင်ရင်တို့ကို ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် ပြီးသွားမှာပဲကွာ။ ဘာမှ စိတ်ညစ်မနေနဲ့။

ကျွန်ုပ်သည် ဆရာသခင် အဘမင်းသိင်္ခ ပြောပြခဲ့ဖူးသော ထိုပုံပြင်ကလေးကို ပြန်လည်အမှတ်ရ လေသောကြောင့် ကျွန်ုပ်၏ စိတ်တွင် ထိုင်းဆရာမကလေးနှင့်ပတ်သက်၍ ပတ်ဝန်းကျင်က ပြောဆိုသော စကားများကို အကြောင်းပြုပြီး ဖြစ်တည်နေသော စိတ်ညစ်စရာများ၊ စိတ်မချမ်းမြေ့စရာ အသံများကို အကြောင်းပြု၍ ဖြစ်တည်နေသော စိတ်ရှုပ်စရာများသည်လည်း ပြီးသွားမှာပါ ဟူသော စကားတစ်ခွန်းကြောင့် လွန်စွာ သက်သာခွင့်ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဆရာသခင်အဘမင်းသိင်္ခကို ရည်မှန်း၍ ဧကံသကန်တော့နည်းဖြင့် ကျေကျေနပ်နပ်ကြီး ကန်တော့ဦးချလိုက်လေတော့သတည်း။

ကျွန်ုပ်၏ ခင်မင်လေးစားရပါသော မိတ်ဆွေများခင်ဗျာ.....
ကောင်းတာပဲဖြစ်ဖြစ် ၊ ဆိုးတာပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်နေဖြစ်နေ နောက်ဆုံးတော့လည်း ပြီးသွားမှာပဲ မဟုတ်လားဗျာ....

သင်တို့အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အိမ်တွေကားတွေခြံတွေဆိုင်တွေကို အန္တရာယ်ကင်း သနချေရအောင်

ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်း၌ နေ့စဉ်နှင့်အမျှ ဗေဒင်မေးလာသူများနှင့် စည်ကားစည်ပင်နေလေ၏။ ထိုဗေဒင်မေးလာကြသူများထဲတွင် လူတစ်ရာလျှင် ကိုးဆယ့်ကိုးယောက်လောက် မေးလေ့မေးထရှိသော မေးခွန်းများတွင် တစ်ခုအပါအ၀င်ဖြစ်သော မေးခွန်းတစ်ခုမှာ ဆရာ ကျွန်တော်ကျွန်မတို့ ခြံ သန့်ရဲ့လား။ တစ်ချက်လောက် ကြည့်ပေးပါဆရာ၊ ကျွန်မ အိမ်ကို တစ်ချက်လောက် စစ်ပေးပါဆရာရယ်။ နောက်ပြီး ကျွန်တော် အခုဝယ်လာတဲ့ ကားက သန့်ရဲ့လားဆရာ တစ်ချက်လောက် ကြည့်ပေးပါဆရာ အစရှိသည်ဖြင့် မေးမြန်းတတ်ကြလေ၏။

သူတို့မေးသော သန့်ရဲ့လားဆိုတာအဘယ်နည်း။ ညစ်ပတ်နေတာကို ပြောတာမဟုတ်ပေ။ မမြင်ရသော ပရလောက အနှောက်အယှက်များ၊ တစ္ဆေသရဲ ၊ မှင်စာ၊ ၀ိညာဉ်များ၏ တွယ်ငြိခိုကပ်နေသော အနှောက်အယှက် များကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ မြတ်ဗုဒ္ဓဟောတော်မူသော ပဋိစ္စသမုပ္ပဒ် ဒေသနာတော်လာ ဥပါဒါန ပစ္စယာ ဘ၀ဟူသော ဒေသနာတော်အရ လူသားများသည် မိမိတိုပ စွဲလမ်းငြိကပ်နေ သော ဥပါဒါန်တရားများကြောင့် မလွတ်ကျွတ်သော ။ မကောင်းသော ဘ၀များသို့ ကျရောက်ရသည်မှာလည်း ရှိသည်ပင် မဟုတ်ပါလား။

ထို့ကြောင့် မိမိတို့၏ အိမ်၊ ခြံ၊ ကား၊ ဈေးဆိုင်စသောနေရာများတွင် မကောင်းသော အငွေ့အသက်များ၊ မကောင်းသော လှိုင်းများ၊ မကောင်းသောအနှောက်အယှက်များ ခိုကပ်နေပါက စိတ်အနှောက်အယှက် ဖြစ်ခြင်း၊ နေရထိုင်ရတာ မပျော်ရွှင်ခြင်း၊ ကျန်းမာရေးခြူခြာ ပျော့ညံ့ခြင်း၊ လုပ်စားကိုင်စား အဆင်မပြေခြင်း၊ စီးပွားလာဘ်လာဘ မပွင့်လန်းခြင်း စသော အဖြစ်အပျက်များ ဖြစ်တတ်ပါတယ်။

တချို့ ခြံများ အိမ်များ ကားများတို့သည် တော်တော်လေး အခြေအနေဆိုးနေသည်ကို တွေ့ရလေ၏။ အနှောင့်အယှက်များက ကိုယ်ထင်ပြသည့် အထိပင် ဆိုးတတ်ကြ၏။ ကျွန်ုပ်အား လာရောက်ပြောပြသော သူများ၏အဆိုအရ ညအိပ်လျှင် လမ်းလျှောက်နေသော ခြေသံများကို ကြားနေရသည်ဟူ၍၎င်း၊ ညညဆို ရိပ်ကနဲ့ရိပ်ကနဲ့ တွေ့တွေ့နေရသည်ဟု၎င်း၊ ကားမောင်းနေစဉ် မကြာခနဆိုသလို ကားရှေ့က ဖြတ်ပြေးသလို မြင်ရသည်ဟု၎င်း လာရောက်ပြောဆိုကြလေ၏။

ထိုအကြောင်းအရာနှင့်ပါတ်သက်၍ ကျွန်ုပ်ကိုယ်တိုင်၏ အတွေ့အကြုံတစ်ခုလည်း ကြုံခဲ့ဘူးလေ၏။ လွန်ခဲ့သော (၇)နှစ်လောက်တုန်းက ကျွန်ုပ်သည် မရမ်းတလင်း အယူတော်မင်္ဂလာခြံမှ ခွင့်ယူကာ မွေးရပ်မြေဖြစ်သော မြန်အောင်မြို့သို့ အဓိဋ္ဌာန်ဝင်ရန်အတွက် ခေတ္တ ပြန်လာခဲ့၏။ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းခို၍ အဓိဋ္ဌာန်ဝင်ရန် အလို့ငှာ ကျွန်ုပ်သည် ထိုကျောင်း၌ တစ်ရက်နှစ်ရက် တည်းခို၍ အခြေအနေကို စနည်းနာကြည့်လေ၏။

ထိုကျောင်းတွင် သီတင်းသုံးနေသော ဘုန်းတော်ကြီးက အဓိဋ္ဌာန်ဝင်တာကတော့ ဘုန်းကြီးအနေနှင့် အထူးပြောနေစရာတော့ မရှိပါဘူး ဒကာလေးရယ်။ ကောင်းတဲ့ အလုပ်ပဲ မဟုတ်လား။ ဒကာလေး တည်းခိုနေထိုင်ချင်ရင်တော့ ဟောဟို သိမ်ထဲမှာသာ ဒကာလေးကိစ္စကို အောင်မြင်အောင်ဆောင်ရွက်ပေတော့ ဟု အမိန့်ရှိသဖြင့် ကျွန်ုပ်လည်း ထိုသိမ်ထဲတွင် သန့်ရှင်းရေးလုပ်ရင်းဖြင့် ထိုညတစ်ညကို အိပ်စက်လေတော့၏။ ထိုညတွင် ကျွန်ုပ်သည် အင်မတန်ထွားကြိုင်းသော ကိုရင်ကြီးတစ်ပါးကို အိပ်မက်မက်လေ၏။ အိပ်မက်ထဲတွင် ကိုရင်ကြီးမှာ အလွန်အမင်း ဒေါသထွက်နေဟန်ရှိ၏။ ကျွန်ုပ်အားလည်း အလိုမကျသောမျက်နှာဖြင့် ကြည့်နေသည်မှာ အင်မတန်မှ ကြောချမ်းစရာ ဖြစ်နေ၏။

ထိုကဲ့သို့ အင်မတန် ကျောချမ်းစရာကောင်းသော အိပ်မက်ကို မြင်မက်၍ ကျွန်ုပ်သည် လန့်နိုးလေရာ ကျွန်ုပ်၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ ကျွန်ုပ်သည် ညဦးပိုင်းအိပ်စတုန်းက သိမ်ထဲတွင် အိပ်စက်ခဲ့၏ ယခုအခါ သိမ်၏ အပြင်ဘက်နတ်လမ်းပေါ်တွင် ရောက်ရှိနေလေတော့၏။ ထိုအခါမှ ကျွန်ုပ်လည်း ကြက်သီးမွှေးညှင်းများ ထလာ၏။ လွန်စွာမှလည်း ကြောက်ရွံ့ထိတ်လန့်လာ၏။ ပြန်၍လည်း မအိပ်စက်ရဲသောကြောင့် သိမ်ထဲရှိ မြတ်ဘုရားအား ဖယောင်းတိုင်အမွှေးတိုင်များ ထိန်နေအောင် ထွန်းညှိပူဇော်ကာ ရသလောက်သော ဂါထာမန္တာန်များကို ရွတ်ဖတ်ရ၏။ မေတ္တာပို့ အမျှဝေရ၏။ တောင်းပန်ရလေ၏။

( ထိုအချိန်က ကျွန်ုပ်ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုသော တောင်းပန်စကားမှာ ကျွန်ုပ်သည် အလွန်အင်မတန် ကြောက်တတ်သောကြောင့် ကျွန်ုပ်အား ကျေးဇူးပြု၍ မခြောက်လှန့်ရန်နှင့် ကိုယ်ထင်မပြရန် ဒီနေရာမှာ နေတာကို မကြိုက်ရင်လည်း မနေပါဘူးဟု တတွတ်တွတ် ပြောဆိုတောင်းပန်ခဲ့လေ၏။ ကျွန်ုပ်သည် ထိုအချိန်တုန်းကပင် ကြောက်တတ်ခဲ့သည် မဟုတ် ၊ ယခုတိုင်အောင်ပင် အလွန်အမင်း ကြောက်တတ် နေပါသေး၏။)

နံနက်မိုးလင်း၍ ဘုန်းတော်ကြီးအား ထိုအကြောင်းကို လျှောက်တင်လေရာ ဘုန်းတော်ကြီးက အရင်တုန်းက အဲဒီ သိမ်ကြီးထဲတွင် သူ၏ တပည့်ရင်း ကိုရင်တစ်ပါးနေထိုင်ခဲ့ကြောင်း အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံရန် တစ်ပါတ်အလိုတွင် သူများသတ်၍ အစိမ်းသေ သေသွားခဲ့ကြောင်း ယနေ့အထိ မကျွတ်မလွတ်သေးကြောင်း သိမ်ထဲတွင်လည်း ဆရာတော်တစ်ပါးသာ ကျိန်း၍ရကြောင်း ပြောပြလေသောကြောင့် ကျွန်ုပ်လည်း ကိုရင်ကြီး သရဲကို ကြောက်သောကြောင့် သိမ်ထဲတွင် သွားရောက်အဓိဋ္ဌာန် မ၀င်ရဲသောကြောင့် ဘုန်းကြီးကျောင်းမှာပင် ခွင့်တောင်း၍ အဓိဋ္ဌာန် ၀င်ခဲ့ရလေတော့၏။

အဲလိုပါပဲ။ မိတ်ဆွေတို့ ပိုင်ဆိုင်သော အိမ်၊ခြံ၊ မြေ၊ တိုက်တာ။ အဆောက်အဦး။ ကား၊ ဆိုင်ကယ် အစရှိသော ပစ္စည်းများတွင် ထိုကဲ့သို့ စိတ်ထဲတွင် မသိုးမသန့် ဖြစ်ပါက အောက်တွင်ဖော်ပြပေးလိုက်သော နည်းစနစ်ဖြင့်သာ ဆောင်ရွက်လိုက်ပါ။ ချက်ချင်းလက်ငင်း သန့်ရှင်းစင်ကြယ် သွားပါလိမ့်မယ်။ အနှောက်အယှက်များလည်း ကင်းဝေးသွားပါလိမ့်မယ်။

သန့်ရှင်းစေသောနည်း

ဇလုံတစ်လုံးထဲတွင် ရှာလကာရည် တစ်ပုလင်းထည့်ပါ။ ရေ(၇)ပုလင်းရောထည့်ပါ။ တရော်ကင်ပွန်းရလျှင် ထည့်ပါ။ မရလျှင်လည်း ရပါသည်။ ထို့နောက် သနသန သနအပေါင်း ထောင်သောင်းကျေစေ ဟု (၃၇)ခေါက် ရွတ်ဆိုမန်းပါ။ ထို့နောက် မိမိ သန့်ရှင်းစေလိုသော ပစ္စည်းများကို ပက်ဖြန်းပေးခြင်း ။ ဆေးကြောခြင်း၊ ဖြန်းပေးခြင်းဆောင်ရွက်လိုက်ပါ။

သင်တို့အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ -မဟာချိုင်မြို့

ကျွန်တော်ကိုယ်တိုင်ရေးသားဖြန့်ဝေတော့မယ့် စာအုပ်ပါ။

ကျွန်ုပ်သည် မှော်ဘီမြို့၊မရမ်းတလင်းတော၊ အယူတော်မင်္ဂလာခြံတွင် အဘဆရာကြီးမင်းသိင်္ခ၏ထံတွင် ဗေဒင်ပညာရပ်များကို နှစ်များစွာ သန္ဓေတပည့် အဖြစ် နေထိုင်ကာ သင်ယူဆည်းပူးခဲ့ရပါသည်။ ကျွန်ုပ်၏ အသက်(၂၉)တွင် ထိုင်းနိုင်ငံ-မဟာချိုင်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။ မဟာချိုင်မြို့တွင် ဗေဒင် ဟောခန်းဖွင့်လျှက် နေထိုင်လာခဲ့ရာ ယခုဆိုလျှင် သုံးနှစ်တင်းတင်း ပြည့်ခဲ့ရသော နှစ်သို့ရောက်ပြီဖြစ်၏။ ထိုသုံးနှစ်အတွင်း ကျွန်ုပ်သည် ပြောပြ၍ မကုန်နိုင်လောက် အောင်များလှသော အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရလေ၏။ ထိုသို့ အခက်အခဲ များကို ရင်ဆိုင်ရသည်မှာ ကျွန်ုပ်တစ်ဦးတည်း ကြုံတွေ့ရသည် မဟုတ်ပေ။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အားလုံးနီးနီး ကြုံတွေ့ရခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ကာ မိမိနေအိမ်၌ပင် အလွယ်တကူ ဆောင်ရွက်လို့ရသော ယတြာစာအုပ်တစ်အုပ် ရေးသားရလျှင် ကောင်းမည်ဟု စိတ်ကူးမိ၍ ယခု အောင်နိုင်သူတို့၏ယတြာများဟု အမည်ရသော စာအုပ်ကို ကြိုးစားရေးသားလိုက်ခြင်းဖြစ်ပါသည်။ ထိုစာအုပ်ကို ရေးသားရာတွင်လဲ များစွာသော အခက်အခဲများကို ရင်ဆိုင်ခဲ့ရ၏။ အများဆုံး အခက်အခဲမှာ ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်တတ်ခြင်းပင် ဖြစ်၏။

တစ်ခါတစ်ရံ မိမိကြိုးစားရေး သားထားသော စာမူများအားလုံးကို မှားယွင်း၍ ဖျက်မိသွားသော ကြောင့် အသစ်ကပြန်၍ ရိုက်ယူရပြန်လေ၏။ မည်မျှပင် အခက်အခဲများ ရှိနေသည့်ကြားမှပင် မအိပ်မနေ ကြိုးစားအားထုပ်၍ ရေးသားခဲ့ရပါသည်။ယခုစာအုပ်ကို ကျွန်ုပ်သည် စီးပွားဖြစ် ရောင်းချသွားမည် မဟုတ်ပဲ ကုန်ကျသလောက်မျှဖြင့် ဖြန့်ဝေသွားမည်ဖြစ်ပါတယ်။အားလုံးသော ရွေ့ပြောင်း အလုပ်သမားများအားလုံး ကြုံတွေ့နေရသော ဒုက္ခအခက်အခဲများမှ လွတ်မြောက်ကြ၍ အောင်မြင်သော ဘ၀များကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ရပါသတည်း။

အခုတော့ စာအုပ်လေးကို အားလုံးအချောသတ်ရေးသားပြီးပါပြီ။ ထုပ်ဝေဖို့ပဲ ကျန်တော့တယ်။ အဲဒီတော့ စာအုပ်ကို ထုပ်ဝေဖို့အတွက် ပုံနှိပ်တိုက်တွေကို စုံစမ်းကြည့်တော့ အနည်းဆုံး အုပ်ရေ (၁၀၀၀) ထုပ်ဝေမှ ထုပ်ပေးမယ်တဲ့။ ကုန်ကျစရိပ် အနည်းဆုံး ဘတ်ငွေ (၅၀၀၀၀)လောက်တော့ ကုန်မယ်လို့ ပြောတယ်။ ဒါနဲ့ မထူးပါဘူးလေ ဆိုပြီး ကိုယ့်ဟာကို မိတ္တူကူးစက်တစ်လုံး ၀ယ်တယ်။ ကိုယ်ဘာသာစာရွက်တွေ ပရင့်ထုပ်တယ်။ နောက်ပြီး ကိုယ့်ဘာသာပဲ စာအုပ်ချုပ်တယ်။ နောက် ကျွန်တော့် ဗေဒင်ဟောခန်းကပဲ ဖြန့်မယ်။ အခုတော့ အွန်လိုင်းက ကျွန်တော် စာဖတ်ပုရိသတ်များအတွက် အရင်ဦးဦးဖျားဖျား လက်ဆောင်ပေးလိုက်ပါတယ်။ အကူအညီတောာင်းချင်တာက ဒီစာအုပ်လေးကို အချိန်ပေးပြီး ဖတ်ပေးပါ။ နောက်ပြီး လိုအပ်တာလေးတွေကို အကြံညာဏ်ပေးပေးကြပါဦး ၊ ဝေဖန်ပေးကြပါဦးလို့ အကူအညီတောင်းလိုက်ပါရစေ.........

ဒီမှာ-ဒေါင်းပါ။ ဒီမှာတော့ တိုက်ရိုက်ဖတ်ပါ။

ပြည့်စုံစေသောနည်း

ကျွန်တော် အခုရက်ထဲ အကြောင်းအမျိုးမျိုး ကိုယ်တိုင်စာရိုက်မတင်နိုင်လို့ ဆရာသခင် အဘမင်းသိင်္ခ၏ ယတြာတွေကို ကျွန်တော်ကိုယ်တိုင် စကင်ဖတ်တယ်။ ပြီးတော့ ပီဒီအက်စာအုပ်အဖြစ်ဖတ်ပြီး တင်တင်ပေးနေ တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဘလော့လေးကို လာရောက်လည်ပတ်ကြတဲ့ သူတွေအတွက် အကျိုးတော့ ဖြစ်စေမှာပေါ့ဗျာ။ ဒီနေ့ ဒီပို့လေးကတော့ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ဘ၀မှာ ဘာအခက်အခဲ ဘာလိုအင်ဆန္ဒတွေပဲ ကြုံကြုံ အဘရဲ့ စာထဲကအတိုင်း လိုက်လံဆောင်ရွက်ကြည့်လိုက်ပါ။ ရက်ပိုင်းအတွင်း ထူးခြားပါတယ်။ စာဖတ်ရတာ အခက်အခဲရှိရင်တော့ ကျွန်တော့်ကို ပြောပါဦးဗျာ။

အိမ်ရစေသောမနောမယအဓိဋ္ဌာန်

ဒီနည်းကတော့ ကျွန်တော်တို့ ဘ၀တွေအတွက် အိမ်ရစေတဲ့နည်းလေးပါ။ ဒါကတော့ စိတ်တန်ခိုးနဲ့ အဓိဋ္ဌာန်ကို ပေါင်းစပ်ပြီးတော့ အဘမင်းသိင်္ခက ပြောပြသွားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လို အောက်ခြေလူတန်း စားတွှေတွက် အိမ်တစ်လုံး ၀ယ်နိုင်ဖိုပဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် အိုးပိုင်အိမ်ပိုင်ဆိုတာ တော်တော်လေး အလှမ်းကွာနေ၊ စိတ်ပျက်အားငယ်နေမယ့်အတူတူ ဒီတိုင်းလေး လိုက်နာကျင့်ကျံ ကြည့်လိုက်လို့ အိမ်တစ်လုံး ကြံဖန်ပြီး ရလာမယ်ဆိုရင် ကျွန်တော်တို့တွေအတွက် ဘယ်လောက်ကောင်းလိုက် မလဲ။ ဒါကြောင့် လုပ်ကြည့်ပါလို့သာ တိုက်တွန်းလိုက်ပါရစေ...

အဆောင်များဆောင်ထားခြင်းကို ၀ါသနာပါသူများအတွက်

အဆောင်တွေ ယတြာတွေ ဆောထားရတာ လုပ်ရတာ ၀ါသနာပါသူတွေအတွက် အရမ်းကောင်းတဲ့ အဆောင်ပါ။ ဗောဓိပက္ခိယအင်းလို့ ခေါ်ပါတယ်။ ဘာတွေကောင်းလဲလို့ မေးရင်တော့ အကုန်ကောင်းတယ်လို့ ပြောရမယ် ထင်ပါတယ်။ ဘာကိစ္စမဆို သုံးလို့ ရပါတယ်။ အလုပ်ကိစ္စ၊ စကားပြောအောင်မြင်ဖို့ကိစ္စ၊ လမ်းခရီး အန္တရာယ်ကင်းစေဖို့ ကိစ္စ၊ ဈေးရောင်းကောင်းဖို့ ကိစ္စ၊ ရာထူးတိုးဖို့ကိစ္စ အားလုံးကို အသုံးပြုလို့ ရပါတယ်။ အောက်မှာ ဆက်လက်ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အခက်အခဲများပြေလည်စေသော လွယ်ကူသောနည်းတစ်ခု

သင်တို့လျှောက်လှမ်းသော ဘ၀ခရီးလမ်းတွင် အခက်အခဲမျိုးစုံတို့သည် စောင့်ကြိုလျှက်ရှိသည်။ ဘ၀သည် သာယာဖြောင့်ဖြူးသော ပန်းခင်းလမ်း မဟုတ်ပါ။ အပျော်ခရီးသွားစရာ ပန်းခြံမဟုတ်ပါ။ ကစားကွင်းမဟုတ်ပါ။ သို့သော် အပျော်ခရီး တစ်ခုလို သဘောထားပြီး သွားတာ အကောင်းဆုံး ဖြစ်မည်ထင်၏။ ထိုအခါ သင်၏ ဘ၀ခရီးလမ်းသည် လေးလံခြင်းများ၊ ပျင်းရိငြီးငွေ့ခြင်းများ၊ စိတ်ပျက်အားငယ်ခြင်းများ ဖြစ်မည်မထင်၊ ပျော်ရွှင်စရာ ဘ၀ခရီးလမ်းတစ်ခု အဖြစ် တွေ့မြင်ရလိမ့်မည်။

ထို့ကြောင့် သင်သည် နေ့စဉ်နေ့တိုင်းသင်၏ ဘ၀ခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းစေချင်ပါသည်။ ပျော်လည်း တစ်ရက်ကုန်လိမ့်မည်၊ ပျက်လည်း တစ်ရက် ကုန်လိမ့်မည်။ ထို့ကြောင့် ပျော်တာပင် ကောင်းလိမ့်မည် ထင်၏။ ရီတာနဲ့ ငိုတာ ဘယ်ဟာကောင်းသနည်း။ ရီတာကောင်း၏။ ထို့ကြောင့်ပင် သင်သည် ရီရီမောမောသာ လျှောက်လှမ်းစေချင်ပါ၏။

ထိုကဲ့သို့ လူသားတို့၏ ဘ၀ခရီးလမ်းကို ပန်းခင်းသောလမ်းပမာ လျှောက်လှမ်းနိုင်ဖို့အတွက်ဆိုလျှင် သင်တို့ ပုခုံးထက်တွင် သင်တို့ကိုယ်တိုင် ထမ်းတင်ထားသော အထုပ်ကြီး နှစ်ထုပ်ကို သင်တို့ကိုယ်တိုင် ပြစ်ချလိုက်ဖို့ အရေးကြီးပါ၏။ အတိတ်ဆိုသော အထုပ်နှင့် မရောက်လာသေးသော အနာဂါတ်ဆိုသော အထုပ်နှစ်ထုပ်ပင် ဖြစ်၏။

သင်သည် အတိတ်ကာလက ဖြစ်ပျက်ခဲ့သော အကြောင်းအရာမျိုးစုံကို ထမ်းပိုးထား၏။ အနာဂါတ်တွင် မရောက်လာသေးသော။ မသေချာသော အကြောင်းအရာမျိုးစုံ ထမ်းပိုးထား၏။ ထို့အတွက်ကြောင့် သင်တို့သည် လွန်စွာလေးလံနေကြကုန်၏။ ထိုကြောင့် သင်တို့ကိုယ်တိုင် ကောင်းမွန်စွာ လွှတ်ချကြည့်လိုက်စမ်းပါ။ သင်သည် လွတ်လတ်ပေါ့ပါးခြင်း၏ ချိုမြိန်သော အရသာကို သင်ကိုယ်တိုင် ခံစား၇လိမ့်မည်။ ထိုအခါ သင်သည် ဗလာဟူသော ဝေါ၀ါရဓမ္မကို ကောင်းမွန်စွာ အလိုလို သဘောပေါက်လာလိမ့်မည်။

သင်၏ ဘ၀တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက အောက်တွင် ကျွန်ုပ်တို့၏ ဆရာသခင် အဘဒေါက်တာ မင်းသိင်္ခ ညွန်ပြပေးထားသော ယတြာနည်းဖြင့် ဆောင်ရွက်ကြည့်လိုက်ပါ။ ဒါသည်လည်း သင်တို့ ဘ၀ခရီးအတွက် ပေါ့ပါးစေသော နည်းတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပါလား။

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ မဟာချိုင်မြို့

Thursday, February 24, 2011

Monday, February 21, 2011

Friday, February 18, 2011

Wednesday, February 16, 2011

Tuesday, February 15, 2011

Monday, February 14, 2011

Sunday, February 13, 2011

Friday, February 11, 2011

Thursday, February 10, 2011

Tuesday, February 8, 2011

Sunday, February 6, 2011

Saturday, February 5, 2011

Thursday, February 3, 2011

ကျွန်တော်ကိုယ်တိုင်ရေးသားဖြန့်ဝေတော့မယ့် စာအုပ်ပါ။

ကျွန်ုပ်သည် မှော်ဘီမြို့၊မရမ်းတလင်းတော၊ အယူတော်မင်္ဂလာခြံတွင် အဘဆရာကြီးမင်းသိင်္ခ၏ထံတွင် ဗေဒင်ပညာရပ်များကို နှစ်များစွာ သန္ဓေတပည့် အဖြစ် နေထိုင်ကာ သင်ယူဆည်းပူးခဲ့ရပါသည်။ ကျွန်ုပ်၏ အသက်(၂၉)တွင် ထိုင်းနိုင်ငံ-မဟာချိုင်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။ မဟာချိုင်မြို့တွင် ဗေဒင် ဟောခန်းဖွင့်လျှက် နေထိုင်လာခဲ့ရာ ယခုဆိုလျှင် သုံးနှစ်တင်းတင်း ပြည့်ခဲ့ရသော နှစ်သို့ရောက်ပြီဖြစ်၏။ ထိုသုံးနှစ်အတွင်း ကျွန်ုပ်သည် ပြောပြ၍ မကုန်နိုင်လောက် အောင်များလှသော အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရလေ၏။ ထိုသို့ အခက်အခဲ များကို ရင်ဆိုင်ရသည်မှာ ကျွန်ုပ်တစ်ဦးတည်း ကြုံတွေ့ရသည် မဟုတ်ပေ။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အားလုံးနီးနီး ကြုံတွေ့ရခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ကာ မိမိနေအိမ်၌ပင် အလွယ်တကူ ဆောင်ရွက်လို့ရသော ယတြာစာအုပ်တစ်အုပ် ရေးသားရလျှင် ကောင်းမည်ဟု စိတ်ကူးမိ၍ ယခု အောင်နိုင်သူတို့၏ယတြာများဟု အမည်ရသော စာအုပ်ကို ကြိုးစားရေးသားလိုက်ခြင်းဖြစ်ပါသည်။ ထိုစာအုပ်ကို ရေးသားရာတွင်လဲ များစွာသော အခက်အခဲများကို ရင်ဆိုင်ခဲ့ရ၏။ အများဆုံး အခက်အခဲမှာ ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်တတ်ခြင်းပင် ဖြစ်၏။

တစ်ခါတစ်ရံ မိမိကြိုးစားရေး သားထားသော စာမူများအားလုံးကို မှားယွင်း၍ ဖျက်မိသွားသော ကြောင့် အသစ်ကပြန်၍ ရိုက်ယူရပြန်လေ၏။ မည်မျှပင် အခက်အခဲများ ရှိနေသည့်ကြားမှပင် မအိပ်မနေ ကြိုးစားအားထုပ်၍ ရေးသားခဲ့ရပါသည်။ယခုစာအုပ်ကို ကျွန်ုပ်သည် စီးပွားဖြစ် ရောင်းချသွားမည် မဟုတ်ပဲ ကုန်ကျသလောက်မျှဖြင့် ဖြန့်ဝေသွားမည်ဖြစ်ပါတယ်။အားလုံးသော ရွေ့ပြောင်း အလုပ်သမားများအားလုံး ကြုံတွေ့နေရသော ဒုက္ခအခက်အခဲများမှ လွတ်မြောက်ကြ၍ အောင်မြင်သော ဘ၀များကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ရပါသတည်း။

အခုတော့ စာအုပ်လေးကို အားလုံးအချောသတ်ရေးသားပြီးပါပြီ။ ထုပ်ဝေဖို့ပဲ ကျန်တော့တယ်။ အဲဒီတော့ စာအုပ်ကို ထုပ်ဝေဖို့အတွက် ပုံနှိပ်တိုက်တွေကို စုံစမ်းကြည့်တော့ အနည်းဆုံး အုပ်ရေ (၁၀၀၀) ထုပ်ဝေမှ ထုပ်ပေးမယ်တဲ့။ ကုန်ကျစရိပ် အနည်းဆုံး ဘတ်ငွေ (၅၀၀၀၀)လောက်တော့ ကုန်မယ်လို့ ပြောတယ်။ ဒါနဲ့ မထူးပါဘူးလေ ဆိုပြီး ကိုယ့်ဟာကို မိတ္တူကူးစက်တစ်လုံး ၀ယ်တယ်။ ကိုယ်ဘာသာစာရွက်တွေ ပရင့်ထုပ်တယ်။ နောက်ပြီး ကိုယ့်ဘာသာပဲ စာအုပ်ချုပ်တယ်။ နောက် ကျွန်တော့် ဗေဒင်ဟောခန်းကပဲ ဖြန့်မယ်။ အခုတော့ အွန်လိုင်းက ကျွန်တော် စာဖတ်ပုရိသတ်များအတွက် အရင်ဦးဦးဖျားဖျား လက်ဆောင်ပေးလိုက်ပါတယ်။ အကူအညီတောာင်းချင်တာက ဒီစာအုပ်လေးကို အချိန်ပေးပြီး ဖတ်ပေးပါ။ နောက်ပြီး လိုအပ်တာလေးတွေကို အကြံညာဏ်ပေးပေးကြပါဦး ၊ ဝေဖန်ပေးကြပါဦးလို့ အကူအညီတောင်းလိုက်ပါရစေ.........

ဒီမှာ-ဒေါင်းပါ။ ဒီမှာတော့ တိုက်ရိုက်ဖတ်ပါ။

Wednesday, February 2, 2011

ပြည့်စုံစေသောနည်း

ကျွန်တော် အခုရက်ထဲ အကြောင်းအမျိုးမျိုး ကိုယ်တိုင်စာရိုက်မတင်နိုင်လို့ ဆရာသခင် အဘမင်းသိင်္ခ၏ ယတြာတွေကို ကျွန်တော်ကိုယ်တိုင် စကင်ဖတ်တယ်။ ပြီးတော့ ပီဒီအက်စာအုပ်အဖြစ်ဖတ်ပြီး တင်တင်ပေးနေ တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဘလော့လေးကို လာရောက်လည်ပတ်ကြတဲ့ သူတွေအတွက် အကျိုးတော့ ဖြစ်စေမှာပေါ့ဗျာ။ ဒီနေ့ ဒီပို့လေးကတော့ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ဘ၀မှာ ဘာအခက်အခဲ ဘာလိုအင်ဆန္ဒတွေပဲ ကြုံကြုံ အဘရဲ့ စာထဲကအတိုင်း လိုက်လံဆောင်ရွက်ကြည့်လိုက်ပါ။ ရက်ပိုင်းအတွင်း ထူးခြားပါတယ်။ စာဖတ်ရတာ အခက်အခဲရှိရင်တော့ ကျွန်တော့်ကို ပြောပါဦးဗျာ။

အိမ်ရစေသောမနောမယအဓိဋ္ဌာန်

ဒီနည်းကတော့ ကျွန်တော်တို့ ဘ၀တွေအတွက် အိမ်ရစေတဲ့နည်းလေးပါ။ ဒါကတော့ စိတ်တန်ခိုးနဲ့ အဓိဋ္ဌာန်ကို ပေါင်းစပ်ပြီးတော့ အဘမင်းသိင်္ခက ပြောပြသွားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လို အောက်ခြေလူတန်း စားတွှေတွက် အိမ်တစ်လုံး ၀ယ်နိုင်ဖိုပဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် အိုးပိုင်အိမ်ပိုင်ဆိုတာ တော်တော်လေး အလှမ်းကွာနေ၊ စိတ်ပျက်အားငယ်နေမယ့်အတူတူ ဒီတိုင်းလေး လိုက်နာကျင့်ကျံ ကြည့်လိုက်လို့ အိမ်တစ်လုံး ကြံဖန်ပြီး ရလာမယ်ဆိုရင် ကျွန်တော်တို့တွေအတွက် ဘယ်လောက်ကောင်းလိုက် မလဲ။ ဒါကြောင့် လုပ်ကြည့်ပါလို့သာ တိုက်တွန်းလိုက်ပါရစေ...

Tuesday, February 1, 2011

အဆောင်များဆောင်ထားခြင်းကို ၀ါသနာပါသူများအတွက်

အဆောင်တွေ ယတြာတွေ ဆောထားရတာ လုပ်ရတာ ၀ါသနာပါသူတွေအတွက် အရမ်းကောင်းတဲ့ အဆောင်ပါ။ ဗောဓိပက္ခိယအင်းလို့ ခေါ်ပါတယ်။ ဘာတွေကောင်းလဲလို့ မေးရင်တော့ အကုန်ကောင်းတယ်လို့ ပြောရမယ် ထင်ပါတယ်။ ဘာကိစ္စမဆို သုံးလို့ ရပါတယ်။ အလုပ်ကိစ္စ၊ စကားပြောအောင်မြင်ဖို့ကိစ္စ၊ လမ်းခရီး အန္တရာယ်ကင်းစေဖို့ ကိစ္စ၊ ဈေးရောင်းကောင်းဖို့ ကိစ္စ၊ ရာထူးတိုးဖို့ကိစ္စ အားလုံးကို အသုံးပြုလို့ ရပါတယ်။ အောက်မှာ ဆက်လက်ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အခက်အခဲများပြေလည်စေသော လွယ်ကူသောနည်းတစ်ခု

သင်တို့လျှောက်လှမ်းသော ဘ၀ခရီးလမ်းတွင် အခက်အခဲမျိုးစုံတို့သည် စောင့်ကြိုလျှက်ရှိသည်။ ဘ၀သည် သာယာဖြောင့်ဖြူးသော ပန်းခင်းလမ်း မဟုတ်ပါ။ အပျော်ခရီးသွားစရာ ပန်းခြံမဟုတ်ပါ။ ကစားကွင်းမဟုတ်ပါ။ သို့သော် အပျော်ခရီး တစ်ခုလို သဘောထားပြီး သွားတာ အကောင်းဆုံး ဖြစ်မည်ထင်၏။ ထိုအခါ သင်၏ ဘ၀ခရီးလမ်းသည် လေးလံခြင်းများ၊ ပျင်းရိငြီးငွေ့ခြင်းများ၊ စိတ်ပျက်အားငယ်ခြင်းများ ဖြစ်မည်မထင်၊ ပျော်ရွှင်စရာ ဘ၀ခရီးလမ်းတစ်ခု အဖြစ် တွေ့မြင်ရလိမ့်မည်။

ထို့ကြောင့် သင်သည် နေ့စဉ်နေ့တိုင်းသင်၏ ဘ၀ခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းစေချင်ပါသည်။ ပျော်လည်း တစ်ရက်ကုန်လိမ့်မည်၊ ပျက်လည်း တစ်ရက် ကုန်လိမ့်မည်။ ထို့ကြောင့် ပျော်တာပင် ကောင်းလိမ့်မည် ထင်၏။ ရီတာနဲ့ ငိုတာ ဘယ်ဟာကောင်းသနည်း။ ရီတာကောင်း၏။ ထို့ကြောင့်ပင် သင်သည် ရီရီမောမောသာ လျှောက်လှမ်းစေချင်ပါ၏။

ထိုကဲ့သို့ လူသားတို့၏ ဘ၀ခရီးလမ်းကို ပန်းခင်းသောလမ်းပမာ လျှောက်လှမ်းနိုင်ဖို့အတွက်ဆိုလျှင် သင်တို့ ပုခုံးထက်တွင် သင်တို့ကိုယ်တိုင် ထမ်းတင်ထားသော အထုပ်ကြီး နှစ်ထုပ်ကို သင်တို့ကိုယ်တိုင် ပြစ်ချလိုက်ဖို့ အရေးကြီးပါ၏။ အတိတ်ဆိုသော အထုပ်နှင့် မရောက်လာသေးသော အနာဂါတ်ဆိုသော အထုပ်နှစ်ထုပ်ပင် ဖြစ်၏။

သင်သည် အတိတ်ကာလက ဖြစ်ပျက်ခဲ့သော အကြောင်းအရာမျိုးစုံကို ထမ်းပိုးထား၏။ အနာဂါတ်တွင် မရောက်လာသေးသော။ မသေချာသော အကြောင်းအရာမျိုးစုံ ထမ်းပိုးထား၏။ ထို့အတွက်ကြောင့် သင်တို့သည် လွန်စွာလေးလံနေကြကုန်၏။ ထိုကြောင့် သင်တို့ကိုယ်တိုင် ကောင်းမွန်စွာ လွှတ်ချကြည့်လိုက်စမ်းပါ။ သင်သည် လွတ်လတ်ပေါ့ပါးခြင်း၏ ချိုမြိန်သော အရသာကို သင်ကိုယ်တိုင် ခံစား၇လိမ့်မည်။ ထိုအခါ သင်သည် ဗလာဟူသော ဝေါ၀ါရဓမ္မကို ကောင်းမွန်စွာ အလိုလို သဘောပေါက်လာလိမ့်မည်။

သင်၏ ဘ၀တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက အောက်တွင် ကျွန်ုပ်တို့၏ ဆရာသခင် အဘဒေါက်တာ မင်းသိင်္ခ ညွန်ပြပေးထားသော ယတြာနည်းဖြင့် ဆောင်ရွက်ကြည့်လိုက်ပါ။ ဒါသည်လည်း သင်တို့ ဘ၀ခရီးအတွက် ပေါ့ပါးစေသော နည်းတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပါလား။

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ မဟာချိုင်မြို့

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels