Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဈေးရောင်းကောင်းပြီး စီးပွားတက်အောင်

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းရှိရာသို့ အသက်အားဖြင့် (၂၃)နှစ်ခန့် ရှိသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ သူမသည်လည်း ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်နေရသော ရွှေ့ပြောင်း အလုပ်သမားများထဲမှ တစ်ဦးပင် ဖြစ်လေ၏။ သိုသော် ယခုအခါ သူမသည် အလုပ်ရုံမှ ထွက်ကာ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်၍ ဈေးရောင်းမည်ဟုဆိုကာ ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေ၏။

ဒီလိုပါဆရာ။ ကျွန်မက တစ်နေ့ကို ဘတ်၂၂၅-ဘတ်လောက်နဲ့ လုံငန်(အလုပ်ရုံ)မှာ မလုပ်ချင်တော့ပါဘူး ဆရာ ရယ်။ ဒီလောက်နဲ့လည်း ကျွန်မတို့ ဘ၀တွေ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ကျွန်မက ချမ်းသာချင်တာ ဆရာရဲ့။ အခုဆို ထိုင်းနိုင်ငံကို ရောက်တာ အခုဆို(၇)နှစ်ရှိပြီ။ ဘာမှလည်း ထူထူးခြားခြား ပြောင်းလဲလာတာ မရှိပါဘူး။ အဲဒီလိုပဲ လုပ်လိုက် စားလိုက် ကျန်တာလေး မြန်မာပြည်က မိဘတွေ ပို့လိုက်နဲ့ ။ တစ်နှစ်တစ်နှစ် ဒီအတိုင်း ပြီးသွားတာပဲဟု ပြောပြလေ၏။

ဟုတ်ရဲ့လား မိန်းကလေးရယ်။ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ တစ်ချို့တွေဆို မြန်မာပြည်မှာ တိုက်ဆောက်တဲ့ လူနဲ့ ၊ ကားဝယ်တဲ့လူနဲ့ အဲဒီလို ကြားဖူးတာပဲ။ ငါ့ညီမက ထိုင်းကိုရောက်တာ (၇)-နှစ်တောင် ကြာနေပြီ။ ဘာမှ မစုမိဘူးဆိုတာ ဟုတ်ပါ့မလားဟု မသိချင်ယောင်ဆောင်၍ မေးလိုက်လေ၏။

အမလေး.... ဆရာရယ်။ ဆရာပြောတဲ့ အိမ်ဆောက်တဲ့ လူတို့ ၊ ကားဝယ်တဲ့ လူတို့ဆိုတာ ကျွန်မတို့လို သမရိုးကျ အလုပ်ရုံက အလုပ်သမားတွေ မဟုတ်ဘူး ဆရာရဲ့။ ပွဲစားတို့ ၊ အတိုးပေးစားတဲ့ လူတို့ ၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေ ရောင်းဝယ်တဲ့ လူတွေကို ပြောတာ ဆရာရဲ့။ ကျွန်မတို့လို အလုပ်ရုံမှာ လုပ်တဲ့ အလုပ်သမားတွေက တော့ တစ်လ လုပ်စာနဲ့ တစ်လတောင် အလျင်မမီပါဘူး ဆရာရယ်။

ဆရာပဲ စဉ်းစားကြည့်ပါဦး။ ကျွန်မတို့ လုပ်ခ တစ်နေ့ကို ဘတ်ငွေ (၂၂၅) ဘတ်ရတယ် ။ တစ်လကို အကြမ်းဖျင်း တွက်ကြည့်ရင် တစ်လကို ဘတ်ငွေ (၁၀၀၀၀)လောက်တော့ ရတယ် ထားပါတော့။ အဲဒီအထဲက စားတာရော၊ အခန်းခရော ၊ ဘယ်သွားထားလဲ။ တစ်ခါတစ်လေ နေမကောင်းရင် အနည်းဆုံး ဘတ် ၅၀၀လောက် ကတော့ အနည်းပဲ ဆရာရေ့...

မနည်း ချွေတာစုဆောင်းပြီး မြန်မာပြည်က မိဘတွေကို နှစ်လကိုမှ အနည်ဆုံး တစ်သိန်းလောက် ပို့နိုင်အောင် ကြိုးစားနေရတာ ဆရာရဲ့။ ဒါတွေ ထားပါတော့ ဆရာ၇ာယ်။ ကျွန်မတို့ ရွှေ့ပြောင်းအလုပ်သမားတွေ ဘ၀ အကြောင်းကို ပြောပြရင်တော့ ပြီးမှာ မဟုတ်တော့ဘူး။ အခု အရေးကြီးတာက ဈေးရောင်းကောင်းဖို့ရယ် စီးပွားတက်အောင် ဘယ်လိုလုပ်ရမလဲ ပြောပြပါဦးဟု ပြောလေ၏။

အဲဒါဆိုရင် အရင်ဆုံး ဈေးသည်တစ်ယောက်အတွက် လိုအပ်တာကို အရင်ပြောပြမယ်။ အမှန်အတိုင်း ပြောရရင် ဈေးသည်တင်မဟုတ်ပါဘူး။ လူတိုင်းအတွက် လိုအပ်တဲ့ အရာတွေပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လူတကာက ကိုယ့်ကို နေရာတကာ ဦးစားပေး အရေးယူပြီး ဘာလုပ်လုပ် အဆင်ပြေတဲ့ နည်းဆိုရင်တောင် မမှားဘူး ထင်တာပဲ။ ဘယ်နေရာ ရောက်ရောက် လူရာဝင်တဲ့နည်းပဲဟု ကျွန်ုပ်က ပြောလိုက်ရာ ထိုမိန်းကလေး က ကဲပါ ဆရာရယ် ပြောပါတော့ဟု ပြောလေ၏။

ဈေးရောင်းကောင်းချင်တယ်ဆိုရင်တော့....

နံပါတ်(၁)+++ အရင်ဆုံး ပြုံးပြုံးလေး နေတတ်အောင် လေ့ကျင့်ထားရမယ်။ ဒီနေရာမှာ ပြုံးရမယ်လို့ ပြောလိုက် ရင် လူတိုင်းကတော့ ပြုံးကြတယ်ကွ။ ဒါပေမယ့် သူတို့ရဲ့အပြုံးဟာ ဟန်ဆောင်ပြုံးကြီး ဖြစ်နေတယ်။ အသက်မ ပါဘူး။ လှိုက်လှိုက်လှဲလှဲ မရှိလှဘူး။ ပါးစပ်ကတော့ ပြုံးပြနေတယ်။ မျက်နှာကြောကြီးကတော့ တင်းနေတာပဲ။ ကိုယ်ပြုံးပြတဲ့လူတောင် ကြောမခိုင်းသေးဘူး။ ကိုယ်မျက်နှာကြီးက ပြန်တည်သွားပြီ။ နောက်တစ်ခုက လူတွေရဲ့ စိတ်က အလိုလို သိနေတယ်။ ဒါဟာ တကယ်ပြုံးတာလား။ ဟန်ဆောင် ပြုံးတာလား ဆိုတာ လူတိုင်းက အလိုလို သိနေတယ်။ နောက်တစ်ခုက ကိုယ်က လူတွေကို အတုတွေကိုပဲ ပေးရင် လူတွေဆီက အတုတွေပဲ ပြန်ရ တတ်တယ်။ အဲဒိတော့ ငါ့ ညီမကို ပြောချင်တာက လှိုက်လှိုက်လှဲလှဲ နက်နက် ရှိုင်းရိုင်း ပြုံးပြတတ်အောင် တကူးတက လေ့ကျင့်ထားစမ်းပါ။

နံပါတ်(၂)+++ကိုယ့်ဆိုင်မှာ လာပြီး အားပေးတဲ့ လူတွေကို နာမည်မှတ်မိအောင် ကြိုးစားရမယ်။ နင်ပဲ စဉ်းစားကြည့်ဟ။ လူတစ်ယောက်က ကိုယ့်နာမည်ကို ခေါ်ပြီး နှုတ်ဆက်တာလောက် ကျေနပ် ၀မ်းသာစရာ မရှိဘူး မဟုတ်လား။

နံပါတ်(၃)+++ တစ်ဖက်လူ ပြောတဲ့ စကားကို စိတ်ဝင်စားစွာနဲ့ နားထောင်ပေးရမယ်။ တစ်ခါတစ်လေက ကိုယ်ဆီမှာ ဈေးလာဝယ်တဲ့ လူတွေက ဈေးဝယ်ရုံတင် မဟုတ်ဘူး။ သူတို့ လင်မယားရန်ဖြစ်တာတောင် ပြောပြချင်တာ။ ကိုယ်က အဲဒါကို ဘာယူမှာလဲ... လိုချင်တာ ရရင် သွားတော့လေ။ ရှင်ပြောတဲ့ စကားကို နားထောင်ဖို့ အချိန်မရှိဘူးလို့ သွားပြောကြည့်ပါလား။ ကိုယ်ဆိုင် နောက် ဘယ်လာတော့မလဲ။ ဒါကြောင့် တစ်ဖက်လူက ပြောပြတဲ့ စကားတွေကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အချိန်ရရင် တလေးတစား နားထောင်ပေးပေါ့။

နံပါတ်(၄)+++ကိုယ့်ဆိုင်ကို ဈေးလာဝယ်တဲ့ လူတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဘယ်တော့မှ ဆန့်ကျင်ဖက် မလုပ်ပါနဲ့။ အလှ ကြိုက်တဲ့လူကို လှတာမက်တော့ ညစာခက်ဆိုပြီ သွားမပြောနဲ့ပေါ့။ ခပ်ပွင့်ပွင့် လင်းလင်း စကားပြောတတ်တဲ့ လူကို စကားဆိုတာမပြောတတ်ရင် ဆဲတာနဲ့ အတူတူပဲ ဘာညာဆိုပြီး ဆရာကြီး လေသံနဲ့ သွားမပြောနဲ့။ အချောက်တွေလာရင်လည်း အချောက်တွေဘ၀က နိမ့်ကျတယ်။ ရွံစရာကောင်းတယ် ဘာညာဆိုပြီး သွာမပြောနဲ့ပေါ့။ ဒါကတော့ ဥပမာ ပြောတာပါ။ အရေးကြီးတာက လူတွေကို ဆန့်ကျင်ဖက် မလုပ် မိပါစေနဲ့။

နံပါတ်(၅)+++ သူ့ဘာသာ အထင်ကြီးခွင့် ပေးလိုက်ပါ။ လူဆိုတာက လက်ရှိဘ၀က ဘာမှသာ မဟုတ်သေး တာ။ ဒါပေမယ့် ကိုယ့်ကိုကိုတော့ အထင်ကြီးတာ လူတိုင်ပဲလေ။ ကိုယ်အပါအ၀င်ပေါ့။ ကိုယ့်ကိုကို အထင် မကြီးတဲ့ လူဆိုတာကတော့ မရှိသလောက်ပဲ။ ဒါကြောင့် လူတွေက ကိုယ့်ကို အထင်ကြီးနေတာကို လွတ်လွတ်လပ်လပ် အထင်ကြီးခွင့် ပေးလိုက်ပါ။ ကိုယ့်ကြောင့် သူ့ရဲ့ ယုံကြည်ချက်တွေ ကိုယ့်ကိုကို အထင်ကြီး တဲ့စိတ်တွေ ပြောက်မသွားပါစေနဲ့ပေါ့။ ဥပမာ မိခင်တစ်ယောက်က ကလေးတစ်ယောက်ကို ငါ့သားက သိပ်တော် တာပဲ။ ကြည့်ပါဦး ဒါကို မဖြစ်ဖြစ်အောင် လုပ်နိုင်တယ်။ အဲဒီလို ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ အရွယ်မရောက် သေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ ရင်ထဲမှာ ကိုယ့်ကိုကို အထင်ကြီးတဲ့ စိတ်တွေကို ၀င်လာစေတယ်။ အဲဒီစိတ်ကတဆင့် ယုံကြည်မှု့ဆိုတာ ဖြစ်လာတာပဲ မဟုတ်လား။ အဲဒီယုံကြည်တဲ့ စိတ်လေးက တစ်ဆင့်ပဲ နိုင်ငံရဲ့ သူရဲကောင်းကြီးတွေ ထူးချွန်တဲ့သူတွေ ထိပ်ဆုံးက လူတွေဘ၀ကို တွန်းပို့ပေး ခဲ့တာပဲ မဟုတ်လား။ ဒီလောက်သိရင်ပဲ ရပါပြီ။ အဲဒါ ဈေးရောင်းကောင်းစေမယ့် နည်းပေါ့။

နောက်တစ်နည်းကတော့ ဈေးရောင်းကောင်းစေတဲ့ ယတြာနည်းပြောမယ်။ ဈေးလည်း ရောင်းကောင်းချင်တယ်။ စီးပွားလည်း တက်ချင်တယ်ဆိုရင်တော့ အောက်မှာ ပြောတဲ့နည်းအတိုင်းသာ လုပ်ပေတော့။ ဒီနည်းကတော့ ဗေဒင်အခေါ်အရဆိုရင် ကက်ကင်းနည်းလို့ ခေါ်တယ်။ ကက်ကင်းဓာတ်ပြန် န၀င်းခံပေါ့ဟု ဆိုကာ ဈေးရောင်းကောင်း၍ စီးပွားတက်စေသော ယတြာနည်းကလေးကို အောက်ပါအတိုင်း ပြောပြလိုက်လေတော့ သတည်း။

စိန်ပန်း (၉) ညွန့် (သို့) စံပယ် (၉) ပွင့်ကို ပိုက်ဆံ (၉၀)နှင့် ပတ်ပါ။ ဖန်ခွက် တစ်ခွက်ထဲကို ထည့်ပါ။ ဖန်ခွက်ထဲကိုတော့ ရေထည့်ပေါ့။ ပိုက်ဆံကို ရေမဆိုအောင်တော့ ပန်းတွေရဲ့ အလယ်လောက်မှာ ထားပေါ့။ ပြီးရင် မနက် (၉း၀၀)တိတိမှာ အိမ်ဘုရားကို လှူပါ။ လိုရာ ဆုတောင်း၍ မေတ္တာပို့ အမျှဝေပါ။ ပန်းများနွမ်းရင် စွန့်ပြီး အသစ်ပြန်လုပ်။ ငွေ (၉၀)ကိုတော့ ရဟန်းသံဃာတော်တွေကို လှူဒါန်းလိုက်ပါ။ အမြဲမပြတ် လုပ်ပေးခြင်းဖြင့် ဈေးအရောင်းအစယ် ကောင်းစေခြင်း စီးပွားဥစ္စာ ဒီရေအလား တရိပ်ရိပ် တိုးတက် စေနိုင်ကြောင်း ပြောပြလိုက်ရပေတော့သတည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Monday, October 11, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels