Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အကြွေးကျေစေသောအဆောင်

(မူရင်း-အဘမင်းသိင်္ခ)
ကြွေးထူတဲ့ လူတွေကို အဲဒီ အဆောင်တွေ ပေးလိုက်တာ မနည်း တော့ဘူး။ တော်တော်လေး တန်ခိုး ပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေ တောင် မပေါ် သေးဘူးကွ။ စီးကရက် ဗူးထဲပါတဲ့ ရွှေရောင် စက္ကူနဲ့ လုပ်ပေးခဲ့တာ။

ယုံယုံကြည်ကြည်နဲ့ တော့ လုပ်ကွာ။ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေ၀ီ မယ်တော်တွေကို လှူကွာ။ အဲဒီ ယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ ထူးထူးဆန်းဆန်း ကြွေးတွေ ကျေသွားတာကို တွေ့ရတယ်ကွာ။ မယုံရင်တော့ မင်းကိုယ်တိုင် စမ်းကြည့်။

ဟုပြောလိုက်ရာ မောင်မောင်မြင့်အေးက "စမ်းဆို မနက်ဖြန် မနက်ကစပြီး စမ်းရမှာပဲ ဆရာရေ" ဟု ပြောဆိုကာ ကျွန်ုပ်အနီးမှ ထွက်သွားလေတော့၏။ ကျွန်ုပ်မှာလည်း မောင်မောင်မြင့်အေးသို့ ယခုလအတွင်း ပေးရန် စာမူအကြွေး ကျေသွားသောကြောင့် ရင်၌ ပေါ့၍ သွားလေတော့၏။

ထိုအတူ ကြွေးထူနေသော လူအပေါင်းတို့အား ကြွေးများကျေ၍ ၎င်းတို့၏စိတ်သည် စမ်းရေလိုစီး၍ မိုးတိမ်လို လွင့်မျှောကာ ပေါ့ပါး လွတ်လတ်ကြပါစေသတည်းဟု ဆုတောင်းမိလေတော့၏။

လူချစ်လူခင်ပေါများချင်သူများအတွက်

ကျွန်ုပ်၏အသက် ရှစ်နှစ်ကိုးနှစ် အရွယ်ခန့်က ကျွန်ုပ်၏ အဘွားသည် ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရန် အတွက် ကျွန်ုပ်ကို သနပ်ခါး သွေးခိုင်းတတ်၏။ ကျွန်ုပ်သွေးသော သနပ်ခါးမှာညက်၍ လိမ်းကောင်းသည်ဆို၏။ ထိုသို့ သနပ်ခါး သွေးရာ၌လဲ ရိုးရိုးသွေးရသည် မဟုတ်။ ကျွန်ုပ်အား ဂါထာတစ်ပုဒ်ကို သင်ပေးထားပြီးလျှင် သနပ်ခါး သွေးနေစဉ်အတွင်း ရွတ်ခိုင်း၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘွားရေချိုးသည်နှင့် တပြိုင်တည်း ကျောက်ပြင်နှင့် သနပ်ခါးကိုထုပ်ကာ အောက်ပါမန္တာန်ကို ရွတ်ရလေတော့၏။

သဗ္ဗေ ဒေ၀ါစ ယက္ခာစ ၊ ရာဇ မေတ္တာ မနုဿစ။
သဗ္ဗေ ကောဓံ ၀ိနဿန္တု ၊ ဒိသွာန ပိယာ ယန္တု။
စတ္တံ ပုတ္တေ နေ၀သိန္နော အဟံ။
ကရဏီယ မေတ္တ ကုသလေန။
ယန္တသနံ္တ ပဒံ အဘိသမေစ္စ သွာဟ။

ထို့နောက် ကျွန်ုပ်သည် မန္တာန်ရွတ်ရင်း သနပ်ခါးသွေးရ၏။ ကြာသောအခါ ကျွန်ုပ်သည် အချောင်ခို၍ သနပ်ခါးကို သာသွေးပြီး မန္တာန်ကို မရွတ်ဘဲ နေ၏။ ထိုအခါ၌ အဘွားသည် “ဟဲ့ကောင်လေး မန္တာန်ရွတ်လေ” “အဘွားရယ် သနပ်ခါးရရင် ပြီးတာပဲ။ မန္တာန်က ဘာလို့ရွတ်ရတာလဲ”ဟု စောဒက တက်ခဲဘူးလေ၏။

ထိုအခါ၌ အဘွားက....
ဒီမန္တာန်က သိပ်ပြီးစွမ်းတာ ငါ့မြေးရဲ့။ နတ်ချစ်တယ်၊ မင်းချစ်တယ်၊ သူတစ်ပါးရဲ့ ဒေါသတွေ ကိုယ်ဆီကို မကျရောက်ဘူး။ မြင်တဲ့သူတိုင်းက ၀မ်းနဲ့လွယ်ပြီး မွေးထားတဲ့သားသမီးကို ချစ်သလိုချစ်တယ်။ အဲဒါ သိကြားမင်းပေးတဲ့ မန္တာန်။ ဆီကို အဲဒါနဲ့မန်းပြီး ခေါင်းကိုလိမ်းရတယ်။ မျက်နှာချေကိုလည်း အဲဒါနဲ့ မန်းပြီး မျက်နှာကို လိမ်းရတယ်။ လူချစ်လူခင်ပေါတယ် ငါ့မြေးရဲ့... ဟုပြောလေ၏။

အမှန်စင်စစ် ကျွန်ုပ်၏အဘွားသည် လွန်စွာ အပေါက်ဆိုး၏။ မည်သည့်အခါမှ ပြေပြေလည်လည် ပြောလေ့မရှိ။ ကျွန်ုပ်၏ အဘွား၏အမည်မှာ ဒေါ်အေးခင်ဟူ၍ဖြစ်၏။ စကားပြော အပေါက်ဆိုးသော ကျွန်ုပ်၏အဘွား ဒေါ်အေးခင်အား လူတို့သည် ချစ်ခင်ကြကုန်၏။

“ဒေါ်အေးခင်ကြီးကကွာ အလွန် ရိုးတာကလား။ စကားပြောတော့ ဖြောင့်ဖြောင့်ပြောတော့ အပေါက်ဆိုးသလို ဖြစ်တာပေါ့”” ဟူ၍ ခွင့်လွတ်ကာ ချစ်ခင်ကြကုန်၏။ သူလိမ်းသော သနပ်ခါးတွင် ကျွန်ုပ်ရွတ်ပေးသော မန္တာန်၏ အစွမ်းကြောင့် ပေလော။ ဤစကားသည် မှန်သောစကား ဖြစ်၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်အား....အမေရယ် အဘွားလို သနပ်ခါးသွေးရင် မန္တာန်ရွတ်ပြီး သွေးပါလား။ အဲဒီမန္တာန်ဟာ လူချစ်လူခင် များတယ် ဟု ကျွန်ုပ်က အကြံပေးသော်လည်း.. အမလေးတော် ငါတို့က နင့်ဘွားအေလို အားနေတာ မဟုတ်ဘူး။ သနပ်ခါးလည်း မလိမ်းအားဘူး။ လိမ်းရင်လည်း မန္တာန်တွေ ဘာတွေ ရွတ်မနေနိုင်ဘူး။ ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေတာပဲ” ဟုပြောလေ၏။

အမှန်စင်စစ် အားဖြင့် ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်၏ အဘွားလောက် လူချစ်လူခင် မများရှာပါ။ ကျွန်ုပ် အိမ်ထောင်ကျသောအခါ ကျွန်ုပ်၏ဇနီးအား ကျွန်ုပ်က....တို့အဘွားက သနပ်ခါးသွေးတိုင်း မန္တာန်ရွတ်ပြီး သွေးတာ။ လူချစ်လူခင် များတယ်။ မင်းရော သနပ်ခါးသွေးရင် အဲဒီမန္တာန်ရွတ်ပြီး သွေးပါလား ငါတို့ အလွတ်ရတယ်။ သင်ပေးမယ်....ဟု ပြောမိရာ ကျွန်ုပ်၏ ဇနီးသည်က “တောမှာ သွားပြော”ဟု ကျွန်ုပ်အား ပြောလေ၏။

ကျွန်ုပ်၏ ဇနီးသည် မည်သည့် မန္တာန်ကိုမျှ မရွတ်။ ထူးခြားချက်တစ်ခုမှာ သူသည် လူမုန်းများသော သူဖြစ်၏။ ကျွန်ုပ်သည် ထိုမန္တာန်အပေါ် ယုံကြည် သက်ဝင်လာခဲ့၏။ လောကီပညာ လိုက်စားသောအခါ၌ ပြည်ဦးကြန်စွယ်၏ MAGICAL ARTS ခေါ် ၀ိဇ္ဇာမယ သိဒ္ဓိကျမ်းသည် မဖတ်မဖြစ် ဖတ်ရသောကျမ်း ဖြစ်လေရာ ထိုကျမ်းကို ဖတ်ရလေ၏။ ထိုကျမ်း၏ အပုဒ်ရေ ၄၁၀-၌ ကျွန်ုပ်၏ သနပ်ခါးမန်း ဆီမန်းဂါထာသည် တခမ်းတနား ပါလာလေတော့သတည်း။

သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ

ပို့အဟောင်းတစ်ခု ဖြစ်ပါသည် ။ အီးမေးလ်ပို့၍ တောင်းဆိုသောကြောင့် ပြန်လည် တင်ပေးလိုက်ပါတယ်။
မပပရေ... ကျေနပ်ပျော်ရွှင်နိုင်ပါစေ...
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တန်ခိုးဓာတ်ကို စတင်ဖွင်လှစ်ခြင်း

အရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့ လိုတယ်။ ရောဂါမဖြစ်ဖို့လိုတယ်။ အဲဒီတော့ ရောဂါတွေက ဘယ်ကလာလည်းဆိုတော့ အစာအိမ်က အများဆုံးလာတာ။ ဒါကြောင့် ကျန်းမာရေး ကောင်းချင်တယ်၊ ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်ရဲ့ အစာအိမ်ကို ဂရုစိုက်ရမယ်။ အရင်ဆုံးလိုက်နာရမည့် အချက်က ဘယ်အခါပဲ ဖြစ်ဖြစ် အစာကို ၀အောင်မစားရဘူး။ အစာစားပြီး နာရီဝက်အတွင်း လဲလှောင်းခြင်း မပြုရဘူး။ တစ်ပါတ်မှာ တစ်ခါလောက်တော့ အဖတ်မစားပဲ အရေကြီး သောက်တဲ့အကျင့်ကို လုပ်သင့်တယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ နေရာ (၆)နေရာရှိတယ်။အဲဒီနေရာ (၆)နေရာကို ကြာပွင့် (၆)ပွင့်လို့ အလွယ်ခေါ်ကြရအောင်။ အဲဒီ ကြာပွင့် ခြောက်ပွင့်ကို ချက္ကရာလိုပ ခေတယ်။ ပါဠိလိုတော့ စက်လို့ အဓိပ္ပါယ်ရ ပြီးမြန်မာလိုတော့ စက်လို့ ခေါ်လို့ရမယ် ထင်တယ်။ တစ်ချို့ဆရာတွေကတော့ ချက္ကရာ(၇)ခုရှိတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် (၆)ခုလို့ လွယ်လွယ်ကူကျူမှတ်ထားလို့ ရတယ်။

ကျွန်တော်တို့ စအိုနဲ့ဆီးစပ်ကြားမှာ ချက္ကရာ တစ်ခုရှိတယ်။ ၀မ်းဗိုက်က ချက်နဲ့တည့်တည့်မှာ ချက္ကရာတစ်ခု ရှိတယ်။ ဒီနေရာမှာ ကုလားစကားတွေ၊ သက္ကတစကားတွေ၊ ပါဠိစကားတွေ ၊ မှတ်ရတာ မှတ်ရခက်တယ်။ အဲဒီတော့ လွယ်လွယ်ကူကူပဲ မှတ်ရအောင်။ ပထမချက္ကရာကို မူလချက္ကရာလို့ မှတ်ထားပေါ့။ ချက်တည့်တည်ြ ချာကရာကို ချက်က္ကရာလို့ မှတ်ထားပေါ့။ ရင်ညွန့်တည့်တည့် ချာကရာကို ရင်ညွန့်ချာကရာလို့ မှတ်လိုက်ပေါ။ လည်ပင်းမှာရှိတဲ့ ချာကရာကိုကြတော့ လည်ပင်းချာကရာလို့ မှတ်ထားလိုက်ပေါ့။ ပြီးတော့ မျက်ခုံးမွေးနှစ်ခုရဲ့ကြား နဖူးအောက်တည့်တည့်မှာ ရှိတဲ့ ချာကရာကို တတိယမျက်လုံး ချာကရာပေါ့။ ငယ်ထိပ်မှာ ရှိတဲ့ ချာကရာကိုကြတော့ ပြီးမြောက်မှု့ ချာကရာလို့သာ မှတ်ထားလိုက်ပေါ့။ မှတ်တာကတော့ ဘယ်လိုပဲ မှတ်မှတ်ပေါ့ဗျာ။ အရေးမကြီးပါဘူး။ အရေးကြီးတာက ချက္ကရာ(၆)ပါးရှိတယ်ဆိုတာကို သိဖိုပပါပဲ။

အဲဒီချာကရာတွေကို ဘယ်လို နှိုးမလဲ...

အဲဒီချာကရာတွေကို တစ်ခုဆီ နှိုးရမယ်။ ဘယ်လို နှိုးရမလဲဆိုတော့ ချာကရာတစ်ခုဆီ တစ်ခုဆီကို ဖယောင်းတိုင် မီးကလေး လင်းနေတယ်လို့ အာရုံပြုပြီး စိတ်နဲ့ မြင်အောင်ကြည့်ရမယ်။ ကြည့်နေတဲ့အတောအတွင်း မှာလည်း ၀င်သက်ထွက်သက်ကို သတိနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ကိုတိုင်ကတော့ ကိုယ့်စိတ်နဲ့ ထွန်းညှိထာတဲ့ မီးတောက်ကလေးကို အာရုံစိုက်ထားရမယ်။ အဲဒီတော့ တပြိုင်နက်တည်းမှာပဲ အသက်ရှူတာကိုလည်း မှတ်ထားရမယ်။ ချာကရာမှာ စိတ်နဲ့ ထွန်းညှိထားတဲ့ မီးတောက်ကလေးကိုလည်း အာရုံက မြဲနေရမယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ နှခေါင်းကို လေ၀င်သွားတဲ့အခါ ၀င်တယ်လို့ မှတ်ရမယ်။ ထွက်သွားတဲ့အခါမှာလည်း ထွက်တယ်လို့ မှတ်ရမယ်။ မီးတောက်ကလေး လင်းနေတာကိုလည်း လင်းတယ်လို့ မှတ်ရမယ်။ ကိုယ့်စိတ်က ဘယ်လို ဖြစ်နေမလဲဆိုတော့ ၀င်တယ်၊ ထွက်တယ်၊ လင်းတယ်လို့ တရစပ်မှတ်နေရမယ်။ မခက်ပါဘူး။

အဲဒီလို လုပ်နေရင် ဘာတွေ ဖြစ်လာမှာလဲ...။ ချာကရာတွေ နိုးကုန်မှာပေါ့။ ဘာတွေဖြစ်လာမှာလဲဆိုတော့ ချာကရာတွေ ပွင့်ကုန်မှာပေါ့၊ ချာကရာတွေ ပွင့်ကုန် နိုးကုန်ရင် ကိုယ်လိုချင်နေတဲ့ သိဒ္ဓိတွေ တန်ခိုးတွေ ရလာမှာပဲပေါ့။ အဲဒီလို ကျင့်နေတဲ့အချိန်မှာ အရေးကြီးဆုံးက ထိန ၊ မိဒ္ဓလို့ ခေါ်တဲ့ ပျင်းရိခြင်းရယ် ငိုက်မျဥးခြင်းရယ်ဆိုတာ ကိုယ့်ဆီ ၀င်မလောအောင် ကြိုးစာပေတော့။

တန်ခိုးတွေရတာ မရတာကို နောက်ထားဦး။ လောလောဆယ် ကိုယ်ရှင်သန် ကြီးပြင်းနေတဲ့ ပတ်ဝန်းကျင်မှာတော့ ကိုယ်ဟာ တန်ခိုးသြဇာအာဏာတွေ မြင်မားလာမယ်။ အောင်မြင်လာမယ်။ လူတကာကိုလွှမ်ဒမိုးထားနိုင်မယ်။ ပူပန်သောကတွေ အေးလာမယ်။ ခေါင်းအေးအေးနဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ လက်တွေ့ ကြုံလာမှ ယုံကြည်ကြပါကုန်.... ပုံလေးတွေကတော့ google က ရှာပြီး တင်ပေးလိုက်တာပါ။

ထွက်ရပ်ပေါက်-၀ိဇ္ဇာလမ်းနှင့်ပါတ်သက်၍

ဝိဇ္ဇာဆိုတာ...

ဝိဇ္ဇာဆိုတာက လူစင်စစ်ကနေပြီးတော့ နတ်သိကြားတွေရဲ့ တန်ခိုးမျိုကို ရနေတဲ့လူဟာ ၀ိဇ္ဇာပေါ့။ အဲဒီတော့ အဲဒီကိစ္စဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာကို ပထမ စဉ်းစားရမယ်။ လူဟာ လူလောက်ပဲ စွမ်းရည်ရှိရမယ့် နေရာမှာ နတ်လောက်စွမ်းရည် ရှိရမယ်ဆိုပြီး လုပ်တဲ့ အလုပ်တစ်ခုပဲ။ အရမ်းလိုက်လုပ်လို့တော့ မဖြစ်ဘူး။ ကိုယ့်ရှေ့မှာ အဲဒီလိုလုပ်လို့ ဖြစ်သွားကြရဲ့လားဆိုတဲ့ သာဓကတွေ ကြည့်ရဦးမယ်။

အဲဒီလို ကြည့်လိုက်တော့ ကျွန်တော်တို့တတွေဟာ ၀ိဇ္ဇာရှိတယ်လို့တော့ ကြားဖူးကြတယ်။ ဒါပေမယ့် အထောက်အထားနဲ့ သိတာမျိုးတော့ မဟုတ်ကြပါဘူး။ အဲဒီတော့ အတိတ်က အကြောင်းအရာလေးတွေကို နည်းနည်းလောက် ပြန်ရှာဖွေ ကြည့်ကြရအောင်...

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျခေတ်မှာ အဲဒီဘက်ကို လိုက်စားတဲ့လူ တော်တော်များတယ်။ မနောမယသိဒ္ဓိ ၀ိဇ္ဇာဓိုရ်လမ်း လို့ ခေါ်တယ်။ နောက်ပြီး ဘုရားဟော သုတ်သီလအဋ္ဌကထာ ကေ၀ဋသုတ်မှာ ၀ိဇ္ဇာအကြောင်း ပါတယ်။ စိတ်ဆန္ဒ လုံး၀၀ိရိယ ရှေ့ထားပြီးလုပ်ရင် ဖြစ်နိုင်တယ်။ နောက် ပေါက္ကံပြည်မှာ နန်စံတဲ့ အနော်ရထာတို့ ၊ နရပတိစည်သူတို့ကို ၀ိဇ္ဇာက ဂါထာလာဆက်တယ်လို့ မဏိသာရကျမ်းမှာ ဆိုတယ်။ ပြိးတော့ ကဋိလ၀တ္ထုမှာ ကောင်းကင်ပျံ ၀ိဇ္ဇဓိုရ်အကြောင်းကို ဖော်ပြထားတယ်။ အဲဒီ ၀ိဇ္ဇဓိုရ်ဟာ ဘုံပြဿာဒ်(၇)ဆင့်မှာနေတဲ့ သူဋ္ဌေးသမီးနဲ့တောင် တိတ်တိတ် ညားသွားသေးတယ်လို့ သိရတယ်။

အပါဒါန်ပါဠိတော်မှာ သူမေဓာမြတ်စွာဘုရားကို ၀ိဇ္ဇာကလာဖူးပြီး မဟာလှေကားပန်းပွင့် လှူတယ်ဆိုတဲ့ အကြောင်းပါတယ်။ ပြီးတော့ ရာဇြ၈ိုဟ်မှာ ဥတ္တရသာမဏေကျော် အလောင်းတော်က ၀ိဇ္ဇဓိုရ်ဘ၀မှာ သူမေဓာ ဘုရားရှင်ကို စိတ်ပုတီးလှူခဲ့တယ်လို့လည်း ဆိုထားတယ်။ ပြီးတော့ သတ္တနိပတ် ၀ိဒေဟဇာတ်ထဲမှာ ဗြဟ္မဒတ်မင်းကြီးရဲ့ နန်းတော်ထဲကို ၀ိဇ္ဇဓိုရ်ဝင်လာတယ်လို့ ဆိုထားတယ်။ န၀နိပတ် သမုဂ္ဂဇာတ်တော်ထဲမှာ ယသုဒ္ဓဓမ္မ ၀ိဇ္ဇဓိုရ်ဟာ ဒါန၀တီဆိုတဲ့ ကြုတ်ထဲထည့်ပြီး ငုံထားတဲ့ မိန်းကလေးကို ၀င်ပြီးပေါင်းသင်းတယ်လို့ ဆိုထားတယ်။

သ၀ဏ္ဏဘုမ္မိမှာ နဂါးမနဲ့ ၀ိဇ္ဇာနဲ့ပေါင်းတယ်။ နဂါးမှန်းသိလို့ ၀ိဇ္ဇာကပြန်သွားတယ်လို့ ဆိုထားတယ်။ တောင်ထိပ်မှာနေတဲ့ ၀ိဇ္ဇာက တောင်အောက်ကို ရေဆင်းမခတ်ပဲ ရေဘူးကို တန်ခိုးနဲ့ ရေဆင်းခတ်ခိုင်းတာကို နရဓ ညီနောင်က မြင်လို့ ရေဘူးနောက်လိုက်သွားပြီး ၀ိဇ္ဇာနဲ့တွေ့တယ်။ အဲဒီမှာ ၀ိဇ္ဇာက အဲဒီညီနောင်ကို ပညာသင်ပေးတယ်လို့ ဆိုတယ်။ ပြီးတော့ သထုံပြည်မှာ မဟာဇမ္ဗု သပြေသီးကိုစားပြီး မပုတ်မသိုးသေနေတဲ့ ၀ိဇ္ဇာအသေကို ဘုန်းကြီးကရခဲ့ပြီး ကျောင်းဝမှာ ထားထားတာကို ကုလားညီနောင်က ခိုစားလို့ ပေါ့ပါးတယ်လို့ ဆိုထားတယ်။

နောက်တစ်ခုက ရတနာပူရမြို့မှာ ဆင်ဖြူရှင် တရဖျားဟာ ၀ိဇ္ဇာနဲ့ တွေ့ရတယ်လို့ ပြောတယ်။ ပြီးတော့ ဟံသာဝတီမှာ ဆင်ဖြူရှင်မင်းဟာ ကျုံးကြီးတူးတဲ့အခါ မြေအောက်မှာ မြေအောင်းဝိဇ္ဖာတစ်ယောက်နဲ့ တွေ့တယ်ဆိုပဲ။ ဒါတွေကတော့ ဖတ်ဘူးမှတ်ဘူးတဲ့ အကြောင်းအရာတွေပါပဲ။ ဒါဆိုရင် ရှေ့တုန်းက အရင်တုန်းက ၀ိဇ္ဇာဆိုတာ အမှန်တကယ် ရှိခဲ့တယ်ဆိုတာကို ကောက်ချက်ချလို့ ရသွားပြီပေါ့။ သင်တို့တတွေလည်း အဲဒီ ၀ိဇ္ဇာလမ်းဆိုတာကို ၀ါသနာပါတယ်ဆိုရင် ယုံကြည်စွာ လမ်းဆက်လျှောက်လို့ ရလောက်ပါပြီ......

ခင်မင်စွာဖြင့်
ဟိန်းတင့်ဇော်-ထိုင်းနိုင်ငံ-မဟာချိုင်မြို့

တန်ခိုးသိဒ္ဓိကိုဖွင့်လှစ်နိုင်မည့်သော့ရှစ်ချောင်း

နံပါတ်(၁) တန်ခိုးသိဒ္ဓိအကြောင်း....

ပထမဦးဆုံး နားလည်ရမှာက ကျွန်တော်တို့ နေထိုင်နေတဲ့ စကြာဝဠာကြီးရဲ့အကြောင်းကို အရင်ဆုံး နားလည်ထားသင့် တယ်။ ဒါကြောင့် ဒီစကြာဝဠာရဲ့ အရှိန်အစော် စွမ်းရည်ဆိုတဲ့ ကိစ္စပဲ။ အဲဒါကို ဘယ်သူလုပ်တာလဲလို့ မမေးနဲ့။ ဒါကို သဘာဝတရားကြီးလို့ ခေါ်တယ်။ ဓာတ်တစ်ခုလို သဘောထားချင်လည်း ထားလို့ရတယ်။ အရာအားလုံးကို မူလလို့ ယူဆချင်လည်း ယူဆပေါ့ကွာ။ အဲဒီလို မယူဆချင်ရင်လည်း နက်ရှိုင်းမှု့ရဲ့ ဗဟိုလို့ ပြောချင်လည်း ပြော။ အာဠာယ၀ိညာဏ် ကြီးလို့ ပြောချင်လည်းပြော။ အာဒိ သိမှု့လို့ ခေါ်ချင်လည်း ခေါ်။ အာဒိ လှုပ်ရှားမှု့ အာဒိစွမ်းအင် ကြိုက်သလိုခေါ်နိုင်တယ်။ ကြိုက်သလို နာလည်နိုင်တယ်။

ဥပမာအားဖြင့် ပြောရရင် ရေကို ကုလားလူမျိုးတစ်မျိုးက ပါနီလို့ခေါ်တယ်။ အခြားကုလားလူမျိုးတစ်မျိုးက ဂျားလ်လို့ ခေါ်တယ်။ အင်္ဂလိပ်က ၀ါးတားလို့ခေါ်တယ်။ တရုပ်က စွေ့လို့ခေါ်တယ်။ ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါ်ချင်သ လို ခေါ်နေကြတာပဲ။ ဒါပေမယ့် ရေကတော့ရေပဲ။ တခြားဘာမှ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ စကြာဝဠာရဲ့ အရှိန်အစောကြီး ဟာ တကယ်ရှိတယ်။ ကိုယ်ကြိုက်သလို ခေါ်နိုင်တယ်။ ပရာန လို့လည်း ခေါ်လို့ရတယ်။ အဲဒိပရာနဟာ နေရာင်ခြည်မှာလည်း ရှိတယ်။ လရဲ့ ရောင်ခြည်မှာလည်း ရှိတယ်။ ရေမှာလည်း ၇ှိတယ်။ တိရစ္ဆာန်မှာလည်း ရှိတယ်။ သစ်ပင်ကျောက်တုံး စတဲ့အရာတွေမှာလည်း ရှိတယ်။ ကိုယ့်ရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ သူတစ်ပါးတွေရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ အဲဒီ ပရာနဟာ တစ်နေ့မှာ စွမ်းအင်ဖြစ်လာမယ်။ အဲဒိအခါကျတော့ ပရာနလို့ မခေါ်တော့ဘူး။ နဂါးတကောင်နဲ့ တင်စားပြီး နာဂသတ္တိ (SERPANT POWER) ရယ်လို့ ဖြစ်သွားတာပဲ။

ဒါဆို အဲဒီပရာနဆိုတဲ့ အရာကို ဘယ်သူပိုငတာလဲ....

အရာအားလုံနဲ့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူမှ မပိုင်ဘူး။ ဥပမာ ကိုယ်တွေ အသက်ရှူနေတဲ့ လေဟာ လူတိုင်းနဲ့ တော့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူပိုင်လို့လဲ။ အဲဒီအတိုင်းပေါ့။

ဒါဆိုရင် အဲဒီပရာနကို ကိုယ်က ဘယ်လိုလုပ်ရမှာလဲ......?
အဲဒီ ပရာနဟာ ကိုယ့်ကိုထဲမှာ ရှိနေတယ်။ ဒါပေမယ့် သူဟာ နိုးကြားခြင်း မရှိဘူး။ အပျင်းကြိးပြီး အိပ်စက်နေတဲ့ မြွေတစ်ကောင်လိုပဲ။ နိုးကို မနိုးဘူး။ ငြိမ်ပြီး အိပ်နေတယ်။ သူ့ကို ကိုယ်က နှိုးရမှာ။ သူနိုးတာကို နာဂသတ္တိနိုးတယ်။ တန်ခိုးစွမ်းအင်နိုးတယ်လို့ ပြောတာပေါ့။ အဲဒီနာဂသတ္တိဆိုတဲ့ အရာဟာ တကယ်ရှိတယ်။ သူဟာ အလွန် အဖိုးတန်တယ်။ လူ့လောကကြီးမှာ သူ့ကို အသုံးချပြီး ဘယ်အရာမဆို ရအောင်ယူနိုင်တယ်။ ချမ်းသာခြင်း၊ သြဇာတိက္ကမကြီးခြင်း၊ နာမည်ဂုဏ်သတင်း ကျော်ကြားခြင်းကအစ ဘာမဆို လုပ်နိုင်တယ်။

သေသေချာချာလုပ်ကြည့်ရင် ရှစ်မျိုးသောသိဒ္ဓိကို ရနိုင်တယ်....
မိမိခန္ဓာကိုယ်ကို သေးသေးကလေးဖြစ်အောင် ချုံ့ပစ်နိုင်တဲ့ ... အဏိမာသိဒ္ဓိ။
မိမိခန္ဓာကိုယ်ကို အဆမတန်ကြီးအောင် လုပ်နိုင်တဲ့ .... မဟိမာသိဒ္ဓိ။
အာကာသထဲထိအောာင် ပျံဝဲအောင် လုပ်နိုင်တဲ့ လဃိမာသိဒ္ဓိ။
ကိုယ်ကိုကို တောင်ကြီးလို လေးနေအောင် လုပ်နိုင်တဲ့ ဂရိမာသိဒ္ဓိ။
အလိုရှိတိုင်း ကြားနိုင်သိနိုင်တဲ့ ပရပတိသိဒ္ဓိ။
ကိုယ်အလိုရှိတိုင်း ဖန်တီးနိုင်တဲ့ ... ပရာကာမယသိဒ္ဓိ။
ကိုယ်အလိုရှိသလို စွဲဆောင်နိုင်တဲ့ ... ၀သိတံသိဒ္ဓိ။
အလိုရှိသလို လွှမ်းမိုးနိုင်တဲ့ ... ဣသတံသိဒ္ဓိ အဲဒီလို သိဒ္ဓိ၇ှစ်မျိုး အထိ ရရှိစေနိုင်တယ်။

အဲဒီသိဒ္ဓိရှစ်မျိုးကို ရအောင်ဖွင့်လှစ်ဖို့ သော့တံရှစ်ချောင်းလိုတယ်။

ပထမသော့တစ်ချောင်းရဲ့နာမည်က “ ယမ ” လို့ခေါ်တယ်။
အဲဒါကတော့ ဘယ်လိုအကြောင်းနဲ့မှ မုသားမပြောဆိုခြင်းဆိုတဲ့ အချက်ရယ်၊ အလိုဆန္ဒကို ချုပ်တည်းမှု့ရယ်၊ ခိုးဝှက်ခြင်း မပြုမှု့ရယ်၊ လာဘ်မစားဖို့ရယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ဒါတွေဟာ အတိအကျ ပြောရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ယမဆိုတဲ့သော့ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲဆိုရင် အပြောအဆိုနဲ့ ပါတ်သက်လို့ သူက မချုပ်ချယ်ပါဘူး။ အမှန်ကို ပြောဖို့ပဲ တိုက်တွန်းတာပါ။ နားထောင်တာနဲ့ ပတ်သက်လို့လည်း သီးခြား ဆုံမချက်မရှိပါဘူး။ အမှန်ကို နားထောင်ရမယ်။ သတ္တိနဲ့ ပတ်သက်လို့လည်း အခက်တွေ့တဲ့အခါမှသာ ထုပ်ရမယ်တဲ့။

ဒုတိယသော့တစ်ချောင်းရဲ့နာမည်က “နိယာမ” လို့ခေါ်တယ်။
နိယာမဟာ ခန္ဓာဒာကိုအတွင်းအပြင် သန့်၇ှင်းစေရမယ်လို့ ဆိုထားတယ်၊ ရောင့်ရဲလွယ်ရမယ်လို့ ဆိုထားတယ်။ ဘုရား ကို ကြည်ညိုရမယ်လို့လည်း ဆိုထားတယ်။ အလိုရမက်တွေအားလုံး၊ အာသာဆန္ဒတွေအားလုံးကို နှိပ်ကွက်နိုင် ရမယ်။

တတိယသော့တစ်ချောင်းရဲ့နာမည်က “ အာသန” လို့ခေါ်တယ်။
အာသနဆိုတာကတော့ ထိုင်ပုံထိုင်နည်းတွေကို ဆိုတာပါ။ အဲဒီအာသနက ဘာအတွက် သတ်မှုတ်ထား၇သလဲဆိုတော့ ကိုယ်လက်အင်္ဂါ အကြောင်းမဲ့ ယိမ်းယိုင်ခြင်း၊ လှုပ်ရှားခြင်း မဖြစ်စေဖို့၊ ထိုင်ပုံထိုင်နည် အာသနကို သင်ကြားရတာပဲ။

စတုတ္ထသောတစ်ချောင်းရဲ့အမည်က “ ပရတျာဟာရ ” လို့ ခေါ်တယ်။
မြူတူးပြန့်လွှင့်နေတဲ့ စိတ်ကို ချုပ်တည်းတာ၊ အပြင်ကို အာရုံမစိုက်ပဲ ခန္ဓာတွင်းကို အာရုံစိုက်ဖို့ ညွန်ပြထားတယ်။

ပဉ္စမသောတစ်ချောင်းရဲ့အမည်က “ ပရာဏာယာမ ”လို့ခေါ်တယ်။
အဲဒါကတော့ အသက်ရှူတဲ့ ကျင့်စဉ်ကို ပြောတာပါ။

ဆဋ္ဌမသောတစ်ချောင်းရဲ့အမည်က “ ဓာရဏာ ” လို့ခေါ်တယ်။
ကိုယ်စူးစိုက်ရမယ့် အရာတွေကလွဲပြီး တခြားအရာတွေကို အာရုံမစိုက်ဖို့ပါ။ စိတ်မပျံ့လွင့်ဖို့ပါ။

သတ္တမသော့တစ်ချောင်းရဲ့အမည်က “ ဇာဏ ” လို့ ခေါ်တယ်။
ကိုယ်စူးစိုက်တဲ့အာရုံကလွဲပြီး အခြားအာရုံတွေကို စွန့လွှတ်လောင်မြိုက်ပစ်ဖို့ပါပဲ။

အဋ္ဌမသော့တစ်ချောင်းရဲ့အမည်က “ သမာဓိလို့ ” ခေါ်တယ်။
အဲဒါကတော့ စိတ်ရဲ့ တည်ငြိမ်မှု့ကို ပြောတာပါ။ ကိုယ့်စိတ်ကို မလှုပ်ရှားစေဘဲ တည်ငြိမ်နေတဲ့ သဘောကို ပြောတာပါ။ အဲဒိသော့ရှစ်ချောင်းကို ပိုင်ပိုင်နိုင်နိုင်ရအောင် လေ့ကျင့်ကြိုးစားပြီး နာဂသတ္တိလို့ ခေါ်တဲ့ ဘဏ္ဍာတိုက်ကို ဖွင်နိုင်ပါလိမ့် မယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ငွေကြေးအရေးတကြီးလိုအပ်နေခဲ့မယ်ဆိုရင်

တစ်နေ့မှာ ကျွန်တော့်ရဲ့ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၃၅)နှစ်ခန့် ရှိသော ကိုသောင်းဌေးဆိုသူသည် ရောက်ရှိလာလေ၏။ ၎င်းကိုသောင်းဌေးသည် လောင်းကစားသမားတစ်ဦး ဖြစ်၍ ချဲ ဘောလုံးပွဲစသည်တို့ဖြင့် စီးပွားရှာနေသော သူတစ်ဥိးလည်း ဖြစ်လေ၏။ သူသည် မွန်ပြည်နယ် မော်လမြိုင်ဘက် ဇာတိဖြစ်ကာ ထိုင်းနိုင်ငံသို့ လွန်ခဲ့သော (၁၅)နှစ်ခန့်ကပင် ရောက်ရှိနေခြင်း ဖြစ်လေ၏။

ကျွန်ုပ် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက်ပိုင်း မကြာမီပင် ထိုသူနှင့် ရင်းနှီးခင်မင်ခဲ့ရခြင်းပင် ဖြစ်၏။ ထိုသူသည် ပျော်ပျော်ရွှင်နေတတ်၏။ မည်သည့် အခက်အခဲကိုပင် ကြုံကြုံ ပြုံးပျော်ရွှင်လန်းစွာ ဖြေရှင်းလေ့ရှိ၏။ စကားပြော ချိုသာ၏။ သူ၏ အကောင်းဆုံး အရည်အချင်းမှာ လူပေါင်းသူပေါင်း ဆန့်ခြင်းပင်ဖြစ်လေ၏။ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့်မရွေး ပေါင်းသင်းတတ်၏။ သူတစ်ပါးတို့အားလည်း လွန်စွာ ကူညီတတ်သူ ဖြစ်လေရာ သူသည် သူ၏ ပတ်ဝန်းကျင်တွင် လွန်စွာ လူချစ်လူခင်များသူလည်း ဖြစ်လေ၏။

သူ၏ ဘ၀သည် မျက်လှည့်ဆန်၏။ တစ်ခါတလေ သူ၏ လုပ်ငန်းများ အဆင်ပြေနေသော အခါတွင် သူသည် သူဋ္ဌေးတစ်ဦး ဖြစ်နေ၏။ သူ၏ အလုပ်များ အဆင်မပြေဖြစ်နေသော အခါတွင် သူ့တွင် သုံးစရာ ပိုက်ဆံ တစ်ပြားတစ်ချပ် တစ်လေမှတောင် မူးလို့ ရှုစရာမရှိ ဖြစ်နေ၏။ ငွေကြေး ဆင်းရဲနေပြန်၏။ သူ၏ ဘ၀သည် အတက်အကျမြန်၏။ တစ်ခါတလေ တစ်လအတွင်း ဆင်းရဲလိုက် ချမ်းသာလိုက်ပင် ဖြစ်နေ၏။

သို့သော် ထိုဆင်းရဲခြင်း၊ ချမ်းသာခြင်းသည် သူ့အတွက် သိပ်မထူးခြားသကဲ့သို့ပင် ဖြစ်၏။ ဆင်းရဲနေစဉ် အချိန်ကာလတွင်လည်း သူသည် ခပ်ပြုံးပြုံး ပင်ဖြစ်၍ အရမ်းကြီးအဆင်ပြေနေသော အချိန်များတွင်လည်း သူ့ကို မြင်ရသည်မှာ အေးအေးဆေးဆေးပင် ဖြစ်လေတော့၏။ ထို့ကြောင့် သူ့ကို တွေ့မြင်ရသည်မှာ စိတ်ပိုင်းဆိုင်ရာ ပဟေဠိဆန်လှလေ၏။ သူ၏ စိတ်သည် လောကဓံတရားရှစ်ပါးနှင့် ကြုံတွေ့ရသော အခါများတွင် သိပ်ပြီးတော့ ထူးထူးထွေထွေ မတုန်လှုပ်သကဲ့သို့ ရှိလေရာ ကျွန်ုပ်သည် ထိုသူ၏ စိတ်ဓာတ်မျိုးကို ကျိတ်၍ သဘောကျမိ လေတော့၏။

များသောအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်များသည် ခိုင်မာမှု့ မရှိကြပေ။ ကောင်းမွန်သော လောကဓံတရား များနှင့် ကြုံတွေ့ရသော အချိန်များတွင် ပျော်ရွှင်တတ်ကြ၍ မကောင်းသော လောကဓံတရားများနှင့် တွေ့ကြုံရပါက တုန်လှုပ်တတ်ကြလေ၏။ စိတ်ဓာတ်ခိုင်မာ လွန်းလှပါသည်ဆိုသော သူများပင်လျှင် အမှန်တကယ် လောက်ဓံတရားများနှင့် ကြုံတွေ့ရပါက တုန်လှုပ်မိတတ်၏။ တစ်ယောက်တည်း အေးအေးဆေးဆေး နေရသော အချိန်များတွင် မသိသာလှပေမယ့် အခြေအနေ အချိန်အခါတစ်ခု ကြုံတွေ့ရပါက ထင်ထင်ရှားရှား သိသာလာလေတော့၏။

လွန်ခဲ့သော (၁၀)နှစ်ခန့်က ကျွန်ုပ်သည် ကျွန်ုပ်ကို ကျွန်ုပ် တော်တော်ပင် အထင်ကြီးခဲ့လေသည်။ ထိုအချိန်က ကျွန်ုပ်သည် အဘဆရာကြီး မင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် နေခဲ့ရသော အချိန်ပင်ဖြစ်၏။ ထိုအချိန်တုန်းက ကျွန်ုပ်တို့သည် စားဖို့လည်း မပူရ ၊ နေထိုင်ဖို့လည်း မပူရ၊ ဘာအတွက်မှ မပူပင်ရပဲ အဘ၏ အလုပ်များကို ၀ိုင်းဝန်း၍ လုပ်ကိုင်နေရင်း တစ်ဘက်မှလည်း ဗေဒင်လက္ခဏာ ပညာရပ်များကို သင်ယူနေရသော အချိန်ကာလဖြစ်၏။

ထိုအချိန်တုန်းက ကျွန်ုပ်တို့သည် အချိန်တော်တော်များကို အဓိဋ္ဌာန်ဝင်ခဲ့ရ၏။ စိတ်နှင့်ပါတ်သက်သော ကျင့်စဉ်များကို ကျင့်ခဲ့ရသော အချိန်လည်း ဖြစ်၏။ ထိုအချိန်တုန်းက ကျွန်ုပ်တို့၏ စိတ်ဓာတ်သည် ပကတိ အေးချမ်းနေ၏။ ဗလာဖြစ်နေ၏။ ပေါ့ပါးနေ၏။ လွတ်လတ်နေ၏။ ပူပင်သောက ကင်းဝေးနေလေ၏။ ထို့ကြောင့် ငါ၏ စိတ်ဓာတ်သည်ကား ပကတိ တည်ကြည်နေတယ်။ စိတ်ဓာတ်ခိုင်မာနေတယ်။ ဘယ်အရာကြောင့်မျှ ငါ၏ စိတ်ဓာတ်တို့သည် မယိင်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မာနေတယ်ဟု မိမိကိုယ်မိမိ အထင်ကြီးနေခဲ့၏။

ကျွန်ုပ်သည် ရန်ကုန်မြို့ အင်းစိန်ရွာမမှ အသက်သုံးဆယ်ခန့် ရှိသော အမျိုးသမီးတစ်ဦးနှင့် လူငယ်သဘာဝ မေတ္တာမျှခဲ့လေ၏။ တစ်နေ့တွင် ထိုအမျိုးသမီးသည် ကျွန်ုပ်အား ရန်ကုန်မြို့သို့ အလည်အပတ်ခေါ်သွား ခဲ့လေ၏။ ရန်ကုန်မြို့သို့ ရောက်သောအခါတွင် သူမသည် ကျွန်ုပ်အား အရင်ဆုံး ဘုရားအား လိုက်ပို့ပေး၏။ ဘုရားသို့ ရောက်သော အခိုက်အတန့်တွင်လည်း ကျွန်ုပ်၏ စိတ်သည် ကြည်လင်နေ၏။ ထို့နောက် ဘုရားမှ ဆင်းကာ နေ့လည် (၁)နာရီလောက်တွင် ရန်ကုန် နေပြည်တော်ရုပ်ရှင်ရုံသို့ ရုပ်ရှင်လိုက်ပြလေ၏။ အထူးတန်းမှ လက်မှတ်ဝယ်ကာ ကြည့်၏။

ရုပ်ရှင်ရုံထဲသို့ ရောက်ပြီး သိပ်မကြာခင်မှာပင် တည်ငြိမ်လှပါသည်ဟု ထင်မှတ်ထားသော ကျွန်ုပ်၏ စိတ်ဓာတ်မျာားသည် စတင်၍ ယိမ်းယိုင်လာလေတော့၏။ မိန်းကလေးတစ်ဦးနှင့် နီးနီးကပ်ကပ် ထိုင်နေရခြင်း၊ ထိုမိန်းကလေး၏ ကိုယ်မှ သင်းပြန့်သော ရနံ့ကို ရှူရှိုက်နေရခြင်း ။ ပတ်ဝန်းကျင်မှ မှောင်မှိုက်နေခြင်း၊ မိမိကြည့်နေသော အင်္ဂလိပ်ဇာတ်လမ်းများမှ ဇာတ်ဝန်းခန်းတစ်ချို့မှ မင်းသားနှင့် မင်းသမီးနှစ်ဦး အနမ်း စသည်တို့သည် ကျွန်ုပ်၏ ခိုင်မာသည်ဟု ထင်ထားသော ကျွန်ုပ်၏စိတ်ဓာတ် တည်းဟူသော ကမ်းပါးအား တဘုန်းဘုန်း ရိုက်ခတ်နေသော ပင်လယ်ရေလှိုင်းများကဲ့သို့ ဖြစ်နေလေတော့၏။

ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့က အိမ်မှာထိုင်နေရင်း စိတ်ဓာတ်ခိုင်မာနေလို့ မရပါဘူး။ အမှန်တကယ် လောကဓံတရားများနှင့် ကြုံတွေ့ရပါမှ မိမိရဲ့ စိတ်ဓာတ် ဘယ်လောက်ခိုင်မာတယ်ဆိုတာကို လေ့လာကြည့်လို့ရပါမယ်။ ဒေါသထွက်စရာတွေနဲ့ ကြုံပေမယ့် ဒေါသမထွက်တာ၊ စိတ်အေးချမ်းတာ၊ လိုချင်လောဘ တက်စရာတွေနဲ့ ထိပ်တိုက် ကြုံတွေ့နေရပေမယ့် မတုန်လှုပ်တာ၊ ကိလေသာတဏှာ ရမ္မက်တွေ ဖြစ်တည် ပွားများစေမယ့် အဆင်းရူပါရုံ အထိအတွေ့တွေနဲ့ ထိပ်တိုက် ကြုံတွေ့နေရပေမယ့် ကိုယ့်စိတ်က မယိင်းမယိုင်၇ှိတာ ၊ ကြောက်စရာလန့်စရာတွေကို လတ်တလော တွေ့လိုက်ရပေမယ့် ကိုယ်ရဲ့ စိတ်က ခိုင်မာနေတာ အဲဒါကမှ အမှန်တကယ် ခိုင်မာတယ်လို့ ခေါ်တာ မဟုတ်ပါလား။ ဒါကြောင့် အဲဒီနေ့က နောက်ပိုင်း မိမိရဲ့စိတ်ကို တည်ကြည်ပါတယ်၊ ခိုင်မာပါတယ်လို့ မိမိကိုယ်မိမိ လုံးဝ အထင်မကြီးတော့ပါဘူး။

အခု ကျွန်တော်က အဲဒီကိုသောင်းဌေးဆိုသူကိုတော့ အတော်လေး သဘောကျသား။ စိတ်အေးတယ်။ သိပ်ပြီး တုန်တုန်လှုပ်လှုပ်ကြီး မဟုတ်ဘူး။ အရာရာကို အေးဆေးတည်ငြိမ်စွာနဲ့ ကျော်ဖြတ်သွားတယ်။ ဒီနေ့လည်း ကိုသောင်းဌေးဆိုတဲ့လူ ကျွန်တော့် အခန်းထဲကို ရောက်လာပြန်ပါတယ်။ ဒီတစ်ခါ မြင်ရတာလည်း အေးဆေးပါပဲ။ သူက ကျွန်တော့်ကို အေးဆေးစွာ ပြောပြ ပြီး အကူအညီတောင်းတယ်။

ဒီလိုပါဆရာ။ ကျွန်တော် ဒီတစ်ပတ် တော်တော်လေးထိသွားတယ်။ အိမ်တွေရော ၊ ခြံတွေရော ကားရော ။ ထိုးအပ်လိုက်ရတယ်။ ရှိတာလေးတွေလည်း တော်တော်များများ ပါသွားတယ်ပေါ့ဆရာ။ ဒါတောင် နည်းနည်းလေး ကျန်နေသေးတယ် ဆိုပါတော့။ အဲဒါလေးတွေကိုလည်း ဖြေရှင်းပေးချင်တယ်။ နာမည်တော့ မပျက်ချင်ပါဘူးဆရာ။ ဒါကြောင့် ငွေနည်းနည်းလောက်၇ှာချင်ပါတယ်။ အဲဒါကို ရှာလို့ရအောင်တော့ ယတြာ လုပ်ပေးစေချင်ပါတယ်။ ကျွန်တော့် ဘော်ဒါတော်တော်များများလည်း ဒီတစ်ပါတ်ထိကြတော့ အချင်းချင်း ပြန်ယူလို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ပါဟု အေးဆေးစွာပင် ပြောပြလေတော့၏။

ထို့ကြောင့် ကျွန်ုပ်လည်း အောက်ဖ်ာပြပါ ယတြာကို ကိုသောင်းဌေးအား ပေးအပ်လိုက်လေ၏။ ထိုယတြာမှာ ငွေကြေးအခက်အခဲကြုံတွေ့နေရ၍ ငွေကို အပူတပြင်းရှာဖွေနေသူများ ဆောင်ရွက်သင့်ပါတယ်။

ဘိန်းမုန့်တစ်ချပ်ကို လမ်းဘေးတွင်ချပါ။ ရှာလကာရည်နှင့် ဘန်းမုန့်ပေါ်ကို လောာင်းချရင်း မိမိ၇ှာဖွေနေသော ငွေကြေးများ အမြန်ဆုံးရရှိဖို့ ဆုတောင်းပါ။

အဆင်ပြေသွားလား၊ အဆင်မပြေသွားဘူးလားတော့ ကျွန်တော် မသိရဘူး။ ဒါပေမယ့် နောက်ငါးလ လောက်ကြတော့ အဲဒီ ကိုသောင်းဌေးဆိုတဲ့လူ ကိုယ်ပိုင်ကားကြီး မောင်းပြီး စီးကရက်ကို လက်ကြားညှပ်ကာ တစ်ဘက်မှလည်း ကျွန်ုပ်အတွက် လက်ဆောင်များကို စွဲကိုင်ကာဖြင့် ကျွန်ုပ်ထံသို့ ပြန်လည် ရောက်လာခဲ့ပါတယ်။ တကယ်ပြောတာပါဗျာ။ ဒီတစ်ခါ လာတာလည်း အဲဒီ ကိုသောင်းဌေးဆိုတဲ့လူ တကယ့်ကို အေးအေးဆေးလေးပါပဲ....

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အဘမင်းသိင်္ခ၏ ကျန်းမာရေးကောင်းစေသောအဓိဋ္ဌာန်

တစ်နေ့သ၌ ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ပ်၏မိတ်ဆွေတစ်ဦး ရောက်ရှိလာလေ၏။ အစပထမတွင် ကျွန်ပ်သည် ထိုသူအား ကောင်းစွာမမှတ်မိပေ။ အသားအရေမှာမွဲ ခြောက်၍ ကြုံလှီနေ၏။ ဆံပင်များ ကျွတ်၍ ကျိုးတို့ကျဲတဲဖြစ်နေ၏။ ပါးနှစ်ဖက်မှာ အတွင်းသို့ အတန်ငယ်ချိုင့်ဝင်နေ၏။ မျက်နှာပေါ်မှ အစင်းကြောင်းများမှာလည်း စာရွက်တစ်ရွက်ပေါ်တွင် ကလေးငယ်တစ်ဦး ဘောလ်ပင်ဖြစ်ခြစ်ထားသကဲ့ ရှုပ်ပွနေ၏။ ကျွန်ပ်သည် မျက်လုံးပေါ်တွင် လက်ဝါးကွယ်၍ ထိုသူအား ကြည့်လိုက်လေ၏။ ထိုအခါ ထိုသူက ...

ဘယ်လိုလဲရှင်။ မျက်လုံးက ဒီလောက်တောင် မွဲနေသလား။ လက်တစ်ကမ်းလောက်မှာ လာပြီးရပ်နေတဲ့ လူကို မျက်လုံးကိုလက်ဝါးကြီးအုပ်ပြီး ကြည့်ရတယ်လို့...ဟု အပြစ်တင်သောလေသံဖြင့် ပြောလိုက်လေ၏။

သြော်... ဘယ်သူများလည်းမှတ်တယ်။ မမြင့်မြင့်ကိုး။ စိတ်မဆိုးပါနဲ့ဗျာ။ မျက်စိက မကောင်းတော့ဘူးဗျ။ နောင်တစ်ခုကလည်း မမြင့်မြင့်ကလည်း အရင်မမြင့်မြင့် မဟုတ်တော့ဘူး။ ကျုပ်သိတဲ့ မမြင့်မြင့်က ဆံပင်ကလည်း ကောင်းလိုက်တာ။ မပြောပါနဲ့တော့။ ဆံပင်အရောင်ကလည်း နက်မှောင်နေတာ။ အသားအရည်ကလည်း ၀င်းဝါဆိုပြည်နေတာ။ ကိုယ်လုံးကိုပေါက်ကလည်း တောင့်တောင့်တင်းတင်း။

အခုတော့ဗျာ။ ဈေးဗန်းထဲမှာ ရွေးလို့ကျန်တဲ့ သရက်သီးနေလောင်နေသလို ရွံတွနေပါလား။ အသံကလေးကြားရလို့သာ မမြင့်မြင့်လို့ ယုံရတယ်။ ကျုပ်သိတဲ့ မမြင့်မြင့်လို့ ယုံရတယ်။ ကျုပ်သိတဲ့ မမြင့်မြင့်နဲ့ တခြားစီပဲ။ မျက်နှာက အသားအရည်တွေလည်း သွားပြီပေါ့။ ဖောင်းဖောင်းအိအိနဲ့ လှတဲ့ ပါးကလေးလည်း အထဲကို ခွက်ဝင်သွားပြီပေါ့။ မျက်နှာပေါ်က အစင်းကြောင်းတွေကလည်း အထပ်ထပ်ဖြစ်နေပါလား။ အတော်ကို အကြည့်ရဆိုးနေပြီပဲ။ အခု အသက် ဘယ်လောက်ရှိသွားပြီလဲ..ဟု ကျွန်ုပ်က မေးလိုက်ရာ ၎င်းမမြင့်မြင့်သည်စိတ်ပျက်သော လေသံဖြင့် ငါးဆယ့်တစ်နှစ် ရှိပြီရှင်ဟု ပြန်၍ ဖြေလေ၏။

သြော် .... ငါးဆယ့်တစ်နှစ်လား။ မထင်ရဘူးနော်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် မမြင့်မြင့်က..
လေးဆယ့်တစ်နှစ်လို့ ထင်လို့လားဟု ပြန်၍ မေးလေ၏။

မဟုတ်ဘူး မမြင့်မြင့်ရေ... ခင်ဗျား အသက်ကို မမေးမိရင် ကျုပ်က ခင်ဗျားကို ရှစ်ဆယ့်တစ်နှစ်လို့ ထင်မိမှာဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းမမြင့်မြင့်သည် ကျွန်ုပ်အား စားတော့ ၀ါးတော့မည်ကဲ့သို့ ကြည့်နေ၏။ ထို့နောက်မှ...
အဲဒီလို အိုရုပ်ပေါက်သွားတာ သိလားဟုဆိုကာ ကျွန်ုပ်၏နားအနိးသို့ သူ၏ ပါးစပ်ဖြင့် ကပ်ကာ ခပ်တိုးတိုးပြောသွားလေ၏။ ကျါန်ုပ်လည်း မျက်လုံးပြူးသွားလေ၏။

ဒီလို မမြင့်မြင့်ရဲ့ ကိုးဆယ့်ခြောက်ပါးရောဂါဆိုတာ ကုကုမကုကု သူ့ဘာသာ ပျောက်သွားတာက သုံးဆယ့်နှစ်ပါး။ ဆေးကုသမှကို ပျောက်တဲ့ရောဂါက သုံးဆယ့်နှစ်ပါး ။ ပြီးတော့ ဆေးကုလည်း မပျောက်တဲ့ ရောဂါက သုံးဆယ့်နှစ်ပါး။ အားလုံးပေါင်းလိုက်တော့ ကိုးဆယ့်ခြောက်ပါးပေါ့ဗျာ။ အဲဒီတော့ အခု ခင်ဗျား ဖြစ်နေတာက နောက်ဆုံးရောဂါပဲ။ ကုသည်ဖြစ်စေ မကုသည်ဖြစ်စေ လုံးဝ မပျောက်ဘူးဟု ကျွန်ုပ်က ပြောလိုက်ရာ မမြင့်မြင့်က

ရှင်ပြောတဲ့အတိုင်းသာဆို ကျွန်မက တခြားဘာမှ လုပ်စရာမရှိတော့ဘူး။ မတ်စိငုံထားရုံ ရှိတော့တာပေါ့ဟု ပြောလေ၏။ ခင်ဗျားဟာခင်ဗျာ ငုံချင်ရင် အိမ်ကျမှ ငုံပါဗျာ။ မှော်ဘီက ဂ၀ံမြေတွေဗျ။ တူးရဆွရ သိပ်ပြိးခက်တယ်။ ဒီမှာတော့ မသေပါနဲ့ဗျာဟု ပြောလိုက်လျှင် မမြင့်မြင့်သည် ကျွန်ုပ်အား မကြားဝံ့မနာသာ ကျိန်ဆဲလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က ဒီလောက်လည်း စိတ်ဆင်းရဲ မနေပါနဲ့ဗျာ။ ကျုပ်ကြိုးစားကြည့်ပါဦးမယ်။ ကျုပ်တာဝန်ယူပါတယ်ဗျာဟု အားပေးစကားပြောလိုက်ရာ မမြင့်မြင့်က

ရှင်က ဘယ်ထိအောင် တာဝန်ယူတာလဲ၊ အလောင်းမြေကျတဲ့အထိလားဟု ပြန်၍မေးလေ၏။

သို့ရာတွင် ကျွန်ုပ်တို့နျစ်ဥိးသည် တစ်ဥိးနှင့်တစ်ဥိး လွန်စွာခင်မင်ရင်းနှီးသည့်အလျှောက် စိတ်ဆိုးခြင်း မ၇ှိကြပေ။ ထို့ကြောင့် ကျွန်ုပ်သည် လွန်စွာဈေးကြီးသော ပုဇွန်ထုပ်ကို ၀ယ်၍ ဆီပြန်ချက်ကျွေးလေ၏။ ချဉ်ပေါင်ကို ငါးကျဉ်းဖြင့် ပြစ်ပြစ်မွှေ၏။ ငံပြာရည်ချက်ချက်၏။ မမြင့်မြင့်သည် ကျွန်ုပ်တည်ခင်း ကျွေးမွေးသော ပုဇွန်ထုပ် ဆီပြန်ဟင်းကို မြိန်ရှက်စွာ စားလေ၏ မမြင့်မြင့်သည် ထမင်းစားပြီးနောက်

ကဲ... လုပ်ပါဦး။ ရောဂါပျောက်မယ့် အကြောင်းလေးဘာလေး ပြောပါဦးဟု ပူဆာလေ၏။

ဒီရောဂါက အဓိဋ္ဌာန် လုပ်ရမယ်ဗျ။ ကျွန်တော်ပြောတဲ့ အဓိဋ္ဌာန်ဆိုတာကလည်း အကြောင်းအရာနှစ်ခုပဲ ရှိတယ်။ တစ်ခုက အာရုံပြုတာ။ တစ်ခုက အတည်ပြုတာဗျ။ အခုလုပ်မယ့် အဓိဋ္ဌာန်က ဘာသာတရားနဲ့ ဘာမှ မဆိုင်ဘူးနော်။ လေ့ကျင့်ခန်းလေး တစ်ခုကို လုပ်ရမှာ ဟု ကျွန်ုပ်က စကား အစပြိုးလိုက်လျှင် ...

ပြောပါရှင် အဲဒီရောဂါ ပျောက်ပြီး ကျွန်မ အသက်ရှည်မယ်ဆိုရင် လုပ်ရမှာပေါ့ဟု အားကိုးသောမျက်နှာထားဖြင့် ပြန်၍ ပြောလေ၏။

ဒီလို မမြင့်မြင့်ရဲ့။ ခင်ဗျား အာရုံပြုရမှာက လေပဲဗျ။ လေကလည်း အနုစားဖြစ်တဲ့ ၀င်သက်ထွက်သက်လေက စပြိး ကမ္ဘာကြီး ပျက်လောက်အောင်တိုက်တဲ့ ကမ္ဘာဖျက်လေအထိ အာရုံပြုရမယ်။ အဲဒီလေတွေထဲမှာ ခင်ဗျားရောဂါကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ စွမ်းရည်တွေရှိတယ်လို့ ခံယူထားရမယ်။ အဲဒီလေတွေဟာ ခင်ဗျားကိုယ်ပေါ်ကို ကျရောက်နေပြီ။ တိုက်ခတ်နေပြီ။ ခင်ဗျား ကိုယ်ကြီးဟာ လေတွေနဲ့ ပြည့်လျှံနေပြီ။ လေတွေထဲမှာပါတဲ့ တန်ခိုးသိဒ္ဓိတွေဟာခင်ဗျားရဲ့ ရောဂါကို ပျောက်ကင်းအောင် အပြီးအပိုင် ကုသပေးနေပြီလို့ အာရုံပြုရမယ်။

အဲဒီလေဓာတ်ကြီးကို အာရုံပြုတဲ့ နေရာမှာ အမှန်ကတော့ လေဟာမျက်စိနဲ့ မမြင်ရဘူး။ ဒါပေမယ့် ဒီမှာ မြင်ရတယ်လို့ အာရုံပြုရမယ်။ အဲဒီလေတွေကို အနီရောင် အမှုန့်တွေ၊ အနီရောင် အရည်တွေအဖြစ် မြင်ရတယ်လို့ အာရုံပြုရမယ်။ ဒါဟာ အာရုံပြုတဲ့ ကိစ္စ ခြောက်ဆယ့်လေးရက် ပြုလုပ်ရမယ်။ အတည်ပြုစကားကိုလည်း ရွတ်ဆိုရမယ်။ တစ်နေ့ကို ဆယ့်နှစ်ကြိမ် ရွတ်ဆိုရမယ်ဟု ကျွန်ုပ်က ရှင်းပြလိုက်လျှင် မမြင့်မြင့်က

ကဲပါရှင် အဲဒီ ရွတ်ဆို၇မယ့် အတည်ပြုစကားလေး ကျွန်မကို ရေးပေးပါဟု ဆိုသဖြင့် ကျွန်ုပ်လည်း အောက်ပါ အတည်ပြုစာကို ရေးပေးလိုက်လေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

အလုပ်ထွက်ခွင့်ရစေသောယတြာနည်းတစ်ခု

တစ်ခါတလေမှာ ကိုယ်က အကြောင်းကြောင်းကြောင့် အလုပ်ထွက်ချင်တယ်။ ကိုယ်လက်၇ှိလုပ်နေတဲ့ အလုပ်ရှင်က အလုပ်ပေးမထွက်ဘူး။ ဥပမာဗျာ... အခုလုပ်တဲ့ အလုပ်က လစာ ၁၀၀၀-ရတယ်ဆိုပါစို့။ နောင် လုပ်မယ့် အလုပ်က ၁၅၀၀-ရတယ်ဆိုရင် ကိုယ်က အလုပ်ပြောင်းချင်တယ်။ နောင်ပြောင်းမယ့် အလုပ်သူဋ္ဌေးကလည်း အခုလက်ရှိ အလုပ်ပိုင်ရှင် သူဋ္ဌေးရဲ့လက်မှတ်ပါမှ အလုပ်လက်ခံမယ် ဆိုပါတော့။ အခုအလုပ်ကလည်း အလုပ်ထွက်ဖို့ ပြောတာကို နေ့ရွေ့ညရွေ့ ရွေ့နေတယ်ဆိုရင် ဒီယတြာနည်းနဲ့ ဆောင်ရွက်ကြည့်လိုက်ပါ။

တော်တော်လေးလည်း အဆင်ပြေကြပါတယ်။ ကျွန်တ်ာတို့ ထိုင်းမှာဆိုရင်တော့ အဲဒီပြဿနာက တော်တော်လေး ရှိပါတယ်။ ဘန့်ကျဲ့အော်-လို့ခေါ်တဲ့ အလုပ်ပြောင်းတဲ့ ကိစ္စ၊ အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့ သူဋ္ဌေးက ညစ်လိုက်လို့ရှိရင် ကိုယ့်အလုပ်ပြောင်းတဲ့ ကိစ္စက တော်တော်လေးကို ကြာနေတာ။ ဒါဆိုရင် ဒီယတြာကိုသာ ဆောင်ရွက်လိုက်ပါ။ အဆင်ပြေပါတယ်။ မြန်ပါတယ်ဗျာ။

အလုပ်ထွက်ခွင့်ရစေသောယတြာနည်း

အရင်ဆုံး နွားကို အစာကျွေး၍ ဆုတောင်းပါ။ နောက် အိမ်ဘုရားမှာ နို့မှုန့်ကပ်လှူပြီး ဆုတောင်းလိုက်ပါ။

သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

နှင်းဆီပန်းကိုးပွင့်နှင့် ကုမ္ပဏီအောင်မြင်စေသောနည်း

မှတ်မှတ်ရရ ၂ဝဝ၉-ခုလောက်တုန်းက ဖြစ်မည်။ ကျွန်ုပ်သည် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ခေတ္တ အလည် ပြန်သောအချိန်တွင် ဖြစ်၏။ ရန်ကုန်မြို့တွင် ကျွန်ုပ်နှင့် လွန်စွာရင်းနှီး ခင်မင်သော မိတ်ဆွေတစ်ဦးအိမ်တွင် (၃)ရက်ခန့် တည်းခိုနေထိုင်ခဲ့လေ၏။ သူသည် ရန်ကုန်မြို့ ဆိပ်ကမ်းသာ မြို့နယ်ဘက်တွင် ကုမ္ပဏီတစ်ခု ဖွင့်ထား၏။ သူ၏ ကုမ္ပဏီမှာ နိုင်ငံခြားသို့ သွားရောက်မည့် သူများကို အကျိုးဆောင်ပေးသော ကုမ္ပဏီတစ်ခု ဖြစ်လေ၏။

သူသည် ဗေဒင်ပညာနှင့် ပါတ်သက်၍ အရူးအမူး ၀ါသနာပါ စွဲလန်းသူဖြစ်လေ၏။ သူနှင့် ကျွန်ုပ် တညလုံးထိုင်၍ သူ၏အိမ်ရှေ့ ၀ရံတာတွင် ထိုင်၍ စကားပြောဆိုရာမှ သိလိုက်ရသည်မှာ သူ၏ ကုမ္ပဏီတစ်ခုလုံး ဘာကိုပဲ လုပ်လုပ် ဗေဒင်တွက်၍ လုပ်သည်ဟူ၏။ အလုပ်သမားခန့်လျှင်လည်း အရည်အချင်းကို မကြည့် ဘာနေ့သားလည်း ဆိုတာကိုသာ အရင်ကြည့်သည်ဆို၏။ ဘယ်နိုင်ငံ အကျိုးပေးသနည်းဟု တွက်ချက်ကြည့်ပြီးမှသာ နိုင်ငံခြား ကုမ္ပဏီများနှင့် ဆက်သွယ်သည်။ ၀ပ်ပါမစ်တင်သည် ဆို၏။ ကုမ္ပဏီဝန်ထမ်းများ၏ ၀တ်စုံကို အကျိုးပေးသော အရောင်များကို တွက်ချက်၍ ချုပ်စေ၏။ ၀တ်စုံကို အနည်းဆုံး(၃)စုံ ချုပ်ထား၍ ဘယ်နေ့မှာ ဘာဝတ်ရမည်ဆိုသည်ကို ပုံစံစွဲထားသည်ဆို၏။

သူ၏ ကုမ္ပဏီရုံးခန်းတွင်လည်း အတိတ်နိမိတ်ကောင်းစေသည့် ဓာတ်ပန်ချီပုံများကို မှန်ဘောင်ကြီးများဖြင့် သွင်းကာ ချိပ်ထားလေ၏။ သူ၏ ပြောပြချက်အရဆိုလျှင် ဤပုံများကို ချိပ်ဆွဲသော အခါတွင်လည်း မွေးနံန၀င်းကျသော မွေးနေ့ (၉း၄၅)တိတိတွင် တိတိကျကျ ချိပ်ဆွဲသည်ဟု ပြောပြလေ၏။ သူ၏ အလုပ်စားပွဲ ပေါ်တွင်လည်း ရွှေချထားသော သံလျှက်များ၊ ရွှေချ၍ ကျောက်စီထားသော သေတ္တာငယ်လေးများ၊ အစရှိသော အဆောင်များနှင့် ပြည့်နှက်နေလေ၏။ နိုင်ငံခြားမှ လာသော ဧည်သည်များကဆိုလျှင် သူ့အား ထိုအဆောင်ပုံများကို မေးကြသောကြောင့် သူသည် ထိုအဆောင်ပုံများအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းရှင်းပြရသည် ဆို၏။ ထိုင်းနိုင်ငံနှင့် အကျိုးမပေးသော နှစ်တစ်နှစ်တွင် သူသည် ထိုင်းနှင့် အလုပ်တွဲလုပ် မိသောကြောင့် သူ၏ စီးပွားတ၀က်ခန့် လျှောကျသွားယုံမက အမှု့အခင်းများတောင် ဖြစ်သွားသေးသည်ဟု သိရလေ၏။

ကျွန်ုပ်သည် ထိုမိတ်ဆွေကို ကြည့်၍ ဗေဒင်ပညာကို တဖက်စွန်းရောက်အောင် ယုံကြည်လွန်းသည် ဟု တွေးထင်မိသောကြောင့် ကျွန်ုပ်က ၎င်းအား အောက်ပါအတိုင်း ပြောလိုက်မိလေ၏။

ဒီမှာ မိတ်ဆွေကြီးရဲ့။ ဗေဒင်ကို ယုံကြည်တယ်ဆိုတာလည်း ယုံကြည်တာပေါ့ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော အရမ်း တစ်ဖက်စွန်းရောက်အောင် ယုံကြည်တာတော့ မကောင်းဘူးထင်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ပဲ ကောင်းပေတာပေါ့။ ကျွန်တော်လည်း ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြု တဲ့ ဗေဒင်ဆရာ တစ်ဦးပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောသင့်တယ်ထင်လို့ ပြောရမှာပဲဗျာ။ ဗေဒင်ပညာကို အဒီလောက်ကြီးတော့ အစွန်းတစ်ဖက်ရောက်အောင် မယုံကြည်သင့်ပါဘူးဟု ကျွန်ုပ်က ပြောလိုက်လေရာ ထိုမိတ်ဆွေသည် တချက်မျှ ပြုံလိုက်ပြီးလျှင်...

ဒီလိုရှိပါတယ် ဆရာရယ်။ ဆရာပြောသလို ကျွန်တော်ကို တွေ့တဲ့လူတိုင်း ပြောကြပါတယ်။ ဒါပေမယ် ကျွန်တော် စဉ်းစားကြည့်ပါတယ်။ အခု ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ဘယ်သူ့ကို ထိခိုက်နေလဲပေါ့။ သူတစ်ပါးတွေကိုလည်း မထိခိုက်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း လုံးဝမထိခိုက်ပါဘူး။ နောက်ပြီး ကိုယ့်ကိုရော ထိုခိုက်သလားဆိုတော့ လုံးဝ မထိခိုက်တဲ့အပြင် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက တောရွာကလေးတစ်ရွာမှာ ဆိုက်ကားနင်းနေတဲ့ ကလေကချေ ကောင်လေးတစ်ယောက်က အခု ကုမ္မဏီပိုင်ရှင်ကြီး တစ်ယောက်တောင်ဖြစ်နေတယ်လေ။ နောက်ပြီး ရန်ကုန်မြို့ကြီးမှာ နေထိုင်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် ကားတွေနဲ့ ပြည့်ပြည့်စုံစုံတောင် နေထိုင်နေရတယ်ဆိုတော့ ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ်ကိုလည်း မထိခိုက်ဘူးဆိုတာ သေချာတာပေါ့။

အဲဒီတော့ ဆရာရယ်၊ သူတစ်ပါးကိုလည်း မထိခိုက်၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ပဲ ကိုယ့်အိမ် ကိုယ့်အခန်းမှာ အေးအေးဆေးဆေးလေး ထိုင်ပြီး ယတြာချေနေတာ ဗေဒင်ကို ယုံနေတာကိုတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဆရာရယ်။ အဓိဋ္ဌာန်လေးဝင်လိုက်၊ ပုတီးလေးစိပ်လိုက်၊ ဘုရားပန်းတေ လှူလိုက်၊ ဘေးမဲ့တွေ လအတ်လိုက် လုပ်နေတဲ့ ကျွန်တော်က အကုသိုလ်လ်ုနေတဲ့ သူတွေနဲ့ စာရင်တော့ အများကြီး တော်ပါသေးတယ်။ ပြီးတော့ ကျွန်တော် ကုမ္မဏီဝန်ထမ်းတွေလည်း မနက်`၇ုံးလာကတည်းက ဘုရားခန်းသွားပြီး ဘုရားကန်တော့ပြီးမှ အလုပ်လုပ်ရတာလည်း ဘာမကောင်းတာ ရှိလို့လည်း ဆရာရယ်။ ဒါလည်း ကောင်းတဲ့အလုပ် မဟုတ်ပေဘူးလားဟု အချက်ကျကျ ပြန်လည် ပြောပြလေ၏။

ထို့ကြောင့် ကျွန်ုပ်သည်လည်း ဗေဒင်ပညာကို တစ်ဖက်စွန်းရောက်အောင် ယုံကြည်လွန်းသော ထိုမိတ်ဆွေကို ဆက်လက်၍ ဘာမှမပြောတော့ပဲ ကျွန်ုပ်၏ စိတ်ထဲမှ အေးလေ ဒါဟာ သူ့ရဲ့ ယုံကြည်မှု့ တစ်ခုပါပဲ။ ကိုယ်ယုံကြည်တာကို ကိုယ်ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ယုံကြည်ခွင့် ရှိပါတယ်လေ။ ဒါဟာ ကိုယ်ရေးကိုယ်တာ လွတ်လတ်မှု့ တစ်ခုပါပဲ။ ဘယ်သူမှ သူ့ကို တရားစွဲလိုမှ မရတာဟု တွေးလိုက်မိ၏။ ထို့နောက် ၎င်းက ဆက်လက်၍...

အဲဒီတော့ ဆရာလည်း ရောက်တုန်းရောက်ခိုက် ကျွန်တော် ကုမ္မဏီကို တစ်ချက်လောက် လိုက်ပြီး ကူညီ ကြည့်ရှု့ပေးပါဦး ဆရာရယ်။ နောက်ပြီး ကုမ္ပဏီ လူများများဝင်အောင် အဆောင်လေးဘာလေးလည်း ညွန်ပြပါဦးဟု ပြောသောကြောင့် အောက်ဖော်ပြပါ နှင်းဆီပန်းကိုးပွင့်တွင် ဓာတ်ပုံကပ်၍ ဆောင်ရွက်ရသော လူများများဝင်အောင် ၊ လူချစ်လူခင်များအောင် ၊ လူအများ၏ ထောက်ခံအားပေးမှု့ကို ၇အောင်ဆောင် ရွက်ရသော ယတြာနည်းကို ဗေဒင်ပညာကို အစွန်းရောက်အောင် ယုံကြည်နေသော ကျွန်ုပ်၏ မိတ်ဆွေကြီးအား ပေးလိုက်လေတော့သတည်း။

နှင်းဆီပန်းကိုးပွင့်ပါသော ပုံတွင် နှင်းဆီပန်းတစ်ပွင်ပေါ်မှာ ခင်ဗျား ဓာတ်ပုံကပ်ဗျာ။ နောက်တစ်ပွင့်မှာ ခင်ဗျားရဲ့ ဗစ်ဇစ်တင်းကဒ်ကို ကပ်ဗျာ။ နောက်ခင်ဗျား ရုံးခန်းမှာ အခါရွေးပြီး ချိပ်ဆွဲထားလိုက်ပေတော့။ ပြီးရင် နေ့တိုင် ရေမွေးဖြန်းဗျာ။ မေတ္တာသုပ် ရွတ်ပေးဗျာ။ အမွှေးတိုင် အနံ့တွေဘာတွေ တိုက်ဗျာ ဟု ပြောပြလိုက်လေတော့သတည်း။

ဓာတ်ပန်းချီချိပ်ဆွဲရန်အခါများ...

တနင်္ဂနွေသားသမီးဆိုရင် ကြာသပတေးနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
တနင်္လာသားသမီးဆိုရင်ဗုဒ္ဓဟူးနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
အင်္ဂါသားသမီးဆိုရင် သောကြာနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင် တနင်္လာနေ့ နံက် (၇) နာရီတိတိမှာ ချိပ်ဆွဲပါ။
ကြာသပတေးသားသမီးဆိုရင် တနင်္ဂနွေနေ့နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
သောကြာသားသမီးဆိုရင် အင်္ဂါနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
စနေသားသမီးဆိုရင် ဗုဒ္ဓဟူးနေ့နေလည် (၁)နေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။

မောင်အမြန်ပြန်လာပါ

တစ်နေ့သ၌ ထိုင်းနိုင်ငံ-မဟာချိုင်မြို့ -နေ၀စ်ဟူသော အရပ်ဒေသရှိ ဥုမ်သဟာဟု အမည်ရှိသော ဗေဒင် လက္ခဏာဟော အတွင်းသို့ အသက်အရွယ်အားဖြင့် ၂၅-နှစ်ခန်ရှိသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ထိုမိန်းကလေး၏ မျက်နှာသည် လွန်စွာ ညှိုးနွမ်းနေ၏။ သူမ၏ မျက်လုံးများသည် နီရဲနေ၏။ မျက်ခုံးများသည် မို့မောက်နေ၏။ မကြာခန ငိုထားပုံရလေ၏။ သိုးမွှေး အနွေးထည် ခဲပုတ်ရောင်ကို ဝတ်ဆင်ထားသော သူမ၏ ပုံမှာ လွန်စွာနွမ်းလျှနေလေ၏။ သူမသည် ပူပင်သောကတစ်ခုဖြင့် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်လေတော့၏။

ထိုင်ပါမိန်းကလေး ...။ ကျွန်တော် ဘာကူညီပေးရမလဲ..ဟု ဧည့်ဝတ်ပြုရင်း ထိုင်ခိုင်းရလေ၏။ သူမသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောပြောသော စာပွဲရှေ့တွင်ထိုင်ရင်း ကျွန်ုပ်အားအောက်ပါအ တိုင်း ပြောပြလေေ တာ့၏။

ဒီလိုပါဆရာရယ်။ ကျွန်မ ဆရာဆီလာတာ အကူအညီတောင်းစရာ တစ်ခုရှိလို့ပါ။ ကျွန်မလည်း လုံးဝကို မခံစား နိုင်တဲ့အဆုံး စုံစမ်းမေးမြန်းပြီး ရောက်လာခဲ့တာပါ။ အရမ်း ဒုက္ခရောက်နေတယ်ဆရာ။ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် သတ်သေပစ်ချင်တယ်။ တကယ်ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မအမျိုးသား အိမ်ပေါ်ကနေ ဆင်းသွားတယ်။ အဝေးကြီးကို ထွက်သွားတာတော့ မဟုတ်ပါဘူး။ သူ့မိဘအိမ်ကိုပဲ သွားနေနေ တာပါ။ သူ့မိဘအိမ်ကလည်း အဝေးကြီး မဟုတ်ပါဘူးဆရာရယ်။ ကျွန်မနေနေတဲ့ တိုက်ရဲ့ အပေါ်ထပ်အောက် အောက်ထပ်တင်ပါပဲ။

အဲဒီတော့ဆရာရယ်။ နေ့တိုင်းလည်း ကျွန်မ သူ့ကို မြင်နေရတယ်။ တွေ့နေရတယ်။ ဒါပေမယ့်ဆရာရယ်။ ကျွန်မယောက်ျားက ကျွန်မ ဖုံးဆက်ရင်လည်း မကိုင်ဘူး။ ကျွန်မကိုတွေ့ရင်လည်းမမြင်ချင်ယောင် ဆောင်နေ တယ်။ ကျွန်မလေ ကျွန်မယောက်ျားကို မြင်လိုက်ရရင် ရင်ထဲမှာ တဆစ်ဆစ် နာကျင်ပြီး ခံစားနေရတယ် ။နောက်ပြီး ကျွန်မ စဉ်းစားကြည့်မိတယ်။ သူဟာဘာဖြစ်လို့ ဒီလောက်ရက်စက် တတ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေရတာလဲလို့ပေါ့။

မုန်းချင်တယ်။ ဒါပေမယ့် မုန်းလို့မရဘူး။ လမ်းခွဲချင်တယ်။ ဒါမေယ့် ကျွန်မ ခြေလှမ်းတွေက လှမ်းသွားလို့ မရဘူး ဖြစ်နေတယ်။ မေ့လိုက်ချင်တယ်။ ဒါပေမယ့် ပိုပိုပြီး သတိယတမ်းတလာမိတယ်။ အဲဒိတော့ဆရာရယ်။ နေ့စဉ်နှင့်အမျှ နာကျင်စွာ ခံစားနေ၇တဲ့ ကျွန်မကို ဆရာ ကူညီပေးစေချင်တယ်။ ကျွန်မယောက်ျား ကျွန်မ ဆီကို ပြန်လာမလား ပြန်မလားဘူးလားဆိုတာရယ်၊ နောက်ပြီး ဆရာကူညီလို့ရရင်လည်း ပြန်လာအောင် လုပ်ပေးစေချင်တယ်ဟု ရှည်လျှားစွာ ပြောပြလေတော့၏။

ထိုအခါ ကျွန်ုပ်သည်လည်း ထိုမိန်းကလေးအား လွန်စွာ စာနာမိသွား၏။ ထို့ကြောင့် ထိုမိန်းကလေး လွန်စွာ သိချင်နေသော အိမ်ထောင်ရေး အကြောင်းကို တားရော့ပညာဖြင့် ကြည့်ပေးလိုက်လေ၏။ ထို့နောက် ကျွန်ုပ်က ကဲ.... မိန်းကလေး မင်းတို့ အိမ်ထောင်ရေး ပေါင်းမလား အပြီးတိုင် ကွဲသွားပြီလား သိချင်တယ်ဆိုရင် မင်းရဲ့ ဘယ်ဘက်လက်နဲ့ ဒီတားရော့ကို တစ်ဝက်ချိုးလိုက်ဟု ပြောပြလိုက်လေရာ မိန်းကလေးသည် တုန်ရီနေသော လက်ဖြင့် တားရော့ကို တဝက်ချိုးလိုက်လေ၏။ ထိုအခါ အောက်ပါ တားရောကဒ်ကျလာလေ၏။ ထိုတားရော့ကဒ် သည် နံပါတ်(၄) တားရော့ ဧကရာဇ်ကဒ် ဖြစ်လေ၏။

ဒီမှာ မိန်းကလေး မင်းတို့အိမ်ထောင်ရေးဟာ လူကြီးတွေကြောင့် အဆင်မပြေ ဖြစ်နေကြတာ။ အခုလက်ရှိအချိန်မှာ ပြန်ပေါင်းမှာလား၊ မပေါင်းဘူးလားဆိုတာတောင် အရမ်းပြောရခက်နေတဲ့ အချိန်တစ်ခုပဲ။ ဒီအချိန်လေးမှာ စိတ်ပင်ပန်းမှု့များစွာနဲ့ ဖြတ်သန်းရတော့မယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် ထိုမိန်းကလေးသည် သက်ပျင်းရှည်ကြီးကို မောပန်းစွာချလိုက်ရင်း မှန်ပါတယ် ဆရာ၇ယ်။ အဓိကကတော့ သူ့မိဘတွေပါပဲ။ သူ့မိဘတွေက ကျွန်မနဲ့ သိပ်သဘောမတူဘူး ဆရာ။ ဒါကြောင့် ဆရာအနေနဲ့ ကျွန်မယောက်ျား ကျွန်မ ဆီကို အမြန်ပြန်လာအောင် ယတြာပေးပါဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ထွက်သွားသူ အမြန်ပြန်လာစေသော အောက်ဖော်ပြပါ ယတြာကို ပြောပြလိုက်လေတော့၏။

ထိုမိန်းကလေးသည်လည်း ကျွန်ုပ် ပြောပြပေးလိုက်သော ယတြာကို စာရွက်တစ်ရွက်တွင် ကူးယူ၍ ပြန်သွားလေတော့၏။ ရက်သတ္တပတ် (၃)ပတ်ခန့် အကြာတွင် ထိုမိန်းကလေးသည် အမျိုးသားတစ်ဦးနှင့် လက်ချင်းချိပ်၍ ဈေးထဲတွင် ဖြတ်လျှောက်သွားသည်ကို မလှမ်းမကမ်းမှ လှမ်းမြင်လိုက်လေတော့၏။ ထိုမြင်လိုက်ရသည့် အခိုက် ကျွန်ုပ်၏ ရင်ထဲတွင်လည်း အမျိုးအမည် ဖော်ပြခြင်းငှာ မစွမ်းနိုင်သော ခံစားချက်တစ်မျိုး ဖြတ်သန်းသွားလေးတော့၏။ ထိုအရာကို ပီတိဟု ခေါ်ဆိုမည်ဆိုလျှင် ၇မည် ထင်ပါတော့သတည်း။

ပုလင်းအဖြူတစ်လုံးထဲတွင် အိမ်ကထွက်သွားသူ၏ ဓာတ်ပုံတစ်ပုံရယ် အမည် နေ့သား မွေးသက္ကရာဇ် အပြည့်အစုံရယ်၊ ပရုပ်လုံးတစ်လုံး ရယ်ကို ထည့်ပါ။ နောက်ပြီး သတိယတိုင်း အားတိုင်း အိမ်အမြန်ပြန်လာပ်စေဟု ပြောဆို ဆုတောင်း၍ လှုပ်လှုပ်ပေးပါ။ ယတြာက ဒီလောက်ပါပဲဗျာ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
(ပုံတွေတင်ထားတာ အဆင်ပြေ-မပြေ နည်းနည်းလောက် ပြောပေးသွားကြပါခင်ဗျာ-ကျေးဇူးတင်ပါတယ်)

ဘာအခက်အခဲပဲကြုံကြုံ လွယ်ကူထိရောက်သော ရုက္ခစိုးယတြာ

လူတစ်စု ပူမှု့ရယ်တဲ့ ဆယ်ကုဋေတဲ့။ ဘုရားဘုရား ဆယ်ကုဋေတောင်ဆိုတော့ မနည်းမနောပါလား။ အဲလိုတွေး မိတယ်။ လူ့ဘ၀ဆိုတာကလည်း အခက်အခဲတွေ ပြဿနာတွေ ပူပန်စရာတွေ ၊ ၀န်ထုပ်ဝန်ပိုးတွေနဲ့ ဖွဲ့တည်ထား တာကိုများ လူ့ဘ၀ကြီးရယ်လို့တောင် ခေါ်ဆိုသလားမသိတော့ပါဘူး။ လက်လှမ်းမီသလောက် အနီးအနားက သတ္တ၀ါတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာ လူဆိုတဲ့သတ္တ၀ါတစ်မျိုးကတော့ တော်တော်လေး အလုပ်များပါ တယ်။ ပြီးတော့ တော်တော်လေးလည်း အလုပ်ရှုပ်ပါတယ်။ နောက်ပြီး တော်တော်လေးလည်း အပိုတွေကို လုပ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ လူသားတွေရဲ့ နေ့စဉ်ရှင်သန်နေရမှု့တွေမှာ အခက်အခဲတွေ ပြဿနာတွေ တစ်ပုံတပင်ကြီး ရှိနေတာပေါ့။ ဒီနေရာမှာ လူတွေက ပြဿနာအခက်အခဲတွေ ကြုံဆုံရတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပုံခြင်း မတူညီကြပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ပြဿနာကို ရှု့မြင်သုံးသပ်ပုံခြင်းလည်း မတူညီကြတဲ့အတွက် ဖြေရှင်းပုံခြင်းလည်း မတူညီကြပြန် ဘူး။ ကျွန်တော်ပြောချင်တာက အဲဒီလို ပြဿနာတွေ များပြားနေတာရယ် ဖြေရှင်းနေရတာတွေကို လူ့ဘဝလို ပဲ ခေါ်ကြတာ မဟုတ်ပါလား။

ဒီနေရာမှာ မိတ်ဆွေတို့ကို ကျွန်တော် လက်ဆောင်တစ်ခုလောက် ပေးချင်တယ်။ ဘာလဲဆိုတော့ ပြဿနာတစ်ခုကို စိတ်အေးချမ်းသာစွာ ဖြေရှင်းတဲ့ နည်းလမ်းလေးတစ်ခုဆိုပါတော့။ အခက်အခဲတွေကို အေးချမ်းစွာ ဖြေရှင်း နည်းပဲ ဆိုပါတော့။ ဒါကလည်း ဆရာသခင် အဘမင်းသိင်္ခပြောပြခဲ့တဲ့ နည်းလမ်းပါ။ တိတိကျကျ ပြောရရင် ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲမှာလည်း ပါပါတယ်။

(၁) အခက်အခဲတွေကို ပုံကြီးမချဲ့ပါနဲ့....
လူတော်တော်များများကပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ဆရာရေတဲ့...။ ပြဿနာပေါင်း သောင်းခြောက်ထောင်။ ဘယ်က စပြီး ဖြေရှင်းရမှန်းတောင် မသိတော့ဘူးတဲ့။ အဲဒီတော့ ကျွန်တော် က ပြဿနာပေါင်း သောင်းခြောက်ထောင် ဟုတ်လား။ အဲလောက်တောင် များလားလို့ ။ ပြန်မေးလိုက်တော့ ဆရာရယ် စကားအဖြစ်ပြောတာပါတဲ့။ ပြောချင်တာက လူတော်တော်များများဟာ ကိုယ်ဆီမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တော်တော်များများကို အရမ်း များနေပြီ။ ဖြေရှင်းလို့ကို မရလောက်တော့လောက်အောင်ကို များပြာလှတယ်လို့ ထင်မှတ်နေတယ်။ အဲဒီတော့ အရင်ဆုံး ဒီပြဿနာတွေကို ပြေလည်ချင်တယ်၊ ဖြေရှင်းနိုင်ချင်တယ်ဆိုရင် ကိုယ့်ဆီမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပုံကြိး မချဲ့ပါနဲ့လို့ ပြောလိုက်ပါရစေ....

(၂) ဒုက္ခတွေ အခက်အခဲတွေကို စာရင်းချရေးကြည့်လိုက်ပါ။
အဲဒီတော့ ကိုယ်ထင်တာက ပြဿနာ အခက်အခဲတွေက အများကြီး ဖြစ်နေတယ်လို့ ကိုယ်က ထင်နေတယ်။ အမှန်တကယ် စာရွက်မှာ ချေါ ခင်ရးကြည့်လိုက်တဲ့ အခါကျတော့မှ အများဆုံးဆယ်ခုတောင် မကျော်ပါဘူး။ (၅) ခု (၆)ခု ဒီလောက်ပါပဲ။ မိတ်ဆွေ ခင်ဗျားထင်နေတာက ခင်ဗျားမှာ ပြဿနာတွေအများကြီး ကြုံတွေ့နေရတယ်လို့ မိတ်ဆွေက ထင်မှတ်နေတယ်။ အမှန်တကယ် မိတ်ဆွေမှာ ရှိတဲ့အခက်အခဲက လေးငါးခုလောက်ပါပဲ။

(၃) အခက်အခဲတိုင်း ပြဿနာတိုင်းရဲ့ ဘေးနားကနေ ဖြေရှင်းဆရာနည်းလမ်းတွေကို စဉ်းစားမိသလောက် ချရေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စိတ်အေးချမ်းသာစွာနဲ့ စိတ်အေးလက်အေး ပြေလည်အောင် ဖြေရှင်းနိုင်လောက်ပါပြီ။ အခု ယတြာအကြောင်း ပြောကြရအောင်နော်။

ဒီယတြာက ဘယ်နေရာမှာပဲ ရောက်ရောက်၊ ဘာကိစ္စအခက်အခဲပဲကြုံကြုံ၊ လုံးဝဖြေရှင်းလို့ မရတော့လောက်အောင်ပဲ ဖြစ်နေဖြစ်နေဆောင်ရွက်လို့ ရတယ်ဆိုတာပါပဲ။ တစ်နည်းမဟုတ်တနည်းနဲ့ ပြေလည်သွားပါတယ်။အကူအညီကောင်းတွေအဆောင်အမကောင်းတွေအလိုလို ပေါ်ပေါက်လာမယ်။နည်းလမ်းကောင်းတွေ ပေါ်လာမယ်။ မိတ်ဆွေတို့ရဲ့ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့လာရပါက ဒီအတိုင်းထိုင်ပြီး စိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျနေမယ့်အတူတူ ဒီယတြာနည်း အတိုင်းသာ ဆောင်ရွက်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒါလည်း အခက်အခဲကို စိတ်အေးချမ်းသာစွာ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုပဲ မဟုတ်ပါလားဗျာ။

မိမိအိမ်နဲ့ အနီးဆုံးသစ်ပင်ကြီးကြီး ( အနည်းဆုံး သစ်ကိုင်း(၇)ကိုင်း ထွက်နေရင် ရပါပြီ) တစ်ပင်ကနေ မပေါက်မပြဲတဲ့ သစ်ရွက် သန့်သန့်တစ်ရွက်ကို ခူးပါ။ ပြီးရင် အိမ်ကို ယူလာခဲ့ပါ။ အဲဒိသစ်ရွက်ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။ ဖယောင်းတိုင်တစ်တိုင် ကုန်တာနဲ့ နောက်တစ်တိုင် ထပ်ထွန်းပါ။ (၈)တိုင် ဆက်တိုက် ထွန်းပေးပါ။ တစ်နေ့ကို (၈)တိုင် ဆက်တိုက်ထွန်းပြီး (၈)ရက်ဆက်တိုက် ထွန်းပါ။ ဖယောင်းတိုင်ကို မီးထွန်းတဲ့အခါတိုင်းမှာ ကိုယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အသေးစိပ် အဲဒီသစ်ရွက်ခူးခဲ့တဲ့ သစ်ပင်က ရုက္ခဇိုးဆီမှာ ဆုတောင်းပါ။ အဲဒီ ရုက္ခဇိုးက မကူညီနိုင်ရင်လည်း ကူညိနိုင်တဲ့ ပုဂ္ဂိုလ်များကို ပြောပေးပါလို့ တတွတ်တွတ် ဆုတောင်းပေတော့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ဝန်ထမ်းအလုပ် ရာထူးတိုးစေသော ယတြာနည်း

ဝန်ထမ်းအလုပ် လုပ်နေသည့်သူများအတွက် ဒီယတြာနည်းကို လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ဗေဒင်ဆရာဆီမှာ ဗေဒင်လာမေးကြသည့်သူများ၊ ယတြာလာတောင်းကြသည့်သူများ ထဲတွင် ၀န်ထမ်းများလည်းပါပါတယ်။သူတို့တွေမေးလေ့မေးထရှိတဲ့ မေးခွန်းတွေမှာများသောအားဖြင့် မေးတတ်ကြတာက ဆရာတဲ့ ရာထူးတိုးဘို့ကိန်းရှိလားတဲ့၊ မြင်လားတဲ့။ ကျွန်တော်တို့ကလည်း တွက်ကြည့်တယ်။ တားရော့ ချိုးကြည့်တယ်။ သက်ရောက်တိုင် အားစစ်ကြည့်တယ်။ ဂဏန်းဗေဒင်နဲ့ ဆန်းစစ်ကြည့်တယ်။ ရာထူးတိုး ဖို့မြင်ရင် သေချာပေါက် ရာထူးတိုးမယ်လို့ ဟောပေးလိုက်တယ်။

ဒီနေရာလေးမှာ ဗေဒင်ဆရာဘ၀ အတွေ့အကြုံအရ တစ်ချို့ ရာထူးတော်တော်ကြီးမားတဲ့ သူတွေဆိုရင် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို လျှို့ဝှက်ပြီး လာမေးတတ်ကြတယ်။ တစ်ချို့ကြတော့ ဖွင့်ပြီးတော့ မေးတယ်။ ဒါပေမယ့် လျို့ဝှက်ထားခိုင်းတယ်။ ဗေဒင်ဆရာဘက်ကတော့ လျို့ဝှက်သင့်တဲ့ကိစ္စကို လျှို့ဝှက်ထားပေးရတာပေါ့။

ကျွန်တော်ထိုင်းနိုင်ငံမှာ ဗေဒင်ဟောခန်းဖွင့်ထားတာ အခုဆိုရင် လေးနှစ်ထဲကို ရောက်နေပါပြီ။ လေးနှစ်အတွင်း ထိုင်းလူမျိုး အရာရှိတော်တော်များများ ဗေဒင်လာမေးကြတယ်။ ဒါပေမယ့် အရပ်ဝတ်တွေနဲ့ပါ။ သူတို့ရဲ့ လက်ရှိရာထူး၊ သူတို့ရဲ့တာဝန်တွေကိုတော့ မပြောပြပါဘူး။ ကျွန်တော်ကလည်း မစပ်စုတော့ပါဘူး။ ဒီလိုပဲ သာမန်ဗေဒင်မေးသလိုပဲ မေးသွားကြတယ်။ နောက်မှ အကြောင်းအမျိုးမျိုးကြောင့်သာ အော် ဒီလူကြီးက ဒါကြီးပဲဆိုတာကို သိလိုက်ရတာ။

အဲဒီတော့ဒီနေရာမှာ လခစား ၀န်ထမ်းတွေအတွက် အခက်ခဲကြုံတတ်တာ တစ်ခုရှိတယ်။ အဲဒါကတော့ ရာထူးတိုး ကိစ္စပဲ။ ရာထူးတိုးကိစ္စကို လေ့လာကြည့်လိုက်တဲ့ အခါ ဒီလို သွားတွေ့ရတယ်။ ပထမဆုံး ရာထူးတိုးတတ်တဲ့အမျိုး အစားက တစ်ချို့ဝန်ထမ်းတွေက အလုပ်ကို ကြိုးစားတယ်။ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ မခိုကပ်ဘူး။ တာဝန်ကျေတယ်။ အဲဒီလို ကြိုးစားပန်းစားလုပ်တဲ့ ၀န်ထမ်းကို တချို့ အထက်လူကြီးတွေက သဘောကျပြီး ရာထူးတိုးပေးတတ်တာ ရှိတယ်။

နောက်တစ်ခုကြပြန်တော့ လုပ်သက်အလိုက် ရာထူးတိုးစာမေးပွဲ ဖြေဆိုရတယ်။ ဌာနတစ်ခုနဲ့ တစ်ခုကတော့ စဉ်မျဉ်းဥပဒေခြင်း တူချင်မှတူမယ်ပေါ့။ တစ်နှစ်တန်သည် တစ်နှစ်၊ နှစ်နှစ်တန်သည် နှစ်နှစ်ပေါ့။ အဲဒီလို ရာထူးတိုး စာမေးပွဲဖြေဆိုပြီး ရာထူးတိုးသွားတဲ့ လူတွေရှိတယ်။ တစ်ချို့ကြပြန်တော့ လုပ်သက်အလိုက်အလိုလို အော်တိုမစ်တစ် ရာထူးတိုးကြတာရှိတယ်။

ဒီတစ်ခါပြောပြချင်တာက အခက်အခဲပါ။ အဲဒီလို ရာထူးတိုးဖို့ အချိန်အခါ ကျနေပါရက်နဲ့ ရာထူးမတိုးတဲ့ လူတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရာထူးမတိုးနိုင်ဖြစ်နေကြတယ်။ အဲဒိလို အခြေအနေမှာ ဒီယတြာကို ဆောင်ရွက်လို့ရပါတယ်။ နောက်တစ်ခု သတိထားရတဲ့ ကိစ္စတစ်ခုရှိတယ်။ အဲဒါက ဘာလည်း ဆိုတော့ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကပဲ ရာထူးတစ်ခု တက်သွားခဲ့တယ်။ အခု ဘာမှ မကြာသေးဘူး။ နောက်ထပ်ရာထူးတစ်ခု တိုးချင်တယ်။ အဲဒါဆိုရင်တော့ ဘယ်ရမလဲပေါ့နော။ အကြောင်း အမျိုးမျိုးနဲ့ ရာထူးတိုး ကိစ္စတွေမှာ ထစ်ငေါ့နေတယ်။ ကြန့်ကြာနေတယ်။ ခက်ခဲနေတယ်ဆိုရင် ဒီအောက်မှာ ဖော်ပြပေးလိုက်တဲ့ ရာထူးတိုးစေသောယတြာကို ဆောင်ရွက်လို့ရပါတယ။

ရာထူးတိုးစေသောယတြာ

ရထားလမ်းက ကျောက်ခဲလေးလုံးကို သွားကောက်ပါ။ ရေစင်အောင်ဆေးပါ။ ပြီးရင် တနင်္ဂနွေနေ့ထုပ် သတင်းစာတစ်ဆောင်ကို ဘုရားစင်ရှေ့ ခုံတစ်လုံးပေါ်မှာ ဖြန့်ခင်းလိုက်ပါ။ သတင်းစာရဲ့ ဒေါင့်လေးဒေါင့်မှာတော့ ရထားလမ်းက ကောက်လာပြီး ရေစင်ကြယ်အောင် ဆေးကြောထားတဲ့ ကျောက်ခဲလေးခဲကို ဒေါင့်တစ်ဒေါင့်ကို တစ်ခဲတင်ထားပါ။ ပြီးရင် သတင်းစာပေါ်မှာ ထန်းလျှက် (၁၁)လုံးကိုတင်ပြီး ဘုရားကိုလှူပါ။ ရာထူးတိုး ကိစ္စ အောင်မြင်စေဖို့ ဆုတောင်းလိုက်ပါ။ မုချ မလွဲမသွေ မိမိနှင့် ထိုက်တန်သော ရာထူးကိစ္စ အဆင်ပြေ သွားပါလိမ့်မယ်ဟု စေတနာ စကားဆိုရင်း........

မနက်ဖြန်တော့ ပျက်နေသော ကော်နရှင် ကောင်းမယ်ထင်တယ်ဟု မျှော်လင့်လျှက်.......

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

ကော်နရှင် အဆင်မပြေသည့်ကြားမှ ၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်းကို ကြိုးစား၍ ရေးပေးလိုက်ရပါတယ်။ ဟောစာတမ်းကို ၀ါသနာပါသူများ ဒီနေရာမှာ သွား၍ ဖတ်နိုင်ပါသည်။ ဒီနေရာလေးကနေ အားလုံးကို အထူးအားဖြင့် ကျွန်တော်၏ဘလော့အား လာရောက်လည်ပတ်သူများ အားလုံးကို ၎င်း၊ ဗေဒင်မေးကြသော မိတ်ဆွေသင်္ဂအပေါင်းကို၎င်း၊ အထူးပင် တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက်စက်သည် ပျက်နေပါသောကြောင့် အွန်လိုင်းသို့ မတက်နိုင်ဖြစ်နေပါ။ ထို့ကြောင့် ပို့အသစ် များ နောက်ကျနေရပါသည်။ ဟောစာတမ်းများ ပြန်လည်ပေးပို့သည့်နေရာတွင် ရက်အနည်း ငယ် နောက်ကျနေပါသည်။ သို့သော် တက်မရှိရင် လက်နှင့်လှော်ဆိုသော မြန်မာစကားပုံကဲ့သို့ အင်တာနက် ချိပ်ဆက်ထားသော မိတ်ဆွေများ အခန်းသို့ သွား၍ သော်လည်းကောင်း အင်တာနက်ဆိုင်သို့ သွား၍သော်၎င်း၊ ကျွန်တော်၏ နိုကီရာဖုံးအစုတ်လေးနှင့် ချိပ်ဆက်၍သော်၎င်း အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားနေပါကြောင်းနှင့် ကဲ... ၂၀၁၁-ခု မတ်လအတွက် (၇)ရက်သားသမီး ဟောစာတမ်းကို ပျော်ပျော်ကြီး သွားရောက်ဖတ်ကြပေတော့ဗျို့....
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
(ခေတ္တ-အင်တာနက်ဆိုင်) ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Sunday, March 20, 2011

Saturday, March 19, 2011

Thursday, March 17, 2011

Wednesday, March 16, 2011

Tuesday, March 15, 2011

Sunday, March 13, 2011

Friday, March 11, 2011

Thursday, March 10, 2011

အလုပ်ထွက်ခွင့်ရစေသောယတြာနည်းတစ်ခု

တစ်ခါတလေမှာ ကိုယ်က အကြောင်းကြောင်းကြောင့် အလုပ်ထွက်ချင်တယ်။ ကိုယ်လက်၇ှိလုပ်နေတဲ့ အလုပ်ရှင်က အလုပ်ပေးမထွက်ဘူး။ ဥပမာဗျာ... အခုလုပ်တဲ့ အလုပ်က လစာ ၁၀၀၀-ရတယ်ဆိုပါစို့။ နောင် လုပ်မယ့် အလုပ်က ၁၅၀၀-ရတယ်ဆိုရင် ကိုယ်က အလုပ်ပြောင်းချင်တယ်။ နောင်ပြောင်းမယ့် အလုပ်သူဋ္ဌေးကလည်း အခုလက်ရှိ အလုပ်ပိုင်ရှင် သူဋ္ဌေးရဲ့လက်မှတ်ပါမှ အလုပ်လက်ခံမယ် ဆိုပါတော့။ အခုအလုပ်ကလည်း အလုပ်ထွက်ဖို့ ပြောတာကို နေ့ရွေ့ညရွေ့ ရွေ့နေတယ်ဆိုရင် ဒီယတြာနည်းနဲ့ ဆောင်ရွက်ကြည့်လိုက်ပါ။

တော်တော်လေးလည်း အဆင်ပြေကြပါတယ်။ ကျွန်တ်ာတို့ ထိုင်းမှာဆိုရင်တော့ အဲဒီပြဿနာက တော်တော်လေး ရှိပါတယ်။ ဘန့်ကျဲ့အော်-လို့ခေါ်တဲ့ အလုပ်ပြောင်းတဲ့ ကိစ္စ၊ အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့ သူဋ္ဌေးက ညစ်လိုက်လို့ရှိရင် ကိုယ့်အလုပ်ပြောင်းတဲ့ ကိစ္စက တော်တော်လေးကို ကြာနေတာ။ ဒါဆိုရင် ဒီယတြာကိုသာ ဆောင်ရွက်လိုက်ပါ။ အဆင်ပြေပါတယ်။ မြန်ပါတယ်ဗျာ။

အလုပ်ထွက်ခွင့်ရစေသောယတြာနည်း

အရင်ဆုံး နွားကို အစာကျွေး၍ ဆုတောင်းပါ။ နောက် အိမ်ဘုရားမှာ နို့မှုန့်ကပ်လှူပြီး ဆုတောင်းလိုက်ပါ။

သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

Saturday, March 5, 2011

နှင်းဆီပန်းကိုးပွင့်နှင့် ကုမ္ပဏီအောင်မြင်စေသောနည်း

မှတ်မှတ်ရရ ၂ဝဝ၉-ခုလောက်တုန်းက ဖြစ်မည်။ ကျွန်ုပ်သည် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ခေတ္တ အလည် ပြန်သောအချိန်တွင် ဖြစ်၏။ ရန်ကုန်မြို့တွင် ကျွန်ုပ်နှင့် လွန်စွာရင်းနှီး ခင်မင်သော မိတ်ဆွေတစ်ဦးအိမ်တွင် (၃)ရက်ခန့် တည်းခိုနေထိုင်ခဲ့လေ၏။ သူသည် ရန်ကုန်မြို့ ဆိပ်ကမ်းသာ မြို့နယ်ဘက်တွင် ကုမ္ပဏီတစ်ခု ဖွင့်ထား၏။ သူ၏ ကုမ္ပဏီမှာ နိုင်ငံခြားသို့ သွားရောက်မည့် သူများကို အကျိုးဆောင်ပေးသော ကုမ္ပဏီတစ်ခု ဖြစ်လေ၏။

သူသည် ဗေဒင်ပညာနှင့် ပါတ်သက်၍ အရူးအမူး ၀ါသနာပါ စွဲလန်းသူဖြစ်လေ၏။ သူနှင့် ကျွန်ုပ် တညလုံးထိုင်၍ သူ၏အိမ်ရှေ့ ၀ရံတာတွင် ထိုင်၍ စကားပြောဆိုရာမှ သိလိုက်ရသည်မှာ သူ၏ ကုမ္ပဏီတစ်ခုလုံး ဘာကိုပဲ လုပ်လုပ် ဗေဒင်တွက်၍ လုပ်သည်ဟူ၏။ အလုပ်သမားခန့်လျှင်လည်း အရည်အချင်းကို မကြည့် ဘာနေ့သားလည်း ဆိုတာကိုသာ အရင်ကြည့်သည်ဆို၏။ ဘယ်နိုင်ငံ အကျိုးပေးသနည်းဟု တွက်ချက်ကြည့်ပြီးမှသာ နိုင်ငံခြား ကုမ္ပဏီများနှင့် ဆက်သွယ်သည်။ ၀ပ်ပါမစ်တင်သည် ဆို၏။ ကုမ္ပဏီဝန်ထမ်းများ၏ ၀တ်စုံကို အကျိုးပေးသော အရောင်များကို တွက်ချက်၍ ချုပ်စေ၏။ ၀တ်စုံကို အနည်းဆုံး(၃)စုံ ချုပ်ထား၍ ဘယ်နေ့မှာ ဘာဝတ်ရမည်ဆိုသည်ကို ပုံစံစွဲထားသည်ဆို၏။

သူ၏ ကုမ္ပဏီရုံးခန်းတွင်လည်း အတိတ်နိမိတ်ကောင်းစေသည့် ဓာတ်ပန်ချီပုံများကို မှန်ဘောင်ကြီးများဖြင့် သွင်းကာ ချိပ်ထားလေ၏။ သူ၏ ပြောပြချက်အရဆိုလျှင် ဤပုံများကို ချိပ်ဆွဲသော အခါတွင်လည်း မွေးနံန၀င်းကျသော မွေးနေ့ (၉း၄၅)တိတိတွင် တိတိကျကျ ချိပ်ဆွဲသည်ဟု ပြောပြလေ၏။ သူ၏ အလုပ်စားပွဲ ပေါ်တွင်လည်း ရွှေချထားသော သံလျှက်များ၊ ရွှေချ၍ ကျောက်စီထားသော သေတ္တာငယ်လေးများ၊ အစရှိသော အဆောင်များနှင့် ပြည့်နှက်နေလေ၏။ နိုင်ငံခြားမှ လာသော ဧည်သည်များကဆိုလျှင် သူ့အား ထိုအဆောင်ပုံများကို မေးကြသောကြောင့် သူသည် ထိုအဆောင်ပုံများအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းရှင်းပြရသည် ဆို၏။ ထိုင်းနိုင်ငံနှင့် အကျိုးမပေးသော နှစ်တစ်နှစ်တွင် သူသည် ထိုင်းနှင့် အလုပ်တွဲလုပ် မိသောကြောင့် သူ၏ စီးပွားတ၀က်ခန့် လျှောကျသွားယုံမက အမှု့အခင်းများတောင် ဖြစ်သွားသေးသည်ဟု သိရလေ၏။

ကျွန်ုပ်သည် ထိုမိတ်ဆွေကို ကြည့်၍ ဗေဒင်ပညာကို တဖက်စွန်းရောက်အောင် ယုံကြည်လွန်းသည် ဟု တွေးထင်မိသောကြောင့် ကျွန်ုပ်က ၎င်းအား အောက်ပါအတိုင်း ပြောလိုက်မိလေ၏။

ဒီမှာ မိတ်ဆွေကြီးရဲ့။ ဗေဒင်ကို ယုံကြည်တယ်ဆိုတာလည်း ယုံကြည်တာပေါ့ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော အရမ်း တစ်ဖက်စွန်းရောက်အောင် ယုံကြည်တာတော့ မကောင်းဘူးထင်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ပဲ ကောင်းပေတာပေါ့။ ကျွန်တော်လည်း ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြု တဲ့ ဗေဒင်ဆရာ တစ်ဦးပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောသင့်တယ်ထင်လို့ ပြောရမှာပဲဗျာ။ ဗေဒင်ပညာကို အဒီလောက်ကြီးတော့ အစွန်းတစ်ဖက်ရောက်အောင် မယုံကြည်သင့်ပါဘူးဟု ကျွန်ုပ်က ပြောလိုက်လေရာ ထိုမိတ်ဆွေသည် တချက်မျှ ပြုံလိုက်ပြီးလျှင်...

ဒီလိုရှိပါတယ် ဆရာရယ်။ ဆရာပြောသလို ကျွန်တော်ကို တွေ့တဲ့လူတိုင်း ပြောကြပါတယ်။ ဒါပေမယ် ကျွန်တော် စဉ်းစားကြည့်ပါတယ်။ အခု ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ဘယ်သူ့ကို ထိခိုက်နေလဲပေါ့။ သူတစ်ပါးတွေကိုလည်း မထိခိုက်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း လုံးဝမထိခိုက်ပါဘူး။ နောက်ပြီး ကိုယ့်ကိုရော ထိုခိုက်သလားဆိုတော့ လုံးဝ မထိခိုက်တဲ့အပြင် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက တောရွာကလေးတစ်ရွာမှာ ဆိုက်ကားနင်းနေတဲ့ ကလေကချေ ကောင်လေးတစ်ယောက်က အခု ကုမ္မဏီပိုင်ရှင်ကြီး တစ်ယောက်တောင်ဖြစ်နေတယ်လေ။ နောက်ပြီး ရန်ကုန်မြို့ကြီးမှာ နေထိုင်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် ကားတွေနဲ့ ပြည့်ပြည့်စုံစုံတောင် နေထိုင်နေရတယ်ဆိုတော့ ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ်ကိုလည်း မထိခိုက်ဘူးဆိုတာ သေချာတာပေါ့။

အဲဒီတော့ ဆရာရယ်၊ သူတစ်ပါးကိုလည်း မထိခိုက်၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ပဲ ကိုယ့်အိမ် ကိုယ့်အခန်းမှာ အေးအေးဆေးဆေးလေး ထိုင်ပြီး ယတြာချေနေတာ ဗေဒင်ကို ယုံနေတာကိုတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဆရာရယ်။ အဓိဋ္ဌာန်လေးဝင်လိုက်၊ ပုတီးလေးစိပ်လိုက်၊ ဘုရားပန်းတေ လှူလိုက်၊ ဘေးမဲ့တွေ လအတ်လိုက် လုပ်နေတဲ့ ကျွန်တော်က အကုသိုလ်လ်ုနေတဲ့ သူတွေနဲ့ စာရင်တော့ အများကြီး တော်ပါသေးတယ်။ ပြီးတော့ ကျွန်တော် ကုမ္မဏီဝန်ထမ်းတွေလည်း မနက်`၇ုံးလာကတည်းက ဘုရားခန်းသွားပြီး ဘုရားကန်တော့ပြီးမှ အလုပ်လုပ်ရတာလည်း ဘာမကောင်းတာ ရှိလို့လည်း ဆရာရယ်။ ဒါလည်း ကောင်းတဲ့အလုပ် မဟုတ်ပေဘူးလားဟု အချက်ကျကျ ပြန်လည် ပြောပြလေ၏။

ထို့ကြောင့် ကျွန်ုပ်သည်လည်း ဗေဒင်ပညာကို တစ်ဖက်စွန်းရောက်အောင် ယုံကြည်လွန်းသော ထိုမိတ်ဆွေကို ဆက်လက်၍ ဘာမှမပြောတော့ပဲ ကျွန်ုပ်၏ စိတ်ထဲမှ အေးလေ ဒါဟာ သူ့ရဲ့ ယုံကြည်မှု့ တစ်ခုပါပဲ။ ကိုယ်ယုံကြည်တာကို ကိုယ်ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ယုံကြည်ခွင့် ရှိပါတယ်လေ။ ဒါဟာ ကိုယ်ရေးကိုယ်တာ လွတ်လတ်မှု့ တစ်ခုပါပဲ။ ဘယ်သူမှ သူ့ကို တရားစွဲလိုမှ မရတာဟု တွေးလိုက်မိ၏။ ထို့နောက် ၎င်းက ဆက်လက်၍...

အဲဒီတော့ ဆရာလည်း ရောက်တုန်းရောက်ခိုက် ကျွန်တော် ကုမ္မဏီကို တစ်ချက်လောက် လိုက်ပြီး ကူညီ ကြည့်ရှု့ပေးပါဦး ဆရာရယ်။ နောက်ပြီး ကုမ္ပဏီ လူများများဝင်အောင် အဆောင်လေးဘာလေးလည်း ညွန်ပြပါဦးဟု ပြောသောကြောင့် အောက်ဖော်ပြပါ နှင်းဆီပန်းကိုးပွင့်တွင် ဓာတ်ပုံကပ်၍ ဆောင်ရွက်ရသော လူများများဝင်အောင် ၊ လူချစ်လူခင်များအောင် ၊ လူအများ၏ ထောက်ခံအားပေးမှု့ကို ၇အောင်ဆောင် ရွက်ရသော ယတြာနည်းကို ဗေဒင်ပညာကို အစွန်းရောက်အောင် ယုံကြည်နေသော ကျွန်ုပ်၏ မိတ်ဆွေကြီးအား ပေးလိုက်လေတော့သတည်း။

နှင်းဆီပန်းကိုးပွင့်ပါသော ပုံတွင် နှင်းဆီပန်းတစ်ပွင်ပေါ်မှာ ခင်ဗျား ဓာတ်ပုံကပ်ဗျာ။ နောက်တစ်ပွင့်မှာ ခင်ဗျားရဲ့ ဗစ်ဇစ်တင်းကဒ်ကို ကပ်ဗျာ။ နောက်ခင်ဗျား ရုံးခန်းမှာ အခါရွေးပြီး ချိပ်ဆွဲထားလိုက်ပေတော့။ ပြီးရင် နေ့တိုင် ရေမွေးဖြန်းဗျာ။ မေတ္တာသုပ် ရွတ်ပေးဗျာ။ အမွှေးတိုင် အနံ့တွေဘာတွေ တိုက်ဗျာ ဟု ပြောပြလိုက်လေတော့သတည်း။

ဓာတ်ပန်းချီချိပ်ဆွဲရန်အခါများ...

တနင်္ဂနွေသားသမီးဆိုရင် ကြာသပတေးနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
တနင်္လာသားသမီးဆိုရင်ဗုဒ္ဓဟူးနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
အင်္ဂါသားသမီးဆိုရင် သောကြာနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင် တနင်္လာနေ့ နံက် (၇) နာရီတိတိမှာ ချိပ်ဆွဲပါ။
ကြာသပတေးသားသမီးဆိုရင် တနင်္ဂနွေနေ့နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
သောကြာသားသမီးဆိုရင် အင်္ဂါနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
စနေသားသမီးဆိုရင် ဗုဒ္ဓဟူးနေ့နေလည် (၁)နေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။

Friday, March 4, 2011

မောင်အမြန်ပြန်လာပါ

တစ်နေ့သ၌ ထိုင်းနိုင်ငံ-မဟာချိုင်မြို့ -နေ၀စ်ဟူသော အရပ်ဒေသရှိ ဥုမ်သဟာဟု အမည်ရှိသော ဗေဒင် လက္ခဏာဟော အတွင်းသို့ အသက်အရွယ်အားဖြင့် ၂၅-နှစ်ခန်ရှိသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ထိုမိန်းကလေး၏ မျက်နှာသည် လွန်စွာ ညှိုးနွမ်းနေ၏။ သူမ၏ မျက်လုံးများသည် နီရဲနေ၏။ မျက်ခုံးများသည် မို့မောက်နေ၏။ မကြာခန ငိုထားပုံရလေ၏။ သိုးမွှေး အနွေးထည် ခဲပုတ်ရောင်ကို ဝတ်ဆင်ထားသော သူမ၏ ပုံမှာ လွန်စွာနွမ်းလျှနေလေ၏။ သူမသည် ပူပင်သောကတစ်ခုဖြင့် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်လေတော့၏။

ထိုင်ပါမိန်းကလေး ...။ ကျွန်တော် ဘာကူညီပေးရမလဲ..ဟု ဧည့်ဝတ်ပြုရင်း ထိုင်ခိုင်းရလေ၏။ သူမသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောပြောသော စာပွဲရှေ့တွင်ထိုင်ရင်း ကျွန်ုပ်အားအောက်ပါအ တိုင်း ပြောပြလေေ တာ့၏။

ဒီလိုပါဆရာရယ်။ ကျွန်မ ဆရာဆီလာတာ အကူအညီတောင်းစရာ တစ်ခုရှိလို့ပါ။ ကျွန်မလည်း လုံးဝကို မခံစား နိုင်တဲ့အဆုံး စုံစမ်းမေးမြန်းပြီး ရောက်လာခဲ့တာပါ။ အရမ်း ဒုက္ခရောက်နေတယ်ဆရာ။ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် သတ်သေပစ်ချင်တယ်။ တကယ်ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မအမျိုးသား အိမ်ပေါ်ကနေ ဆင်းသွားတယ်။ အဝေးကြီးကို ထွက်သွားတာတော့ မဟုတ်ပါဘူး။ သူ့မိဘအိမ်ကိုပဲ သွားနေနေ တာပါ။ သူ့မိဘအိမ်ကလည်း အဝေးကြီး မဟုတ်ပါဘူးဆရာရယ်။ ကျွန်မနေနေတဲ့ တိုက်ရဲ့ အပေါ်ထပ်အောက် အောက်ထပ်တင်ပါပဲ။

အဲဒီတော့ဆရာရယ်။ နေ့တိုင်းလည်း ကျွန်မ သူ့ကို မြင်နေရတယ်။ တွေ့နေရတယ်။ ဒါပေမယ့်ဆရာရယ်။ ကျွန်မယောက်ျားက ကျွန်မ ဖုံးဆက်ရင်လည်း မကိုင်ဘူး။ ကျွန်မကိုတွေ့ရင်လည်းမမြင်ချင်ယောင် ဆောင်နေ တယ်။ ကျွန်မလေ ကျွန်မယောက်ျားကို မြင်လိုက်ရရင် ရင်ထဲမှာ တဆစ်ဆစ် နာကျင်ပြီး ခံစားနေရတယ် ။နောက်ပြီး ကျွန်မ စဉ်းစားကြည့်မိတယ်။ သူဟာဘာဖြစ်လို့ ဒီလောက်ရက်စက် တတ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေရတာလဲလို့ပေါ့။

မုန်းချင်တယ်။ ဒါပေမယ့် မုန်းလို့မရဘူး။ လမ်းခွဲချင်တယ်။ ဒါမေယ့် ကျွန်မ ခြေလှမ်းတွေက လှမ်းသွားလို့ မရဘူး ဖြစ်နေတယ်။ မေ့လိုက်ချင်တယ်။ ဒါပေမယ့် ပိုပိုပြီး သတိယတမ်းတလာမိတယ်။ အဲဒိတော့ဆရာရယ်။ နေ့စဉ်နှင့်အမျှ နာကျင်စွာ ခံစားနေ၇တဲ့ ကျွန်မကို ဆရာ ကူညီပေးစေချင်တယ်။ ကျွန်မယောက်ျား ကျွန်မ ဆီကို ပြန်လာမလား ပြန်မလားဘူးလားဆိုတာရယ်၊ နောက်ပြီး ဆရာကူညီလို့ရရင်လည်း ပြန်လာအောင် လုပ်ပေးစေချင်တယ်ဟု ရှည်လျှားစွာ ပြောပြလေတော့၏။

ထိုအခါ ကျွန်ုပ်သည်လည်း ထိုမိန်းကလေးအား လွန်စွာ စာနာမိသွား၏။ ထို့ကြောင့် ထိုမိန်းကလေး လွန်စွာ သိချင်နေသော အိမ်ထောင်ရေး အကြောင်းကို တားရော့ပညာဖြင့် ကြည့်ပေးလိုက်လေ၏။ ထို့နောက် ကျွန်ုပ်က ကဲ.... မိန်းကလေး မင်းတို့ အိမ်ထောင်ရေး ပေါင်းမလား အပြီးတိုင် ကွဲသွားပြီလား သိချင်တယ်ဆိုရင် မင်းရဲ့ ဘယ်ဘက်လက်နဲ့ ဒီတားရော့ကို တစ်ဝက်ချိုးလိုက်ဟု ပြောပြလိုက်လေရာ မိန်းကလေးသည် တုန်ရီနေသော လက်ဖြင့် တားရော့ကို တဝက်ချိုးလိုက်လေ၏။ ထိုအခါ အောက်ပါ တားရောကဒ်ကျလာလေ၏။ ထိုတားရော့ကဒ် သည် နံပါတ်(၄) တားရော့ ဧကရာဇ်ကဒ် ဖြစ်လေ၏။

ဒီမှာ မိန်းကလေး မင်းတို့အိမ်ထောင်ရေးဟာ လူကြီးတွေကြောင့် အဆင်မပြေ ဖြစ်နေကြတာ။ အခုလက်ရှိအချိန်မှာ ပြန်ပေါင်းမှာလား၊ မပေါင်းဘူးလားဆိုတာတောင် အရမ်းပြောရခက်နေတဲ့ အချိန်တစ်ခုပဲ။ ဒီအချိန်လေးမှာ စိတ်ပင်ပန်းမှု့များစွာနဲ့ ဖြတ်သန်းရတော့မယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် ထိုမိန်းကလေးသည် သက်ပျင်းရှည်ကြီးကို မောပန်းစွာချလိုက်ရင်း မှန်ပါတယ် ဆရာ၇ယ်။ အဓိကကတော့ သူ့မိဘတွေပါပဲ။ သူ့မိဘတွေက ကျွန်မနဲ့ သိပ်သဘောမတူဘူး ဆရာ။ ဒါကြောင့် ဆရာအနေနဲ့ ကျွန်မယောက်ျား ကျွန်မ ဆီကို အမြန်ပြန်လာအောင် ယတြာပေးပါဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ထွက်သွားသူ အမြန်ပြန်လာစေသော အောက်ဖော်ပြပါ ယတြာကို ပြောပြလိုက်လေတော့၏။

ထိုမိန်းကလေးသည်လည်း ကျွန်ုပ် ပြောပြပေးလိုက်သော ယတြာကို စာရွက်တစ်ရွက်တွင် ကူးယူ၍ ပြန်သွားလေတော့၏။ ရက်သတ္တပတ် (၃)ပတ်ခန့် အကြာတွင် ထိုမိန်းကလေးသည် အမျိုးသားတစ်ဦးနှင့် လက်ချင်းချိပ်၍ ဈေးထဲတွင် ဖြတ်လျှောက်သွားသည်ကို မလှမ်းမကမ်းမှ လှမ်းမြင်လိုက်လေတော့၏။ ထိုမြင်လိုက်ရသည့် အခိုက် ကျွန်ုပ်၏ ရင်ထဲတွင်လည်း အမျိုးအမည် ဖော်ပြခြင်းငှာ မစွမ်းနိုင်သော ခံစားချက်တစ်မျိုး ဖြတ်သန်းသွားလေးတော့၏။ ထိုအရာကို ပီတိဟု ခေါ်ဆိုမည်ဆိုလျှင် ၇မည် ထင်ပါတော့သတည်း။

ပုလင်းအဖြူတစ်လုံးထဲတွင် အိမ်ကထွက်သွားသူ၏ ဓာတ်ပုံတစ်ပုံရယ် အမည် နေ့သား မွေးသက္ကရာဇ် အပြည့်အစုံရယ်၊ ပရုပ်လုံးတစ်လုံး ရယ်ကို ထည့်ပါ။ နောက်ပြီး သတိယတိုင်း အားတိုင်း အိမ်အမြန်ပြန်လာပ်စေဟု ပြောဆို ဆုတောင်း၍ လှုပ်လှုပ်ပေးပါ။ ယတြာက ဒီလောက်ပါပဲဗျာ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
(ပုံတွေတင်ထားတာ အဆင်ပြေ-မပြေ နည်းနည်းလောက် ပြောပေးသွားကြပါခင်ဗျာ-ကျေးဇူးတင်ပါတယ်)

Thursday, March 3, 2011

ဘာအခက်အခဲပဲကြုံကြုံ လွယ်ကူထိရောက်သော ရုက္ခစိုးယတြာ

လူတစ်စု ပူမှု့ရယ်တဲ့ ဆယ်ကုဋေတဲ့။ ဘုရားဘုရား ဆယ်ကုဋေတောင်ဆိုတော့ မနည်းမနောပါလား။ အဲလိုတွေး မိတယ်။ လူ့ဘ၀ဆိုတာကလည်း အခက်အခဲတွေ ပြဿနာတွေ ပူပန်စရာတွေ ၊ ၀န်ထုပ်ဝန်ပိုးတွေနဲ့ ဖွဲ့တည်ထား တာကိုများ လူ့ဘ၀ကြီးရယ်လို့တောင် ခေါ်ဆိုသလားမသိတော့ပါဘူး။ လက်လှမ်းမီသလောက် အနီးအနားက သတ္တ၀ါတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာ လူဆိုတဲ့သတ္တ၀ါတစ်မျိုးကတော့ တော်တော်လေး အလုပ်များပါ တယ်။ ပြီးတော့ တော်တော်လေးလည်း အလုပ်ရှုပ်ပါတယ်။ နောက်ပြီး တော်တော်လေးလည်း အပိုတွေကို လုပ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ လူသားတွေရဲ့ နေ့စဉ်ရှင်သန်နေရမှု့တွေမှာ အခက်အခဲတွေ ပြဿနာတွေ တစ်ပုံတပင်ကြီး ရှိနေတာပေါ့။ ဒီနေရာမှာ လူတွေက ပြဿနာအခက်အခဲတွေ ကြုံဆုံရတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပုံခြင်း မတူညီကြပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ပြဿနာကို ရှု့မြင်သုံးသပ်ပုံခြင်းလည်း မတူညီကြတဲ့အတွက် ဖြေရှင်းပုံခြင်းလည်း မတူညီကြပြန် ဘူး။ ကျွန်တော်ပြောချင်တာက အဲဒီလို ပြဿနာတွေ များပြားနေတာရယ် ဖြေရှင်းနေရတာတွေကို လူ့ဘဝလို ပဲ ခေါ်ကြတာ မဟုတ်ပါလား။

ဒီနေရာမှာ မိတ်ဆွေတို့ကို ကျွန်တော် လက်ဆောင်တစ်ခုလောက် ပေးချင်တယ်။ ဘာလဲဆိုတော့ ပြဿနာတစ်ခုကို စိတ်အေးချမ်းသာစွာ ဖြေရှင်းတဲ့ နည်းလမ်းလေးတစ်ခုဆိုပါတော့။ အခက်အခဲတွေကို အေးချမ်းစွာ ဖြေရှင်း နည်းပဲ ဆိုပါတော့။ ဒါကလည်း ဆရာသခင် အဘမင်းသိင်္ခပြောပြခဲ့တဲ့ နည်းလမ်းပါ။ တိတိကျကျ ပြောရရင် ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲမှာလည်း ပါပါတယ်။

(၁) အခက်အခဲတွေကို ပုံကြီးမချဲ့ပါနဲ့....
လူတော်တော်များများကပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ဆရာရေတဲ့...။ ပြဿနာပေါင်း သောင်းခြောက်ထောင်။ ဘယ်က စပြီး ဖြေရှင်းရမှန်းတောင် မသိတော့ဘူးတဲ့။ အဲဒီတော့ ကျွန်တော် က ပြဿနာပေါင်း သောင်းခြောက်ထောင် ဟုတ်လား။ အဲလောက်တောင် များလားလို့ ။ ပြန်မေးလိုက်တော့ ဆရာရယ် စကားအဖြစ်ပြောတာပါတဲ့။ ပြောချင်တာက လူတော်တော်များများဟာ ကိုယ်ဆီမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တော်တော်များများကို အရမ်း များနေပြီ။ ဖြေရှင်းလို့ကို မရလောက်တော့လောက်အောင်ကို များပြာလှတယ်လို့ ထင်မှတ်နေတယ်။ အဲဒီတော့ အရင်ဆုံး ဒီပြဿနာတွေကို ပြေလည်ချင်တယ်၊ ဖြေရှင်းနိုင်ချင်တယ်ဆိုရင် ကိုယ့်ဆီမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပုံကြိး မချဲ့ပါနဲ့လို့ ပြောလိုက်ပါရစေ....

(၂) ဒုက္ခတွေ အခက်အခဲတွေကို စာရင်းချရေးကြည့်လိုက်ပါ။
အဲဒီတော့ ကိုယ်ထင်တာက ပြဿနာ အခက်အခဲတွေက အများကြီး ဖြစ်နေတယ်လို့ ကိုယ်က ထင်နေတယ်။ အမှန်တကယ် စာရွက်မှာ ချေါ ခင်ရးကြည့်လိုက်တဲ့ အခါကျတော့မှ အများဆုံးဆယ်ခုတောင် မကျော်ပါဘူး။ (၅) ခု (၆)ခု ဒီလောက်ပါပဲ။ မိတ်ဆွေ ခင်ဗျားထင်နေတာက ခင်ဗျားမှာ ပြဿနာတွေအများကြီး ကြုံတွေ့နေရတယ်လို့ မိတ်ဆွေက ထင်မှတ်နေတယ်။ အမှန်တကယ် မိတ်ဆွေမှာ ရှိတဲ့အခက်အခဲက လေးငါးခုလောက်ပါပဲ။

(၃) အခက်အခဲတိုင်း ပြဿနာတိုင်းရဲ့ ဘေးနားကနေ ဖြေရှင်းဆရာနည်းလမ်းတွေကို စဉ်းစားမိသလောက် ချရေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စိတ်အေးချမ်းသာစွာနဲ့ စိတ်အေးလက်အေး ပြေလည်အောင် ဖြေရှင်းနိုင်လောက်ပါပြီ။ အခု ယတြာအကြောင်း ပြောကြရအောင်နော်။

ဒီယတြာက ဘယ်နေရာမှာပဲ ရောက်ရောက်၊ ဘာကိစ္စအခက်အခဲပဲကြုံကြုံ၊ လုံးဝဖြေရှင်းလို့ မရတော့လောက်အောင်ပဲ ဖြစ်နေဖြစ်နေဆောင်ရွက်လို့ ရတယ်ဆိုတာပါပဲ။ တစ်နည်းမဟုတ်တနည်းနဲ့ ပြေလည်သွားပါတယ်။အကူအညီကောင်းတွေအဆောင်အမကောင်းတွေအလိုလို ပေါ်ပေါက်လာမယ်။နည်းလမ်းကောင်းတွေ ပေါ်လာမယ်။ မိတ်ဆွေတို့ရဲ့ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့လာရပါက ဒီအတိုင်းထိုင်ပြီး စိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျနေမယ့်အတူတူ ဒီယတြာနည်း အတိုင်းသာ ဆောင်ရွက်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒါလည်း အခက်အခဲကို စိတ်အေးချမ်းသာစွာ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုပဲ မဟုတ်ပါလားဗျာ။

မိမိအိမ်နဲ့ အနီးဆုံးသစ်ပင်ကြီးကြီး ( အနည်းဆုံး သစ်ကိုင်း(၇)ကိုင်း ထွက်နေရင် ရပါပြီ) တစ်ပင်ကနေ မပေါက်မပြဲတဲ့ သစ်ရွက် သန့်သန့်တစ်ရွက်ကို ခူးပါ။ ပြီးရင် အိမ်ကို ယူလာခဲ့ပါ။ အဲဒိသစ်ရွက်ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။ ဖယောင်းတိုင်တစ်တိုင် ကုန်တာနဲ့ နောက်တစ်တိုင် ထပ်ထွန်းပါ။ (၈)တိုင် ဆက်တိုက် ထွန်းပေးပါ။ တစ်နေ့ကို (၈)တိုင် ဆက်တိုက်ထွန်းပြီး (၈)ရက်ဆက်တိုက် ထွန်းပါ။ ဖယောင်းတိုင်ကို မီးထွန်းတဲ့အခါတိုင်းမှာ ကိုယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အသေးစိပ် အဲဒီသစ်ရွက်ခူးခဲ့တဲ့ သစ်ပင်က ရုက္ခဇိုးဆီမှာ ဆုတောင်းပါ။ အဲဒီ ရုက္ခဇိုးက မကူညီနိုင်ရင်လည်း ကူညိနိုင်တဲ့ ပုဂ္ဂိုလ်များကို ပြောပေးပါလို့ တတွတ်တွတ် ဆုတောင်းပေတော့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Wednesday, March 2, 2011

ဝန်ထမ်းအလုပ် ရာထူးတိုးစေသော ယတြာနည်း

ဝန်ထမ်းအလုပ် လုပ်နေသည့်သူများအတွက် ဒီယတြာနည်းကို လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ဗေဒင်ဆရာဆီမှာ ဗေဒင်လာမေးကြသည့်သူများ၊ ယတြာလာတောင်းကြသည့်သူများ ထဲတွင် ၀န်ထမ်းများလည်းပါပါတယ်။သူတို့တွေမေးလေ့မေးထရှိတဲ့ မေးခွန်းတွေမှာများသောအားဖြင့် မေးတတ်ကြတာက ဆရာတဲ့ ရာထူးတိုးဘို့ကိန်းရှိလားတဲ့၊ မြင်လားတဲ့။ ကျွန်တော်တို့ကလည်း တွက်ကြည့်တယ်။ တားရော့ ချိုးကြည့်တယ်။ သက်ရောက်တိုင် အားစစ်ကြည့်တယ်။ ဂဏန်းဗေဒင်နဲ့ ဆန်းစစ်ကြည့်တယ်။ ရာထူးတိုး ဖို့မြင်ရင် သေချာပေါက် ရာထူးတိုးမယ်လို့ ဟောပေးလိုက်တယ်။

ဒီနေရာလေးမှာ ဗေဒင်ဆရာဘ၀ အတွေ့အကြုံအရ တစ်ချို့ ရာထူးတော်တော်ကြီးမားတဲ့ သူတွေဆိုရင် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို လျှို့ဝှက်ပြီး လာမေးတတ်ကြတယ်။ တစ်ချို့ကြတော့ ဖွင့်ပြီးတော့ မေးတယ်။ ဒါပေမယ့် လျို့ဝှက်ထားခိုင်းတယ်။ ဗေဒင်ဆရာဘက်ကတော့ လျို့ဝှက်သင့်တဲ့ကိစ္စကို လျှို့ဝှက်ထားပေးရတာပေါ့။

ကျွန်တော်ထိုင်းနိုင်ငံမှာ ဗေဒင်ဟောခန်းဖွင့်ထားတာ အခုဆိုရင် လေးနှစ်ထဲကို ရောက်နေပါပြီ။ လေးနှစ်အတွင်း ထိုင်းလူမျိုး အရာရှိတော်တော်များများ ဗေဒင်လာမေးကြတယ်။ ဒါပေမယ့် အရပ်ဝတ်တွေနဲ့ပါ။ သူတို့ရဲ့ လက်ရှိရာထူး၊ သူတို့ရဲ့တာဝန်တွေကိုတော့ မပြောပြပါဘူး။ ကျွန်တော်ကလည်း မစပ်စုတော့ပါဘူး။ ဒီလိုပဲ သာမန်ဗေဒင်မေးသလိုပဲ မေးသွားကြတယ်။ နောက်မှ အကြောင်းအမျိုးမျိုးကြောင့်သာ အော် ဒီလူကြီးက ဒါကြီးပဲဆိုတာကို သိလိုက်ရတာ။

အဲဒီတော့ဒီနေရာမှာ လခစား ၀န်ထမ်းတွေအတွက် အခက်ခဲကြုံတတ်တာ တစ်ခုရှိတယ်။ အဲဒါကတော့ ရာထူးတိုး ကိစ္စပဲ။ ရာထူးတိုးကိစ္စကို လေ့လာကြည့်လိုက်တဲ့ အခါ ဒီလို သွားတွေ့ရတယ်။ ပထမဆုံး ရာထူးတိုးတတ်တဲ့အမျိုး အစားက တစ်ချို့ဝန်ထမ်းတွေက အလုပ်ကို ကြိုးစားတယ်။ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ မခိုကပ်ဘူး။ တာဝန်ကျေတယ်။ အဲဒီလို ကြိုးစားပန်းစားလုပ်တဲ့ ၀န်ထမ်းကို တချို့ အထက်လူကြီးတွေက သဘောကျပြီး ရာထူးတိုးပေးတတ်တာ ရှိတယ်။

နောက်တစ်ခုကြပြန်တော့ လုပ်သက်အလိုက် ရာထူးတိုးစာမေးပွဲ ဖြေဆိုရတယ်။ ဌာနတစ်ခုနဲ့ တစ်ခုကတော့ စဉ်မျဉ်းဥပဒေခြင်း တူချင်မှတူမယ်ပေါ့။ တစ်နှစ်တန်သည် တစ်နှစ်၊ နှစ်နှစ်တန်သည် နှစ်နှစ်ပေါ့။ အဲဒီလို ရာထူးတိုး စာမေးပွဲဖြေဆိုပြီး ရာထူးတိုးသွားတဲ့ လူတွေရှိတယ်။ တစ်ချို့ကြပြန်တော့ လုပ်သက်အလိုက်အလိုလို အော်တိုမစ်တစ် ရာထူးတိုးကြတာရှိတယ်။

ဒီတစ်ခါပြောပြချင်တာက အခက်အခဲပါ။ အဲဒီလို ရာထူးတိုးဖို့ အချိန်အခါ ကျနေပါရက်နဲ့ ရာထူးမတိုးတဲ့ လူတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရာထူးမတိုးနိုင်ဖြစ်နေကြတယ်။ အဲဒိလို အခြေအနေမှာ ဒီယတြာကို ဆောင်ရွက်လို့ရပါတယ်။ နောက်တစ်ခု သတိထားရတဲ့ ကိစ္စတစ်ခုရှိတယ်။ အဲဒါက ဘာလည်း ဆိုတော့ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကပဲ ရာထူးတစ်ခု တက်သွားခဲ့တယ်။ အခု ဘာမှ မကြာသေးဘူး။ နောက်ထပ်ရာထူးတစ်ခု တိုးချင်တယ်။ အဲဒါဆိုရင်တော့ ဘယ်ရမလဲပေါ့နော။ အကြောင်း အမျိုးမျိုးနဲ့ ရာထူးတိုး ကိစ္စတွေမှာ ထစ်ငေါ့နေတယ်။ ကြန့်ကြာနေတယ်။ ခက်ခဲနေတယ်ဆိုရင် ဒီအောက်မှာ ဖော်ပြပေးလိုက်တဲ့ ရာထူးတိုးစေသောယတြာကို ဆောင်ရွက်လို့ရပါတယ။

ရာထူးတိုးစေသောယတြာ

ရထားလမ်းက ကျောက်ခဲလေးလုံးကို သွားကောက်ပါ။ ရေစင်အောင်ဆေးပါ။ ပြီးရင် တနင်္ဂနွေနေ့ထုပ် သတင်းစာတစ်ဆောင်ကို ဘုရားစင်ရှေ့ ခုံတစ်လုံးပေါ်မှာ ဖြန့်ခင်းလိုက်ပါ။ သတင်းစာရဲ့ ဒေါင့်လေးဒေါင့်မှာတော့ ရထားလမ်းက ကောက်လာပြီး ရေစင်ကြယ်အောင် ဆေးကြောထားတဲ့ ကျောက်ခဲလေးခဲကို ဒေါင့်တစ်ဒေါင့်ကို တစ်ခဲတင်ထားပါ။ ပြီးရင် သတင်းစာပေါ်မှာ ထန်းလျှက် (၁၁)လုံးကိုတင်ပြီး ဘုရားကိုလှူပါ။ ရာထူးတိုး ကိစ္စ အောင်မြင်စေဖို့ ဆုတောင်းလိုက်ပါ။ မုချ မလွဲမသွေ မိမိနှင့် ထိုက်တန်သော ရာထူးကိစ္စ အဆင်ပြေ သွားပါလိမ့်မယ်ဟု စေတနာ စကားဆိုရင်း........

မနက်ဖြန်တော့ ပျက်နေသော ကော်နရှင် ကောင်းမယ်ထင်တယ်ဟု မျှော်လင့်လျှက်.......

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Tuesday, March 1, 2011

၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

ကော်နရှင် အဆင်မပြေသည့်ကြားမှ ၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်းကို ကြိုးစား၍ ရေးပေးလိုက်ရပါတယ်။ ဟောစာတမ်းကို ၀ါသနာပါသူများ ဒီနေရာမှာ သွား၍ ဖတ်နိုင်ပါသည်။ ဒီနေရာလေးကနေ အားလုံးကို အထူးအားဖြင့် ကျွန်တော်၏ဘလော့အား လာရောက်လည်ပတ်သူများ အားလုံးကို ၎င်း၊ ဗေဒင်မေးကြသော မိတ်ဆွေသင်္ဂအပေါင်းကို၎င်း၊ အထူးပင် တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက်စက်သည် ပျက်နေပါသောကြောင့် အွန်လိုင်းသို့ မတက်နိုင်ဖြစ်နေပါ။ ထို့ကြောင့် ပို့အသစ် များ နောက်ကျနေရပါသည်။ ဟောစာတမ်းများ ပြန်လည်ပေးပို့သည့်နေရာတွင် ရက်အနည်း ငယ် နောက်ကျနေပါသည်။ သို့သော် တက်မရှိရင် လက်နှင့်လှော်ဆိုသော မြန်မာစကားပုံကဲ့သို့ အင်တာနက် ချိပ်ဆက်ထားသော မိတ်ဆွေများ အခန်းသို့ သွား၍ သော်လည်းကောင်း အင်တာနက်ဆိုင်သို့ သွား၍သော်၎င်း၊ ကျွန်တော်၏ နိုကီရာဖုံးအစုတ်လေးနှင့် ချိပ်ဆက်၍သော်၎င်း အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားနေပါကြောင်းနှင့် ကဲ... ၂၀၁၁-ခု မတ်လအတွက် (၇)ရက်သားသမီး ဟောစာတမ်းကို ပျော်ပျော်ကြီး သွားရောက်ဖတ်ကြပေတော့ဗျို့....
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
(ခေတ္တ-အင်တာနက်ဆိုင်) ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels