Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ရက်ကိုးဆယ်အတွင်း လာဘ်ရွှင်စေသောနည်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဥုမ်သဟာ ဗေဒင်ဟောခန်း အတွင်းသို့ အသက်အားဖြင့် (၂၈)နှစ်ခန့်ရှိ သော စောနန်းနွယ်ဟု အမည်ရှိသော အမျိုးသမီးတစ်ဦး ရောက်ရှိလာလေ၏။ သူမသည် ဘွဲ့ရပညာတတ် အမျိုးသမီးတစ်ဦးဖြစ်လေ၏။ ဘ၀အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းအလုပ်သ မား တစ်ဦးအဖြစ်နှင့် ရောက်ရှိနေပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူမသည် မုချအောင်မြင်ရမည်ဟု ရည်ရွယ်ချက်ရည်မှန်းချက် ကြီးကြီးမားမား ထားရှိသူလည်း ဖြစ်လေသည်။ သူမသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် သူမ၏အခက်အခဲအား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါဆရာရယ်။ ကျွန်မက အခြအနေအရ ထိုင်းနိုင်ငံကို ရောက်ရှိနေပေမယ့် ဒီလိုဘ၀ကိုတော့ တင်းတိမ် ရောင့်ရဲမနေနိုင်ပါဘူး။ အမြဲတမ်းကိုယ့်ဘ၀ကို တိုးတက်အောင်မြင်စေမယ့် နည်းလမ်းတွေကို အမြဲတမ်း ကြိုးစားရှာဖွေနေပါတယ်။ ဒါပေမယ့် လူ့ဘ၀ကြီးကမရေရာဘူး မဟုတ်လား။ နောက်ပြီး ကြိုးစားနေတဲ့ လူတွေအတွက် အချိန်က အမြဲတမ်းနည်းနေတာပဲ မဟုတ်ဘူးလားဆရာ။ အဲဒီတော့ မရေရာတဲ့ လောကကြီးမှာ သေချာတာတစ်ခုလောက်တော့ ရှိချင်တယ်။

နောက်ပြီး ဘ၀မှာစမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းနေရတဲ့ နေ့ရက်တွေကလည်း အတော်များခဲ့တာ။ ကျွန်မအသက် ၂၈နှစ် အတွင်းမှာ နေရာမျိုးစုံ၊အလုပ်မျိုးစုံကို စမ်းတ၀ါးဝါးနဲ့ လုပ်နေခဲ့ရတယ်။ ကျွန်မက အဲဒါကို မကြိုက်ဘူး။ အဲဒီတော့ ဒီအသက်အပိုင်းအခြားရဲ့ နောက်ပိုင်းမှာ အလုပ်တွေကိုလည်း သွေးတိုးစမ်းသလို ဟိုပြောင်းဒီပြောင်း မလုပ်ချင်တော့ဘူး။ တစ်ခုခုကိုဆုံးဖြတ်ချက်ချပြီး ရေရှည်လုပ်ငန်းအဖြစ် လုပ်ကိုင်သွားချင်တယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ လုပ်ငန်းအမျိုးအစားကလည်း ဘ၀မှာ ကျွန်မအတွက် မုချတိုးတက် အောင်မြင် ကြီးပွားစေမယ့်အလုပ်မျိုး ဖြစ်ရမယ်ပေါ့ဆရာ။

အရေးကြီးတာက သေချာချင်တယ်နော်။ နှစ်ပေါင်းများစွာ ကိုယ်ရွေးချယ် လုပ်ကိုင်လိုက်တဲ့ အလုပ်က မုချ ကိုယ်နဲ့အကျိုးပေးတဲ့ လုပ်ငန်းမျိုးဖြစ်ဖို့လိုတယ်။ နှစ်ပေါင်းများစွာ လုပ်ကြည့်ပြီးမှ မအောင်မြင်တာတို့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတာတို့ဖြစ်လို့မရဘူး။ ပေးဆပ်လိုက်ရမယ့် အချိန်တွေက အရမ်းနှမြောစရာ ကောင်းနေလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကျွန်မဆရာဆီက တစ်ခုခုအရမ်းသိချင်တယ်။ သေချာတဲ့အဖြေတစ်ခုတော့ ရချင်တယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်မဘ၀မှာ ကျွန်မအတွက် မုချတိုးတက်ကြီးပွားချမ်းသာစေမည့် လုပ်ငန်းအမျိုးအစားကို သိချင်တယ်။ အဲဒါကို ဆရာက ရွေးချယ်ပေးဖို့ပါပဲဟု ကျွန်ုပ်အား သူမ၏ဘ၀တစ်သက်လုံးနှင့် ပါတ်သက်သော အင်မတန်ကြီးလေးသော တာဝန်ကြီးတစ်ခုကို ကျွန်ုပ်အားပေးအပ်လိုက်လေသည်။ ထိုအခါ ကျွန်ုပ်က ...

ဒီလိုရှိတယ် စောနန်နွယ်ရဲ့။ ငါတို့ရဲ့ ဆရာသခင်ဖြစ်တဲ့ အဘဒေါက်တာ မင်းသိင်္ခဟာ ဗေဒင်ပညာကို စတင်လိုက်စားစဉ် အချိန်ကတည်းက ကြာသပတေးနံ၊ ကြာသပတေးဂြိုလ်ဟာ သူ့ရဲ့ဘဝမှာ သေချာပေါက် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာမယ့်နံ၊ ဂြိုလ်ဆိုတာ သိထားခဲ့ပါတယ်။ ကြာသပတေးနံဆိုတာ( ပ၊ ဖ၊ ဗ၊ ဘ၊ မ )ပေါ့ဟာ။ ။ စာရေးဆရာလုပ်တဲ့ အခါမှာလည်း ဝတ္ထုစာအုပ်တွေရဲ့ ရှေ့ဆုံးစာလုံးတွေမှာ ဆိုရင် ကြာသပတေးနံကိုပဲ အားပြုပြီးအမည်ပေးသုံးစွဲခဲ့ပါတယ်။ အဘမင်းသိင်္ခရေးခဲ့တဲ့ ဝတ္ထုစာအမည်တွေရဲ့ အမည်ဟာ များသောအားဖြင့် ကြာသပတေးနံတွေနဲ့ စပြီး ပေးထားတယ်။

ဒါကြောင့်လည်း အဘရဲ့စာအုပ်တွေကို စာဖတ်ပရိတ်သတ်တွေ စွဲလန်း နှစ်ခြိုက်ကြခြင်းလည်း ဖြစ်ပါတယ်။ စာပေလောကမှာလည်း “မင်းသိင်္ခ ဟာ နောက်ဆုံးအချိန်အထိ စာပေလောကမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဘမင်းသိင်္ခကို သေချာပေါက် ကြီးပွားချမ်းသာစေမယ့် ကြာသပတေးနံလုပ်ငန်းတွေကပဲ အောင်ြမင်တဲ့ လူသားတစ်ယောက်ဖြစ်စေခဲ့တာပါ…။

ဗေဒင်ဆရာအလုပ်ဟာလည်း ပညာကိုအသုံးချရတဲ့ “ကြာသပတေးနံ” လုပ်ငန်းအမျိုးအစား ဖြစ်တဲ့အတွက် ဗေဒင်လောကမှာလည်း အောင်မြင်ခဲ့ပါတယ်။ နောက်ပြီး စာရေးဆရာ အလုပ်ဟာလည်း “ ကြာသပတေးနံ” လုပ်ငန်းအမျိုးအစား ဖြစ်တဲ့အတွက် စာရေးဆရာ အဖြစ်လည်း လူသိများခဲ့ပါတယ်။ ကြာသပတေးနံပါတဲ့ - မှော်ဘီ၊ မရမ်းတလင်း၊ ပဲခူး၊ ပုပ္ပါး စတဲ့မြို့တွေမှာ နေထိုင်ပြီး အဓိဋ္ဌာန်များကို ကျင်ကြံအားထုတ်ခဲ့ပါတယ်။

လက်ဝှေ့ကလပ်ကိုလည်း ကြာသပတေးနံပါတဲ့ “မြန်မာပြည်သား”၊ ဂျာနယ်ကိုလည်း“ မနော မယဂျာနယ်ဆိုပြီး ထုတ်ဝေခဲ့ပါတယ်။ ပြောချင်တာကတော့ “မင်းသိင်္ခ”ဆိုပြီး ဖြစ်လာတာဟာ ကြာသပတေးနံကို မှီတွယ်၊ဖက်တွယ်ပြီး ကောင်းစွာအသုံးချခဲ့လို့ ဖြစ်လာတာပေါ့။ ဒါကြောင့် ရှေ့တုန်းက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးက လက်တွေသုံးပြသွားတဲ့ နည်းစနစ်တစ်ခုရှိတယ်။ အဲဒီအတိုင်း လိုက်သုံးလိုက်ရုံပဲပေါ့ဟု ကျွန်ုပ်က ပြောပြလိုက်လေလျှင် စောနန်နွယ်က...

ဟုတ်ပြီ။ ဒီလိုမျိုး အထောက်အထားနဲ ပြောတာဆိုရင်တော့ ကျွန်မလက်ခံတယ်။ ဆရာမင်းသိင်္ခဆိုတာလည်း ကျွန်မတို့လေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဥိးပါပဲ။ ကိုယ်လေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက လက်တွေလုပ်ခဲ့တဲ့ နည်းဆိုတော့ ကျွန်မ လိုက်လုပ်မယ်။ အဲဒီတော့ အဲဒီနည်းနဲ့ကျွန်မကို တွက်ပေးပါ။ တော်တော်လေး ခက်ခက်ခဲခဲတွက်ရမှာလား။ ဘယ်နှစ်ရက်လောက်စောင့်ရမှာလဲဟု ပြန်မေးလေ၏။ ခက်ခက်ခဲခဲ မတွက်ရပါဘူး။ အခုတစ်ထိုင်တည်း တွက်ပေးလိုက်လို့ရပါတယ်။ မဟာဘုတ်ဗေဒင်ပညာမှာ လာတဲ့ နည်းတစ်ခုပဲ။ မဟာဘုတ်ဆိုတာကို နားလည်ရင်ရပြီပဲဟု ပြောလိုက်ပြီးလျှင် စောနန်နွယ်အား အောက်ပါအတိုင်း ပြောပြလိုက်လေတော့၏။

မဟာဘုတ်တွက်နည်းကဒီမှာပါ။

တွက်ကြည့်လိုက်နော်။ ပြီးရင် အထွန်းဆိုတဲ့နေရာမှာ နေ့နံမှာရှိတြဲ့၈ိုဟ်ဟာ မိတ်ဆွေတို့ရဲ့ ဘ၀အတွက် အထူး တိုးတက်အောင်မြင်စေစမယ့် နံဂြိုဟ်ဖြစ်ပါတယ်။ အဲဒီနည်းလေးကိုသိပြီဆိုရင် ကိုယ့်ဘ၀ကို ဒီနေ့နေစပြီး တစ်စုံတစ်ခုကို ရွေးချယ်ပြီး စတင်ကြိုးစားတည်ဆောက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အဲဒါနဲ့ စောနန်နွယ်ကဆက်လက်ပြီး ဟုတ်ပြီဆရာ ဒါဆိုရင်ကျွန်မက မဟာဘုတ်(၅)ကြွင်းတယ်။ အထွန်းနေရာမှာ (၄) ရှိနေတယ်ဆိုတော့ ဗုဒ္ဓဟူးနံပေါ့။ ဆရာပြောသလိုဆိုရင် အနုပညာအလှပညာပေါ့။ အင်း ကျွန်မရုပ်နဲ့ မင်းသမီးမဖြစ်တာကတော့ သေချာနေပြီ။ အဲဒီတော့ အလှပညာအလုပ်ဆိုရင်တော့ မဆိုးဘူး။ အလှပြင်ဆိုင်တို့ ဘာတို့ လုပ်လို့ရတယ်မဟုတ်လားဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ရတာပေါ့ စောနန်းနွယ်ရဲ့။ အလှပြင်ဆိုင်ဖွင့်ရင် သေချာပေါက် ကြီးပွားချမ်းသာမယ်၊ အောင်မြင်မယ်ပေါ့။ နောက်ပြီး နာမည်ပေးရင်လည်း အဲဒီ ဗုဒ္ဓဟူးနံ အက္ခရာတွေနဲ့ပဲ (ယ-ရ-လ-၀) ပေးလို့ ရတာပေါ့ဟုကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် စောနန်းနွယ်က အိုကေ ဆရာ ကျွန်မ အလှပြင်သင်တန်း တက်ဖို့ ပြင်ဆင်တော့မယ်။ နာမည်ကတော့နောက်မှ ဆရာဆီ လာတောင်းတော့မယ်။ အခုလောလောဆယ်တော့ ဆရာဆီကိုလာတုန်း ယတြာတစ်ခုလောက် တောင်းချင်တယ်။ ငွေကြေးလာဘရွှင်တဲ့ ယတြာတစ်ခုလောက် ပေးပါဦး။ အခုတလော လာဘ်ပိတ်နေသလိုပဲဟု ပြောသောကြောင့် ကျွန်ုပ်လည်း ငွေကြေးလာဘ်လာဘရွှင်လန်းတိုးတက်စေသော အောက်ဖော်ပြပါ ယတြာကို စောနန်းနွယ်အား ပြောပြလိုက်လေတော့သတည်း။

လာဘ်လာဘပွင့်လန်းစေတဲ့ယတြာ

လုပ်အားကြောင့်ငွေဝင်တာရယ်၊ ကိုယ့်လုပ်ငန်းက ပုံမှန်ဝင်ငွေကောင်းနေတာရယ်၊ အရောင်းအ၀ယ်ကိစ္စများ အောင်မြင်လို့ ငွေဝင်တာတွေကို လူတွေက သိပ်ပြီး မရောင့်ရဲ မတင်းတိမ်နိုင်ကြဘူး။ များသောအားဖြင့် ကံတရားကြောင့် ငွေအစုလိုက်အပြုံလိုက် ၀င်တာကိုလည်း လိုလားတောင့်တာကြတယ်။ ဥပမာအားဖြင့် အခွင့်အရေးကောင်းကြုံလို့ ဖြစ်စေ၊ ထီပေါက်ချဲပေါက် ကောက်ရလို့ဖြစ်စေ ဒါမှမဟုတ် လုံးဝပြန်မရနိုင် တော့ဘူးလို့ ထင်ထားတဲ့ငွေတွေ ပြန်ဝင်လာခြင်းကြောင့်ဖြစ်စေ အဲဒီလို ၀င်လာတဲ့ငွေကြေးတွေကို ကျွန်တ်ာအပါအ၀င် လူသားတိုင်းကိ မျှော်လင့်ကြတယ်။

ဒါကြောင့် ကျွန်တော်တို့ ဗေဒင်ဟောခန်းကို ရောက်လာတဲ့ လူတိုင်းက မေးတတ်ကြတယ်။ ငွေအစုလိုက်အပြုံလိုက် ၀င်ကိန်းရှိလားတို့၊ ထီပေါက်ကိန်း ချဲပေါက်ကိန်း မြင်လားတို့ပေါ့။ နောက် ဘယ်လို ယတြာတွေအဆောင်တွေလုပ်ရင် ငွေကြေးလာဘ်လာဘတွေ ပွင့်လန်းနိုင်င်သလဲ စသည်ဖြင့် မေးတတ်ကြတယ်။

လုပ်ရမှာကတော့ လွယ်ပါတယ်။ အောက်မှာ ဇယားလေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်။ မိမိနေ့သားအလိုက် တစ်ပတ်လျှင်တစ်ကြိမ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အချိန်တွေ နေ့တွေတော့ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အရမ်းလွယ်လို့ အဆင်ပြေပါ့မလားလို့တော့ မတွေးစေချင်ပါဘူး။ လုပ်ကြည့်ပါ။ ရှေ့ဘုန်းရှေ့ကံအရ ၀င်ငွေနည်းခြင်း၊ ၀င်ငွေများခြင်းသာ ကွာခြားတာပါ။ အောင်မြင်တဲ့ လူတွေ များပါတယ်။ ရက်ပေါင်းကိုးဆယ်အတွင်း ထူးခြားပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှိတဲ့လူတွေကလည်း အဲဒီယတြာ ကိုဆောင်ရွက်တဲ့အတွက် ပိုပြီးတော့ ၀င်ငွေတိုးပွာခြင်းနှင့် အဆင်ပြေစေပါတယ်။ လုပ်ရမှာက မိမိနေ့အလိုက် ဆန်သုံးဆုပ်ကြဲပက်ကာ ကြက်ငှက် သတ္တ၀တို့အား ကျွေးမွေးဆုတောင်းပါ။

ဥပမာ တနင်္လာသားဖြစ်သော ကျွန်တော်က ဗုဒ္ဓဟူးနေ့ နံက် (၆း၄၅) မိနစ်မှာ ရေမိုးချိုးကိုယ်လက်သန့်စင်ပြီး မြေပြောင်ပြောင်မှာ အနောက်အရပ်ကို မျက်နှာမူပြီး ဆန်သုံးဆုပ်ကြဲပက်ကာ ကြက်တို့ ငှက်တို့ အစရှိသော သတ္တ၀ါများကို ကျွေးမွေးရင်း ဆုတောင်းရမှာပါ။ ကျွန်တော်ကတော့ တစ်ပါတ်တစ်ကြိမ် လုပ်နေကြပေါ့။ အဆင်ပြေမှန်း ကောင်းကောင်း သိနေပြီလေ.... မိတ်ဆွေတို့လည်း လုပ်ကြည့်ပါလား။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

Monday, May 23, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels