Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ငွေကြေးအကြပ်အတည်းမှအမြန်လွတ်မြောက်စေသောအဓိဋ္ဌာန်

တစ်နေ့မှာ ကျွန်တော့်ဆီကို လူတစ်ယောက် ရောက်လာတယ်။ သူက အသက်(၄၀)လောက် ရှိတဲ့ ပုတီးစိပ်ခြင်းကို လွန်စွာဝါသနာပါတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အိမ်မှာလဲ အချိန်ရှိရင် ရှိသလို ပုတီးစိပ်သလို အလုပ် ပိတ်ရက် တွေမှာလဲ နီးစပ်ရာဘုရားတစ်ဆူဆူသို့ သွားရောက်၍ ပုတီးစိပ်တတ်သည်ဟု ပြောပြလေ၏။ သူ၏ အသက် (၃၀)ခန့်လောက်မှစ၍ ပုတီးစိပ်လာသည်မှာ အခု အသက်(၄၀)ထိဆိုလျှင် (၁၀)နှစ်ခန့်တောင်ရှိပြီ။ ဒါပေမယ့်ဆရာ ရယ် ကျွန်တော် ပုတီးစိပ်တာ ဒီလောက် ကြာတာတောင် သိပ်မထူးသေးသလိုပဲ။ ဒါကြောင့် ဆရာသမားဆီမှာ ပုတီး စိပ်တာနဲ့ ပါတ်သက်တဲ့ အကြံကောင်း ညာဏ်ကောင်းလေး ရှိရင် ပြောပြပါဟုဆိုကာ ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ရှိတာပေါ့ဗျာ။ ထိရောက်တဲ့ ပုတီးစိပ်နည်း ရှိတာပေါ့။ ပုတီးစိပ်တဲ့အခါ ကျွန်တော် ပြောတဲ့ နည်းအတိုင်းသာ လိုက်နာပြီး စိပ်စမ်းပါ။ ပုတီးရဲ့ အကျိုးကို ခင်ဗျား ကောင်းကောင်း သိသွားစေရမယ်ဟု ပြန်ပြောလိုက်လေလျှင်... ထိုသူကလည်း ပြောပြပါ ဆရာရယ်။ ပုတီးစိပ်တာနဲ့ ပါတ်သက်လာရင် ကျွန်တော် လိုက်နာပါတယ်။ လုပ်လည်း လိုက်လိုက်မှာပါဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အောက်ပါ ပုတီးစိပ်ခြင်း နှင့်ပါတ်သက်သော မှန်(၅)မှန် အကြောင်းကို ပုတီးစိပ်ခြင်းကို လွန်စွာဝါသနာကြီးသော ထိုသူအား ပြောပြလိုက် လေတော့၏။ အောက်တွင် ကျွန်ုပ် ပြောပြသော ပုတီးစိပ်နည်းသည် သာမာန် ကုသိုလ်ရရုံ ၀တ်မပျက် ပုတီးစိပ်နေသော သူများအတွက် မဆိုလိုပါ။ ပုတီးကို အဓိဋ္ဌာန်နှင့် စနစ်တကျ စိပ်ချင်သူများ အောက်ပါနည်း အတိုင်းစိပ်ပါဟုသာ တိုက်တွန်းပါသည်။

၁။ ပုတီးစိပ်တဲ့ နေရာမှန်ရမယ်။

ပုတီးကို စနစ်တကျ စိတ်သောသူများသည် နေရာတစ်ခုကို အဓိဋ္ဌာန် ပြီးဆုံးသော နေ့ရက်အထိ သတ်သတ် မှတ်မှတ် ရွေးချယ် သတ်မှတ်ထားရမယ်။ အိမ်မှာ စိပ်လိုက် ကျောင်းမှာစိပ်လိုက် ဘုရားမှာ သွားစိပ်လိုက် မရဘူး။ ကိုယ် သတ်မှတ်ထားသော နေရာတစ်ခုတွင်ပင် ပုံသေ စိပ်ရမယ်ဗျ။ ဘယ်နေရာကောင်းလဲ ဆိုတာကတော့ အရေးမကြီးပါဘူး။။ တိတ်ဆိတ်ငြိမ်သက်ပြီး အနှောင့်အယှက် ကင်းတဲ့နေရာ ဘယ်နေရာမှာ မဆို ရပါတယ်။

၂။ပုတီးစိပ်တဲ့ အချိန်မှန်ရမယ်။

မိမိအတွက် အားလတ်သော အချိန်တစ်ခုကို ရွေးချယ်ထားပါ။ မနက်(၉း၀၀) ပုတီးစစိပ်ရင် နောက်နေ့တွေမှာလည်း ပုံမှန် (၉း၀၀)မှာ စိပ်ရမယ်။ မနက် စိပ်လိုက် ညနေစိပ်လိုက် မလုပ်ရဘူး။

၃။ပုတီးစိပ်အပါတ်ရေမှန်ရမယ်။

ဒီနေ့ (၉) ပါတ်စိတ်တယ်။ နောက်နေ့ကျရင် အချိန်မရလို့ (၅)ပါတ်စိတ်လိုက်။ နောက်နေ့ကျတော့ (၉) ပါတ် ပြန်စိတ်လိုက် မရဘူးဗျာ။ အဓိဋ္ဌာန် စ၀င်ကတည်းက တစ်နေ့ကို ပုတီးဘယ်နှစ်ပါတ် စိတ်မယ်ဆိုတာကို သတ်မှတ် ထားရမယ်ဗျာ။

၎။ပုတီးစိပ်အဓိဋ္ဌာန်မှန်ရမယ်ဗျာ။

ဒီနေရာက အရေးအကြီးဆုံးပဲဗျ။ ကျွန်တော်တို့ ပုတီးစိပ်တဲ့ လူတော်တော်များများက ဘယ်ပုတီးစိပ် ကောင်းတယ် ဆိုလိုက်စိတ်တယ်ဗျာ။ ဟိုဆရာတော်ရဲ့ ပုတီးစိတ်ဆိုရင်လည်း ပြောင်းစိတ်ပြန်ရော။ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ပေးတဲ့ ပုတီးစိတ်ဆိုရင် လိုက်စိပ်ပြန်ရော။ အဲဒီလို မရဘူးဗျာ။ တစ်ခုဆိုတစ်ခု စွဲစွဲမြဲမြဲ စိတ်ရမယ်။

၅။ ဆုတောင်း အဓိဋ္ဌာန် မှန်ရမယ်။

ကိုယ်က ပုတီးစစိတ်တယ် အဓိဋ္ဌာန်စ၀င်ပြီဆိုကတည်းက ကိုယ်က ဘာဖြစ်ချင်လို့ အဓိဋ္ဌာန် ၀င်တာလဲပေါ့။ ချမ်းသာချင်လို့လာ။ နာမည်ကြီးချင်လို့လား။ အကြွေးကျေချင်လို့လား။ ဘာဖြစ်ချင်လို့လဲ ဆိုတာကို သိပြီးတော့ ဆုတောင်းတာကိုလည်း ကျကျနန ပြတ်ပြတ်သားသား ဆုတောင်းတတ်ရမယ်။ ဒီနေ့မှာ နာမည် ကျော်ကြားပါစေ ဆုတောင်းလိုက် နောက်နေ့ကျပြန်တော့ အကြွေးအမြန် ပြန်ရပါစေ ဆုတောင်းလိုက်။ နောက်နေ့ကျတော့ ကား တစ်စီး အမြန်ဝယ်နိုင်ပါစေ ဆုတောင်းလိုက် မရဘူး။ ကိုယ် လတ်တလော မှန်တကယ် အဖြစ်ချင်ဆုံး အလိုအပ်ဆုံး ဆုတောင်းတစ်ခုကို နေ့တိုင်း ကျကျနန ပြတ်ပြတ်သားသား ဆုတောင်းရမယ်ဗျာဟု ကျွန်ုပ်က ပြည့်ပြည့် စုံစုံ ပြောပြလိုက်လျှင်... ထိုသူက..

ဟုတ်ပြီဗျာ။ ကျွန်တော် နှစ်ပေါင်းများစွာ ပုတီးစိပ်လာတာ ဒီလောက် နည်းစနစ်ကျတဲ့ ပုတီးစိပ်နည်းကို အခုမှ သိရတော့တယ်။ ကျေးဇူးတင်ပါတယ် ဆရာရေဟု ပြန်ပြောလေလျှင် ကျွန်ုပ်ကလည်း

ကျေးဇူးတင်ချင်ရင် ကျွန်တော့်ကို ကျေးဇူးမတင်နဲ့ဗျ။ ဒီနည်းက အဘမင်းသိင်္ခရဲ့ နည်းဗျ။ အဘမင်းသိင်္ခ ပြောပြလို့ ကျွန်တော်တို့လို လူတွေက သိရတာ။ အဘသင်ပေးခဲ့တဲ့ ပညာမို့ ခင်ဗျားကို ပြန်ပြောပြနိုင်တာ။ အဲဒီတော့ ခင်ဗျား က ကျေးဇူးတင်ချင်တယ်ဆိုရင် ကျွန်တော်တို့ အဘမင်းသိင်္ခကို ကျေးဇူးတင်ပေတော့ဟု ပြန်ပြောလိုက်လျှင် ထိုသူက...

ကဲပါဆရာရယ်။ ကျွန်တော် မမြင်ဘူးတဲ့ ဆရာတို့ အဘမင်းသိင်္ခကိုလည်း ကျေးဇူးတင်ပြီး ဂါရ၀ပြု ကန်တော့ ပါတယ်။ အဘမင်းသိင်္ခရဲ့ ပညာတွေကို ကျွန်တော်တို့ကို တစ်ဆင့်ပြန်လည် ပြောပြပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူး တင်ပါတယ်ဟု ပြန်ပြောလေ၏။ ထို့နောက် ၎င်းမှ ဆက်လက်၍ ကဲ...ဆရာရေ။ အခုလောလောဆယ်တော့ ငွေကြေးကိစ္စတွေ ကြပ်တည်းနေတယ်ဆရာရေ။ အဲဒီ ကိစ္စ အဆင်ပြေအောင် ကျွန်တော် အဓိဋ္ဌာန် ၀င်ချင်တယ်။ ဆရာပြောတဲ့ မှန်(၅)မှန်ကိုလည်း အတိအကျ လိုက်နာပြီး အဓိဋ္ဌာန် ၀င်ပါ့မယ်။ ဘာက်ု အဓိဋ္ဌာန် ၀င်ရမလဲဟု မေးလေသောကြောင့် ကျွန်ုပ်သည် ငွေကြေးကိစ္စ အကြပ်အတည်းများမှ လွတ်မြောက်စေသော အောက်ပါ အဓိ ဋ္ဌာန်ကို ထိုသူအား ပြောပြလိုက်လေတော့သတည်း။

ငွေကြေးအကြပ်အတည်းမှအမြန်လွတ်မြောက်စေသောပုတီးစိပ်ဂါထာ

နမော တေ ဗုဒ္ဓ ၀ိရတ္ထု ၊ ၀ိပ္ပ မုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓ ပဋိ ပန္နော သ္မိ ၊ တဿ မေ သရဏံ ဘ၀။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Wednesday, October 20, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels