Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မိမိပြောစကားဆိုစကားနားထောင်အောင်..

ဒီယတြာကို အစတုန်းကတော့ မိမိတို့၏ သားသမီးကို ဆုံးမလွယ်ကူစေအောင် ဆောင်ရွက်တဲ့ ယတြာနည်းစနစ် တစ်ခုပ်။ နောက်ပိုင်း ဗေဒင်ဆရာဘ၀ အတွေ့အကြုံများအရ ကိုယ်စကားပြော အောင်မြင်စေချင်တဲ့ ကိစ္စတော်တော်များများကို အသုံးပြုကြည့်တော့ အောင်မြင်တာကို တွေ့ရတယ်။ ဒါကြောင့် အားလုံးအတွက် ပြန်လည် တင်ပြပေးလိုက်တာပါ။ ဒါပေမယ့် ဒီနေရာမှာ ကိုယ်ပြောတဲ့ စကားတွေဟာ တစ်ဘက်လူ အကျိုးယုတ်စေမယ့် စကားတွေတော့ မဖြစ်ရဘူးပေါ့နော်။

ကောင်းသောစကား ၊ လိမ္မာစေမယ့်စကား ၊ အောင်မြင်စေမယ့် စကားမျိုးဆိုရင် ကောင်းတာပေါ့။ ကိုယ်က စကားတစ်ခွန်း ပြောလိုက်လို့ တစ်ဘက်လူက ဆိုးနေရာကနေ ကောင်းသွားမယ်။ လိမ္မာသွားမယ်၊ တော်လာမယ်၊ ကြိုးစားလာမယ်ဆိုရင် ကိုယ်အပင်ပန်းခံပြီး ပြောရတာ အကျိုးရှိတာပေါ့နော။ ကိုယ်ကတော့ တတွတ်တွတ် ပြောနေမယ်။ တစ်ဘက်လူကတော့ ခွေးမြီးကောက်ကို ကျဉ်တောက်စွတ်သလို ပြန်မပြော နားမထောင်ဆိုရင် ပြောတဲ့လူအတွက်က ပိုပြီးတော့တောင် ဒေါသထွက်လာဦးမယ်။ ဒါကြောင့် ကိုယ့်သားသမီး ၊ ကိုယ့်ညီကိုမောင်နှမ၊ မိသားစုတွေ ကိုယ်ပြောတဲ့ စကားကို နားမထောင်ဘူး၊ နားမ၀င်ဘူး၊ ပြန်မပြော နားမထောင်လုပ်နေတယ်ဆိုရင် အခုပြောတဲ့ ယတြာနည်းအတိုင်း ဆောင်ရွက်ကြည့်လိုက်ပါ။

အောက်မှာ နေ့သားအလိုက် ဖော်ပြပေးလိုက်ရပါတယ်။ စမ်းကြည့်ကြပါကုန်....

  • တနင်္ဂနွေသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် မေမြို့ပန်း (သို့) ပျဉ်းမညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ သကြားလုံးစားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • တနင်္လာသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် သပြေပန်း (သို့) သဇင် (သို့) သစ်ခွပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ နွားနို့သောက်ရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • အင်္ဂါသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် နှင်းဆီပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ အာလူးကျော်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • ဗုဒ္ဓဟူးသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် အုန်းညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ကိတ်မုန့်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • ကြာသပတေးသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် ကံ့ကော်(သို့) ခရေညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ဇီးသီးစားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • သောကြာသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် စံပယ်ပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ လဘက်ရည်သောက်ရင်း (သို့) လဘက်စားရင်း ဆုံးမပါ။ပြောဆိုပါ။ တိုင်ပင်ပါ။
  • စနေသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် ရွက်လှပန်း (သို့) ၀ါးညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ပေါင်မုန့်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။

Saturday, May 14, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels