အဘ ဘိုးမင်းခေါင်ရဲ့ ပုံတော်ကို ကကြီး ၊ဃကြီး၊ ဏကြီး ၊ဠကြီးစတဲ့ ကြီးလေးကြီး စာလုံးတွေနဲ့ပုံဖော်ပြီးရေးထား
တာ။ အရှည်ခေါ်ရရင်တော့ ကြီးလေးကြီး မင်းခေါင်ပေါ့။ ဒါပေမဲ့ ဆရာ့ ဆရာတွေက ဒီပုံကို လေးကြီး မင်းခေါင်လို့ ပဲခေါ်ခဲ့ကြတယ်။
ဒီလေးကြီး မင်းခေါင် ပုံတော်ရဲ့ အကျိုးထူး တွေကတော့ အများကြီးပဲ။ အမှု့၊အချုပ်၊ ထောင်၊ ဂတ်ရောက်ဖို့မြင်တဲ့ အခါမှာ အဲဒီလေးကြီးမင်းခေါင် ပုံရှေ့မှာ လဘက် အသား ချဉ်းပဲ လှူရတယ်။
ဒါပေမဲ့ အဲဒီ လဘက်ကို ခြောက်တဲ့အထိ ထားရတယ်။ ပြန်ပြီး မရုပ်ရဘူး။ ပြီးတော့ ကိုယ်လုပ်တဲ့ လုပ်ငန်းတစ်ခုဟာ သေချာသလို မသေချာသလို ဖြစ်နေရင် အ၀တ်ချုပ်တဲ့ အပ်တစ်ချောင်း ရှာရတယ်။ အဲဒီ အပေါ်မှာ မတ်စေ့တစေ့ တင်ရမယ်။
ပြီးတော့မှ အဲဒီအပေါ်မှာ ဖယေင်းတိုင် တစ်တိုင် ထွန်းရမယ်။အဲဒါ အပ်ကျ မတ်ကျ သေချာ သွားအောင် လုပ်တဲ့သဘောပေါ့။ ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ် တစ်ခုဟာ မှားသွားရင် ဒုက္ခ မရောက်အောင် လုပ်ဖို့ လိုတယ် မဟုတ်လား။ အဲဒီအခါမျိုးမှာ ချင်းတက် တစ်တက်ကို ချပြီး ဖယောင်းတိုင် ထွန်းရတယ်။
အဘမင်းသိင်္ခ၏ဘ၀တစ်သက်စာဟောစတမ်းမှ

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter