Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ခင်ပွန်းကြီး(၁၀)ပါးတောင်းပန်နည်းနှင့်ယတြာ

တစ်နေ့သ၌ ကျွန်ုပ်သည် ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အ ရွယ်အားဖြင့် (၃၀)ခန့်ရှိသော အမျိုးသားတစ်ဦး ရောက်ရှိလာလေ၏။ ထိုသူ၏ သွင်ပြင်သဏ္ဍာန်မှာ လွန်စွာပင်ပန်း နွမ်းနယ်နေပုံ ရလေ၏။ ကျွန်ုပ်လည်း ၎င်းအား ထိုင်ပါဗျာ ကျွန်တော် ဘာကူညီပေးရမလဲဟု ပြောရင်း ပကျပဋိသ န္ဓာရ စကားဆိုရလေ၏။

၎င်းသည် ကျွန်ုပ်အခန်းတွင် မြတ်စွာဘုရားအား အရင်ရှစ်ခိုးလေ၏။ ထို့နောက် သူသည် ကျွပ်၏ ဗေဒင်ဟောသော ခုံရှေ့တွင် ထိုင်၍ ကျွန်ုပ်ကို တစ်ချက်ကြည့်ကာ တဟီးဟီးချုံးပွဲချ၍ ငိုလေတော့၏။ ကျွန်ုပ်လည်း လွန်စွာအံ့အား သင့်၍ သွား၏။ ခေတ္တခဏမျှလည်း ကြောင်အမ်းအမ်းဖြစ်သွားလေရာ ထိုသူအား ကျွန်ုပ်ကိုယ်တိုင်ပင်လျှင် စကား မပြောနိုင်ပဲ တိတ်ဆိတ်ဆွံအ သွားရလေတော့၏။

၎င်းသည် (၃)မိနစ်ခန့် အားရပါးရ ရှိုက်ကြီးတငင် ငိုကြွေးလေ၏။ သုံးမိနစ်ခန့်ကြာမှပင် အနည်းငယ် အငိုတိတ် သွားလေ၏။ ပြီးမှ ကျွန်ုပ်ကိုလည်း ရှက်ကိုးရှက်ကန်းဖြင့် ကြည့်၍ ကန်တော့ပါဆရာရယ်ဟု တိုးတိတ်ကြေကွဲ နေသော အသံဖြင့် ပြောလေတော့၏။ ထိုအခါကြမှ ကျွန်ုပ်လည်း ဘယ်လိုဖြစ်လို့လည်းဗျာ။ ဘာအခက်အခဲများ ရှိလို့လည်း။ ကျွန်တော် ဘာကူညီပေးရမလဲဟု မေးလိုက်ရာ ၎င်းက....

အမေ့ကို သတိရလို့ပါ ဆရာရယ်ဟု ပြောရင်း မျက်ရည်များ တွေတွေ ကျလာပြန်လေ၏။ ကျွန်ုပ်သည်လည်း သူ၏စကားသံကြောင့် အံ့သြယုံတင်မက ကျက်သေပါ သေသွားရလေ၏။ အသက်(၃၀)လောက်ရှိတဲ့ ယောက်ျား ရင့်မာကြီး တစ်ယောက်က အမေကို သတိရလို့ ငိုနေတာတဲ့။ ကျွန်ုပ် သူ့ကို အပြစ်မတင်ရက်ပါ။ ကျွန်ုပ်သည်လည်း မျက်ရည်မကျသည့် တိုင်အောင် အမေကို သတိရသောစိတ် တမ်းတသောစိတ်များဖြင့် အမြဲ ငိုကျွေးနေခဲ့တာ မဟုတ်လား။ ထို့နောက် သူသည် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါ ဆရာရယ်။ ကျွန်တော်နာမည်က အောင်မင်းလို့ ခေါ်ပါတယ်။ ဇာတိကတော့ အညာဇာတိပါ ဆရာရယ်။ ဒီထိုင်းနိုင်ငံကို ရောက်နေတာ (၁၀)နှစ်တောင် ရှိပါပြီ။ ရောက်ကတည်းက မြန်မာပြည်ကို မပြန်ဖြစ်တော့တာ ဒီနေ့အထိဆိုပါတော့။ တစ်နှစ်မှလည်း အဆင်မပြေပါဘူး။ ကျွန်တော်ဘ၀က အရမ်းလည်း ကြမ်းတမ်းလွန်းပါ တယ်။ အင်ဒိုရောက် မလေးရှားရောက် အစုံပါပဲ။ အလုပ်ဆိုရင်လည်း ရေအလုပ် ကုန်းအလုပ် အလုပ်ကြမ်း အစုံ လုပ်ပါတယ် ဆရာ။ ဒါပေမယ့် ဆရာရယ် ကျွန်တော့်ဘ၀က အဆင်ပြေတော့မယ်ဆိုရင် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်တော့တာပဲ ဆရာ။

ကျွန်တော့်မှာက အဖေတော့ မရှိတော့ပါဘူး။ ကျွန်တော် ငယ်ငယ်တုန်းကတဲက ဆုံးသွားတာပါ ဆရာ။ အမေ တစ်ယောက်ပဲ ရှိပါတော့တယ်။ ကျွန်တော် ငယ်ငယ်တုန်းက တော်တော်ဆိုးခဲ့ပါတယ်။ ကျွန်တော့်အတွက်နဲ့ အမေဆို စိတ်ဆင်းရဲရတာ ခနခနပါပဲ။ အခုတော့ အဲဒါတွေ ကျွန်တော်နောင်တ ရပါပြီဆရာရယ်။ အမေအိုကြီးကို လုပ်ကျွေးပါတော့မယ်။ ကျွန်တော် အဲဒီလိုလဲ စိတ်ကောင်းဝင်တဲ့ အချိန်မှာတော့ ကျွန်တော်ရဲ့ အခြေအနေက အဆင်မပြေတော့ ဖြစ်ချင်တာတွေ မဖြစ်တော့ စိတ်မကောင်း ဖြစ်လွန်းလို့ပါ။ အဲဒါ ကျွန်တော့်ကို ကူညီပေးပါ ဆရာရယ်ဟု ပြောလေတော့၏။

ဒီလိုရှိတယ် မောင်အောင်မင်းရဲ့။ လူတွေမှာက ဘယ်တော့မှ မပြစ်မှားရမယ့် ခင်ပွန်းကြီးဆယ်ပါး ရှိတယ်။ ပြစ်မှားမိရင် အန္တရာယ်ဆိုး ကျရင်ကျ မကျရင်လည်း အခုလို ဘာလုပ်လုပ် အရာမထင်တဲ့အဖြစ်ဆိုးမျိုးနဲ့ ကြုံရတတ်တယ်။ ယတြာချေလို့ ဘယ်တော့မှ မရဘူး။ ဒီဘ၀မှာတင် မဟုတ်ဘူး။ အတိတ်ဘ၀ တစ်ခုခုတုန်းက ကျူးလွန်မိရင်တောင် ဒီဘ၀မှာ လာပြီး ဒုက္ခပေးနိုင်တယ်။ အဲဒါမျိုးဆိုရင် ခင်ပွန်းကြီးဆယ်ပါးကို တောင်းပန်ပွဲတွေ လုပ်ပြီး တောင်းပန်ရတယ်ဟု ပြောလိုက်လျှင် မောင်မင်းအောင်က... လုပ်ဆို လုပ်ပါ့မယ် ဆရာရယ်ဟု ပြန်လပြောသောကြောင့် ကျွန်ုပ်လည်း ခင်ပွန်းကြီးဆယ်ပါး တောင်းပန်နည်းကို ပြည့်ပြည့်စုံစုံ အောက်ပါအတိုင်း ပြောပြလိုက်လေတော့၏။

လုပ်ရမည့်နေ့..........

အကောင်းဆုံးကတော့ ကိုယ်ရဲ့မွေးနေ့မှာ လုပ်တာ အကောင်းဆုံးပါပဲ။ အချိန်ကတော့ မနက်စောစော (၅)နာရီ လူခြေတိတ်ချိန်မှာ ဘုရားစင်ရှေ့မှာ လုပ်ရမယ်။

ဘုရားစင်ရှေ့မှာ ထမင်းစားပွဲဝိုင်းကြီး ခင်းပြီးတော့ အဲဒီစားပွဲ ၀ိုင်းပေါ်မှာ ပန်းကန်ဆယ်ချပ်တင်။ အလယ်မှာက ပန်းကန်ပြား အကြီးတစ်ချပ်ထား။ ပန်းကန်ပြား လတ်လတ် (၉)လုံးကိုတော့ ဘေးမှာထားရမယ်။ သစ်သီး ဆယ်မျိုးကို လှီးချွတ်ပြီး ပန်းကန်ပြား တစ်ချပ်ဆီမှာ ထည့်ရမယ်။ (၉)ချပ်ပြည့်အောင် ထည့်ရမယ်။ အလယ်က ပန်းကန်ပြားကြီးမှာတော့ သစ်သီးဆယ်မျိုး လှီးချွတ်ပြီး ထည့်ရမယ်။ နောက်ပြီး ပန်းကန်ပြားတိုင်းမှာ ဖယောင်းတိုင် တစ်တိုင်ဆီ ထွန်းရမယ်။ သောက်တော်ရေ တစ်ခွက်စီလဲ ပါရ မယ်။ အမွှေးတိုင် တစ်တိုင်စီလည်း ပါရမယ်။

ပူဇော်ကပ်လှူပုံနှင့် အပြစ်များ ၀န်ချတောင်းပန်ပုံ

အစမထင်တဲ့ သံသရာတစ်လျှောက် ဘ၀တစ်ကွေ့ကွေ့မှာ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိခဲ့ရင် ထိုအပြစ်က ပြေစေကြောင်း လေးလေးနက်နက် တောင်းပန်ရမယ်။ အောက်က ဂါထာကိုလည်း ရွတ်ရမယ်။

ခင်ပွန်းကြီးဆယ်ပါးဂါထာ

ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါစ ၊ ရဟန္တာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္ထာ ၊ ဓမ္မဒေသကာစ ဒါယကာ။
ဣမေ ဒသ မဟာဂုဏေ ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။

ဗုဒ္ဓါစ၊ ဘုရားရှင်အား၎င်း။ ပစ္စေကဗုဒ္ဓါ၊ ပစ္စေကဗုဒ္ဓါအား၎င်း။ ရဟန္တာစ၊ ရဟန္တာအရှင်မြတ်တို့အား၎င်း။ အဂ္ဂသာဝကာစ၊ အရှင်သာရိ ပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ အပေါ်၌၎င်း။ မာတာစ ၊ မွေးကျေးဇူးရှင် မိခင်အပေါ်၌၎င်း။ ပိတုစ၊ ကျွေးကျေးဇူးရှင် ဖခင်အပေါ်၌၎င်း။ ဒါယကာစ၊ ပေးကမ်းထောက်ပံ့ ဖူးသော သူတို့အပေါ်၌၎င်း။ ဓမ္မဒေသကာစ၊ တရားတော်မြတ် ဟောညွန်အပ်သည့် ပုဂ္ဂိုလ်မြတ်တို့ အပေါ်၌၎င်း။
ဣမေ ဒသ မဟာဂုဏေ ၊ ဤကျေးဇူးတော်မြတ် (၁၀)ပါးသော ပုဂ္ဂိုလ်တို့အား။ အဟံ၊ အကျွန်ုပ်သည်။ သဗ္ဗဒါ၊ အခါမလတ်။ ၀န္ဒာမိ၊ ရှစ်ခိုးအပ်ပါသည် အရှင်ဘုရား။

အဲဒီနည်းနဲ့ တစ်ပါတ်ကို တစ်ကြိမ်ကျ (၁၀)ခါပြည့်အောင် လေးလေးနက်နက် လုပ်ရမယ်။ မောင်အောင်မင်းရဲ့ စိတ်ထဲမှာ အဲဒီ အပြစ်တွေ မရှိတော့ဘူးလို့ ယုံကြည်သွားတဲ့အထိ လုပ်ရင် ပိုပြီးတော့ ကောင်းတာပေါ့ဟု ကျွန်ုပ်က ပြည့်ပြည့်စုံစုံ ပြောပြလိုက်လေတော့သတည်း။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Wednesday, October 20, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels