Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

လေးကြီးမင်းခေါင်

အဘ ဘိုးမင်းခေါင်ရဲ့ ပုံတော်ကို ကကြီး ၊ဃကြီး၊ ဏကြီး ၊ဠကြီးစတဲ့ ကြီးလေးကြီး စာလုံးတွေနဲ့ပုံဖော်ပြီးရေးထား
တာ။ အရှည်ခေါ်ရရင်တော့ ကြီးလေးကြီး မင်းခေါင်ပေါ့။ ဒါပေမဲ့ ဆရာ့ ဆရာတွေက ဒီပုံကို လေးကြီး မင်းခေါင်လို့ ပဲခေါ်ခဲ့ကြတယ်။

ဒီလေးကြီး မင်းခေါင် ပုံတော်ရဲ့ အကျိုးထူး တွေကတော့ အများကြီးပဲ။ အမှု့၊အချုပ်၊ ထောင်၊ ဂတ်ရောက်ဖို့မြင်တဲ့ အခါမှာ အဲဒီလေးကြီးမင်းခေါင် ပုံရှေ့မှာ လဘက် အသား ချဉ်းပဲ လှူရတယ်။

ဒါပေမဲ့ အဲဒီ လဘက်ကို ခြောက်တဲ့အထိ ထားရတယ်။ ပြန်ပြီး မရုပ်ရဘူး။ ပြီးတော့ ကိုယ်လုပ်တဲ့ လုပ်ငန်းတစ်ခုဟာ သေချာသလို မသေချာသလို ဖြစ်နေရင် အ၀တ်ချုပ်တဲ့ အပ်တစ်ချောင်း ရှာရတယ်။ အဲဒီ အပေါ်မှာ မတ်စေ့တစေ့ တင်ရမယ်။

ပြီးတော့မှ အဲဒီအပေါ်မှာ ဖယေင်းတိုင် တစ်တိုင် ထွန်းရမယ်။အဲဒါ အပ်ကျ မတ်ကျ သေချာ သွားအောင် လုပ်တဲ့သဘောပေါ့။ ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ် တစ်ခုဟာ မှားသွားရင် ဒုက္ခ မရောက်အောင် လုပ်ဖို့ လိုတယ် မဟုတ်လား။ အဲဒီအခါမျိုးမှာ ချင်းတက် တစ်တက်ကို ချပြီး ဖယောင်းတိုင် ထွန်းရတယ်။

အဘမင်းသိင်္ခ၏ဘ၀တစ်သက်စာဟောစတမ်းမှ

ဝါ စိမ်း နီ ဦးရွှေအိုးဘုရား

ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ ဗုဒ္ဓ ဂုဏာ အစိန္တိယာ
အစိန္တိယေ ပသန္နနံ ၀ိပါကော ဟောတု မမ အစိန္တိယော။

အင်းဝခေတ် တွင်ဖြစ်၏။ အင်းဝဘုရင်သည် ဗားမဲ့ဆရာတော်ကို လွန်စွာယုံကြည် ကိုးကွယ်၏။ ထိုအတူ နန်းတွင်းသူ နန်းတွင်းသား မင်းညီမင်းသား ၀န်ကြီး ၀န်ကလေး ၊ အမတ် ၊ ကလန် ၊ သံပျင်မှအစ တိုင်း
သူပြည်သား ဆင်းရဲသား မိလက္ခူတို့ ပါမကျန် ဆရာတော်အား လွန်စွာ ကြည်ညိုကြကုန်၏။

ဆရာ
တော်လည်း ရဟန်းအဖြစ် နှင့်လည်း ကြည်ညိုကြကုန်၏။ ထို့ အတူ မိမိတို့ ၌ရှိသော အခက် အခဲများ ကိုလည်း ၎င်းတတ်ကြွမ်းသော လောကီပညာရပ်ဖြင့် အကူအညီ ပေးသည်ဖြစ်ရာ တတိုင်းပြည်လုံးက ရွှေတောင်ကြီး သဖွယ် အားထား ကြရကုန်၏။

ဆရာတော်၏ ကျောင်းသင်္ခမ်းသည် လွန်စွာမှ လွန်စွာမှ ကြီးကျယ်၍ လွန်စွာမှလည်း ခမ်းးနားသည်။ ဆရာတော်၏ ကျောင်း ကျက်သရေခန်း၌ လှူဖွယ် ပစ္စည်းအပြည့်ရှိ၏။ ဆရာတော်သည် လာသမျှသော ဒါယကာ
ဒါယိကာမ ဧည့်ပရိသတ်တို့ ကို တတ်ကြွမ်းသော ပညာဖြင့် ကယ်မသည်ဖြစ်ရာ အစဉ်သဖြင့် ညောင်းညာ
ကိုက်ခဲ နေတတ်၏။

အင်းဝ မန်ကျဉ်းတန်းနေ ဦးရွှေအိုး ဆိုသော သူဆင်းရဲကြီး တစ်ဦးသည် ဆရာတော် ကျောင်းသို့ အစဉ်သဖြင့် သွားရောက်၍ အစဉ်သဖြင့် ဆရာတော်၏ ခန္ဒာကိုယ်ကို နှိပ်နယ် ပေးရလေ၏။ ဆရာတော်၏
ခါနှင့် ခြေသလုံး များသည် တောင့်တင်း နေသည်ဖြစ်ရာ နှိပ်ရုံဖြင့် မပေါက်ပဲ တတောင်ဖြင့် ထောင်းရလေ၏။ ကြာသောအခါ ဦးရွှေအိုး၏ တံတောင်သည် ကျွဲပခုံးများ ထ၍နေပေတော့၏။

ဆရာတော်သည် မင်းညီမင်းသား သူဌေး ကုန်သည်တို့ အား လိုအပ်သော အဆီအမံများ လုပ်ပေးနေသည်ကို သူဆင်းရဲ ဦးရွှေအိုးသည် ဆရာတော်အား တံတောင်ဖြင့် ထောင်းပေးရင်း ကြား သိ မြင် တွေ့ နေရလေ၏။ တနေ့ သ၌ မင်းသားတစ်ပါးသည် ဆရာတော်ထံသို့ ရောက်လာပြီးလျှင်

ဆရာတော်ဘုရား အခုအခါမှာ မြို့ စားကြီးရာထူး လစ်လပ်နေပါတယ်။ တပည့်တော်တို့ မင်းသားက သုံးပါးရှိပါတယ်။ သူရမလို ကိုယ်ရမလို ဖြစ်နေပါတယ်။ အဲဒီ နေရာကို တပည့်တော် လိုချင်ပါတယ်ဘုရား ဟု လျှောက်ထား လိုက်လျှင် ကောင်းပြီ ဒကာ ဟုဆိုကာ ကွမ်းရွက်ပေါ်တွင် ထုံးဖြင့် စမရေး၍ ထိုမင်းသားအား ပေးလိုက်လေ၏။ ထိုသို့ ပေးပြီးနောက် “သုံးရက် အတွင်း ဒကာ လိုချင်တဲ့ ရာထူးကို ရလိမ့်မယ်” ဟုလည်းမိန့် မှာတော်မူ လိုက်လေ၏။

ထိုမင်းသားသွားလျှင် အမတ်တဦး ရောက်လာပြန်၏။ ထိုအမတ်ကလည်း ဆရာတော်အားဝတ်ပြုပြီးလျှင် ဆရာတော် ဘုရား အမတ်ချုပ်ရာထူး လစ်လပ်နေပါပြီ။ တပည့်တော်တို့ ငါးဦးဟာ အဲဒီနေရာကို ချိန်ရွယ် နေကြပါတယ် ဘုရား။ တပည့်တော်ဟာ အဲဒီနေရာကို အလွန်ပဲ လိုချင်ပါတယ် ဘုရား”ဟု လျောက်ထားလျှင် ဆရာတော်သည် ထိုအမတ်အား သပြေညွန့် ခုနှစ်ညွန်ကို ဂါထာ ခုနှစ်အုပ် စုပ်၍ပေးလိုက်၏။ ထို့ နောက် “ဒါယကာအမတ် ငါးရက်အတွင်း အမတ်ချုပ်ရာထူးရလိမ့်မယ်။ သွားပေတော့” ဟုပြောလိုက်လေ၏။

ထိုအမတ် ဆင်းသွားပြီး မကြာမီ၌ပင် ကုန်သည်တစ်ဦး ရောက်လာလေ၏။ ထိုကုန်သည် သည်လည်း ဆရာတော်အား ဆရာတော်ဘုရား တပည့်တော်ဟာ ကုန်သည်လေး ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ လုံးလ၀ီရိယလည်း ရှိပါတယ်။ ကုန်သည်ကြီး ဖြစ်လိုလို့ ဆရာတော်ဘုရား ကယ်မတော်မူပါ” ဟုလျောက်ထား ပြန်လေ၏။ ဆရာတော်က ထိုကုန်သည်အား အင်းတစ်ချပ် ချီးမြင့်လိုက်ပြီးလျှင် “ကဲ ကုန်သည် ဒါယကာလေးရေ ဒီတပတ်အတွင်းမှာပဲ ကုန်တွေ အဆမတန် မြတ်စွန်းပြီး ကုန်သည်ကြီး ဖြစ်သွားလိမ့်မယ်”ဟုမိန့် မှာတော်မူကာ လွတ်လိုက်လေ၏။ ကုန်သည်လေးသည် ၀မ်းမြောက်ဝမ်းသာနှင့် ပြန်သွားလေ၏။

ရက်မကြာမီ၌ မင်းသား သည်လည်းကောင်း အမတ် သည်လည်းကောင်း ကုန်သည် သည်လည်းကောင်း လှူဖွယ်ပစ္စည်း အစုစုဖြင့် ဗားမဲ့ ဆရာတော်ကျေင်းသို့ ပြန်လည် ရောက်ရှိလာကြလေ၏။ မင်းသားကလည်း မြို့ စားကြီးဖြစ်ကြောင်း အမတ်ကလည်း အမတ်ချုပ်ဖြစ်သွာပြီ ဖြစ်ကြောင်း ကုန်သည် လေးကလည်း ဆရာတော် ပြောသည့်အတိုင်း တစ်ခေါက်ထဲ၌ပင် ကုန်သည်ကြီးဘ၀သို့ ရောက်သွားပြီ ဖြစ်ကြောင်း ပြောလေ၏။ ထို့ နောက် ဆရာတော်အား ကန်တော့၍ ပြန်သွား ကြလေ၏။

ထိုအခါ ဆရာတော်၏ ကျောကို တတောင်ဖြင့် ကျိတ်ပေးနေသော ဦးရွှေအိုးက“အရှင်ဘုရား လုပ်တာကိုင်တာတွေ ကြည်နေတာ ကြာပြီ ။ အရှင်ဘုရားရဲ့ ပညာက အားကိုးဖို့  အတော် ကောင်းပါတယ်။ ဒါပေမဲ တပည့်တော်တွေ့  သလောက်ဆိုရင် သာမန် မင်းသားငယ်တစ်ပါးကို မြို့ စားကြီးဖြစ်သွားအောင် အမတ်ငယ်လေးတစ်ဦးကို အမတ်ချုပ်ကြီး ဖြစ်သွားအောင် ကုန်သည်လေးကို ကုန်သည်ကြီး ဖြစ်အောင် လုပ်ပေးနိုင်တဲ ပညာမျိုးပဲ။

ဆင်းရဲသူ ဆင်းရဲသားတွေ ကြီးပွားချမ်းသာအောင် လုပ်ပေးတဲ့ ပညာမျိုးမှ မဟုတ်ဘဲ” ဟုလျောက်ထား လိုက်လေရာ ဆရာတော်သည် အံသြသွားလေ၏။ ထို့ နောက် ဆရာတော်က “ဟဲ ငရွှေအိုး နင် ဘာတွေ ပြောနေတာတုန်း ။ ငါ့ပညာဟာ ဆင်းရဲသူ ဆင်းရဲသားတွေ အတွက်လဲ အားကိုးလောက်တဲ့ ပညာဖြစ်တယ်”ဟုပြောလိုက်ရာ

ဦးရွှေအိုးက အရှင်ဘုရားကို တတောင်နဲ့ ကျိတ်ပေးလို့  တပည့်တော် တံတောင်ဟာ ကျွဲ ပုခုံးတွေဖြစ်နေပါပြီ။ တပည့်တော်လောက် ဆင်းရဲတဲ့လူဟာ အင်းဝ တစ်ပြည်လုံးမှာတောင် မဟုတ်ဘူး။ မန်ကျည်းတန်း တစ်တန်းလုံးမှာလည်း တပည့်တော် အဆင်းရဲ ဆုံးပါပဲ။ ဆန်ကွဲနဲ့  မန်ကျည်းရွက်နဲ့  ပြုတ်သောက် နေရတာကြာပါပြီဘုရား။ တပည့်တော်ကို ကြီးပွား ချမ်းသာအောင် ဘာလို့  မလုပ် ပေးတာလဲဘုရား”ဟု ရဲဝံ့ပြတ်သားစွာ လျှေက်တင်လေ၏။

ထိုအခါ ဗားမဲ့ ဆရာတော်က နင်က ဒီလိုပြောသလား။ နင် ငါ့ဆီမှာ ဘယ်နှစ်ခါများ တောင်းဖူးသလဲ။ နင့်ဟာနင် နင်းပေးတယ်။ နှိပ်ပေးတယ်။ အဲဒီအတွက် နင် ကုသိုလ်တွေ ရနေပြီပဲ ။ တို့ လောကီ ပညာက မတောင်းရင် မပေးရဘူး။ နင် မတောင်းတော့ ငါက မပေးဘူးပေါ့။ ”ဟု မိန့် လိုက်လျင် ဦးရွှေအိုးက“တောင်းမှ ပေးမယ်ဆိုရင်လည်း အခုပေးပါ။ တပည့်တော် ငတ်လှပါပြီဘုရား”ပြောလေ၏။

ထိုအခါ ဗားမဲ့ဆရာတော်က ပြဲုးရယ်လျက် နင် တော်တော် ချမ်းသာပြီကိုး ငရွှေအိုးရဲ့ ...ဟုမိန့် တော်မူလေ၏။ တပည့်တော်က ငတ်လို့ ချမ်းသာချင်တာ ပါဘရား။ လောကမှာ မချမ်းသာချင်သူ ရှိပါမလား.... ဟု>ဦးရွှေအိုးက ပြန်လျောက်ထားရာ ဆရာတော်ဘုရားက“အေး အေး နင့်ဘုရားစင်မှာ ဆင်းတုတော် ရှိရဲ့ လား..... ဟုမေးလိုက်လေ၏။ ရှိပါတယ်ဘုရား ကျွန်းသားနဲ့  ထုလုပ်ထားတဲ့ ခြောက်လက်မ ကိုယ်တော်ရှိပါတယ်ဟုဦးရှေအိုးက ပြန်လျောက်လေ၏။

ထိုအခါ ဗားမဲ့ဆရာတော်က နင် အခု ပြန်သွား ... အဲဒီ ဆင်းတုတော်မှာ သင်္ကန်းတော်ကို အနီရဲရဲ ဆေးပြန်ချယ်။ ပလ္လင် တော်ကိုတော့ အစိမ်းရောင် တောက်တောက် ဆေးချယ်။ ခေါင်းတော် မျက်နှာတော် လက်ဝါးတော် ကိုတော့ တတ်နိုင်ရင် ရွှေချ ။ မတတ်နိုင်ရင် အ၀ါရောင် တောက်တောက်ကို ချယ် ။

ပြီတော့ ဒီဂါထာနဲ့  နေ့ စဉ်ရေချမ်း ဆွမ်းတော် အမွှေး ပန်းမာလ်စသည်တို့ ကို ကပ်လှူပြီး ချမ်းသာအောင် ဆုတောင်းပေတော့ ဟုမိန့် လိုက်လေ၏။ ဦးရွှေအိုးလည်း ထိုစကားကိုကြားလျှင် ဆရာတော်အား ကန်တော့ ဦးချ၍ အိမ်သို့ ပြန်ပြေးလေ၏ ။ အိမ်သို့ ပြန်ရောက်လျင် ဆရာတော်မှာလိုက်သည့် အတိုင်း အ၀ါ ၊ အစိမ်း ၊ အနီ တို့ ကိုချယ်ရန် ဆေးချယ်တတ်သူထံသို့  သွားရောက်၍ အကူအညီ တောင်းလေ၏။ ဆေးချယ်တတ်သူလည်း ဦးရွှေအိုးအား သနား၍ အခမဲ့ချယ်သ ပေးလိုက်လေ၏။

ထိုနေ့ မှစ၍ ဦးရွှေအိုးသည် ဆရာတော်မှာသည့်အတိုင်းပြုလုပ်၍ဆင်းတုတော်ကို ကိုးကွယ် ခဲလေသည်။ တစ်ပါတ်မျှကြာသောအခါ မည်သို့ ဖြစ်သည်မသိ။ ငွေကြေးရှိသူတို့ သည် ဦးရွှေအိုးကြီးအား ယုံကြည် စိတ်ချရသည် ဆိုကာ ငွေများပေး၍ အလုပ်များ စေခိုင်းကြလေ၏။ ဤသို့ နှင့်ပင် ဦးရွှေအိုးကြီးသည် အလုပ်နှင့် ငွေများ ရရှိလာလေ၏။ အကျိုးပေးကား မြန်လှ၏။

သုံးနှစ်မျှ ကြာသောအခါ အင်းဝမန်ကျည်းတန်းတွင် ဆန်ကွဲကြို၍ သောက်နေရသော သူဆင်းရဲကြီး ငရွှေအိုးအား သူကြွယ်ကြီးဦးရွှေအိုးဘွဲ့ က အင်းဝဘုရင်ကိုယ်တိုင် ချီမြင့်ခဲ့လေ၏။ ဦးရွှေအိုးမှ ဆင်းသက်သော မျိုးဆက် ခုနှစ်ဆက်တိုင်တိုင် ထိုဆင်းတုတော်ကို ကိုးကွယ်ခဲကြလေ၏။။ ထိုခုနှစ်ဆက်လုံးအားလည်း ဘုရင်မင်မြတ်သည် သူကြွယ်ဘွဲ့ ကို ချီးမြင့်ခဲ့ ရသည် ချည်း ဖြစ် ၏။
အဘမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ်စာအုပ်မှကူးယူဖော်ပြသည်။
အောင်အတိတ် အောင်နိမိတ်နှင့် ပြည့်စုံကြပါစေ

အဓိဋ္ဌာန်နှင့်အကြွေးများသူ

တနေ့ သ၌ လွန်စွာ အကြွေး များ၍ ဒုက္ခ ရောက်နေသော အသက်(၄၀)ခန့် ခပ်နွမ်းနွမ်း အမျိုးသမီး တစ်ဦးသည် ကျွန်ုပ်၏ ဗေဒင် လက္ခဏာ ဟောခန်း အတွင်းသို့ ရောက်ရှိ လာလေသည်။““ ဒီလို ဆရာလေးရဲ့  အစတုန်း ကတော့ အကြွေးက ဒီလောက် မများပါဘူး။

နောက်တော့ အတိုးပေါ် အတိုးဆင့်ပြီး အရမ်းများ လာတာပါပဲ။ ဆပ်လို့ ကျေပဲ မကျေနိုင် တော့ပါဘူး။ ဒီလူကို အတိုးဆပ်ဖို့  ဟိုလူ ဆီက ချေးလိုက်တယ်။ ဟိုလူကို အတိုးပေးဖို့ နောက် တစ်ယောက်ဆီက ယူတယ်။ အဲဒီလိုနဲ့ ပဲ အကြွေးတွေ များလာ တော့တာပါပဲ။

အခုဆိုရင် ကျွန်မ အကြွေး တွေဆပ်လာတာ (၃)နှစ်တောင်ရှိပြီ။ ဒီတသက်တော့ ကျေနိုင် ပါဦးမလား ဆရာလေးရေ”” ဒီလောက် တောင် အကြွေများတာ ထွက် မပြေးချင် ဘူးလားဗျဟုေ မးလိုက်ရာ အမယ်လေး ဆရာရယ် မပြေးပါဘူး။ သူများ ပိုက်ဆံ ယူပြီးရင် ပေးရမှာပေါ့။ ကျေအောင် ဆပ်မှာပါ ။

အခုလာတာ အကြွေးရှင်ေ တွက အကြွေး မတောင်းအောင် ယတြာ လာချေခိုင်းတာ မဟုတ်ပါဘူး။ သူများ အကြွေးတွေကို ကျွန်မတို့ မိသားစု အားကြိုးမာန်တက် ဆပ်နေတဲ့ အချိန်မှာ အထောက်အပံ့ ရအောင် ကံမနိမ့်အောင် အခွင့်အလမ်း လေးတွေ ရအောင် အန္တရာယ် ကင်းအောင် အဆောင်လေး ယတြာလေး လာတောင်းတာပါ ဆရာရယ်။

ဘ၀ ဆိုတာကတော့ ဒီလိုပဲပေါ့ ဆရာရယ် ။ ဘယ် ချောမွေ့ ပါ့မလဲ။ ရေစီးတခါ ရေဆန်တလှည့်ပေါ့။ လောကဓံ တရား(၈)ပါးနဲ့ ကြုံဆုံ လာတဲ့အခါ မတုန်လှုပ် ရဘူးလို့  ကျွန်မတို့  ရှင်တော် မြတ်ဘုရား ဟောခဲ့တဲ့ တရားတော်လည်း မင်္ဂလသုတ် ထဲမှာ ရှိနေတာပဲ မဟုတ်ဘူးလား။

ကဲ ဟုတ်ပါပြီဗျာ.. အမျိုးသမီး တယေက်အနေနဲ့  လောကဓံ ကိုအန်တုမဲ့ စိတ်ဓါတ်ကိုတော့ ကျွန်တော် အများကြီး လေးစားပါတယ်။ ဘ၀တိုက်ပွဲမှာ ရှေ့ တန်းက မတွန့် မဆုတ် တိုက်ပွဲဝင်နေတဲ့ အမကို လိုအပ်တဲ့ အဆောင်တွေ ယတြာတွေ အားလုံး ပြည့်ပြည့်စုံစုံ ဆောင်ရွက် ပေးလိုက်ပါမယ်။

တစ်ခုတော့ ကိုယ်တိုင် လုပ်ရမယ်။ အဲဒါကတော့ ခင်ဗျား ကိုယ်တိုင် ဂါထာတပုဒ်ကို အဓိဌာန်နဲ့ ရွတ်ပေးရမယ်။ ပုတီးတွေ ဘာတွေ စိပ်နိုင်ရင်တော့ ပိုကောင်း တာပေါ့ဗျာ။ အဲဒိ ဂါထာက “အကြွေး ကင်းတဲ့ဂါထာ ၊ အကြွေး ကျေတဲ့ဂါထာ”ပါပဲဟုပြောကာ အောက်ပါဂါထာကိုပေးလိုက်လေ တော့သတည်း။

မရှိဟူသောစကား၊ပေးပါဟူသောစကား
မပြောဆို မကြားလိုသောဆုတောင်းဂါထာ

ဂါမေ ၀နေစ သဗ္မတ္ထ
ဒေဝေဟိ မနုေဿဟိ စ၊
အာဘတာ နန္တလာဘောမေ
သဒါ ဟောတု ဘ၀ါဘဝေ။

အောင်အတိတ် အောင်နိမိတ်နဲ့  ပြည့်စုံကြပါစေ

Sunday, August 30, 2009

Friday, August 28, 2009

Wednesday, August 26, 2009

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels