Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

အဓိဋ္ဌာန်နှင့်အကြွေးများသူ

တနေ့ သ၌ လွန်စွာ အကြွေး များ၍ ဒုက္ခ ရောက်နေသော အသက်(၄၀)ခန့် ခပ်နွမ်းနွမ်း အမျိုးသမီး တစ်ဦးသည် ကျွန်ုပ်၏ ဗေဒင် လက္ခဏာ ဟောခန်း အတွင်းသို့ ရောက်ရှိ လာလေသည်။““ ဒီလို ဆရာလေးရဲ့  အစတုန်း ကတော့ အကြွေးက ဒီလောက် မများပါဘူး။

နောက်တော့ အတိုးပေါ် အတိုးဆင့်ပြီး အရမ်းများ လာတာပါပဲ။ ဆပ်လို့ ကျေပဲ မကျေနိုင် တော့ပါဘူး။ ဒီလူကို အတိုးဆပ်ဖို့  ဟိုလူ ဆီက ချေးလိုက်တယ်။ ဟိုလူကို အတိုးပေးဖို့ နောက် တစ်ယောက်ဆီက ယူတယ်။ အဲဒီလိုနဲ့ ပဲ အကြွေးတွေ များလာ တော့တာပါပဲ။

အခုဆိုရင် ကျွန်မ အကြွေး တွေဆပ်လာတာ (၃)နှစ်တောင်ရှိပြီ။ ဒီတသက်တော့ ကျေနိုင် ပါဦးမလား ဆရာလေးရေ”” ဒီလောက် တောင် အကြွေများတာ ထွက် မပြေးချင် ဘူးလားဗျဟုေ မးလိုက်ရာ အမယ်လေး ဆရာရယ် မပြေးပါဘူး။ သူများ ပိုက်ဆံ ယူပြီးရင် ပေးရမှာပေါ့။ ကျေအောင် ဆပ်မှာပါ ။

အခုလာတာ အကြွေးရှင်ေ တွက အကြွေး မတောင်းအောင် ယတြာ လာချေခိုင်းတာ မဟုတ်ပါဘူး။ သူများ အကြွေးတွေကို ကျွန်မတို့ မိသားစု အားကြိုးမာန်တက် ဆပ်နေတဲ့ အချိန်မှာ အထောက်အပံ့ ရအောင် ကံမနိမ့်အောင် အခွင့်အလမ်း လေးတွေ ရအောင် အန္တရာယ် ကင်းအောင် အဆောင်လေး ယတြာလေး လာတောင်းတာပါ ဆရာရယ်။

ဘ၀ ဆိုတာကတော့ ဒီလိုပဲပေါ့ ဆရာရယ် ။ ဘယ် ချောမွေ့ ပါ့မလဲ။ ရေစီးတခါ ရေဆန်တလှည့်ပေါ့။ လောကဓံ တရား(၈)ပါးနဲ့ ကြုံဆုံ လာတဲ့အခါ မတုန်လှုပ် ရဘူးလို့  ကျွန်မတို့  ရှင်တော် မြတ်ဘုရား ဟောခဲ့တဲ့ တရားတော်လည်း မင်္ဂလသုတ် ထဲမှာ ရှိနေတာပဲ မဟုတ်ဘူးလား။

ကဲ ဟုတ်ပါပြီဗျာ.. အမျိုးသမီး တယေက်အနေနဲ့  လောကဓံ ကိုအန်တုမဲ့ စိတ်ဓါတ်ကိုတော့ ကျွန်တော် အများကြီး လေးစားပါတယ်။ ဘ၀တိုက်ပွဲမှာ ရှေ့ တန်းက မတွန့် မဆုတ် တိုက်ပွဲဝင်နေတဲ့ အမကို လိုအပ်တဲ့ အဆောင်တွေ ယတြာတွေ အားလုံး ပြည့်ပြည့်စုံစုံ ဆောင်ရွက် ပေးလိုက်ပါမယ်။

တစ်ခုတော့ ကိုယ်တိုင် လုပ်ရမယ်။ အဲဒါကတော့ ခင်ဗျား ကိုယ်တိုင် ဂါထာတပုဒ်ကို အဓိဌာန်နဲ့ ရွတ်ပေးရမယ်။ ပုတီးတွေ ဘာတွေ စိပ်နိုင်ရင်တော့ ပိုကောင်း တာပေါ့ဗျာ။ အဲဒိ ဂါထာက “အကြွေး ကင်းတဲ့ဂါထာ ၊ အကြွေး ကျေတဲ့ဂါထာ”ပါပဲဟုပြောကာ အောက်ပါဂါထာကိုပေးလိုက်လေ တော့သတည်း။

မရှိဟူသောစကား၊ပေးပါဟူသောစကား
မပြောဆို မကြားလိုသောဆုတောင်းဂါထာ

ဂါမေ ၀နေစ သဗ္မတ္ထ
ဒေဝေဟိ မနုေဿဟိ စ၊
အာဘတာ နန္တလာဘောမေ
သဒါ ဟောတု ဘ၀ါဘဝေ။

အောင်အတိတ် အောင်နိမိတ်နဲ့  ပြည့်စုံကြပါစေ

Wednesday, August 26, 2009

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels