Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စာမေးပွဲအတွက်အဆောင်နှင့်ယတြာ

ငါ၏ ချစ်လှစွာသော ညီငယ်ညီမငယ်တို့ရေ....
မင်းတို့လေးတွေအတွက် စာမေးပွဲနှင့် ပါတ်သက်တဲ့ ယတြာတွေကို ငါ ဒီနေရာလေးမှာ ပြည့်ပြည့်စုံစုံ ရေးသားပေး လိုက်ပါတယ်။ အောင်မြင်မှု့ သရဖူကို ဖမ်းကိုင်နှိင် ပါစေလို့လည်း ငါ ဆုတောင်းပေး လိုက်ပါတယ်ကွာ။ ဒီနေရာမှာ ငါတို့ရဲ့ ဆရာသခင် အဘမင်းသိင်္ခ ပြောနေကြ စကားလေး တစ်ခွန်းကို ငါလက်ဆောင် ပေးလိုက်ပါရ စေ။

ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်တဲ့.......

စကားလေးကတော့ ဒီလောက်လေးပါ။ ဒါပေမယ့် မင်းတို့တတွေ ဆက်ပြီး စဉ်းစားကြည့်မယ်ဆိုရင် ဒီစကားလေး ဟာ မင်တို့ ဘ၀တွေအတွက် လမ်းပြပေးမယ့် စကားတခွန်း ဖြစ်လာပါလိမ့်မယ်။ ငါနဲ့တွေ့တဲ့ လူငယ်တွေတိုင်းကို အဲဒီ စကားလေး တခွန်းကို လက်ဆောင် ပေးနေကြပါ။ ဒီစကားလေး နှလုံးသားထဲမှာ ရောက်သွားတဲ့ လူငယ် တိုင်းဟာ သူတို့ရဲ့ ဘ၀နယ်ပယ် အသီးသီးမှာ အောင်မြင်မှု့တွေ ချက်ခြင်း ပိုင်ဆိုင် လာကြပါတယ်ကွာ။

ညီလေး ညီမလေးတို့ရေ..
မင်းတို့တတွေက ဘာတွေ ဖြစ်ချင် နေကြတာလဲ။ ဘာတွေ လုပ်နေကြတာလဲ။ ဘာတွေ ရည်မှန်း ထားကြတာလဲ။ သေချာတာ တစ်ခုကတော့ မင်းတို့ လုပ်နေတဲ့ အလုပ်ကို အဖြစ်ရှိအောင် ကြိုးစားလိုက်စမ်းပါ။ အနုပညာ လောကက ညီငယ်ညီမငယ် တွေလည်း အဖြစ်ရှိအောင် ကြိုးစားကြစမ်းပါ။ စာပေလောကက တက်သက်စ ညီငယ် ညီမငယ်တွေလည်း အဖြစ်ရှိအောင် ကြိုးစားလိုက်စမ်းပါ။ ကျောင်းစာ သင်ခန်းထဲက ညီငယ် ညီမငယ် တွေလည်း အဖြစ်ရှိအောင် ကြိုးစား လိုက်စမ်းပါ။ စီးပွားရေး လောကထဲက တက်သက်စ ညီငယ် ညီမငယ် တွေလည်း အဖြစ်ရှိအောင် ကြိုးစား လိုက်စမ်းပါ။ နိုင်ငံခြား တိုင်းပြည်မှာ ရောက်နေတဲ့ ညီငယ် ညီမငယ်တွေ လည်း အဖြစ်ရှိအောင်ကြိုးစားလိုက်စမ်းပါ။ အားလုံး အားလုံသောသူများ အဖြစ်ရှိအောင် လုပ်ကြစမ်းပါ။

ဘ၀တစ်ခုမှာ အောင်မြင်ဖို့ အတွက်ဆိုရင် မင်တို့တတွေဟာ ကျန်းမာရေး ကောင်းဖို့လိုတယ်။ ကျန်းမာရေး ကောင်းဖို့ အတွက်ဆိုရင် အသက်ကို ၀အောင် ရှု ကြပေါ။ အသက်ရှူ တယ်ဆိုတဲ့ စကားလေးကို အလေးအနက် ထားစေချင်တယ်။ လေ ရှူတာ မဟုတ်ဘူးနော်။ အသက် ရှူတာ။ အဲဒီတော့ အသက် ရှည်ချင်ရင် ကျန်းမာရေး ကောင်းချင်ရင် အမြဲတမ်း နုပျို လန်းဆန်း နေချင်ရင် မင်းတို့လေးတွေဟာ အသက်ကို ၀အောင် ရှူ ရှိုက်ကြပေါ့။

နောက်တစ်ခု မင်းတို့တတွေရဲ့ သဘာဝ ပါတ်ဝန်းကျင်ကို လေ့လာစေချင်တယ်။ တကယ်တော့ ဒီစကြာဝဠာ ကြီး ထဲက သဘာဝ ပါတ်ဝန်းကျင်ကြီးဟာ မင်းတို့ ငါတို့တွေအတွက် အခမယ့် ပညာသင်ပေးနေတဲ့ ကျောင်းတော် ကြီး မဟုတ်ပါလား။ ဒါကြောင့် ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ လူသားတွေရဲ့ နေ့စဉ် ရှင်သန်နေတာတွေ အခက်အခဲ တွေကို ဖြတ်ကျော် နေမှု့တွေကို မျက်ခြေပြတ် မခံပဲ အမြဲတမ်း ဆည်းပူး လေ့လာ နေစေ ချင်တယ်ကွာ။

နောက်တစ်ခုက ဘာအလုပ်ကိုပဲ လုပ်လုပ် စီမံကိန်း ရေးဆွဲပြီးတော့မှ လုပ်စေချင်တယ်။ များသော အားဖြင့် ကတော့ လူငယ်တွေဟာ ဘ၀ဆိုတဲ့ ခရီးကို ဖြတ်သန်းရတဲ့ အခါ စီမံကိန်း ရေးဆွဲတတ်တဲ့ အကျင့်ရအောင် ကြိုးစားစေချင်တယ်။ ပြောချင်တဲ့ စကားတွေ ကတော့ အများကြီးပါပဲ။ နောက်မှပဲ ငါ့ဘ၀နဲ့ ရင်းပြီးရခဲ့တဲ့ ဆည်းပူး လေ့လာ သင်ယူခဲ့တဲ့ စကားတွေ ပြောတော့မယ်။ အခုတော့ မင်းတို့လေးတွေ စာမေးပွဲ သွားဖြေတဲ့ အခါ ကံဇာတာ ကောင်းဖို့အတွက် အဆောင်တွေ ယတြာတွေကို ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။

စာမေးပွဲသွားဖြေမယ့်ညီငယ်ညီမငယ်တွေက သွားခါနီး ဒီလို လုပ်သွားပါ။

တနင်္ဂနွေသားသမီးများက အနောက်အရပ်ကို မျက်နှာမူပြီး သရက်ယို သရက်သီး စားရင်း ဆုတောင်းသွားပါ။
တနင်္လာသားသမီးများက မြောက်အရပ်ကို မျက်နှာမူပြီး နွားနို့သောက်ရင်း ဆုတောင်းသွားပါ။
အင်္ဂါသားသမီးများက အနောက်တောင်အရပ်ကို မျက်နှာမူပြီး အုန်းသီး စားရင်း ဆုတောင်းသွားပါ။
ဗုဒ္ဓဟူးသားသမီးများက အရှေ့မြောက် အရပ်ကို မျက်နှာမူပြီး ကိတ်မုန့် စားရင်း ဆုတောင်းသွားပါ။
ကြာသပတေးသားသမီးများက အရှေ့အရပ်ကို မျက်နှာမူပြီး ဇီးသီး (သို့)ဇီယို စားရင်း ဆုတောင်းသွားပါ။
သောကြာသားသမီးများက အရှေ့တောင်အရပ်ကို မျက်နှာမူပြီး လဘက် စားရင်း ဆုတောင်းသွားပါ။
စနေသားသမီးများက တောင်အရပ်ကို မျက်နှာမူပြီး မြေပဲစားရင်း ဆုတောင်းသွားပါ။

ဒါကတော့ ပညာရေး အထောက်အကူပြုအဆောင်လေးပါ။ ပလပ်စတစ်ကဒ်လောင်းပြီး ဆောင်ထားပေါ့။

ဒါကတော့ စာတွေမေ့နေတဲ့အခါ ရွတ်ဆိုရမယ့် ဂမ္ဘီရမန္တန်ပါ။

ဇင်းဒါး

ဒါကတော့ မေးသမျှ ဖြေဆိုနိုင်တဲ့ ဆုတောင်းဂါထာပါ။

ဘူရိမပညော သိပ္ပါနံ
သဗ္ဗေသံ ကုသလောဘဝေ။
ဝိသဇ္ဇေတုံ သမတ္ထောဝ။
သဗ္ဗ ပုစ္ဆာနံ ဌာနသော။

မြန်မာပြန်

ဘူရိမပညော၊ မြေကြီးအထုနှင့်တူသောပညာရှိသည်၎င်း။
သဗ္ဗသိပ္ပါနံ၊ ခပ်သိမ်းသော အတတ်မျိုးတို့၌။
ကုသလော၊ လိမ္မာသည်။
သဗ္ဗပုစ္ဆာနံ၊ခပ်သိမ်းသော အမေးပုစ္ဆာတို့ကို။
ဌာနသော၊ တစ်ခဏဖြင့်။
ဝိသဇ္ဇေတုံ၊ဖြေဆိုခြင်းငှာ။
သမတ္ထော၊ စွမ်းနိုင်သည်သာလျှင်။
ဘဝေယံ၊ ဖြစ်ရပါလို၏ဘုရား။

အထက်ပါ ဂါထာတော်ကို စာမေးပွဲ မတိုင်မီ ကြိုတင်၍ အဓိဋ္ဌာန်ဖြင့် ပြုလုပ်ရမည်။ မိမိမွေးနေ့မှ စ၍ ငါးရက်ဆက်တိုက် ရွတ်ဖတ်၍ အဓိဋ္ဌာန်ဝင်ရမည်။ တစ်နေ့လျှင် တစ်ကြိမ်။ တစ်နေ့လျှင် ဂါထာတော်ကို မိမိ အသက်စေ့ ရွတ်ဖတ် ပူဇော်၍ စာမေးပွဲကို ကောင်းမွန်စွာ အနှောက်အယှက်ကင်းစွာ ဖြေဆိုနိုင်ကြောင်း ဆုတောင်းပါ။

ကဲဗျာ... ဒီလောက်ဆိုရင် စာမေးပွဲအတွက် ပြည်စုံလောက်ပြီလို့ ထင်ပါတယ်။
အောင်မြင်မှု့ ပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စေတနာကောင်းဖြင့်
ပညာရေးပါရမီနည်းခဲ့ရှာသော
ဟိန်းတင့်ဇော်

Tuesday, October 26, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels