Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ပရုပ်ဆီနှင့် တူသော မိန်းမ

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွန့်ပြမှုကြောင့် တရားထိုင်ရန်အလို့ငှာ လွန်ချမ်းအေးသော တောင်ကုန်းမြို့ကလေး တစ်မြို့သို့ မီးရထားဖြင့် ခရီးထွက်ခဲ့၏။ ကျွန်ုပ်၏ နံဘေးထိုင်ခုံ၌မူ အဘိုးကြီးတစ်ဦး လာရောက်ထိုင်လေ၏။ သူ၌ ပစ္စည်းပစ္စယဟူ၍ မယ်မယ်ရရမ ပါရှိပေ။ လွန်စွာကြီးမားသော လွယ်အိတ်ကြီး တစ်လုံးနှင့် လွန်စွာကြီးမားသော တောင်ဝှေးတစ်ချောင်းသာ ပါလေ၏။ ထိုအဘိုးကြီးသည် အသားအလွန်ဖြူ၏။ ထို့အပြင် လွန်စွာရှည်လျား၍ ဖြူဖွေးလျက်ရှိကုန်သော မုတ်ဆိတ်တို့သည်လည်း ရှိ၏။ တိုက်ပုံအင်္ကျီနှင့် တူသော အင်္ကျီပွကြီး၊ ရှမ်းဘောင်းဘီကဲ့သို့သော ဘောင်းဘီပွကြီးကိုလည်း ဝတ်ဆင်ထား၏။ ထိုအဝတ်အစားတို့ကြောင့် မြန်မာအဘိုးအိုတစ်ဦး မဟုတ်ကြောင်း သိသာနိုင်၏။

ကျွန်ုပ်သည် ထိုင်ခုံ၌ ထိုင်မိသည်နှင့် တစ်ပြိုက်နက် လွယ်အိတ်တွင်းမှ တရားထိုင်နည်း စာအုပ်ကို ထုတ်၍ ဖတ်ရှုနေလေ၏။ မုတ်ဆိတ်ဖြူအဘိုးကြီးမှာမူ ကျွန်ုပ်၏နံဘေး၌ လာ၍ထိုင်နေသည့် အချိန်မှစ၍ အိတ်တွင်းမှ ပစ္စည်းများကို ထုတ်ခြင်း၊ ပြီးလျှင်ပြန်ထည့်ခြင်းစသော သက်ကြီးရွယ်အိုတို့၏ အငြိမ်မနေတတ်သော အကျင့်ကို ပြလေတော့၏။ ထို့နောက် မုတ်ဆိတ်ဖြူအဘိုးကြီးသည် သူ၏ လွယ်အိတ်အတွင်းမှ မုန့်ထုပ်ကိုထုတ်၍ မုန့်တစ်ခုကို နှိုက်ယူစားသောက်လေ၏။ ကျွန်ုပ်သည် စာဖတ်နေရာမှ ၎င်း၏မုန့်ကိုလှမ်း၍ ကြည့်လိုက်လေ၏။ မုန့်မှာ ဓားလှီးမုန့်ဖြစ်၏။ မုတ်ဆိတ်ဖြူကြီးသည် ဓားလှီးမုန့်ကို စားပြီးနောက် ရေဘူးကို ထုတ်၍ ရေသောက်ပြန်၏။ ရေသောက်ပြီးသောအခါ၌ ဆေးတံကလေးကိုထုတ်၍ ဆေးအိုး၌ ဆေးဖြည့်ကာ ဆေးတံဖွာရင် ငြိမ်၍သွားလေတော့၏။ ထိုအချိန်ထိရထားမှာ တုတ်တုတ်မျှ မလှုပ်သေး။ ခရီးသည်များမှာမူ တက်လိုက်ဆင်းလိုက် ပစ္စည်းများကို ခုံအောက်ထိုးသူထိုး၊ တန်းပေါ်တင်သူတင် နှုတ်ဆက်သူနှုတ်ဆက် စသည်ဖြင့်ပွက်လောရိုက်လျက် ရှိလေတော့၏။

ထို့နောက်တွင်ကား ခရီးသည်အားလုံးလိုလို နေသားတကျဖြစ်သွားသောေ ကြာင့် ငြိမ်၍ သွားလေတော့၏။ လိုက်ပို့သူ အချို့နှင့်ခရီးသည်အချို့သည် ဟိုတစ်စု သည်တစ်စုဆိုသလို စင်္ကြလမ်းပေါ်၌ စကားပြောလျက် ရှိကြ၏။ ကျွန်ုပ်တို့၏ ပြတင်းပေါက်၌မူ တစ်ဘက်ခုံမှခရီးသည် လာရောက်၍ ကိုယ်တစ်ပိုင်းကို ပြတင်းပေါက် အပြင်ဘက်သို့ ထုတ်ကာ ကုန်းတိကုန်းကွ အနေအထားဖြင့် ၎င်းအားလိုက်ပို့သော ပလက်ဖောင်းပေါ်မှလူအား မှာတမ်းရှည်ကြီး တစ်ခုကို မှာကြားနေလေ၏။ ထိုမှာတမ်းထဲတွင် အမ်ဒီအိမ်သို့ ပို့ရန်ပစ္စည်းများအကြောင်းလည်း ပါ၏။ ထိုပစ္စည်းများနှင့်အတူ သာကေတမှ အနှိပ်သည်ကြီး တစ်ဦးလည်းပါ၏။ အမ်ဒီကြီး၏ ကတော်မှာသော သစ်ခွပန်းအကြောင်းလည်းပါ၏။ အောက်မှလိုက်ပို့သူက ဟုတ်ကဲ့၊ ဟုတ်ကဲ့ဟုသာ ပြန်၍ ပြောနေသံကိုလည်း ကြားရ၏။

နိုင်ငံခြားသို့ထက်မည့် သူ၏သားအတွက် ပါတ်စ်ပို့ကိစ္စ မည်သ့ထံသို့ပြောထားကြောင်း၊ ထိုကိစဎစအတွက် အဆင်ပြေမပြေ သွားရောက်မေးမြန်းရန်လည်းပါ၏။ အောက်မှလူက ဟုတ်ကဲ၊ ဟုတ်ကဲ့ဟု ပြန်၍ ဖြေသံကိုလည်း ကျွန်ုပ်ကြားရလေ၏။ ထို့နောက် အိမ်၌ တပ်ဆင်ထားသော လေအေးစက်မှာ ကောင်းစွာမအေးတော့ဘဲ ရေများ ယိုကျနေခြင်းသာလျှင် အဖတ်တင်ကြောင်းလည်း ပါ၏။ ထို့ကြောင့် ရုံးမှလေအေးစက်များကိုပြင်လေ့ရှိသူအားခေါ်၍ လက်ဖက်ရည်လေး ဘာလေးတိုက်ကာ ပြင်ခိုင်းထားဖို့လည်းပါ၏။ အောက်မှလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ပြန်၍ ဖြေနေလေ၏။

ထို့အပြင် ၎င်း၏ ရုံးခန်းအတွင်းရှိ ဗီရိုအတွင်းမှ နှစ်သစ်ကူးတွင် သုံးရန်ရောက်ရှိနေပြီဖြစ်သော ဒိုင်ယာရီစာအုပ်များနှင့် ပြက္ခဒိန် များကိုပို့ရမည့် စာရင်းများလည်းပါ၏။ ထိုစာရင်းများထဲတွင် ရုံးက လူတွေတောင်းမည် မပေးနဲ့ဟုလည်းပါ၏။ အောက်ကလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ ဟု ပြန်၍ဖြေလေ၏။ ထို့နောက်မှ ကားကို ယူသွားပြီး ရေဆေးခြင်း ဆီထိုးခြင်းများ ပြုလုပ်ပြီး ဂိုထောင်အတွင်း၌ ထည့်သိမ်းထားရန် မှာကြားလိုက်လေ၏။ ထိုအခါ အောက်မှလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ခေါင်းတညိတ်ညိတ်ဖြင့် ပြောကာ ပြန်သွားလေတော့၏။

ထိုအခါ၌ ထိုခရီးသည်သည် နောက်သို့ဆုတ်လိုက်ရာ ကျွန်ုပ်၏ ခြေထောက်ကို နင်းမိလေတော့၏။ ခြေထောက်အဖျားကို နင်းမိသောကြောင့် ကျွန်ုပ်မှာ အတော်ကလေး နာကျင်သွားသည်ဖြစ်ရာ “အား” ဟု အော်လိုက်မိလေ၏။ ထိုအခါထိုသူက “ဆောရီး၊ ဆောရီး” ဟု ပြောပြီး ၎င်း၏ ထိုင်ခုံဆီသို့ ပြန်သွားလေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ နံဘေးမှ မုတ်ဆိတ်ဖြူကြီးကို လှမ်းကြည့်လိုက်၏။ မုတ်ဆိတ်ဖြူကြီးသည် ၎င်း၏ခြေထောက် နှစ်ခုစလုံးကို ခုံပေါ်သို့တင်၍ ထားကြောင်းတွေ့ရလေ၏။ မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏။ “ဒီလူမျိုးတွေက ဘာမှမမြင်တော့ဘူး၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ၊ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကို နင်းမိရင် ဘာလုပ်ရမယ်ဆိုတဲ့ နည်းများပါသေးသလား” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေတော့၏။

ထို့ကြောင့် ကျွန်ုပ်က…“ကျုပ်ဖတ်နေတာ ရှေးဦးသူနာပြုစာအုပ် မဟုတ်ဘူး၊ ဒါတွေဘယ်ပါမလဲ” ဟု ပြန်၍ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက သူ၏ လွယ်အိတ်အတွင်းမှ ပရုပ်ဆီပုလင်းကို ထုတ်ကာ ကျွန်ုပ်အား လှမ်းပေးရင်း… “နည်းနည်း ပွတ်ထားလိုက်” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အနင်းခံရသော ခြေထောက်ကို ပရုပ်ဆီပွတ်မည်ဟု ခုံပေါ်သို့ တင်လိုက်ပြီး ကြည့်လိုက်ရာ သွေးခြည်များ ဥသွားကြောင်း တွေ့ရလေတော့၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက… “သွေးခြည်ဥသွားပြီ ထင်တယ်၊ အရိုးအက် မသွားတာဘဲ ကံကောင်းတယ်မှတ်၊ ဒီလူက တော်တော်စားတဲ့လူနဲ့ တူတယ်၊ သူ့ခန္ဓာကိုယ်ကြီးက နည်းတာမဟုတ်ဘူး၊ အနင်းခံရတာချင်း တူပေမယ့် သိပ်ပြီးမစားတဲ့ လူနင်းတာနဲ့ စားတဲ့လူနင်းတာ ကွာတယ်ငါ့လူ၊ သိပ်ပြီးစားတဲ့သူနင်းရင် ပိုပြီးအီတယ်ကွယ့်” ဟု ပြောလိုက်လေ၏။

ကျွန်ုပ်သည် ပရုပ်ဆိပုလင်းကိုဖွင့်၍ ပရုပ်ဆီအနည်းငယ်ကို ကော်ကာနင်းမိသော နေရာသို့ ပွတ်လိုက်လေ၏ ပရုပ်ဆီမှာ အတော်ကလေးကောင်း၏။ ထို့ကြောင့်ပွတ်လိက်သည်နှင့် ပွတ်လိုက်သောနေရာမှာ ပူနွေး၍သွားသောကြောင့် အနာသည် သက်သာသွားလေ၏။ “အတော်ကောင်းတဲ့ ပရုပ်ဆီပဲ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ “ဘယ်လောက်ပဲ ကောင်းကောင်း ရောဂါပျောက်တဲ့ ပရုပ်ဆီဆိုတာ ဒီကမ္ဘာမှာ မပေါ်သေးဘူးကွ၊ ပရုပ်ဆီဆိုတာ နည်းနည်းပါးပါး ထိမိခိုက်မိရင်ပွတ်လိုက်၊ လိမ်းလိုက်တာနဲ့ ပူခနဲနွေးခနဲ့ဖြစ်ပြီး သက်သာသလိုရှိပေမယ့် ဘယ်ရောဂါကိုမှ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ဘူး၊ ရောဂါလဲမပျောက်ဘူး၊ လူတွေလဲသုံးနေတဲ့ ဆေးတစ်မျိုးကို ပြောပါဆို၍ ပရုပ်ဆီကိုပဲပြောရမယ်၊

ဒါကြောင့် ငါတို့ ရှေးဟောင်း အဘိုး အဘွား တရုတ်လူမျိုးတွေက ခဏပန်း ကောင်းပြီး ရေရှည်မကောင်းတဲ့လူကို စိတ်ဆိုးလို့ဆဲရင် “ပရုပ်ဆီ” လို့ဆဲလေ့ရှိတယ်၊ အခဲခံရတဲ့လူက သိပ်ပြီးနာတယ်၊ ဘာပဲဖြစ်ဖြစ် ပရုပ်ဆီကလဲ မရှိရင် မဖြစ်ဘူးကွ။ နှာလေးဘာလေးမွှန်ရင် နှာခေါင်းမှာ ပွတ်ရတယ်၊ ခေါင်းလေးဘာလေး ကိုက်တဲ့အခါ နားထင်မှာ ပွတ်ရတယ်၊ ချောင်းလေးဘာလေးဆိုးရင် လည်ပင်းမှာ ပွတ်ရတယ်၊ အသက်ရှူ ကျပ်ချင်သလိုလိုဖြစ်ရင် လက်ထဲမှာပွတ်ပြီး ရှူရတယ်၊ ချွေးငုပ်နေရင် ရေနွေးပူပူထဲခတ်ပြီး သောက်ရတဲ့အခါမျိုးလဲ ရှိသေးတယ်၊ အခု ကိုယ့်လူလက်ထဲမှာ ရောက်နေတဲ့ ပရုပ်ဆီက ရှေးခေတ်က ပေါ်ဖူးတဲ့ ကျားဘမ်းပရုပ်ဆီကွယ့်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ပုလင်းကို သေချာစွာကြည့်လိုက်လေ၏။ ပုလင်းမှာ မတ်စေ့ပုံသဏ္ဌာန် ထောင့်ကလေးများပါ၏။ အရောင်မှာ နီညိုရောင်ဖြစ်၏။ နဖာချေး၏ အရောင်နှင့်တူ၏။ ရှေးတုန်းကတော့ ကျားကြီးတစ်ကောင် အဝတ်ကြီးပတ်ပြီး ခေါင်းကိုက်နေတဲ့ပုံနဲ့ “ ကိုက်လိုက်တဲ့ခေါင်း၊ ကောင်းလိုက်တဲ့ဘမ်း” ဆိုပြီး ကြော်ညာခဲ့တဲ့ ကျားဘမ်းပရုပ်ဆီပေါ့ ဘယ်လိုလူမျိုးတွေက ဘယ်လို သိမ်းထားတယ် မဆိုနိုင်ပါဘူး၊ အခါအခါမှာ နှစ်ပေါင်းငါးဆယ်လောက် ပျောက်သွားတဲ့ ပရုတ်ဆီ၊ ဟိုနားဒီနားမှာ တစ်ပုလင်းစ နှစ်ပုလင်းစ ဝယ်လို့ရနေပြီ။ ပုလင်းကြီးနဲ့ တစ်မျိုးထုတ်တယ်၊ ပုလင်းသေးနဲ့ တစ်မျိုးထုတ်တယ်၊ သံဘူးကလေးနဲ့လဲ တစ်မျိုးထုတ်တယ်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောပြလေ၏။

“အတော်ကောင်းပါတယ်၊ အခု မပူတော့ဘူး၊ အေးသလိုဖြစ်ပြန်ပြီ” ဟု ကျွန်ုပ်က ကျွန်ုပ်၏ ခြေထောက်ကို ညွန်ပြရင်း ပြောလိုက်လေ၏။ “ဟုတ်တယ်၊ ပူတစ်ခါ၊ အေးတစ်လှည့်ပဲ ကိုယ့်လူရေ။ ဒါကြောင့် ကျုပ်တို့ အဘိုးအဘွားတွေက ခုတစ်မျိုး၊ တော်တော်ကြာတစ်မျိုး လုပ်တတ်သူတွေကို “ပရုပ်ဆီ” လို့ ဆဲလေ့ရှိတယ်၊ အဆဲခံရတဲ့လူက သိပ်ပြီး နာတာကွ၊ ဒါပေမယ့် ငါကတော့ ပရုဆီကို သဘောကျတယ်၊ ပရုပ်ဆီက မိတ်ဆွေ တိုးစေတယ်ကွယ့် ကျိုက်ထီးရိုး တောင်တက်တုန်းက ပရုပ်ဆီကို အကြောင်းပြုပြီး မိတ်ဆွေကောင်းတစ်ယောက် ရခဲ့တယ် ရွှေစက်တော်ကို သွားတုန်းကလဲ ပရုပ်ဆီကိုအကြောင်းပြုပြီး မိန်းမကြီးတစ်ယောက်နဲ့ ငါနဲ့ မိတ်ဆွေဖြစ်ရတယ်။ ဟော.. ကြည့်စမ်း၊ မင်းနဲ့ ငါနဲ့ မိတ်ဆွေ ဖြစ်ရပြန်ပြီ၊ မင်းဘာအလုပ် လုပ်စားတဲ့လူဆိုတာတော့ ငါ အတတ်မပြောနိုင်ဘူး၊ အသည်းငယ်တဲ့လူဆိုတာတော့ ငါပြောနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခြေထောက်ကို နင်းမိတုန်းက အော်လိုက်တဲ့ အသံဟာ အသည်းကောင်းတဲ့လူ ဆိုရင် အမြောက်မှန်မှ အဲဒီလောက် အော်မှာကွ” ဟု ပြောလိုက်ရာ ကျွန်ုပ်သည် ၎င်း၏ စကားကို သဘောကျသောကြောင့် ပြုံးလိုက်လေ၏။

ထို့နောက်မှ ကျွန်ုပ်က.. “အော်တာ တစ်ခုတည်းကို ကြည့်ပြီး ကျုပ်ကို အသည်းငယ်တယ်လို့ အတတ်ပြောတာတော့ နည်းနည်းလွန်တယ်ထင်တယ်” ဟု ပြန်၍ ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက.. “အော်တာတစ်ခုတည်းနဲ့ ပြောတာမဟုတ်ဘူး နာရင် အော်တာဟာ သဘာဝပါပဲ၊ ဒါပေမယ့် ကိုယ်ဒီလောက်နာနေပြီပဲ၊ နင်းတဲ့လူကို ဆောင့်ပြီး တွန်းလိုက်ပါလား၊ ကိုယ့်လူ ဒီလိုလဲ မတွန်းခဲ့ဘူး၊ ဘာကြောင့် မတွန်းလဲဆိုတော့ ဟိုလူပြောတဲ့ စကားတွေကို ကိုယ့်လူကြားလိုက်တာကိုး၊ ဒီတော့ ကိုယ့်လူရဲ့ မသိစိတ်မှာ ဟိုလူကို အတော်ကြီးကျယ်တဲ့ လူကြီးအဖြစ် အမှတ်ပေးထားလိမ့်မယ်၊ အဲဒါကြောင့် မတွန်းဝံ့တာ၊ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက်သာ ကိုယ့်လူကို နင်းမိစမ်း၊ ကိုယ့်လူ ဒီလိုအော်ရုံအော်မှ မဟုတ်ဘူး၊ အခုတော့ ဟိုလူက ဆောရီး၊ ဆောရီးဆိုတာနဲ့ ကိုယ့်လူ ကျေနပ်လိုက်တယ်” ဟု ပြောပြန်လေ၏။

ကျွန်ုပ်မှာ တစ်စုံတစ်ရာ ပြန်၍ပြောဆိုခြင်း မပြုဘဲ ပြုံးလိုက်လေ၏။ ထို့နောက် ကျွန်ုပ်က.. “ဘာပဲဖြစ်ဖြစ် ခင်ဗျားပရုပ်ဆီကို အကြောင်းပြုပြီး ခင်ဗျားကိုတော့ ကျေးဇူးတင်ရမှာပဲ” ဟု ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက.. “ဟိုတုန်းက မိန်းမပျိုလေး တစ်ယောက်နဲ့ သူ့အမေဟာ ကျိုက်ထီးရိုး တတ်လာတယ်၊ ရွှေရင်ဆို့ အတက်လဲရောက်ရော အမေလုပ်တဲ့လူဟာ ခြေသလုံးကြွက်သားတွေ တက်ပါလေရော။ အဲဒီတော့ မိန်းမပျိုလေးလဲ အခက်ကြုံနေတယ်၊ အဲဒီအခါမှာ ဘုရားဖူးလမ်းကြုံ လူငယ်တစ်ဦးက ပရုပ်ဆီပုလင်းထုတ်ပေးလိုက်တယ်၊ အဘွားကြီးက အဲဒီပရုပ်ဆီလဲလိမ်းရော ဝေဒနာကသက်သာခွင့် ရသွားတယ်၊ အဲဒါကနေ အကြောင်းပြုပြီး မိန်းမပျိုကလေးနဲ့ လူငယ်ကလေးဟာ ရင်းနှီးသွားတယ်၊ နောက်ဆုံးမှာ ချစ်ကြိုက်ပြီး ညားသွားကြတယ် ဆိုပါတော့ကွယ်၊

အဲဒီလို ဝတ္ထုသွားမျိုးတွေ ရှေ့တုန်းကထုတ်တဲ့ ဒီဇူဇာသက်စောင့် မဂ္ဂဇင်းမှာ အများကြီးပါဖူးတယ်၊ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး၊ ပရုပ်ဆီတစ်ပုလင်းကို အကြောင်းပြုပြီး မိန်းမရချင်လဲ ရသွားနိုင်တယ်၊ တကယ်လို့ ကိုယ့်လူဟာ ဒီအရွယ်ထိအောင် အမြီးမပေါက်သေးဘူးဆိုရင်တော့ ပရုပ်ဆီကောင်းကောင်း တစ်ပုလင်းလောက် ဝယ်ပြီးဆောင်ထားသင့်တယ်” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်သည် ပြန်၍မပြောဘဲ ပြုံးလိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ အိမ်ထောင်ရှိ၏။ ကျွန်ုပ်ရရှိထားသော မိန်းမသည်ပင်လျှင် ပရုပ်ဆီကို အကြောင်းပြု၍ ရရှိထားသောကြောင့် ဖြစ်၏။

ကျွန်ုပ်၏ မိန်းမသည် ပရုပ်ဆီကိုအလွန်ကြိုက်၏။ မည်သို့ဖြစ်သည် မသိ၊ ကျွန်ုပ်၏ မိန်းမသည် အိပ်ရာဝင်သည်နှင့် တစ်ပြိုက်နက် ပရုပ်ဆီပုလင်းကိုဖွင့်ကာ သူ၏ကိုယ်ခန္ဓာ နေရာအနှံ့အပြားသို့ ပွတ်လေတော့၏။ ကျွန်ုပ်မှာ ခြင်ထောင်တွင်းသို့ ဝင်သည့်အခါတိုင်း၌ ပရုပ်ဆီဂိုဒေါင်းတွင်းသို့ ဝင်သကဲ့သို့ ခံစားရမိလေ၏။ ဤကိစ္စကို အကြောင်းပြု၍ အိမ်ထောင်ကျခါစက မကြာခဏ ရန်ဖြစ်ရလေ၏။ သို့ရာတွင် မည်သို့ဖြစ်လေသည်မသိ၊ နောင်အခါများ၌ ပရုပ်ဆီနံ့မရလျှင်ပင် ကျွန်ုပ်သည် တစ်ခုခုလိုနေသကဲ့သို့ ခံစားရပြီးလျှင် မပျော်သကဲ့သို့ ရှိလေတော့၏။ ထို့အပြင် ကျွန်ုပ်၏ ဇနီးသည် လွန်စွာနားပူးနားဆာနိုင်၏။ ပြဿနာမရှီလျှင် ပြဿနာရှာ၏။

ထို့ကြောင့် မကြာခဏဆိုသလို.. “နင်ဟာ ပရုပ်ဆီလိုပဲ၊ အလွန်ကို ပူစပ်ပူလောင်နိုင်တဲ့ မိန်းမပဲ” ဟု ပြောရလေ၏။ ထိုအခါမျိုး၌လည်း ကျွန်ုပ်၏မိန်းသည် ငြိမ်၍ မနေတတ်၊ “ပရုပ်ဆီနဲ့တူတဲ့ မိန်းမနဲ့ မပေါင်းချင်ရင် မပေါင်းနဲ့ ရေခဲတုံးလို မိန်းမရှာပြီး ပေါင်းပေတော့ ရှင့်လိုလူမျိုးကို ဘယ်မိန်းမမှ ကျွန်မလို သည်းညည်းခံပြီး ပေါင်းမှာ မဟုတ်ဘူး” ဟု ပြန်၍ရန်တွေ့တတ်လေ၏။ ထို့ပြင် ကျွန်ုပ်၏ မိန်းမမှာ နတ်ကို လွန်စွာ ယုံသူဖြစ်၏။ ၎င်းယုံသော နတ်များမှာလည် ဝက်သားကြောက်သော နတ်များဖြစ်၏၊ တစ်နေ့တွင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် ကျွန်ုပ်ထံသို့ လာရောက်၍ ယနေ့ခေတ် အသုံးပြုနေသော ပရုပ်ဆီတော်တော်များများနှင့် ဆပ်ပြာတို့မှာ ဝက်ဆီကို သုံးကြောင်း ပြောဖူးလေ၏။ ကျွန်ုပ်သည် ထိုသူ၏ စကားကို အယုံအကြည်မရှိ၊ သို့သော် ကျွန်ုပ်၏ ဇနီးကို ထိုအကြောင်းကို ပြောပြလေ၏ ထိုအခါ ကျွန်ုပ်၏ ဇနီးသည် ပရုပ်ဆီနှင့် နတ်အကြားတွင် ဝေခွဲမရ ဖြစ်ရလေတော့၏။ ငယ်စဉ်ကပင် ပေါင်းခဲ့သော ပရုပ်ဆီကို ပေါင်းရမည်လော၊ ကြီးမှ ပေါင်းရသောနတ်ကို ပေါင်းရမည်လောဟု ဗျာများရလေတော့၏။ သို့ရာတွင် ခေါင်းကိုက်သောအခါ နတ်သည် မည်သို့မျှ မတတ်နိုင်၊ ပရုပ်ဆီကသာ တတ်နိုင်၏။ ထိုအခါ နတ်သည် တန်ခိုးမရှိ၊ ပရုပ်ဆီကသာ တန်ခိုးရှိ၏။ ကိုယ်လက်ကိုက်ခဲသောအခါ၌လည်း သူ၏ နတ်များသည် ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ကြ၊ ပရုပ်ဆီးကသာ စွမ်းဆောင်နိုင်၏။

စေ့စေ့ပေါက်ပေါက် တွေးကြည့်သောအခါ၌ သူကိုးကွယ်သော နတ်များသည် သူအသုံးပြုသော ပရုပ်ဆီလောက်ပင် တန်ခိုးမကြီးကြောင်း သဘောပေါက်လာလေတော့၏။ မည်သို့ သဘောပေါက်သော်လည်း အစွဲအလမ်းဟူသည်ကာ စွန့်လွှတ်ရန် ခက်ခဲ၏။ အစွဲအလမ်းတစ်ခု ရှိပြီဆိုလျှင် စွန့်လွှတ်ရန်အတွက် ပတ်ဝန်းကျင်လို၏။ သတ္တိလို၏။ အရည်အချင်းများစွာလို၏။ ထို့ကြောင့် ကျွန်ုပ်၏ ဇနီးသည် နံပြားကိုလည်း မစွန့်ရဲ၊ ပရုပ်ဆီကိုလည်း မသုံးဘဲ မနေနိုင်၊ ထို့ကြောင့် ပရုပ်ဆီသုံးခါနီး၌.. “ကိုယ်တော်တို့ ပရုပ်ဆီထဲမှာ အမဲဆီတွေပါရင် ခွင့်လွှတ်ပါ” ဟု တောင်းပန်တိုးလျှိုးသော အလေ့တစ်ခု ပေါ်ပေါက်လေတော့၏။

နောင်တွင် တောင်းပန်တိုးလျှိုးသော စကားမပြောဘဲ ပရုပ်ဆီပုလင်းကို ဖွင့်ခါ အပေါ်သို့ မြှောက်လေတော့၏။ ထိုအပြုအမူကို မြင်သောတောမှ အဒေါ်ကြီးတစ်ဦးက.. “စားစရာသောက်စရာဆိုရင်တော့ အဘိုးကို အဒေါ်တို့ဆီမှာလဲ မြှောက်တဲ့အလေ့အထ ရှိပါတယ်၊ ပရုပ်ဆီကိုတော့ မမြှောက်ပါဘူး၊ မိန်းကလေးရယ်” ဟု ပြောဖူးလေ၏။

ထိုအချိန်မှာပင် ရထားထွက်ရန် ဥသြဆွဲလေ၏။ ထိုဥသြဆွဲသံ၏ မရှေးမနှောင်း၌ပင် မျက်နှာချင်းဆိုင်ထိုင်ခုံသို့ မိန်းမတစ်ဦးရောက်လာပြီး ထိုင်လေ၏။ ထိုမိန်းမမှာ အသက်(၃၀) ကျော်အရွယ်ခန့် ရှိ၏။ ထိုမိန်းမအား အဒေါ်ကြီးတစ်ဦးက လိုက်ပို့၏။ ထိုမိန်းမသည် ပြတင်းပေါက်မှ နေ၍ လိုက်ပို့သော အဒေါ်ကြီးအား “ဒေါ်သိန်းရယ်၊ ကမန်းကတန်းထွက်လာခဲ့တာ ပရုပ်ဆီတောင်ပါမလာဘူး၊ ကျွန်မက ခရီးသွားရင် ခေါင်းကိုက်တတ်တယ်။ အခုလဲ မနက်အစောကြီး ရေချိုးတာ ခေါင်းထဲမှာ အုံတုန်တုန်နဲ့” ဟုပြောစဉ်၌ပင် ရထားသည် ဘီးလိမ့်စ ပြု၏။ ထိုမိန်းမလည်း လိုက်ပို့သော အဒေါ်ကြီးအား လက်ပြပြီး ကိုယ်ကိုမတ်ကာ ဣနြေ္ဒရရထိုင်နေ၏။ ထိုသို့ ထိုင်လိုက်စဉ်တွင် ကျွန်ုပ်၏လက်ထဲမှာ ပရုတ်ဆီပုလင်းကို မြင်တွေ့သွားလေ၏။

ထိုအခါ ကျွန်ုပ်က ၎င်းအား လှမ်း၍ပေးရင်း… “ခေါင်းကိုက်ရင် နဲနဲပွတ်ထားလိုက်ပါလား ကျားဘမ်းပရုပ်ဆီအစစ်ကလေး” ဟုပြောပြီးပေးလိုက်ရာ ထိုမိန်းမလည်း အငန်းမရလှမ်းယူရင်.. “ကျေးဇူးတင်လိုက်တာရှင်” ဟု ပြောရင်း ပရုပ်ဆီကို အားရပါးရ ကော်ကာ နားထင်ကို ပွတ်၏။ ဇက်ကို ပွတ်၏။ ထို့ပြင် လက်ထဲတွင် ပွတ်၍လည်း အားရပါရ ရှူလေ၏။ ထိုသို့ ရှူလိုက်ပြီး.. “ကျေးဇူးတင်လိုက်တာရှင်” ဟု ပြောကာ ပရုပ်ဆီပုလင်းကိုပြန်၍ မပေးဘဲ ကိုင်မြဲကိုင်ထားလေ၏။ ထို့နောက် အိမ်သာဘက်သို့ ထသွားလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်အား… “ကိုယ့်လူက ကိုယ့်ပစ္စည်းလဲ မဟုတ်ဘဲနဲ့ ဟိုကတောင်းမတောင်းသေးဘူး၊ ဘာဖြစ်လို့ လောကွတ်သွားလုပ်နေရတာတုန်း” ဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က… “သူ့ခများ၊ ခေါင်းကိုက်နေရှာတယ်ဗျာ” ပြောလိုက်လေ၏။

“သူ ခေါင်းကိုက်နေကြောင်း ကိုယ့်လူက ဘယ့်နှယ်လုပ်သိသတုန်း” ဟု မေးလေ၏။ “စောစောက ဟိုမိန်းမကြီးကို ပြောလိုက်တာ ကြားတယ်လေ” ဟု ကျွန်ုပ်က ပြန်၍ပြောလျှင် မုတ်ဆိတ်ဖြူကြီးက.. “အဲဒီလိုကြားတာနဲ့ဘဲ သူခေါင်းကိုက်တယ်ဆိုတာ တကယ် ယုံလိုက်ရောလား ကိုယ့်လူရဲ့ မိန်းမတွေဆိုတာ သူတို့ပြောတာနဲ့ သူတို့ဖြစ်တာ တခြားစီ ဖြစ်နေတတ်တယ်၊ အဲဒါကြောင့် သူတို့ စကားကို မယုံရင် အကောင်းဆုံးပဲ ကိုယ့်လူ၊ ဘာပဲဖြစ်ဖြစ်လေ ကျုပ်ရဲ့ပရုပ်ဆီဘူးလေး မဆုံးရင် တော်ပါပြီ” ဟုပြောလေတော့၏။ ထို့ကြောင့် ထိုမိန်းမထံမှ ပရုပ်ဆီ ပုလင်းပြန်ရရှိရေးမှာ ကျွန်ုပ်အတွက် တာဝန်တစ်ခု ဖြစ်နေလေတော့၏။ ထို့နောက် ကျွန်ုပ်အား ပရုပ်ဆီ ပုလင်းကို ပြန်၍ပေး၏။

ကျွန်ုပ်လည်း မုတ်ဆိတ်ဖြူကြီးထံသို့ ထိုပရုပ်ဆီပုလင်းကိုပြန်၍ ပေးလိုက်တော့၏။ ထိုအခါ ထိုမိန်းမက.. “အစ်ကိုကြီး ပရုပ်ဆီပုလင်းကလဲ ရထားတစ်စင်းလုံး လိုက်ပြီး ငှားနေတာ့တာပဲလား” ဟု မေးလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်ဘက်သို့ လှည့်၍ မျက်လုံးပြူးပြလိုက်လေ၏။ ဤသို့နှင့်ပင် ကျွန်ုပ်သည် မျက်နှာချင်းဆိုင်မှ မိန်းမနှင့်ပါစတင် ခင်မင်သွားလေတော့၏။ မုတ်ဆိတ်ဖြူကြီးသည် ပရုပ်ဆီအနည်းငယ်ကို ဇက်ပိုး၌ အနည်းငယ်ပွတ်၍ ပုလင်းကို လွယ်အိတ်ထဲသို့ ထည့်ကာ အိမ်သာဘက်သို့ ထွက်သွားလေတော့၏။ ထိုအခါ၌ မျက်နှာချင်းဆိုင်မှ မိန်းမက ကျွန်ုပ်အား…“မုတ်ဆိတ်ဖြူကြီးနဲ့ အဘိုးကြီးက ရှင့်ပရုပ်ဆီဘူးကို သူ့လွယ်အိတ်ထဲ ထည့်လိုက်ပြီ နောက်တော့ မေ့ပြီး သူနဲ့ပါသွားလိမ့်မယ်” ဟု သတိပေးလေ၏။

ထိုအခါ ကျွန်ုပ်က.. “အဲဒီပရုပ်ဆီဟာ မုတ်ဆိတ်ဖြူကြီးဟာ” ဟု ပြောလိုက်မှပင် မိန်းကလေးလည်း သဘောကျ၍ တခစ်ခစ် ရယ်လေ၏။ ထိုသို့ ရယ်ပြီးနောက်... “ကျွန်မကလဲ မဆီမဆိုင် အကုသိုလ်တွေ များနေလိုက်တာ” ဟု ပြောလေ၏။ မုတ်ဆိတ်ဖြူကြီးလည်း ပြန်လည်ရောက် ရှိလာပြီးနေရာ၌ ထိုင်လေ၏။ ထို့နောက် မုတ်ဆိတ်ဖြူကြီးနှင့် ကျွန်ုပ်တို့ စကားစမြည် ပြောကြလေ၏။ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွန်ပြမူကြောင့် တရားထိုင်ရန် အလိုငှာ တောင်ပေါ်မြို့လေးတစ်မြို့ဆီသို့ သွားခြင်းကြောင်း ပြောလေ၏။ ထိုအချိန်၌ပင် ရထားသည် ဘူတာတစ်ခု၌ ရပ်ရန် စက်ရှိန်ကို လျှော့လိုက်လေ၏။ မိန်းကလေးက.. “ဘာဘူတာလဲ” ဟု ကျွန်ုပ်အား မေးလေ၏။ ကျွန်ုပ်ကလည်း မသိသောကြောင့် မုတ်ဆိတ်ဖြူကြီးအား.. “ဘာ ဘူတာလဲ” ဟု ထပ်၍ မေးလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက.. “ကိုယ့်လူဖတ်နေတဲ့ စာအုပ်ထဲမှာ ကြည့်လိုမရဘူးလား” ဟု ပြန်၍ မေးလေ၏။ “ကျုပ်ဖတ်နေတဲ့ စာအုပ်က ဘူတာခရီးစဉ် စာအုပ်မှ မဟုတ်ဘဲဗျ” ဟု ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက…“အခုရပ်တာ ပဲခူးဘူတာ” ဟု ပြောလေ၏။

ထိုအခါကျမှပင် ကျွန်ုပ်လည်း ရထားအနိးသို့ လာရောက်ရောင်းချသော ဈေးသည်များထံမှ တစ်စုံတစ်ခုသော စားစရာ သောက်စရာများကို ဝယ်ရန်အတွက် ကြည့်ရှုလေ၏။ ထိုနောက် ကြက်ဥနှင့် ကြော်ထားသော ပေါင်မုန့်တစ်ခုကို ဝယ်လိုက်လေ၏။ ကျွန်ုပ်၏ ရှေ့မှ မိန်းမကလည်း ပုဇွန်ကြော်တစ်ခုကို ဝယ်လိုက်လေ၏။ ရထားထွက်သောအခါ ကျွန်ုပ်သည် ပေါင်မုန့်ကြော်ကို စားကြည့်၏။ ပေါင်မုန့်ကြော်မှာ အကျန်ကို နွေားးသောကြောင့် စား၍ မကောင်းဘဲ ရှိလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ပေါင်မုန့်ကြောကို လွှင့်ပစ်လိုက်၏။ မိန်းကလေး၏ ပုစွန်ကြော်မှလည်း အကျန်ပင်ဖြစ်၏။ မိန်းကလေးသည် ကျိတ်မှိတ်၍ စားသောလည်း နောက်ဆုံး၌ လွင့်ပစ်လိုက်ရလေ၏။

မုတ်ဆိတ်ဖြူကြီးမှာမူ ဌက်ပျောသီးတစ်လုံးကို အခွံနွာကာ စားနေပြီ ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုလဲ ကောင်းရဲ့လား” ဟု မေးလိုက်ရာ မုတ်ဆိတ်ဖြူကြီးက.. “ကောင်းပါ့ဗျာ” ဟု ပြန်၍ ပြောလေ၏။ “ကျုပ်ဝယ်တဲ့ ပေါင်မုန့်ကြော် ကြီးက အကျန်ကို ပြန်နွေးထားတာဗျာ၊ ဒါကြောင့် လုံးဝကို စားလို့မရဘူး” ဟု ပြောလိုက်လေ၏။ “လူလုပ်တဲ့ပစ္စည်းနဲ့ သဘာဝပစ္စည်း ကွာ တယ်၊ တကယ်လို့လိမ်စရာရှိရင် လူလုပ်တဲ့ပစ္စည်းမှ လိမ်လို့ လွယ်တယ်၊ သဘာဝပစ္စည်းများမှာ မလွယ်ဘူး၊ အဲဒါကြောင့် မသေချာတဲ့နေရာမှာ ဝယ်ပြုစားသောက်မယ်ဆိုရင် သဘာဝ အစားအသောက်ကို ဝယ်ပြီးစားကျုပ်ဟာ အမြဲလိုလို ခရီးသွားနေသူတစ်ဦးပဲ၊ ဒါပေမယ့် ထမင်သုပ်အသိုးတို့ ဘာလီရည်အတုတို့ သေးသကြားဖျော်ထားတဲ့ လက်ဖက်ရည်တို့ တစ်ခါမှ မဝယ်မိဖူးဘူး၊ ကျွန်ုပ် ဝယ်စားရင် ဌက်ပျောသီးတို့ သဘောင်္သီးတို့ အဲဒါမျိုးဝယ်စားတာ၊ ဒါနဲ့ နေစမ်းပါဦး၊ ကိုယ့်လူဖတ်နေတဲ့ စာအုပ်ထဲမှာ ဒီအချိန်မျိုး ပေါင်မုန့်ကြော်ဝယ်စားရင် အကျန်နဲ့ မိနေမယ်ဆိုတာ မပါဘူးလား” ဟု မုတ်ဆိတ်ဖြူကြီးက မေးလိုက်လေ၏။

ထိုအခါ ကျွန်ုပ်.. “တောက်တီးတောက်တဲ့ ဗျာ၊ ကျုပ် ဖတနေတဲ့ စာအုပ်က မုန့်ဝယ်စားနည်း စာအုပ်မှ မဟုတ်ဘဲ” ဟု ပြန်ပြောလိုက်လေ၏။ ဤသို့နှင့်ပင် ကျွန်ုပ်တို သုံးဦးသားသည်း ရင်နှီးသိကျွမ်းကြပြီးနောက် တောင်ပေါ်မြို့ကလေးဆီသို့ ရောက်လာကြလေတော့၏။ မျက်နှာချင်းဆိုင်မှ မိန်းကလေးမှာမူ တောင်ပေါ်မြို့ကလေးမှ ၎င်း၏ အစ်မထံသို့ သွားရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရလေ၏။ ကျွန်ုပ် တရားထိုင်မည်ဖြစ်ကြောင်း သိရသောကြောင့် ပဲငပိကြော်များ၊ မုန့်ညှင်းချဉ်များ လှူဒါန်းပါရစေဟု ခွင့်တောင်းကာ ကျွန်ုပ်ထံ လာရောက်၍ လှူဒါန်းလေ၏။ ကျွန်ုပ်သည် မိတ်ဆွေညွန်ပြသော ဆရာနှင့် တွေ့ဆုံကာ (၄၅) ရက်တိုင်တိုင် တရားထိုင်လေတော့၏။ (၄၅) ရက်ပြည့်သော အခါ၌ ပြန်ခဲ့လေတော့၏။ ကျွန်ုပ်ပြန်မည့်နေ့တွင် မျက်နှာချင်းဆိုင်ထိုင်ခုံမှ မိန်းကလေးသည် ထိုမြို့မှ ဆုံနေခဲ့လေ၏။ ဘူတာတွင် တွေ့သဖြင့် လက်မှတ်ကို အတူယူကြရာ ထိုင်ခုံချင်း အတူကျလေတော့၏။

လမ်းတွင် ကျွန်ုပ်က ခေါင်းကိုက်သည်ဆိုသောကြောင့် သူက ပရုပ်ဆီပုလင်းကလေးကို ထုတ်ပေး၏။ ဘူတာ တစ်ခုသို့ ရောက်၍ မုန့်ဝယ်ခါနီး၌ သူကပင် ကျွန်ုပ်အား.. “ဒီတစ်ခါဝယ်ရင် သဘာပဲဝယ်နော်” ဟု သတိပေးသဖြင့် ကျွန်ုပ်လည်း ဌက်ပျောသီး၊ သဘောင်္သီး၊ လိမ္မော်သီးတို့ကို ဝယ်ယူလေ၏။ ထို့နောက်နှစ်ယောက်သား ပျော်ရွှင်စွာ စားသောက်ကြလေတော့ ၏။ ဤသို့နှင့်ပင် သူနှင့် ကျွန်ုပ်သည် ရင်းနှီးသွားကြလေတော့၏။ ရင်းနှီးသည်ဆိုခြင်းထက် နီးစပ်သွားကြသည်ဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ ရန်ကုန်သို့ ရောက်သော အခါ၌လည်း ကျွန်ုပ်၏ရုံးသို့ မကြာခဏ သူကလာ၏။ ကျွန်ုပ်ကလည်း သူ၏ရုံးသို့ မကြာခဏ သွား၏။ ထို့နောက်တွင်ကား သူက ကျွန်ုပ်အားမောင်ဟုခေါ်လာ၏။ ကျွန်ုပ်ကလည်း သူ့အား ခင်ဟု ခေါ်ဖြစ်လာလေတော့၏။

ကျွန်ုပ်၏ မိန်းမကြီး မသိအောင် ကျွန်ုပ်သည် ခင်ထံသို့ ရောက်ရှိခဲ့လေ၏။ ကျွန်ုပ်မှာ လူပျိုမဟုတ်၊ အိမ်ထောင်နှင့် ဖြစ်၏၊ ထို့အတူ ခင့်မှာလည်း မပျိုမဟုတ်၊ တစ်ခုလပ်မကလေးဖြစ်၏။ ကျွန်ုပ်တို့နှစ်ဦး၏ အချစ်ရေးသည် ကြာလေလေ ခိုင်မြဲလေလေ ဖြစ်လာလေတော့၏။ တစ်ဦးကိုတစ်ဦး မမြင်ရလျှင် မနေနိုင်အောင် ဖြစ်လာကြ၏။ ထိုအဖြစ်မှာ ပရုပ်ဆီဖူးစာဟုပင် ဆိုနိုင်လေ၏။ တစ်ညတွင် ကျွနုပ်သည် ခင့်ထံသို့ သွားလေ၏။ ထိုနောက် ခင်၏ အခန်းတံခါးကို ခေါက်လိုက်လေ၏။ အတွင်းမှ ခင်က…“ဘယ်သူလဲ” ဟု မေးလေ၏။ ကျွန်ုပ်က..“မောင်ပါ” ဟု ပြန်၍ ဖြေ သော်လည်း ခင်သည် တံခါးဖွင်မပေးပေ။ ထို့ကြောင့် ကျွန်ုပ်က..“မောင်လေကွာ တံခါးဖွင့်လေကွာ” ဟု ဆိုသော်လည်း တံခါးမဖွင့်ပေးပေ၊ ကျွန်ုပ်သည် နှစ်နာရီနီးပါး တံခါးအပြင်ဘက်၌ရပ်နေရ၏။ နောက်ဆုံးတွေက် လက်လျှော့၍ ပြန်ခဲ့ရလေ၏။ လမ်းထိပ်သို့ရောက်သောအခါ၌ အတွေးတစ်ခု ပေါ်လာ၏။ ထို့ကြောင့် ခင့်ထံသို့ ပြန်လာပြီး တံခါးကိုခေါက်ပြန်၏။ အတွင်းမှ ခင်က.. “ဘယ်သူလဲ” ဟုမေးပြန်၏။ ကျွန်ုပ် မောင်ဟု မဖြေတော့ဘဲ.. “ခင်ပါ” ဟု ဖြေလိုက်လေ၏။ ထိုအခါ အတွင်းမှ ခင်သည် တံခါးဆီသို့ အူလျားဖားလျားပြေးလာပြီးလျှင် တံခါးကို ကပျာကယာဖွင့်လေ၏။ ထို့နောက် ကျွန်ုပ်၏ လည်တိုက်ကို သိုင်းဖက်လိုက်လေတော့၏။

ပြီးလျှင်…“ မောင်က သိပ်ပြီး သဘောပေါက် လွယ်တာပဲ၊ ခင်လေတစ်ခု စဉ်းစားနေတာ၊ မောင်ရယ်၊ ခင်ရယ်ဆိုပြီး နှစ်မျိုးနှစ်စားရှိနေသမျှ တစ်ဦးနဲ့တစ်ဦး သပ်သပ်စီ ဖြစ်နေမယ်၊ တစ်ပေါင်းတည်းတစ်စည်းတည်း မဖြစ်နိုင်းဘူးလို့ စဉ်းစားနေတာ၊ ဒါကြောင့် ခင့် အဖို့တော့ မောင်ဆိုတာ မရှိဘူး၊ ခင်ပဲရှိရမယ်၊ ခင်ဟာလဲ ခင်ပဲ၊ မောင်ဟာလဲ ခင်ပဲ ဖြစ်နေရမယ်၊ အဲဒါကို မောင် သဘောပေါက်တယ်နော်” ဟု ပြောလိုက်ရာ ကျွန်ုပ်ကလဲ.. “ဒီလောကကြီးမှာ မောင်မရှိတော့ဘူးလေ၊ ခင်ပဲရှိတော့တယ်” ဟု ပြောလိုက်ရာ ခင်သည် သဘောကျလွန်း၍ တခစ်ခစ်ရယ်ကာ ကျွန်ုပ်အား အကြိမ်ပေါင်းများစွာ နမ်းရှုံ့လေ၏။

အထက်ပါ အဖြစ်အပျက်များသည် နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်၏။ ကျွန်ုပ်လည်း အိမ်မှဇနီးနှင့် ခင်တို့၏ အကြားတွင် ကောင်းစွာ နေတတ်လာပြီဖြစ်၏။ အိမ်က ဇနီးလည်း ပြောမရသည့်အဆုံး၌ ကျွန်ုပ်အား လက်လျှော့လိုက်ရပြီ ဖြစ်၏။ ကျွန်ုပ်သည် ခင့်ထံသို့ ဗြောင်သွားခွင့် ရလာပြီ ဖြစ်၏။ တစ်နေ့တွင် ကျွန်ုပ်သည် ခင့်ထံသို့ သွားခဲ့၏။ တံခါးကို ခေါက်လိုက်၏။ အတွင်းမှ ခင်က.. “ဘယ်သူလဲ” ဟု မေးလိုက်၏။ ကျွန်ုပ်က.. “ခင်ပါ” ဟု ဖြေလိုက်၏၊ သို့ရာတွင် တံခါးမဖွင့်ဘဲ ရှိပြန်လေတော့၏။ ထိုအခါ၌ ကျွန်ုပ်သည် တံခါး အပြင်ဘက်တွင် တစ်နာရီခွဲခန့် ရပ်စောင်နေပြီးနောက် ပြန်ထွက်ခဲ့လေ၏ သို့ရာတွင် ရိုးရိုးမထွက်ခဲ့ဘဲ အပြင်မှ ကလန့်ထိုးခဲ့လေ၏။

ထို့နောက် မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်သို့ဝင်ကာ အိမ်ခန်းကို မမှိတ်သော မျက်စိနှင့် ကြည့်နေခဲ့လေ၏။ အတော်အတန်ကြာသော အခါ၌ ခင်၏ အခန်း၌ကပ်လျက်အခန်းမှ မိန်းမကြီးသည် ကျွန်ုပ်ထိုးခဲ့သော ကလန့်ကို ဖြုတ်ပေးနေကြာင်း တွေ့ရလေ၏။ ကျွန်ုပ်သည် စိတ်ဝင်စားစွာဖြင့် လက်ဖက်ရည်ဆိုင်တွင်းမှ မုန့်ထည့်ထားသော မုန့်ဘီရိုကို ကွယ်ကာ ကြည့်နေလေ၏။ အချိန်မှာည (၉) နာရီထိုးနေပြီ ဖြစ်၏။ ဤညမှာ တနင်္လလာနေ့ည ဖြစ်သောကြောင့် ခင့်ထံသို့ လာလေ့မရှိဘဲ ဘုရားသို့တက်ကာ ဘုရားပေါ်တွင် အိပ်လေ့ရှိသော ညမျိုးဖြစ်၏။ များမကြာမီ၌ပင် တံခါးကလန့်ကို ဖြုတ်ပေးသော မိန်းမကြီးသည် သူ၏အခန်းသို့ ပြန်သွားကာ တံခါးကို ပိတ်လိုက်လေ၏။ ထိုအခါ၌ ကျွန်ုပ်၏ ခင်သည် ဝဲယာသို့ စေ့စေ့စပ်စပ် ကြည့် ရှုလိုက်၏။ ထိုသို့ ကြည့်ရှုပြီး များမကြာမီ၌ပင် သူ၏ အခန်းတွင်းမှ ယောက်ျားတစ်ဦး ထွက်လာလေ၏။

ထိုသူမှာ ကိုယ်ခန္ဓာ အလွန်ကြီးများကြောင်းလည်း ကျွန်ုပ် သတိပြုမိ၏။ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်အတွင်းမှ ပြေးထွက်ကာ ထိုသူ၏ ဂုတ်ကို ဖမ်းဆွဲလိုက်လေ၏။ ထိုသူကို ကျွန်ုပ် ကောင်းစွာ မှတ်မိ၏။ ထိုသူသည် တစ်ခါက ရထားပေါ်တွင် ကျွန်ုပ်၏ခြေထောက်ကို နင်းသွားဖူးသောသူ ဖြစ်၏။ ထိုသူသည် ကြောက်လန့်တကြားနှင့် ရုန်းကာ ကျွန်ပ်၏ ခြေထောက်ကို နင်းကာ ထွက်ပြေးလေတော့၏။ ကျွန်ုပ်က ခင့်အား…“နင့် မိန်းမယုတ်ပဲ၊ ဟိုကောင်ကြီးဟာ နင့်လင်ငယ်မဟုတ်လား” ဟု ကျွန်ုပ်ကပြောရာ ခင်သည် ကျွန်ုပ်၏စကားကို အလေးအနက်မထားဘဲ မြေကြီးပေါ်တွင် တစ်စုံတစ်ခုကို ရှာဖွေနေ၏။ ထို့နောက်တွင် တွေ့ရှိသွားကာ ကောက်ယူလိုက်လေ၏။ ကောက်လိုက်သော အရာမှာ ပရုပ်ဆီ ပုလင်းကလေးပင် ဖြစ်တော့၏။ “နင်ဟာ ပရုပ်ဆီလို မိန်းမမျိုးပဲ” ဟု ပြောလိုက်ရာ ခင်က.. “အဲဒီတော့ ရှင်က မပေါင်းချင်ဘူးပေါံ မပေါင်းခင်ရင် ဂျောင်းပေတော့” ဟု ပြောလေ၏။

ကျွန်ုပ်သည် သူ၏ပါးကို လှမ်း၍ရိုက်လိုက်၏။ ထို့နောက် ထွက်လာခဲ့လေတော့၏။ ထိုအချိန်ကစ၍ ကျွန်ုပ်၏ စိတ်များဂနာမငြိမ် ဖြစ်လာ၏။ ထိုအခါ ကျွန်ုပ်၏ မိတ်ဆွေကောင်းတစ်ဦးက တောင်ပေါ်မြို့တွင် တရားပြသော ဆရာတစ်ဦးရှိကြောင်း တရားသွား၍ ထိုင်သင့်ကြောင်း ပြောပြန်လေ၏။ ထို့နောက် ထိုတောင်ပေါ်မှ ဆရာထုတ်ထားသော တရားစာအုပ်ကလေး တစ်အုပ်ကိုလည်း လက်ဆောင် ပေးလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်သည် တောင်ပေါ်မြို့ကလေးသို့ သွားရန်အတွက် ဘူတာရုံသို့ ထွက်ခဲ့လေ၏။ ထို့နောက် ရထားပေါ်သို့ တက်ကာ ကျွန်ုပ်၏ ထိုင်ခံ၌ ထိုင်လိုက်လေ၏။ ခရီးသည်များသည် တက်သူ တက်၊ ဆင်းသူဆင်းပြုနေကြလေ၏။ ခရီးသည်အချို့နှင့် လိုက်ပို့သူအချို့သည် စင်္ကြလမ်းပေါ်တွင် စကားပြောနေကြလေ၏။

ကျွန်ုပ်သည် လက်ဆောင်ရထားသော တရားစာအုပ်ကို ထုတ်၍ ဖက်ရှုနေလေ၏။ ထိုအချိန်မှာပင် ကျွန်ုပ်၏ နံဘေးသို့ တစ်စုံတစ်ယောက် လာ၍ထိုင်၏။ ကျွန်ုပ်သည် ထိုသူ့ကို လှည့်၍ ကြည့်လိုက်လေ၏။ ထိုသူမှာ နှစ်ပေါင်းများစွာက ဤအတိုင်း ဆုံခဲ့ဖူးသော မုတ်ဆိတ်ဖြူ အဘိုးကြီး ဖြစ်၏။ မုတ်ဆိတ်ဖြူကြီးလည်း ကျွန်ုပ်ကို ကောင်းစွာ မှတ်မိသွားလေ၏။ ထိုအခိုက်မှာပင် အခြားသောခုံမှ တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့ ပြတင်းပေါက်သို့ လာရောက်ကာ ၎င်းကို လိုက်ပို့သူနှင့် စကားပြောလေတာ့၏။ ၎င်းပြောသော စကားထဲတွင် အမ်ဒီကြီးထံ သို့ ပို့ရန်ပစ္စည်းများ စာရင်းလည့်းပါ၏။

ထိုစာရင်းထဲတွင် ဗွီဒီယိုအခွေများ၏ အမည်များလည်းပါ၏။ အမ်ဒီ ကတော်ကြီးမှာထားသော ခွေးမျိုးကောင်း တစ်ကောင်၏ အကြောင်းလည်းပါ၏။ ၎င်း၏ အိမ်မှ ရေခဲသေတ္တာ ပျက်နေသည်ကို ရုံးမှ ခိုင်းနေကျလူကို ခေါ်၍ ပြင်ခိုင်းရန်လည်း ပါ၏။ ထို့နောက် ဓါတ်ဆီကို နေ့စဉ်မှန်မှန် ထုတ်၍ ထားရန်လည်း ပါ၏။ ထိုသူသည် အလုံးစုံမှာပြီးသောအခါ၌ လိုက်ပို့သူ ပြန်သွား၏။ထိုသူက နောက်သို့ ဆုတ်လိုက်ရာ ကျွန်ုပ်၏ ခြေထောက် ကိုနင်းမိလေ၏။ ထိုအခါ ကျွန်ုပ်သည် ထိုသူအား ဆောင့်၍ တွန်းလိုက်၏။ ထိုသူက “ဆောရီး၊ ဆောရီး” ဟု ပြော၏ သို့ရာတွင် ကျွန်ုပ်က.. “ဒီမှာ ကိုယ့်လူ၊ ကိုယ့်လူခြေထောက်ကို ဆောင့်နင်းပြီး ဆောရီး ဆောရီးလို့ (၁၅) ခါ ပြောမယ်၊ ကျေနပ်မလား” ဟု ပြောလိုက်ရာ ထိုသူသည် ကျွန်ုပ်၏ ခြေထောက်ကို ကိုင်ကာ အနူးအညွတ် တောင်းပန်သွားလေ၏။

ကျွန်ုပ်သည် နင်းမိသောခြေထောက်ကို ခုံပေါ်သို့တင်၍ ကြည့်လိုက်ရာ ခြေဖျားကလေးများ သွေးခြည်ဥသွားကြော်း တွေ့ရလေ၏။ ထိုအခါမုတ်ဆိတ်ဖြူအဘိုးကြီးက သူ၏ လွယ်အိတ်အတွင်းမှ ပရုပ်ဆီပုလင်းလေးကို ထုတ်ကာ ကျွန်ုပ်အား ပေးလိုက်လေ၏။ ကျွန်ုပ်သည် မယူဝံမယူရဲဖြစနေလေ၏။ သို့ရာတွင် ခြေထောက်က နာလွန်းသဖြင့် ပရုပ်ဆီပုလင်းကို ယူကာ ဒဏ်ရာပေါ်တွင် ပရုပ်ဆီကို သုတ်လိမ်းလိုက်လေ၏။ ထို့နောက် မုတ်ဆိတ်ဖြူကြီးအား ယခင်က ဤနေရာ၌ ဤသို့တွေ့ကြုံရပုံမှ အစ နောက်ဆုံးဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံအထိ ပြောပြလိုကလေတော့၏။

ထိုအချိန်၌ မျက်နှာချင်းဆိုင်ခုံသို့ မိန်းမတစ်ဦး ရောက်လာလေ၏။ ထိုမိန်းမသည် သူ့အား လိုက်ပို့သော မိန်းမကြီးအား အိမ်၌ ပရုပ်ဆီပုလင်း ကျန်ခဲ့ကြောင်းကို ပြောပြလေ၏။ ထို့ပြင် ခေါင်းကိုက်နေကြာင်းကိုလည်း ပြောလေ၏။ ထိုအချိန်မှာပင် ရထားသည် ဥသြဆွဲ၍ စတင်ထွက်ခွာနေပြီ ဖြစ်၏။ မျက်နှာချင်းဆိုင်မှ မိန်းမသည် ကျွန်ုပ်၏ လက်ထဲမှ ပရုပ်ဆီပုလင်းကို လှမ်း၍ ကြည့်လိုက်လေ၏။ ကျွန်ုပ်သည် ပရုပ်ဆီပုလင်းကို အဖုံးပိတ်လိုက်ပြီးနောက် မုတ်ဆိတ်ဖြူကြီး၏ လက်သို့ ပြန်၍ပေးလိုက်လေ၏။

ထိုသို့ ပေးလိုက်ရင်း.. “ပရုပ်ဆီကောင်းသိပ် ရှားတယ်၊ လူတွေ့တိုင်း လျှောက်ပြီးဝေမနေနဲ့” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက.. “ကိုယ့်လူ တရားထိုင်ဖို့ သွားဦးမှာ မဟုတ်လား၊ မသွားနဲ့ ကိုယ့်လူ အပိုပဲ၊ ကိုယ့်လူတရားရမှာ မဟုတ်ဘူး၊ ကိုယ့်လူရင်ထဲမှာ အတေးအမှတ်တွေ ရှိနေတယ်၊ ကိုယ့်လူရဲ့ စိတ်ဟာ အတေးအမှတ်တွေရဲ့ လှောင်အိမ်ထဲမှာ မိနေတယ်၊ စိတ်ဆိုတာက တိမ်ကလေးလို လွင့်ပြီး စမ်းရေကလေးကို စီးနေမှ ကောင်းတာ၊ အဲဒီလို လွတ်လွတ်လပ်လပ်ကလေး ရှိနေမှ လွတ်မြောက်မှုနဲ့ပိုပြီး နီးစပ် လိမ့်မယ် ထင်တယ်၊ အခုအခါမှာတော့ ကိုယ့်လူဟာ ဒီလိုမဟုတ်ဘူး၊ ပရုပ်ဆီကို မုန်းနေပြီ၊ ပြီးတော့ ပရုပ်ဆီနဲ့တူတဲ့ မိန်းမကိုလည်း မုန်းနေပြီ၊။

အမှန်က လောကကြီးဆိုတာ အကြောင်းမဲ့ မောက်မာသူတွေ၊ လောဘအတွက် ယောက်ယက်ခတ်နေတဲ့သူတွေ၊ ရမ္မက်ထူပြောတဲ့ သူတွေ၊ လျှပ်ပေါ်လောလီတဲ့သူတွေ၊ ပရုပ်ဆီနဲ့တူတဲ့ မိန်းမတွေလည်းရှိမှ ပြည့်စုံမှာပေါ့ကွာ၊ ပြီးတော့ မောက်မာသူတွေ၊ လောဘတွေ ရမ္မက်တွေ၊ လောလီဖောက်ပြားမှုတွေ ဂုဏ်ယူဝင့်ကြွားဝါမှုတွေကြောင့် အသက်ဝင် လှုပ်ရှားနေတာ မဟုတ်လား၊ အဲဒီအရာတွေကို ဖယ်လိုက်ရင် လောကကြီးဟာ ဆိတ်ဆိတ်ငြိမ်နေတဲ့ တုံဏှိဘောကြီး အဖြစ်ကိုရောက်သွားမှာပေါ့” ဟု ပြောလိုက်လေ၏။

ကျွန်ုပ်သည် မည်သို့ဖြစ်သည် မသိ၊ မုတ်ဆိတ်ဖြူကြီး၏ စကားကို ကောင်းစွာ နားလည်သွား၏။ ထို့ကြောင့် ရင်ထဲတွင် ပေါ့သွား၏။ “ကျုပ် ပဲခူးဘူတာမှာ ဆင်းပြီး ပြန်တော့မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက သူ၏ ပရုပ်ဆီပုလင်းလေးအား ကျွန်ုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်လေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏အိမ်သို့ ပြန်လာခဲ့လေတော့၏။ ခင် (သို့မဟုတ်) ပရုပ်ဆီနှင့်တူသော မိန်းမထံသို့ လည်း မည်သည့် အခါမျှ မသွားတော့ပေ၊ သို့ရာတွင် ကျွန်ုပ်သည် ထိုမိန်းမအား မုန်းတီးခြင်း မရှိပါ၊ ထို့အတူ ချစ်ခြင်းလည်း မရှိပါ၊ ကျွန်ုပ်သည် ချစ်ခြင်း၊ မုန်းခြင်းမှ လွတ်မြောက်သွားသည်ဟု ဆိုနိုင်၏။ ထိုမိန်းမအပေါ်၌သာ မဟုတ်၊ အရာရာတိုင်း၌ ချစ်ခြင်း၊ မုန်းခြင်း၏ မျဉ်းကြောင်းများကို ကျော်ဖြတ်လာနိုင်ပြီး ဖြစ်၏။ ထို့ကြောင့် မုတ်ဆိတ်ဖြူကြီးထံမှ ရခဲ့သော ပရုပ်ဆီပုလင်းလေးအား ဘုရားစင်ပေါ်သို့ အမြတ်တနိုး တင်ထားလိုက်လေတော့ သတည်း။

မှတ်ချက်။ ။ ဤဝတ္ထု၌ပါသော ကျွန်ုပ်ဆိုသည်မှာ စာရေးသူ မဟုတ်၊ ထို့အတူ မည်သူ တစ်စုံတစ်ယောက်မျှလည်း မဟုတ်ပါ။ တစ်ဖန် ထိုကျွန်ုပ်သည်… စာရးသူကိုယ်တိုင်လည်း ဖြစ်နေ၏။ အခြားသော တစ်စုံတစ်ယောက်လည်း ဖြစ်နေပြန်၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်နှင့် အခြားသောသူ ဟူသော စည်းကြောင်းသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ထိုစည်းကြောင်းသည်လည်း မှိန်သည်ထက် မှိန်၍ သွားသောကြောင့် ဖြစ်၏။ စာရေးသူ

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာနှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ကိုပီတာဝတ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်းရေးသားပေးသော လွန်စွာခင်မင်ဖွယ်ကောင်းသော လွန်စွာသဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင် တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

ပုစွန်ထုပ်အစိမ်းသုပ်နှင့် ငါးဖယ်ငါးဆုပ်

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။

၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက ကိုယ့်လူ ဆေးရုံတက်ရသေးတယ်ဆို..” ဟု မေးလိုက်လေ၏။ “ဟုတ်ပါ့ ကိုပီတာကြီးရေ..ဟိုး..တာမွေဘက်က ရွှေဗဟိုဆေးခန်းဆိုတာမှာ ရှစ်ရက်လောက် တက်လိုက်ရတယ်ဗျို့၊ ဆီးချိုက လေးရာကျော်လောက် တက်တယ်ဗျာ၊ သွေးတိုးကလည်း နှစ်ရာကျော်လောက် တက်တယ်ဗျာ၊ ခေါင်းကအနာကလည်း အပေါက်ကြီးဖြစ်ပြီး မကျက်ဘူးဗျ၊ စက္ကန့်မလပ် နာကျင်ကိုက်ခဲနေတော့ သေလုမျောပါးဆိုပါတော့ဗျာ၊ အဲဒါနဲ့ အပြေးအလွှာတက်ရဗျ၊ အမှန်ပြောရရင် အဲဒီဆေးခန်းဟာ ဖွင့်ပွဲတောင်မလုပ်ရသေးဘူး ကျုပ်က ဈေးဦးသွားဖောက်တာ” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောလေ၏။ “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး ဘယ်လိုကြောင့်ဘဲရီးဘတ်ဒ်ရပြန်တာတုံး၊” ဟု ကျွန်ုပ်ကပြန်၍မေးလိုက်ရာ ကိုပီတာကြီးက

“ဆေးရုံပဲဖြစ်ဖြစ် ဆေးခန်းပဲဖြစ်ဖြစ် တက်ရောက်ကုသတယ်ဆိုတာ ကောင်းတာပေါ့ အဲဒီလိုကုသမှလည်း ပျောက်မှာမို့လား၊ ဘဲရီးဂွတ်ပေါ့၊ ဒါပေမဲ့ ကိုရင်က ဆေးရုံကလည်း ဆင်းရော မတည့်တာတွေ စားမှာမို့လား၊ အဲဒါကတော့ ဘဲရီးဘတ်ဒ် ပေါ” ဟုပြောကာ ကိုပီတာကြီးသည် တဟဲဟဲရယ်နေပြန်၏။ “ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့ မနက်စာကို ဘာဟင်းနဲ့ စားချင်သလဲ ပြောစမ်းပါ၊ ကျုပ်ကိုယ်တိုင် ချက်ကျွေးစမ်းပါရစေ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုပီတာကြီးက..

“အမှန်အတိုင်းပြောရရင် ငါ့ဘဝဟာ သူများကျွေးမှ စားရတာပါကွ၊ ဒါကြောင့် ဖွယ်ဖွယ်ရာရာလည်း မစားတတ်ပါဘူး အဆီအအိမ့်တွေလည်း သိပ်ပြီးမကြိုက်ပါဘူးကွာ တော်သလို ရော်သလိုပဲ စားတ်ပါတယ်၊ အဲဒီတော့ ငါးဖယ်ငါးဆုပ်ကို အုန်းနို့ပျစ်ပျစ်နဲ့ချက်ကွာ၊ ပြီးတော့ ဆန်ကောင်းကောင်းနဲ့ ထောပတ်ထမင်းလည်းချက်၊ ပုစွန်တုပ်ကို ရှောက်ရည်ညှစ်ပြီး အစိမ်းသုပ်ကွာ၊ ပြီးတော့ဟင်းခါးပူပူလေး ပါမှဖြစ်မယ်ကွ၊ အတို့အမြှုပ်ကလေးလည်း စားချင်ရင် စားလို့ရအောင် ငါးပိကြော်ကွာ၊ ထမင်းစားပြီးရင်တော့ နတ်စ်ကော်ဖီလေး တစ်ခွက်တော့တိုက်၊ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်လည်း ပါမှဖြစ်မယ်ကွ၊ လက်ဖက်သုပ်မှာတော့ ပိုးကောင်ကြော် မပါလို့မဖြစ်ဘူးကွ၊ ပြီးရင်တော့ ငါးသုံးလုံး စီးကရက် တစ်လိပ်လောက်တော့ တိုက်ဦး၊

အဲဒါတွေ အားလုံးပြီးတဲ့အခါမှာငါ့မှာ ပြန်ဖို့လမ်းစရိတ်မရှိဘူး၊ လမ်းစရိတ်ပေးတဲ့အခါမှာလည်း တိုင်ပြီးမပေးနဲ့ကွာ ပိုပိုသာသာလေးပေးကွာ သုံးစရာ တစ်ပြားမှမရှိဘူးကွ၊ အဲဒီလို ပြောလို့ စေတနာမပျက်နဲ့နော်၊ ငါ့ကိုကျွေးဖို့မင်းမှာက ကံပါလို့နော်၊ တချို့ ကျွေးချင်လျက်မကျွေးရတဲ့လူတွေ တစ်ပုံကြီးကွ၊ ဟု ပြောလျှင် ကျွန်ုပ်က.. “အဟုတ်ပဲလား ကိုပီတာကြီး” ဟု ပြန်၍မေးလိုက်ရာ.. “ဟုတ်မလားကွ၊ ကျွေးမယ့်လူကို တစ်ယောက်မှမရှိဘူး၊ နည်းနည်းကြွားတာပေါ့ကွာ၊ ကြွားတယ်ဆိုတာ မင်းကို ယုံလွယ်တဲ့လူနဲ့တွေ့တော့လည်း မြတ်ပေါ့၊ မယုံတဲ့လူနဲ့တွေ့တော့လည်း အရင်းပါပဲကွာ၊ အရှုံးမရှိပါဘူး၊ ဟုတ်တာ မဟုတ်တာအပထား၊ နည်းနည်းပါးပါး လူရှိန်အောင်တော့ပြောရတာပေါ့ကွ၊ ဟဲ…ဟဲ..” ဟု ပြောဆိုရယ်မော၏။

“အတော်လာတဲ့ ကိုပီတာကြီးပဲ” ဟု ကျွန်ုပ်ကရေရွတ်လိုက်ရာ ၎င်းက… “လာတာပေါ့ကွာ လာလို့ပဲ အခု မင်းဆီရောက်နေပြီလေ” ဟု ပြောပြန်လေ၏။ ထို့နောက် ကျွန်ုပ်လည်း ၎င်းနှင့် ဆက်စကားမပြောတော့ဘဲ တပည့်လေးတစ်ဦးအား ဈေးသို့လွှတ်ကာ ဈေးဝယ်ခိုင်းရလေ၏။ ၎င်းတပည့်ကလေး ပြန်ရောက်လာလျှင် ငါးဖယ်ငါးဆုပ်ကို အုန်းနို့နှင့်ချက်ရလေ၏။ ပုစွန်တုပ်များကို ရှောက်ရည်ညှစ်၍ သုပ်ရလေ၏။ ထောပတ်ထမင်းချက်ရလေ၏။ ဟင်းခါးနှင့် ငါးပိကြော်ကို စီမံရလေ၏။ ထို့နောက် ကိုပီတာကြီးအတွက် ထမင်းပွဲပြင်၍.. “ကဲ..ကိုပီတာကြီးရေ.. စားပေးဦးတော့” ဟုဆိုကာ ထမင်းကျွေးရလေ၏။ ကိုပီတာကြီးထမင်းစားနေစဉ် ကျွန်ုပ်သည် တစ်စုံတစ်ခုသော အကြောင်းအရာကို စဉ်းစားနေမိလေ၏။

ထိုအခါကိုပီတာကြီးက.. “ဘာတွေများ စဉ်းစားနေတာလဲ ကိုယ့်လူရဲ့..” ဟု မေးလေ၏။ “ရှေ့လာမယ့် အခြေအနေတွေအတွက် စဉ်းစားတွေးခေါ်နေရတာပေါ့ဗျာ” ဟု ကျွန်ုပ်က ပြန်၍ပြောလိုက်လျှင် ကိုပီတာကြီးက ရယ်လေ၏။ ကျေနပ်အောင်ရယ်ပြီးနောက်..“ ငါကြားဖူးတဲ့ ပုံလေးတစ်ပုံပြောပြမယ်၊ လူတစ်ယောက်ဟာ မျက်စိလည်လမ်းမှားပြီး ထူးဆန်းတဲ့တောအုပ်ကြီးတစ်ခုထဲကို ရောက်သွားခဲ့တယ်၊ အဲဒီတောရဲ့အစပ်မှာ အဲဒီ့လူဟာ ဖိုးသူတော်တစ်ဦးနဲ့ တွေ့တယ်၊ အဲဒီဖိုးသူတော်က အဲဒီ့လူကို “ဒီမှာမိတ်ဆွေ၊ ဒီတောအုပ်ထဲ ဝင်သွာတာနဲ့ ခင်ဗျားအတွက် အားလုံး အဆင်ပြေသွားမယ်၊

တစ်ခုတော့ မှာချင်တယ်၊ ဒီတောထဲကို ဝင်မယ်ဆိုရင် ဘာမှစဉ်းစားတွေးတောခြင်းမလုပ်ပါနဲ့၊ အဲဒါတစ်ခုပဲလိုက်နာပါ၊ ဒီတောရဲ့နာမည်ကိုက မစဉ်းစားတောတဲ့ လို့ မှာလိုက်သေးတယ်၊ မျက်စိလည်လမ်းမှားပြီး သုံးရက်လောက် ထမင်းမစားရတဲ့လူဟာ ဖိုးသူတော်ပြောသမျှကို ခေါင်းညိတ်ပြီး မစဉ်းစားဘဲ တောထဲကို ဝင်သွားတော့တာပဲ၊ အလွန်အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်တစ်ပင် အောက်လည်းရောက်ရော ထိုင်ချလိုက်ပြီး အမောအပန်းဖြေလိုက်တယ်၊ အမောလည်းပြေသွားတေရာ အဲဒီ့လူက “အခုနေ စားကောင်းသောက်ဖွယ် တစ်ခုခုစားရရင် သိပ်ကောင်းမှာပဲ ” လို့ စဉ်းစားလိုက်တယ်၊ သူ့ရဲဗိုက်လည်း အစာမရှိလို့ တကြုတ်ကြုတ် မြည်နေတယ်၊

အဲဒီလို တစ်ခုခုစားရရင် ကောင်းမှာပဲလို့လည်း စဉ်းစားလိုက်ရော ထမင်းစားစားပွဲခုံဝိုင်းတစ်ခုဟာ လေထဲမှာမျောပြီး သူရှေ့ရောက်လာတယ် အဲဒီစားပွဲပေါ်မှာလည်း အငွေ့တထောင်းထောင်းနဲ့ စားဖွယ်သောက်ဖွယ်တွေ ပါလာတယ်၊ အဲဒီမှာ သူဟာ ဘာမှမစဉ်းစားဘဲ ကောက်ပြီးစားပစ်လိုက်တယ်၊ တကယ်ငတ်လာရင် စဉ်းစားတယ်ဆိုတာ မရှိတော့ဘူး၊ စားတယ်ဆိုတာပဲ ရှိတယ်နော်၊ အဲဒီ့လူဟာ စားပွဲပေါ်မှာပါလာတဲ့ စားကောင်း သောက်ဖွယ်တွေကိုစားပြီး အတော့်ကို ကျေနပ်သွားတယ်၊ အဲဒီလို ကျေနပ်တဲ့ အချိနိမှာပဲ အဲဒီစားပွဲခုံကြီးဟာ သူ့ရှေ့ကနေ မျောထွက်သွားတယ်၊

အဲဒီအခါမှာ ဒီလူဟာ ဘာကိုစဉ်းစားမိပြန်သလဲဆိုတော့ “အခုနေများ ရေအေးအေးလေးတစ်ခွက် သောက်ရရင်ကောင်းမှာပဲ” လို့ စဉ်းစားမိပြန်တယ်၊ အဲဒီလိုစဉ်းစားမိတာနဲ့ ဖန်ခွက်ကြီးတစ်လုံးဟာ ရေအပြည့်နဲ့ လေထဲမျာမျောပြီး သူ့ဆီရောက်လာပြန်တယ်၊ အဲဒီမှာ ဖန်ခွက်ကိုယူပြီး သူက မော့ချလိက်တယ်၊ ရေကလည်း အေးနေတာ၊ သောက်လို့ကောင်းလိုက်တာ မပြောနဲ့တော့၊ အဲဒီမှာ သူဟာ အစားအသောက်တွေလည်း၊ စားပြီးပြီ၊ ရေအေးအေးလည်း သောက်ပြီးပြီဆိုတော့ ပြည့်စုံသွားပြီးပေါ့၊

အဲဒီလိုပြည့်စုံပြန်တော့ ငြိမ်ငြိမ်ကလေး မနေနိုင်ဘူး၊ စဉ်းစားပြန်ရော၊ဘယ်လိုစဉ်းစားသလဲဆိုတော့ “ဘယ်လိုဖြစ်တာလဲ၊ ငါ့ကစားချင်တယ်လို့ စိတ်ကူးလိုက်တာနဲ့ ထမင်းစားပွဲကြီး မျောလာတယ်၊ သောက်ချင်တယ်လို့ စိတ်ကူးလိုက်တာနဲ့ ရေအပြည့်နဲ့ ဖန်ခွက်ကြီးမျောလာတယ်၊ ဒါဟာ ဘာဖြစ်တာလဲ၊ တောခြောက်တာလား၊ သရဲတစ္ဆတွေက ငါ့ကိုခြောက်လှန့်တာလား၊ အဲဒီလို လှည့်စားပြီးတော့ အဲဒီသရဲ တစ္ဆေတွေက ငါ့ကို ဂုတ်ချိုး ပြီး သတ်ကြမှာလား” လို့လည်း စဉ်းစားလိုက်ရော သူ့အနားကို သရဲတစ္ဆေတွေ ရောက်လာတယ်၊ ပြီးတော့ သူ့ရဲ့ဂုတ်ကိုချိုးပြီး သတ်ပစ်လိုက်တယ်၊ အဲဒီ့လူဟာ သေသွားတယ်၊

အဲဒီ့အချိန်မှာပဲ စောစော ဖိုးသူတော်ရောက်လာပြီး “ သြော်.. ဒီလူ့နှယ်.. မစဉ်းစားပါနဲ့ဆိုတာ လျှောက်ပြီးစဉ်းစားတာကို၊ ဒီတောဟာ သိပ်ပြီးဆန်းတယ်၊ စဉ်းစားသမျှ အကောင်းအဆိုး မရွေးဘူး၊ အကုန်လိုက်ပြီးဖြစ်တာ” လို့ စိတ်မကောင်းတဲ့ လေသံနဲ့ပြောတယ်” ကိုပီတာကြီးဟာ သူ့ရဲ့စကားဆုံးတဲ့ အချိန်မှာပဲ ထမင်းစားလို့ ပြီးသွားပါပြီ၊ အဲဒီတော့ လက်ဆေးရင်း၊ လက်သုပ်ရင်း ကျွန်ုပ်ရဲ့မျက်နှာကို လှမ်းပြီးကြည့်လိုက်တယ်၊ အဲဒီအခါမှာ ကျွန်ုပ်က.. “ခင်ဗျားရဲ့ပုံကို ဆက်စမ်းပါဦးဗျ” လို့ပြောလိုက်လေ၏။

ထိုအခါ ကိုပီတာကြီးက “ဒီလို ဖိုးအောင်ထွန်းရဲ့၊ မင်းတို့ ငါတို့ အခုဖြစ်ပျက်ရရှိနေတာတွေအားလုံးဟာ ဟိုးရှေးမဆွက စဉ်းစားခဲ့တဲ့အရာတွေပဲကွ၊ တချို့ဟာတွေက စဉ်းစားရတာဟာ သိပ်ပြီးဝေးနေတော့ ပြန်ပြီးဆက်စပ်ကြည့်လို့တောင်မရဘူး၊ ဘာပဲဖြစ်ဖြစ်လေ အဲဒီရရှိမှုတွေဟာ စဉ်းစားခဲ့တာတွေပါပဲ၊ အခုငါပြောတဲ့ ပုံပြင်ထဲက တောကလည်း တို့ဘဝနဲ့ အတူတူပါပဲ၊ တစ်ခုခြား နားတာကတော့ ပုံပြင်ထဲမှာက စဉ်းစားတာတွေ ချက်ချင်းဖြစ်လာဘူး၊ ဖြစ်တော့ဖြစ်တယ်၊ အချိန်တွေကြာတယ်၊ ဒါပေမဲ့ လူ့ရဲ့သဘာဝအတိုင်း အကောင်းတွေချည်း မစဉ်းစားမိဘူးကွ၊ အဆိုးတွေလည်း စဉ်းစားမိတတ်တယ်၊ အဲဒါကြောင့် ဘာမှမစဉ်းစားဘဲ သူ့အကျ ကလေးအတိုင်း အဖြစ်ကလေးအတိုင်း နေတာ အကောင်းဆုံးပဲ

ပုံပြင်ထဲက လူအတော့ စိတ်ကူးတာတွေ ချက်ချင်းဖြစ်လေတော့ သရဲတစ္ဆေတွေက သူ့ကို ဂုတ်ချိုးပြီး သတ်မယ်လို့လည်း စဉ်းစားမိရော တကယ်ဖြစ်သွားတယ်၊ အဲဒီလိုပဲကွ၊ အပြင်မှာလည်း ငါတို့စဉ်းစားမှုတွေ မတော်မတည့်တွေဖြစ်ရင် ပုံပြင်ထဲကလောက်အကျိုးပေးမမြန်ပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဲဒီစဉ်းစားမှုတွေဟာ ဘဝမှာလာပြီး သရုပ်ပေါ်တတ်တယ်” ဟု ပြောကာ တဟဲဟဲရယ်လေ၏။ ထို့နောက်၎င်းကပင်.. “အဲဒါကြောင့် ဖိုးအောင်ထွန်းရေ၊ တောစဉ်းစားတောင်စဉ်းစားတွေ မစဉ်းစားစမ်းပါနဲ့” ဟု ဆိုကာ ကျွန်ုပ်၏ ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် အုံးကနဲထုကာ ကျွန်ုပ်အား နှုတ်ဆက်၍ လွတ်လပ်ပေါ့ပါးသော ခြေးလှမ်းများဖြင့် ခြံတွင်းမှ ထွက်သွားလေတော့သတည်း။

သောကြာသား သမီးများအတွက် နေ့စဉ် ကံကောင်း စေသော အချိန်များ

“ဗေဒင်ဟောပါ - သင်မပါစေနဲ့ဟု ဆရာသခင်က ဆုံးမခဲ့ဘူးသည်။ သို့သော်....”

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ် အားဖြင့် ၂၂- နှစ်အရွယ်ရှိသော အင်မတန် ချောမောလှပသော မစံပယ်ဟု အမည်ရသော မိန်းကလေး တစ်ဦးသည် လွန်စွာလေးလံနေသော ခြေလှမ်းများဖြင့် ၀င်ရောက် လာလေတော့၏။

ထိုမိန်းကလေးသည် ကျွန်ုပ်ထံတွင် ဗေဒင်မေးမြန်းလို၍ ရောက်ရှိလာခြင်းဖြစ်၏။ ဗေဒင်မေးသည် ဆိုရာ၌ အဓိကအားဖြင့် သူမ၏ အိမ်ထောင်ရေးကို သိရှိလို၍ လာရောက်ခဲ့ခြင်းပင် ဖြစ်လေ၏။ ဤနေရာ၌ မစံပယ်၏ အကြောင်းကို အနည်းငယ်မျှ ပြောပြရန် လိုအပ်ပါသည်။ မစံပယ်သည် ရှမ်းပြည်နယ် တောင်ကြီးဘက်မှ ဖြစ်၏။ သူမ၏ အသားအရည်သည် ၀င်းပ၏။ အရပ်အမောင်း ကောင်း၏။ နှာတံပေါ်၏။ တိုင်းရင်းသူ ဖြစ်သောကြောင့် မျက်နှာ အနည်းငယ်လေးဒေါင့် ဆန်၏။

အကျဉ်းချုပ်ပြောရပါမူ ထိုမိန်းကလေးသည် လွန်စွာ ကြည့်၍ကောင်း၏။ အင်မတန် ချောမောလှပ၍ တင့်တယ်သော ထိုမိန်းကလေးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ သူမ၏ အိမ်ထောင်ရေး အကြောင်းကို သိရှိလိုသောကြောင့် ရောက်ရှိလာခဲ့လေ၏။ သူမ၏အသက်သည် (၂၂)နှစ်ရှိပြီ ဖြစ်၏။ အသက် ၂၁နှစ်တွင် အိမ်ထောင် ကျခဲ့၍ အိမ်ထောင်သက် (၈)လလောက် အရောက်တွင် သူမ၏ အမျိုးသားသည် သူမအား ထားပစ်ခဲ့၍ အိမ်မှ အပြီးအပိုင် ထွက်သွားခဲ့သည်ဟု သိရ၏။ သူမ၏ အကြောင်းကို ထိုကဲ့သို့ ပြောပြလေသော အခိုက်တွင် ကျွန်ုပ်၏ စိတ်တွင် ဤမျှလောက် ချောမောလှပသော ထိုအမျိုးသမီးကို စွန်ပစ်ထားရစ်ခဲ့သော ၎င်း၏ အမျိုးသားကို နားမလည်နိုင် ဖြစ်မိလေ၏။ ထို့နောက် ကျွန်ုပ်၏ စိတ်သည် စွန့်ထားခံခဲ့ရသော မိန်းကလေးကိုပင် ဂရုဏာ သက်မိလေ၏။ ထို့နောက် မစံပယ်က ...

သူ အိမ်က ထွက်သွားတာ တစ်လလောက် ရှိပြီဆရာ။ အခုဆိုရင် ကျွန်မ တစ်ယောက်တည်း ဘ၀ကို ဖြစ်သလို ဖြတ်သန်းနေရတာ။ ပတ်ဝန်းကျင်ကလည်း ကျွန်မကို အထင်သေးပြီး အတင်းတွေ ဘာတွေတောင် ပြောကြတယ်။ ကျွန်မဖြင့် အရမ်း အားငယ်တာပဲ ဆရာရယ်ဟု မျက်လုံး၌ မျက်ရည်စများ ရစ်ဝဲလျှက် ပြောလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် ငြိမ်သက်နေသော ညောင်ဗုဒ္ဓဟေပင်ကို လေပြင်းတိုက်ခတ်သကဲ့သို့၎င်း၊ တည်ငြိမ်နေသော ကန်ရေပြင်ကို ခဲကြီးကြီး ပစ်ချလိုက်သကဲ့သို့၎င်း သနားစရာ ကောင်းသော မစံပယ်ဟူသော အမျိုးသမီးကို လွနိစွာသနားဂရုဏာ ဖြစ်မိသွားလေ၏။

ကျွန်ုပ်သည် ထိုမိန်းကလေးအား တားရော့ကဒ်များဖြင့် ကြည့်ပေးလိုက်လေ၏။ အိမ်ထောင်ရေး ကံဇာတာမှာ လွန်စွာ မကောင်းကြောင်း အိမ်ထောင်ဘက် အမျိုးသားမှာ ပြန်လာမည်ဟု မမြင်ကြောင်း ။ သူမအား အပြီးအပိုင် စွန့်လွှတ်သွားတာ ဖြစ်ကြောင်း ၊ ဒီလို မပြောချင်ပေမယ့် စိတ်မကောင်းစွာနှင့် ပြောရကြောင်း စသည်ဖြင့် ဟောပေးလိုက်၏။ ထိုအချိန်တွင် ၎င်းမစံပယ်၏ ရစ်ဝဲနေသော မျက်ရည်များသည် ကျွန်ုပ်၏ ဗေဒင်ဟောသော စာပွဲခုံပေါ်သို့ တစ်ပေါက်ခြင်း ကျလာလေတော့၏။ သူမ၏ ငိုသံသည်လည်း တိတ်ဆိတ်နေသော ကျွန်ုပ်၏ အခန်းတွင်းတွင် တဖြေးဖြေး ထွက်ပေါ်လာလေတော့၏။ မစံပယ်နှင့် အဖော်ပါလာသော အမျိုးသမီးတစ်ဦးသည် မစံပယ်အား အနားသို့ကပ်ခါ သတိပေး အားပေးရှာလေ၏။

မစံပယ်က ဆရာရယ်။ ကျွန်မကလေ အိမ်ထောင်ရေး ကံဇာတာ မကောင်းဘူး ထင်ပါတယ်။ အရင် တစ်ယောက်တုန်းကလည်း ဒီလိုပဲ ကျွန်ုပ်မကို ဘာမပြောညာမပြော ပစ်သွားခဲ့တာ။ အခု တစ်ယောက်မကောင်း လို့ နောက်တစ်ယောက်ကို အိမ်ထောာင် ပြုပြန်တော့လည်း အရင် တစ်ယောက်လိုပဲ ကျွန်မကို ပစ်သွားပြန်ပြီ။ ကျွန်မရဲ့ ကံကိုက မကောင်းတာပါရှင်။ အခုတော့ ကျွန်မဘ၀ကို ကျွန်မ ဘယ်လို ဆက်ပြီး ရှင်သန်နေထိုင် သွားရမယ်မှန်းတောင် မသိတော့ပါဘူးရှင်ဟု ပြောသောကြောင့် ကျွန်ုပ်ကလည်း အားမငယ်ပါနဲ့ မစံပယ်ရယ်။ ဘ၀ဆိုတာ ဒီလိုပါပဲ။ ကိုယ်ရည်ရွယ်သလို မဖြစ်တတ်ဘူးလေ။ လူ့လောကကို ၀င်ရောက်လာပြီဆိုကတည်းက ငိုကြွေးတဲ့ အသံတွေနဲ့ ၀င်ရောက်လာခဲ့တာလေ။ ထွက်သွားတဲ့ အချိန်ကြရင်လည်း ငိုသံတွေနဲ့ဆိုတော့၊ ဒီလူ့လောက ကြီးကိုက ငိုကြွေးခြင်းနဲ့ စတင်ပြီး ငိုကြွေးခြင်းနဲ့ပဲ အဆုံးသတ်ရတာကိုပဲ ဘ၀လို့ဆိုသလား မသိပါဘူးမစံပယ်ရယ်ဟု မဆီမဆိုင် စကားများကို ပြောရင်း အားပေးလိုက်လေ၏။

ထို့နောက် မစံပယ်သည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲတွင် ခေတ္တခဏမျှ ထိုင်နေပြီးလျှင် ကျွန်ုပ်အား နှုတ်ဆက်လျှက် ပြန်သွားလေတော့၏။ ကျွန်ုပ်အား ကျောခိုင်းထွက်ခွါသွားသော မစံပယ်၏ ကျောပြင်အား ငေးမောကြည့်မိရင်း အနာဂါတ်မှာ ကံကောင်းပါစေ မိန်းကလေးရေဟု စိတ်ထဲမှ ဆုတောင်းပေးလိုက်လေ၏။

ကျွန်ုပ်၏ ဗေဒင်ဟောခန်းမှ မစံပယ်လည်း ပြန်သွားပြီဖြစ်၏။ ကျန်နေသေးသော ဧည့်သည် သုံးလေးယောက်ကို ကျွန်ုပ်လည်း ဆက်လက်၍ ဗေဒင်ဟောပေးလိုက်၏။ ထိုဧည့်သည် သုံးလေးယောက် ပြန်သွားသောအခါတွင် ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်နေတော့၏။ ထိုအချိန်တွင် လွန်စွာ သနားဖွယ်ကောင်း သော မစံပယ်၏ မျက်နှာလေးသည် ကျွန်ုပ်၏ အာရုံထဲတွင် ပြန်ပေါ်လာပြီးလျှင် ကျွန်ုပ်လည်း အောက်ပါအတိုင်း ဆက်လက်တွေးနေမိတော့၏။

အော်... မစံပယ်ဆိုတဲ့ မိန်းကလေးက ဘယ်မှာ နေတာလဲ မသိဘူး။ ယောက်ျားက စွန်ပစ်သွားတာ ဆိုတော့ ထိုင်းနိုင်ငံမှာ တစ်ယောက်တည်း တော်တော် အန္တရာယ်များမှာပဲ။ ပါတ်ဝန်းကျင်ကလည်း အထင်သေးပြီး အတင်းတွေပြောတာ ခံနေရမှာပဲ။ လူတွေကလည်း တော်တော်မကောင်းတာပဲ။ အားနည်းတဲ့လူကို အားပေးမယ်ဆိုတာ မရှိဘူး။ ရေနစ်သူဝါးကူလို့ ထိုးဆိုတာ ဒီလိုမျိုးကိုပြောတာနေမှာ။ သူတို့နေရာမှာ ငါသာဆိုရင် မစံပယ်ကို မကောင်းမပြောပါဘူး။ လိုအပ်တာကိုတောင် ကိုယ်တတ်နိုင်သလောက် ကူညီပေးဦးမှာ။ အင်း တစ်ယောက်တည်း ဆိုရင် ကျန်းမာရေး မကောင်းရင်တော့ ဒုက္ခပဲ။ တစ်ယောက်တည်း သတိတွေ ဘာတွေ လစ်နေရင် လူမသိ သူမသိဘဲ ဒုက္ခဖြစ်နေတော့မှာ။ အင်း ငါကလည်း သတိမေ့တတ်လိုက်တာ။ ဖုံးနံပါတ်လေး တောင် မတောင်းထားလိုက်ရဘူး... စသည်ဖြင့် တောင်စဉ်ရေမရ တွေးနေမိလေတော့၏။ ထိုအတွေးများနှင့် အတူ ကျွန်ုပ်၏ စိတ်အစဉ်သည် လေးလံသွားလေတော့၏။

ကျွန်ုပ်သည် ညနေငါးနာရီလောက်တွင် အလုပ်ကိစ္စများကို ခေတ္တနားလိုက်ပြီးလျှင် တစ်နေကုန် ၀တ်ထားသော ဗေဒင်ဟောသော နီညိုရောင် ယူနီဖောင်းကို လဲဝတ်လိုက်၏။ ထို့နောက် ရေမိုးချိုး၏။ အ၀တ်အစားလဲ၏။ ညနေဘက် အလေ့အကျင့်အရ ဘုရားစင်ကို သန့်ရှင်းရေးလုပ်၏။ ဘုရားသောက်တော်ရေ လဲ၏။ မြတ်ဘုရားအား ဆီမီးထွန်းခြင်း၊ အမွေးနံ့သာများ ကပ်လှူပူဇော်ခြင်း ဘုရားပန်းလဲခြင်း စသော ဘုရား ဝေယျာ ဝေစ္စများကို ပြုလုပ်ပြီးလျှင် ဘုရားရှိခိုး အဓိဋ္ဌာန်ပုတီးစိတ်ရန်အတွက် ဘုရားစင်ရှေ့တွင် ထိုင်လိုက်ပြီးလျှင် မြတ်စွာဘုရားအား လက်အုပ်ချီလိုက်လေ၏။

ထိုအချိန်တွင်ပင် ကျွန်ုပ်၏ အာရုံထဲသို့ မစံပယ်၏ ညှိုးငယ်နေသော မျက်နှာကလေးသည် ဖြတ်ခနဲ့ မဖိတ်ခေါ်ရပါဘဲ ရုတ်တရက် ပေါ်လာလေတော့၏။ ကျွန်ုပ်သည် ဆက်လက်၍ ဘုရားရှိခိုးရန် အတွက် စိတ်ဂနာမငြိမ် ဖြစ်နေတော့၏။ ကိုယ့်စိတ်ကို မနည်းစုစည်းလိုက် ပြန်၍ မစပယ်ထံသို့ လွင့်သွားလိုက် ဖြစ်နေ၏။ ကျွန်ုပ်၏ စိတ်သည် အခါတိုင်းကဲ့သို့ ကြည်ကြည်လင်လင် တက်တက်ကြွကြွ မရှိတော့ဘဲ စိတ်နှင့် ကိုယ်မကပ်ဘဲ ဘုရားရှိခိုး ပြီးသွားလေတော့၏။ အမှန်အတိုင်း ၀န်ခံရလျှင်ပါမူ ဘုရားရှိခိုးသော အချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် မြတ်ဘုရားထံတွင် အာရုံကပ်မနေဘဲ နှုတ်ကသာ ဘုရားစာများကို ကြက်တူရွေးတစ်ကောင် ကဲ့သို့ တတွတ်တွတ် ရွတ်ဆို ပြီးသွားခြင်း ဖြစ်လေတော့၏။

ဘုရား ၀တ်တက်၍ ပြီးသောအခါတွင်လည်း ကျွန်ုပ်သည် ဘုရားစင်ရှေ့မှ မထနိုင်သေးဘဲ ပုတီးကို ရှေ့တွင် ချကာ ငူငူကြီးထိုင်လျှက် မစံပယ်၏ အကြောင်းကို ဆက်လက်၍ တွေးနေမိလေတော့၏။ ထိုကဲ့သို့ စားချိန်တွင်လည်း မစံပယ်အကြောင်း အိပ်ချိန်တွင်လည်း ကောင်းမွန်စွာ မအိပ်စက်နိုင်သေးပဲ မစံပယ် အကြောင်းများကို တောင်စဉ်ရေမရ တွေးတောလျှက် မအိပ်နိုင်သေးဘဲ ရှိလေတော့၏။ မြင်သာထင်သာအောင် ပြောပြရပါမူ သတိနဲ့ကိုယ် မကပ်ခြင်းပင်ဖြစ်၍ သမာဓိဆိုသော စိတ်ဓာတ် တည်ငြိမ်ခြင်း ပျက်သွားခြင်းပင် ဖြစ်၏။

ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် မစံပယ်အကြောင်းကို တွေးတောပူပန်လျှက် စိတ်နှလုံး ညှိုးနွမ်းစွာ ကုန်လွန်ခဲ့သော အချိန်များသည် နာရီမှ ရက် ၊ ရက်များမှ လတိုင် ကျွန်ုပ်၏ စိတ်ထဲမှ မပျောက်သွားဘဲ ကျွန်ုပ်အား ကောင်းစွာ နှိပ်စက်လေတော့၏။ လုပ်နေကျ အလုပ်များကိုလည်း စိတ်မပါတော့သလို ဖြစ်နေတော့၏။ ပျင်းသလိုလို စိတ်လေသလိုလို ဖြစ်နေ၏။ ထိုကဲ့သို့ နေထိုင်လာခဲ့ရာမှ တစ်နေ့တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ မစံပယ်ဟု အမည်ရသော လွန်စွာချောမောသော မိန်းကလေးသည် အဖော် အမျိုးသားတစ်ဦးနှင့်အတူ ၀င်ရောက်လာ ခဲ့လေ၏။ ထို့နောက် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။

ဆရာရေ....။ ဘယ်တော့မှ ပြန်မလာတော့တဲ့ ဟိုအကောင်ကိုတော့ လုံးဝ မမျှော်တော့ဘူးလေ။ အခု ကျန်နေသေးတဲ့ အနာဂါတ်အတွက် ကျွန်မ အဖော်တစ်ယောက် ရှာထားတယ်။ ကျွန်မအတွက် ကောင်းမကောင်း ကိုက်မကိုက် တွက်ကြည့်ပေးပါဦး။ ဘ၀ဆိုတာ စိတ်ပျက်ဝမ်းနည်း အားငယ်စရာတွေကို အတတ်နိုင်ဆုံး မေ့ထားပြီး ရသသလောက် ပျော်ရွှင်မှုလေးတွေနဲ့ ဖြတ်သန်းသွားရမှာ မဟုတ်လား ဆရာရယ်ဟု ကျွန်ုပ်အား ပြောရင်း တစ်ဘက်မှ အတူထိုင်နေသော အဖော်အမျိုးသားဘက်ကို လှည့်ကြည့်ရင်း ရှင်လည်း အရင် လူတွေလို ကျွန်မကို ပစ်ထားခဲ့မှာလားဟု လှည့်၍ မေးလေ၏။

ထိုအခါ အဖော်အမျိုးသားက ချက်ချင်းဆိုသလို သွားများကို အကုန် ဖြဲလျှက် မပြစ်ပါဘူး စံပယ်ရယ်။ ဘုရားစူး မိုးကြိုးပစ်ပါ။ မယုံဘူးလား။ ရင်ထဲကစကားပါ။ မယုံရင် နားထောင်ကြည့်ဟု ရင်ဘတ်ကြီးကို ကော့၍ ပြလိုက်လေ၏။ ထို့နောက် ကျွန်ုပ်သည် မစံပယ်တို့ နှစ်ဦးအား ကောင်းမွန်စွာ ဗေဒင်တွက်ပေးလိုက်လေ၏။ သူတို့နှစ်ဦးလည်း ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားကြလေ၏။

ထိုအချိန်တွင် ကျွန်ုပ်သည် ထိုင်၍ စဉ်းစားမိသည်မှာ ....

အော်.... ငါ့နှယ်။ ငါက စံပယ်ဆိုတဲ့ မိန်းကလေးကို အကြောင်းပြုပြီး ပူပန်နေလိုက်တာ။ စားချိန်လည်း ကောင်းကောင်း စားမရ၊ အိပ်ချိန်လည်း ကောင်းကောင်း အိပ်မရ။ နောက်ဆုံး ဘုရားရှိခိုး တရားထိုင်တဲ့ အချိန်တွေမှာတောင် ကောင်းကောင်း စိတ်မဖြောင့်ဘူး။ သူ့အတွက် ပူပန်နေလိုက်တာ။ ငါနဲ့ ဘာမှ သွေးမတော် သားမစပ်၊ ဘာမှလည်း မပါတ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ငါ့ဆီမှာ ဗေဒင်ကြည့်တာ တစ်ခုလေးနဲ့ ငါက လိုက်ပြီး ပူပန်နေလိုက်တာ။

သူကတော့ နောက် အဖော်တစ်ယောက်နဲ့။ ရီရီမောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ပါလား။ ဒီအတိုင်းဆိုရင် အလိုလိုလိုက်ပြီး ပူပန်နေမိတဲ့ငါက သက်သက် အပို အလုပ်တွေကို လုပ်နေမိတာပါလား။ အမှန်က ဗေဒင်ဆရာဆိုတာ ဗေဒင်ဟောဖို့ တစ်ခုပဲလေ။ ဗေဒင်ဟောပြီးရင် ငါ့အလုပ်က ပြီးသွားပြီပဲ။ သူ့ဆီကို ငါ့စိတ်ကေ၇ာက်နေတာကိုက ငါမှားနေတာဟု တစ်ယောက်တည်း ထိုင်စဉ်းစားရင်း ခေါင်းရင်းဘက် နံရံတွင် ချိတ်ဆွဲထားသော ဆရာသခင် အဘမင်းသိင်္ခ၏ ဓာတ်ပုံကို လှမ်းကြည့်လိုက်ရင်း ကျွန်ုပ်သည် အဘအား အောက်ပါအတိုင်း ပြောလိုက်မိလေတော့သတည်း။

အဘရေ... အဘကတော့ တပည့်တွေကို ဗေဒင်ဟောပါ။ သင်...မပါစေနဲ့လို့ ဆုံးမထားခဲ့တယ်နော်။ အခုတော့ ကျွန်တော်က ဗေဒင်ဟောတဲ့ အထဲမှာ ကျွန်တော် ပါနေမိလိုက်ပြီ အဘရေ.. ဟု ပြောလိုက်မိလေတော့သတည်း။

သောကြာသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း

ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း

တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း

တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း

ဌက်ပျောသီးဖြင့်ချက်သောဝက်သားဆီပြန်

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် စိတ်မနှံသော လူကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် ၎င်းက.. “ဟေ့ ဖိုးအောင်ထွန်း ဂွတ်ဒ်မောနင်း၊ ဂွတ်နိုက်” ဟူ၍ သူ၏ထုံးစံအတိုင်း နှုတ်ဆက်လေတော့၏။ ကျွန်ုပ်သည် အလုပ်များသည့်ကြားမှ ကျွန်ုပ်၏ခြံကို ပြင်နေရ၏။ ဌက်ပျောပင်များ အတန်းလိုက် စိုက်နေရ၏။ ကျွန်ုပ်ထံတွင်နေသော တပည့်ကလေးများအတွက် အိမ်ကလေးများ ဆောက်လုပ်ပေးရေ၏။

ကိုပီတာကြီးသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီးလျှင်.. “ အလုပ်တွေများလှချေလား၊ ဘဲရီးဂွတ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး၊ ဘယ်လိုကြောင့် ဘဲရီးဘက်ဒ်ဖြစ်ရတာလဲ၊ ကိုပီတာကြီးရဲ့..” ဟု ပြန်၍မေးလိုက်ရာ ၎င်းးက.. “အလုပ်လုပ်တာကွာ ကောင်းတာပေါ့၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ ပြောတာ၊ အလုပ်များတော့လည်း အရမ်းပင်ပန်းတာပေါ့၊ ကြာရင် ပင်ပန်းနာကျပြီး ဘဝမှာ ထုံထိုင်းထိုင်း ဖြစ်သွားတတ်တယ်ကွ၊ မကောင်းဘူး အဲဒါကြောင့် ဘဲရီးဘတ်ဒ်လို့ ပြောတာ ” ဟု ရယ်မောလျက် ပြန်၍ဖြေလေ၏။

“ကဲပါဗျာ ဒီမနက်စာ ဘာချက်ရမလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုပီတာကြီးက.. “ဝက်သားကို ဌက်ပျောသီးနဲ့ ဆီပြန်ချက်ကွာ၊ ကြက်အရိုးနဲ့ ခွေးတောက်ရွက်ကို ဟင်းချိုချက်ကွာ၊ ပုစွန်လေးကို ရှောက်ရည်ညှစ်ပြီး အစိမ်းသုပ်ကွာ ငါးပိကြော်လေးလည်းပါရင် ကောင်းတယ်ကွ” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း မှော်ဘီဈေးသို့ တပည့်ကလေးတစ်ဦးအား စေလွှတ်ရလေတော့၏။ ထိုတပည့်ကလေး ပြန်လာလျှင် ကျွန်ုပ်ကိုယ်တိုင် ချက်ပြုတ်ရလေ၏။ ပြီးလျှင် ကိုပီတာကြီးအား တည်ခင်း ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကျွေးမွေးသော ထမင်းဟင်းလျာများကို မြိန်ယှက်စွာ စားသောက်လေ၏။

ထိုအချိန်၌မှာပင် ချိန်းဆိုထားသောစာမူများ လာ၍ယူကြမည်ဖြစ်သောကြောင့် အပြီးမသတ်ရသေးသည်များကို အပြီးသတ်ရလေ၏။ ထိုအလုပ် များပြီးသောအခါ၌ ခြံတွင်းနေတပည့်ကလေးများကို ဗေဒင် လက္ခဏာ၊ ဂမ္ဘီရ စသောပညာရပ်များကို သင်ပြပေးရပြန်လေ၏။ ထို့နောက် ကျွန်ုပ်သည် မောဟိုက်၍ ထိုင်နေလေ၏။ ကိုပီတာကြီးမှာမူ ထမင်းစားပြီးနောက် ရေနွေးကြမ်း၊ လက်ဖက်ရည်၊ နနွင်းမကင်း စသည်တို့ဖြင့် အချိုတည်း၍ နေလေတော့၏။ ထို့နောက်တွင်ကား ကျွန်ုပ်ထံမှ ငါးသုံးလုံး စီးကရတ်တစ်လိပ်ကို တောင်းယူပြီးလျှင် ကျေနပ်စွာ ရှိုက်ဖွာနေလေ၏။

ကျွန်ုပ်က.. “ကိုပီတာကြီး စားရသောက်ရတာ အဆင်ပြေရဲ့လား” ဟုမေးလိုက်ရာ ၎င်းက.. “ မစားရရင် အငတ်ခံနေ မယ်၊ စားရရင်တော့ အခုလိုကောင်းကောင်းလေး စားရမှကွ၊ ခံတွင်းတွေ့လှတယ်ကွာ၊ ဒါကြောင့် ပီတာကြီးအဖို့တော့ ဒီနေ့အတွက် နဂိုအနေမှာ စိုပြည်ပြီး အိုကေဖြစ်နေပါပြီကွာ” ဟု ပြောဆိုကာ တဟဲဟဲနှင့် ရယ်၍နေလေ၏။ “ကောင်းပါလေရဲဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “လူမှာက ပဋ္ဋိသန္ဓာရ နှစ်မျိုးကို ကျင်းသုံးရတယ်ကွ၊ ပဋ္ဋိသန္ဓာရ ဆိုတာက တစ်ဦးနဲ့တစ်ဦး မေတ္တာမပျက်ရအောင် အဆက်အစပ်ပြုတဲ့ သဘောပဲကွ၊ အဲဒီတော့ ပဋ္ဋိသန္ဓာရကလည်း နှစ်မျိုးရှိပြန်တယ်၊ ကိုယ့်လူ၊

မမှားသင့်တာ မမှားရအောင် သွန်သင် ဆုံးမတဲ့အနေနဲ့ ပြောဆိုတဲ့ ပဋ္ဋိသန္ဓာရကို ဓမ္မပဋ္ဋိသန္ဓာရလို့ ခေါ်တယ်၊ နောက်တစ်မျိုးကတော့ ပစ္စည်းဥစ္စာ ငွေကြေး အစားအသောက်ပေးကမ်း ကျွေးမွေးပြီး အဆက်အစပ် ပြုတဲ့သဘောကို ပစ္စယပဋ္ဋိသန္ဓာရလို့ ခေါ်တယ်ကွ၊ မင်းက ငါ့ကို ပစ္စယပဋ္ဋိသန္ဓာရ ပြုတယ်၊ ငါက မင်းကို မလုပ်သင့်တာ မလုပ်မိဖို့၊ လုပ်သင့်တာ လုပ်ဖြစ်ဖို့ ပြောဆိုပြတယ်၊ ငါ့ဘက်က ဓမ္မပဋ္ဋိသန္ဓာရ ပြုလုပ်တယ်၊ နှစ် ယောက်စလုံး ပဋ္ဋိသန္ဓာရတွေနဲ့ ပြည့်စုံကြတယ်ပေါ့ကွာ၊ မကောင်းဘူးလား” ဟု ပြောလိုက်ရာ ကျွန်ုပ်က.. “ တယ်ဟုတ်ပါလား၊ ကိုပီတာကြီး ပါဠိတွေ ဘာတွေနဲ့ကို အကျအန ပြောတော့တာပဲ၊ ကျုပ်ဖြင့် ခင်ဗျား ဒီလောက်တတ်မှန်းတောင် မသိပါဘူးဗျာ၊ အဲဒီလိုတတ်တဲ့ အကြောင်း ကျုပ်ကို အရင်က ဘာပြုလို့ မပြောတာလဲ” ဟု အားမလိုအားမရသော လေသံဖြင့် ပြောလိုက်လေ၏။

ထိုအခါ ကိုပီတာကြီးက.. “ငါက ဂမ္ဘီရပညာတွေကို လိုက်စားနေတဲ့ ဂမ္ဘီရသမားအစစ်ကွ၊ မင်းက တကယ်လိုက်စားတာမှ မဟုတ်တာ၊ လိုက်စားချင်ယောင် ဆောင်နေတာ၊ ဂမ္ဘီရသမားမှာက အရည်အချင်းတွေ အများကြီးလိုတယ် ငါ့လူရဲ့၊ အဲဒီအရည်အချင်းတွေထဲမှာ မကြွားဝါခြင်းဆိုတဲ့ အချက်ဟာ နံပါတ်တစ် နေရာမှာတောင် ရောက်နေတယ်၊ ဥပမာကွာ- လူစုံပြီးဆိုရင် ကျုပ်က ဘွဲ့ဘယ်နှစ်ခုရတာ၊ ဘယ်လောက် ချမ်းသာတာ၊ ကျုပ်ဆွေမျိုး အသိုင်းအဝိုင်းက ဘယ်လောက် ကြီးကျယ်တာဆိုပြီး ကြွားတတ်ကြတယ်၊ တချို့ကလည်း ကျုပ် ပုတီးစိပ်လာတာ နှစ်ပေါင်းဘယ်လောက်ရှိပြီ တောင်ကြမ်း၊ တောကြမ်းတွေမှာ အဓိဋ္ဌာန် ဝင်လာတာ ဘယ်လောက်ကြာပြီ၊ သက်သတ်လွတ်စားတာ ဘယ်လောက်ရှိပြီ ဆိုပြီးတော့လည်း ပြောတတ်ကြသေးတယ်၊

တချို့ကျတော့ ကျုပ်က လက်ရိုးဗေဒင်ကိုလည် ကျွမ်းတယ်၊ လက်ဆန်းဗေဒင်လည်း တတ်တယ်၊ အင်္ဂဝိဇ္ဖာ ဆိုတာတော့ မပြောနဲ့တော့၊ အင်းအတတ်၊ ဆေးအတတ်မှာလည်း ကျုပ်လောက်တတ်တဲ့လူ တော်တော်ရှားတယ်၊ အထက်ဆေးဝါးတွေ ဘယ်လောက် အထိထိုးခဲနှံခဲ့တယ်၊ သောက်ခဲ့မျိုးခဲ့တယ်ဆိုပြီး ပြောတတ်ကြတယ်၊ အဲဒီ အပြောအဆိုတွေဟာ ကြွားဝါခြင်းပဲ မဟုတ်လား၊ ကြွားဝါခြင်းဆိုတာ မာန်မာနက မွေးထုတ်ပေးလိုက်တဲ့ သားသမီးပဲ၊ ကြွားဝါခြင်းရဲ့နောက်မှာ ဘယ်လိုလူစားမျိုး မှတ်သလဲဆိုတဲ့ စကားလုံးဟာ မပြောဘဲ ပါနေတတ်စမြဲပဲ၊ ကြွားဝါခြင်းကို နှိပ်ကွပ်နိုင်တာကတော့ ဆိတ်ဆိတ်နေ ခြင်းဆိုတဲ့ လက်နက်ပဲ၊ အနောက်တိုင်း ဂမ္ဘီရပညာမှာ “To Keep Silent” ဆိတ်ဆိတ်နေရမယ် လို့ အတိအကျ ညွန်ပြထားတယ်၊

တကယ်တော့ ကိုယ်မှာရှိတဲ့ အခြေအနေတွေ၊ အရည်အချင်းတွေကို ထုတ်မပြောဘဲ ဆိတ်ဆိတ်နေခြင်းဟာ နှိမ်ချခြင်း စိတ်ဓါတ်နဲ့ဆိုင်တယ်၊ ဒါဟာ နှိမ့်ချမှုထဲကို ထည့်ရမှာပဲ” ဟု ကျွန်ုပ်အား ရှည်လျားစွာရှင်းပြလေ၏။

“တယ်ဟုတ်ပါလား ကိုပီတာကြီးရဲ့ ဘာပဲဖြစ်ဖြစ်ဗျာ ဆိတ်ဆိတ်နေခြင်းဟာ ကောင်းတယ်လို့ဆိုရမှာပဲ၊ ခင်ဗျားတိုလည်း ဂမ္ဘီရလိုက်စား အခုမှသိပါတယ်ဗျာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက ရယ်လေ၏.

“ဒီတော့ ကိုယ့်လူကို အရေးကြီးတဲ့ စကားပြောရဦးမယ်၊ လောကကြီးမှာ လူတော်တော်များဟာ အလုပ်လုပ်ဖို့ ပဲ တာစူနေကြတယ်ကွ၊ ဘာကြောင့် အဲသလိုဖြစ်နေကြသလဲဆိုတော့ လူ့ရဲ့အဆင့်အတန်းကို သူ ဘာလုပ်နိုင်သလဲ၊ ဘာဖြစ်နိုင်သလဲ၊ ဘာဖြစ်မြောက်သလဲဆိုတဲ့ အပေါ်မှာ ဆုံးဖြတ်ကြတာကိုး အဲဒီတော့ သူထက်ငါ ကြိုးစားပြီး လုပ်ကြတာပေါ့၊ အဲဒီတော့ တတ်သိနားလည် မှုအားလုံးမှာ ကြိုးစားပြီး လုပ်ရမယ်ဆိုတာပဲ ပါတယ်ကွ၊ အလုပ်လုပ်နိုင်ခြင်းရဲ့အသက်ဟာ ကောင်းစွာ အနားယူခြင်းအပေါ်မှာလည်း တည် မှီနေတယ်နော်၊ ကောင်းစွာအနားမယူဘဲ အလုပ်ကိုချည်း၊ မနေမနား လုပ်နေမယ်ဆိုရင်တော့ အသက်တိုသွားလိမ့်မယ်၊ အသက်တိုသွား မယ်ဆိုတာက ရိုင်းရိုင်းစိုင်းစိုင်းပြောတာမဟုတ်ပါဘူး၊ အနားမယူတတ်တဲ့လူကို သဘာဝတရားကြီးက အနားပေးလိုက်တဲ့သဘောပါ” ဟု ကိုပီတာကြီးက ပြောလေ၏။

“ခင်ဗျားပြောတဲ့ စကားဟာ အဟုတ်ပဲလား” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုပီတာကြီးက.. “ဒီမှာ မောင်အောင် ထွန်း မင်းက ငါ့ကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးလေတော့ မင်းဘက်က ပဋ္ဋိသန္ဓာရနဲ့ ပြည့်စုံသွားပြီ၊ ငါကလည်း မိတ်ဆွေကောင်းအနေနဲ့ အနားယူခြင်းဟာ အလုပ်လုပ်ခြင်းအတွက် အရေးကြီးတဲ့ အကြောင်း မင်းကိုသတိပေးတာပါ၊ အဲဒီလို သတိပေးမှလည်း ငါ့ဘက်က ပဋ္ဋိသန္ဓာရနဲ့ ပြည့်စုံတော့မှာပေါ့” ဟု ပြောလေ၏။

“ကိုပီတာကြီးတို့ကတော့ စကားပြောရင် အဖွင့်နဲ့ အပိတ်နဲ့ အတော့်ကိုတတ်တာပဲ” ဟု ကျွန်ုပ်က ချီးမွမ်း လိုက်မိလေ၏။ “ဂမ္ဘီရသမားကိုးကွ၊ ဂမ္ဘီရသမားတစ်ယောက်ရဲ့ အရည်အချင်းမှာ ကောင်းစွာပြောတတ် ခြင်းလည်းပါတယ်ကွ၊ ပြီးတော့ စကားပြောတဲ့ အခါမှာ အသံသြဇာဓာတ်နဲ့ ပြည့်စုံဖို့လည်း လိုသေးတယ်၊ အထူးသဖြင့်ကတော့ နှုတ်ခမ်းဖျားက လာတဲ့အသံနဲ့ မပြောဘဲ ရင်ခေါင်းကလာတဲ့ အသံနဲ့ ပြောတတ်အောင် လေ့ကျင့်ထားရတယ်၊

အဲဒီအကြောင်းတွေ အသေးစိတ်ကိုတော့ အခါအခွင့်သင့်ရင် မင်းကို ပြောပြရဥိးမယ်၊ လူတိုင်း စကားမပြောတတ်ဘူး၊ အဲဒီလိုပဲ လူတိုင်း နားမထောင်တတ်ဘူးကွ၊ ဂမ္ဘီရ သမားတစ်ယောက်ဟာ ပြောလည်း ပြောတတ်ဖို့လိုသလို သူတစ်ပါးပြောရင်လည်း ကိုယ်က နားထောင်တတ်ရမတယ်” ဟု ကိုပီတာကြီးက ပြောလေ၏။ “ဒီလိုရှီပါတယ် ကိုပီတာကြီးရယ်၊ ကျုပ်က အလုပ်များတယ်ဆိုပေမယ့် အလုပ်မဟုတ်တဲ့ အလုပ်တွေ ပြွတ်သိပ်ပြီး အလုပ်ရှုပ်နေတာပါ၊ ဧည့်သည်ကို ထမင်းချက်ကျွေးတယ်၊ ခြံထဲမှာနေတဲ့ တပည့်ကလေးတွေနဲ့ ဝိုင်းဖွဲ့ပြီး ဟိုရောက်ဒီရောက် စကားပြောတယ်။ တပည့်လေးတွေ မမီလိုက်တဲ့ ခေတ်ကာလတွေ အကြောင်း ပြောပြတယ်၊ တစ်ခါတလေ သရဲအကြောင်း ထိုင်ပြီးပြောချင် ပြောနေတော့တာပဲ၊ ဘာမှ မယ်မယ်ရရ မဟုတ်ပါဘူးဗျာ” ဟု ကျွန်ုပ်က ပြောလိုက်လျှင်…

“အို.. ဒီလိုမပြောနဲ့၊ အပျင်းပြေ ကဗျာစပ် တာတို့၊ ကဗျာရွတ်တာတို့၊ သီချင်းဆိုတာတို့၊ အပျင်းပြောသဘောနဲ့ ပန်းချီဆွဲတာတို့ အပျင်းပြေသဘောနဲ့ ဓါတ်ပုံရိုက်တာတို့၊ အပျင်းပြေသဘောနဲ့ ခရီးထွက်ပြီး ရှုခင်းတွေ ကြည့်တာတို့ အပျင်းပြေသဘောနဲ့ မုန့်လုပ်စားတာတို့ဟာ မလိုအပ်တဲ့အရာတွေ မဟုတ်ဘူးနော်၊ လောကကြီးမှာ အသုံးဝင်တဲ့ အလုပ်တွေလုပ်ဖို့ အကြံညာဏ်ကောင်းတွေဟာ စောစောကပြောတဲ့ အသုံးမဝင်ဘူးလို့ထင်တဲ့အလုပ်တွေ လုပ်ရင်း ရုတ်တရက်ပေါ်ပေါက်လာတတ်တယ်၊ ဘာဖြစ်လို့လဲ သိလား သိစိတ်ကို အနားပေးလိုက်တော့ သိစိတ်ဟာ ကျေနပ်ပြီး အထဲမှာ ရှိတဲ့ မသိစိတ်ဆီကနေ အဖိုးတန်တဲ့အရာတွေ နှိုက်ယူလိုက်တာ ကိုယ့်လူရဲ့ ဒါကြောင့် အသုံးမဝင်တဲ့ အလုပ်တွေလုပ်ဖို့ လိုအပ်သလို အသုံးမဝင်ဘူးဆိုတဲ့ အပျင်းပြေအလုပ်တွေလည်း လုပ်ဖို့ အလိုအပ်ပါတယ်၊ ငါ့လူရယ်၊ ကိုယ့်စိတ်ကို ကိုယ်အနားပေ၊ အေးအေးလူလူ နေတတ်စမ်းပါ၊ ဘာမှမပူဘဲ အနားယူတတ်စမ်းပါ၊ ကိုယ့်ဘာသာကိုအနားမယူရင် သဘာဝတရားကြးက အနားပေးလိုက်လိမ့်မယ်၊ သဘာဝတရားကြီးက အနားပေးတယ်ဆိုတာ သေတာကိုပြောတာ ကိုယ့်လူရ..ကဲ ငါသွားမယ်” ဟု ဆိုကာ ကိုပီတာကြီးသည် သူ၏လက်သီးကြီးဖြင့် ကျွန်ုပ်၏ကျောကုန်းကို ဘန်းကနဲ့ ထုကာ အကြောင့်ကြမဲ့သော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ခြံတွင်းမှ ပျော်ရွှင်စွာ ထွက်သွားလေတော့သတည်း။

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

ကြာသပတေးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသော အချိန်များ

ဗေဒင်ဆရာနှင့် iPhone ရူးရောဂါ

တစ်နေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းပေါ်မှ တဆင့် ဗေဒင်ဟောပြောရင်းဖြင့် မညိုမြဟု အမည်ရသော အမျိုးသမီး တစ်ဦးနှင့် ရင်းနှီးခင်မင်ခွင့်ရ လေတော့၏။ အစပထမပိုင်းတွင် ဗေဒင်ဟောရင်းဖြင့် သိကြွမ်းကြသော်ငြားလည်း နောက်ပိုင်းတွင် တစ်ယောက်နှင့် တစ်ယောက် အွန်လိုင်းပေါ်တွင် အလ္လာပသလ္လာပ ပြောကြ ဆိုကြမိလေသောကြောင့် တစ်စထက်တစ်စ ပိုမို၍ ရင်းနှီးခင်မင်လာလေသည်။

ထိုမညိုမြဟုဆိုသော အမျိုးသမီးသည် လွန်စွာခင်မင်ဖွယ်ရာ ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်လေ၏။ အားနည်းနေသောအခါ အားငယ်နေသော အခါများတွင် ကျွန်ုပ်၏ မိခင်တစ်ဦး အမကြီးတစ်ဦး အနေနျင့် အမြဲတမ်း အားပေးစကားပြောလေ့ ရှိလေ၏။ သူတ်ပါးအားလည်း အမြဲတမ်း ကူညီပေးလေ့ရှိကြောင်း ပြောပြ လေ့ရှသောကြောင့် သူမသည် အားငယ်နေသောသူများ အားနည်းနေသူများကိုလည်း အမြဲတမ်း ကူညီပေးလေ့ ရှိကြောင်း ပြောပြလေ့ရှိ၏။ ထို့ကြောင့် ဆရာမှလည်း အခက်အခဲရှိခဲ့ပါက သူမအား မိခင်တစ်ယောက် အမကြီး တစ်ယောက်ကဲ့သို့ သဘောထား အကူအညီတောင်းနိုင်ကြောင်းကိုလည်း အားပေးစကား ပြောခဲ့လေ၏။

ကျွန်ုပ်ကလည်း အကူအညီ မလိုကြောင်း အရမ်းကြီး မချမ်းသာပေမယ့် အဆင်ပြေကြောင်း ပြန်လည်ပြောပြခဲ့၏ ထိုကဲ့သို့ ကျွန်ုပ်နှင့် မညိုမြသည် အွန်လိုင်းပေါ်မှ တဆင့် အမြဲတမ်းစကားပြောရင်း တစ်ယောက်ကို တစ်ယောက် အားပေးစကား ပြောရင်းဖြင့် ဖြူဖြူစင်စင် ရင်းနှီးခင်မင်လာခဲ့သည်မှာ လအတော်ပင် ကြာခဲ့လေ၏။

တစ်နေ့တွင် မညိုမြက ကျွန်ုပ်အား အောက်ပါအတိုင်း ဖုံးဆက်လာခဲ့လေ၏။

ဆရာရေ.... ဒီလကုန်ရင် ကျွန်မသူငယ်ချင်း တစ်ယောက် ထိုင်းကို ဆင်းလာဖို့ ရှိတယ်။ အဲဒါ သူနဲ့ ဆရာ့အတွက် iPhone တစ်လုံး ၀ယ်ထည့်ပေးလိုက်မလို့လေ။ ပြီးတော့ ဆရာ ကျွန်မအတွက် ကူညီပေးတဲ့ ယတြာတွေက လည်း ကျွန်မအတွက် အထောက်အကူ ဖြစ်လို့လေ။ ဒါကြောင့် ကျွန်မက ဆရာ့ကို ကျေးဇူးဆပ်တဲ့ အနေနှင့် လက်ဆောင် ၀ယ်ထည့်ပေးလိုက်မလို့။ ဆရာ လက်ခံပါနော်ဟု ဖုံးဆက်ပြောလေ၏။

ကျွန်ုပ်သည် iPhpne ဟူသော အသံကို ကြားလိုက်ရသည့်နေ့မှ စ၍ စားသည့်အချိန် သွားသည့်အချိန် စသော အချိန်တိုင်း အားလုံးတွင် iPhone ဟူ၍ အတွေးများ ဖြစ်နေလေတော့၏။ ကုန်ကုန်ပြောရလျှင်မူ အိပ်မက်ထဲတွင် ပင် ကျွန်ုပ်သည် အိပ်မက်မက်လေ၏။ အိပ်မက်ထဲတွင် ကျွန်ုပ်သည် ထိုဖုံးနှင့် မြန်မာပြည်မှ မိဘများကို စကားပြောနေသည်ဟု အိပ်မက် မက်လေတော့၏။ ထိုမျှလောက် ကျွန်ုပ်အား အိုင်ဖုန်းကို စွဲလန်းလေတော့၏။

ထို့နောက် ကျွန်ုပ်သည် ပင်ကိုယ်သဘာဝအားဖြင့် လွန်စွာ အကြွားသန်လှသူ ဖြစ်လေရာ ကျွန်ုပ်နှင့် ရင်းနှီးသော မိတ်ဆွေများ တပည့်များ အသိများ ဗေဒင်မေးသူများအား အိုင်ဖုန်းအကြောင်းကို ကြားဖူးနားဝဖြင့် အိုင်ဖုံးဆိုသည်မှာ အလွန်ကောင်းကြောင်း ကျွန်ပြူတာ သေးသေးလေး တစ်လုံးကဲ့သို့ လွန်စွာ အသုံးဝင်ကြောင်း လူတိုင်း မကိုင်နိုင်ကြောင်း ငွေကြေးပြည့်စုံသူများသာ ကိုင်နိုင်ကြကြောင်း ထိုအိုင်ဖုံးကို အမေရိကမှ ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်မှ မကြာခင် ရက်ပိုင်းအတွင်း လူကြုံဖြင့် ပို့ပေးမှာဖြစ်ကြောင်း တွေ့သမျှ လူတိုင်းအား ခပ်ကြွားကြွား ပြောလျှက်ရှိလေတော့၏။

ကျွန်ုပ်၏ တပည့်များ အသိမိတ်ဆွေများကလည်း ထိုအိုင်ဖုန်းကြီး ရောက်လာတဲ့နေ့ကျရင် သူတို့အား ဖုန်းဆက် ပြောပါရန်နှင့် မမြင်ဘူး၍ လာရောက် ကြည့်လိုကြောင်း အစဉ်ပြေပါက ထိုင်းနိုင်ငံတွင် တစ်နှစ်လောက် ကြိုးစားပန်းစား အလုပ်လုပ် ပိုက်ဆံစု၍ အိုင်ဖုန်း ၀ယ်ကိုင်မည့်အကြောင်းကို ပြန်၍ ပြောလေကြသောကြောင့် ကျွန်ုပ်ကလည်း ရောက်တဲ့နေ့ကျရင် ဖုံးဆက်လိုက်မယ်ဟု ပြန်လည် ဂတိပေးရလေ၏။

ထိုကဲ့သို့ မကြာမီအချိန်ကာလ၌ မညိုမြပြောထားသော ရက်သို့ ရောက်လာခဲ့လေ၏။ ထိုနေ့တွင် မညိုမြနှင့် ကျွန်ုပ် အွန်လိုင်းပေါ်တွင် တွေ့ကြရာ မညိုမြက အိုင်ဖုန်းထည့်ပေးမည့် သူငယ်ချင်းနှင့် သွားခါနီးတွင် မတွေ့လိုက်ရကြောင်း ထို့ကြောင့် မထည့်ပေးလိုက်နိုင်ကြောင်း သူမကိုယ်တိုင် ဒီဇင်ဘာလလောက်မှာ ထိုင်းနိုင်ငံသို့ အလည်လာမည်ဖြစ်ကြောင်း ထို့ကြောင့် သူလာမှယူလာမည်ဟု ကျွန်ုပ်အားပြောပြန်လေ၏။

ကျွန်ုပ်အား အိုင်ဖုန်းအကြောင်း တမေးတည်းမေးနေကြသော အသိမိတ်ဆွေများအားလည်း ထိုအမျိုးသမီး ပြောသကဲ့သို့ ပြန်ပြောရလေ၏။ ထိုကဲ့သို့ ကျွန်ုပ်အား မညိုမြက ရက်ရွေ့ပြောလိုက် ကျွန်ုပ်ကလည်း ရက်ရွေ့ပြောလိုက်ဖြင့် ထိုအိုင်ဖုန်းဆိုသော အရာသည် ကျွန်ုပ်ထံသို့ ရောက်မည်ဟုပြောသော နေ့မှစ၍ ယခုဆိုလျှင် တစ်နှစ်လောက်ပင် ဖြစ်နေလေ၏။ နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့ ကျွန်ုပ်တွင် စွဲကပ်နေသော အိုင်ဖုန်းရောဂါသည်လည်း တစ်နေ့တခြား ပိုပို၍ ဆိုးရွားလာလေတော့၏။

ထိုကဲ့သို့ ကျွန်ုပ် လုံးဝမမြင်ဘူး မကိုင်ဘူးသော အိုင်ဖုန်းဆိုသောအရာကို မညိုမြဟုဆိုသော မိတ်ဆွေအမျိုးသမီးက ကျွန်ုပ်၏ အတွေးထဲသို့ လာရောက် ထည့်ပေးခဲ့လေ၏။ ထိုမမြင်ဘူး မကိုင်ဘူးသော အိုင်ဖုန်းကို ကျွန်ုပ်သည် အစွဲကြီး စွဲလန်းလျှက်ရှိရကား မစားနိုင်မသောက်နိုင် မအိပ်နိုင်ပင်ဖြစ်လျှက် ကျန်းမာရေးပင် ချို့ယွင်းလာလေတော့၏။ ရမည်ဟု ပြောထားသောနေ့ကို ရောက်လာလိုက် နောက်တစ်ရက်ကို ရွေ့ဆိုင်းသွားလိုက် နောက်တစ်လကို ကျော်သွားလိုက် ဖြစ်နေသည်မှာ လွန်စွာ အသဲယားစရာကောင်း၏။ ကျွန်ုပ်၏ ပင်ကိုယ်ဗီဇအရ လွန်စွာ အကြွားသန်သည့်အားလျှော်စွာ ကျွန်ုပ်ကိုယ်တိုင် လေလုံးထွားထားသော စကားများကိုလည်း တပည့်များကိုတွေ့တိုင်း လွန်စွာ ရှက်မိလေသောကြောင့် ကျွန်ုပ်သည် တပည့်များကိုပင် မတွေ့ရဲတော့သော အခြေအနေသို့ ရောက်ရှိရလေတော့၏။

ထိုကဲ့သို့ နေလာခဲ့ရာမှ တစ်နေ့တွင် မြန်မာပြည်သို့ ခေတ္တ အလည်အပတ် ပြန်သွားခဲ့၏။ မြန်မာပြည်သို့ ပြန်ရောက်ခိုက် ကျွန်ုပ်သည် ဇာတိဖြစ်သော ဧရာဝတီမြေသို့ ရောက်ဖြစ်၏။ ကျွန်ုပ်၏ ကျေးရွာတွင် ငယ်သူငယ် ချင်း အရင်းအခြာကြီး ဖြစ်သော ရွှေတိုးဆိုသော သူငယ်ချင်းသည် သွက်သွက်ခါအောင် ရူးနေသည်ကို အံ့သြ စိတ်မကောင်းစွာ တွေ့ရလေ၏။ ကျွန်ုပ်အပါအ၀င် မည်သူကိုမျှ မမှတ်မိတော့ပေ။ အားလုံကို မေ့သွားတော့၏။

ဒီနေရာ၌ အရူးကြီး ရွှေတိုးအကြောင်းကို ကျွန်ုပ်အနေနှင် အနည်းငယ်ပြောပြရန် သင့်၏။ ရွှေတိုကြီး၏ တကိုယ်လုံးတွင် အ၀တ်အစားများမှာ စုတ်ပြတ်လျှက် ရှိ၏။ အရူးရွှေတိုးသည် ကြိုးခွေတစ်ခွေကို ပုခုံးထက်တွင် စလွယ်သိုင်းထားလေ၏။ လက်တစ်ဖက်တွင်လည်း တစ်လံလောက်ရှိသော ၀ါးစိမ်းကိုင်း တစ်ကိုင်းကို ကိုင်ထား၍ အသံချဲ့စက်သံကြားသော အရပ်ဒေသများသို့ သွာရောက်၍ ၀မ်းရေးကို ဖြေရှင်းလေ၏။ သူ ကောင်းကောင်း သိသော အကြာင်းအရာတစ်ခုမှာ အလှူအိမ်များမှ ဖွင့်သော အသံချက်စက်သံကိုမူ ကောင်းကောင်း မှတ်ထားလေ၏။ ကျွန်ုသည် ကျွန်ုပ်၏ ငယ်သူငယ်ချင်း အရင်းအခြာကြီး ဖြစ်သော ရွှေတိုးတစ်ယောက် မည်ကဲ့သို့ ရူးသွတ်သွားရသနည်းဟု ရွာမှ သူငယ်ချင်းများထံတွင် စုံစမ်းကြည့်လေရာ ရွာမှ သူငယ်ချင်းများက အောက်ပါအတိုင်း ပြောပြလေ၏။

ရွှေတိုကြီးက အရမ်းသနားဖို့ ကောင်းတယ်ကွ။ အရူးတကာ့ အရူးထဲမှာ ဥစ္စာရူး ဖြစ်မယ်ထင်တယ်။ ပြီးခဲ့တဲ့ ၄-နှစ်လောက်တုန်းက ဒီကောင်က မြင်းရူးရူးတယ်လေကွာ။ ဧရာဝတီမြစ် တစ်ဘက်ကမ်းမှာ ရှိတဲ့ သူ့ဦးလေး ဆီကို ဒီကောင် အလည်သွားတယ်။ အဲဒီမှာ သူ့ဦးလေးက သူ့ကို သီတင်းကျွတ်ရင် မြင်းတစ်ကောင် ၀ယ်ပေးမယ် လို့ ပြောလွှတ်လိုက်တယ်ကွ။ အဲဒီကောင် အရှေ့ဘက်ကမ်းက ပြန်လာတဲ့ အချိန်က စပြီး မြင်းရူး ရူးတော့တာပဲ ။ အချိန်ပြည့် မြင်းအကြောင်း ပြောနေတော့တာပဲ။ သူ့ဦးလေးက မြင်းတစ်ကောင် ၀ယ်ပေးမယ်လို့ ပြောလိုက် ကြောင်း အဲဒီမြင်း ၀ယ်တဲ့နေ့ကျရင် ဘယ်လို စီးမယ်ဆိုတဲ့ အကြောင်း သူ့မြင်းကို သူဘယ်လို ဂရုစိုက်မည် ဆိုသည့်အကြောင်း ဒါတွေဘဲ ပြောနေတော့တာပဲ။

ဒါပေမယ့် သူ့ဦးလေးကလည်း အတော်ရက်စက်တယ်ကွာ။ တစ်ခေါက်သွားရင် တစ်ခါရက်ရွေ့တယ်။ နောက်တစ်ခေါက် သွားတော့ နောက်တစ်ခါ ရက်ရွေ့တယ်။ သီတင်းကျွတ်သွားရင် တန်ဆောင်မုန်း ကို ရွေ့တယ်ကွာ။ တန်ဆောင်မုန်းမှာသွားရင် သင်္ကြန်ကို ရက်ရွေ့တယ်ကွာ။ သူ့ဦးလေးကလည်း အတော်ရက်စက်တယ်ကွာ။ အစောကြီးကတည်းက မ၀ယ်ပေးချင်ရင် ဘာမှ မပြောနဲ့ပေါ့ကွ။ အခုတော့ ဟုတ်တာလဲ မဟုတ်ဘဲနဲ့ ရွှေတိုးကြီးကို မျှော်လင့်ချက်တွေ ပေးပေးပြီး နောက်ဆုံးတော့ ရွှေတိုးကြီးဟာ မင်းမြင်တဲ့အတိုင်း သွက်သွက်ခါခါ အောင် ရူးသွားတော့တာပဲဟေ့။ အဲဒီ အချိန်ကစပြီး ရွှေတိုးတစ်ယောက် မြင်းကလွဲရင် ဘာမှကို မသိတော့ဘူးဟု ကျွန်ုပ် အား ပြောပြလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏ ခေါင်းထဲတွင် အတွေးတစ်စ ၀င်ရောက်လာလေ၏။ အရူးရွှေတိုးကြီးက မြင်းကို လိုချင်တာ မရသောကြောင့် သွက်သွက်ခါခါအောင် ရူးသွားရလေ၏။ ကျွန်ုပ်မှာမူ iPhone ကို မရသောကြောင့် ရူးချင်ချင် ဖြစ်နေ၏။ ထို့ကြောင့် ကျွန်ုပ်နျင့် ရွှေတိုးကြီးသည် နှစ်ယောက်စလုံး အရူးများသာ ဖြစ်ကြလေ၏။ နှစ်ယောက်စလုံးမှာ မရနိုင်သည်ကို မျှော်လင့် တမ်းတရင်း ရူးသွတ်နေခြင်းပင်ဖြစ်လေ၏။ ရွှေတိုးကြီးက သွက်သွက်ခါအောင် ရူးသွတ်နေ၍ ကျွန်ုပ်မှာမူ ယဉ်ယဉ်လေး ရူးနေခြင်း ဖြစ်၏။ အမှန်တကယ်တော့ အရူးများ သာ ဖြစ်ကြသည် မဟုတ်ပါလား။ ထိုနေ့မှစ၍ ကျွန်ုပ်သည် ကျွန်ုပ်နှင့် အပြင်မှာ တစ်ခါတစ်ရံမျှ တွေ့ဘူးမြင်ဘူးခြင်း မရှိသော လွန်စွာ သဘောကောင်း၍ အပြောချိုသော မညိုမြဟူသော အမေရိကမှ အမျိုးသမီး လက်ဆောင်ဝယ်ပေးမည်ဟု ဆိုသော အိုင်ဖုန်းဟူသောအရာကို ကျွန်ုပ်၏ ဦးနှောက်နှင့် နှလုံးသားအတွင်းမှ အပြီးအပိုင် မောင်းထုတ်လိုက်လေတော့သတည်း။

ကြာသပတေးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

တနင်္လာနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

အင်္ဂါနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း

ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်း

ကြာသပတေးနေဒုတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

စနေနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

တတိယအိမ်နီးချင်း

တတိယအိမ်နီးချင်း အကြောင်းကို ပြောပြရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်၏အိမ်နှင့် ကပ်လျက်အိမ်ကို ဝယ်ပြီး အိမ်သစ်ပြင်ဆောက်၍ နေသောသူ ဖြစ်၏။ သူ၏အမည်မှာ ကိုစိန်ဖေဟူ၍ ဖြစ်၏။ သူသည် မူလတန်းကျောင်းအုပ် လုပ်ခဲ့ဖူးသည်ဟု သိရ၏ စကားပြောလျှင် သူ့ကိုယ်သူ “ဆရာတို့က” ဟု ခေါင်းစဉ်တပ်၍ ပြောလေ့ရှိ၏။ သူသည် အိမ်ပြင်၍ ဆောက်သောအခါ၌ ကျွန်ုပ်၏မြေကို ခြောက်လက်မ ခိုး၍ ဆောက်လေ၏။ သူ၏ အိမ်ခေါင်းရင်းတွင်လာ၍ ဆောက်သူကလည်း သူ့ထံမှ မြေခြောက်လက်မကို ခိုးယူ ပြန်၏။

ထိုအခါ၌ ဦးစိန်ဖေသည် မခံမရပ်ဖြင့်ကာ မြေတိုင်းစာရေးကို ခေါ်၍ မြေတိုင်းလေတော့၏။ ခြောက်လက်မ ခိုးယူထာကြောင်း ထင်ရှားလျှင် ဦးစိန်ဖေက ရပ်ကွက်လူကြီးများကို ပြသတိုင်းတန်းလေတော့၏။ ထို့ကြောင့်သူ၏ ခေါင်းရင်းအိမ်မှ လူသည် ရေတံလျှောက် ကြီးကို ဖြတ်ပစ်လိုက်ရ၏။ ပြတင်းပေါက်မှ တံခါးများကို အသေပိတ်ပစ်လိုက်ရ၏။ ပြတင်းပေါက်ပေါ်တွင် လုပ်ထားသော ဆန်းရှိတ်ပင် ဖြိုချပစ်လိုက်ရ၏။ ထိုကိစ္စများ ပြီးသွားသောအခါ၌ ကျွန်ုပ်မှာလည်း ဖဲဝိုင်း မရှိသောကြောင့် အားလပ်နေသည်ဖြစ်ရာ တစ်စုံတစ် ယောက်ကို ပြဿနာရှာဦးမှပဲဟု တွေးကာ မြေတိုင်းစာရေးကို ခေါ်၍ မြေတိုင်းခိုးလေတော့၏။

ထိုအခါ ဆရာဦးစိန်ဖေသည် ကျွန်ုပ်ထင်သကဲ့သို့ ကျွန်ုပ်၏ မြေကို ခြောက်လက်မ ခိုးထားခြင်းမဟုတ် တစ်ပေတိတိ ခိုးထားကြောင်းတွေ့ရလျှင် ကျွန်ုပ်လည်း ရပ်ကွက် လူကြီးများကို ပြသ၍ တိုင်းတန်းရလေ၏။ ဓာတ်ပုံများ ရိုက်ကူး၍ မှတ်တမ်းတင်ရလေ၏။ ဆရာဦးစိန်ဖေသည် မျက်ဖြူဆိုက်နေပြီ ဖြစ်၏။ သူ၏ ခေါင်းရင်းအိမ်မှ လူကို လုပ်သကဲ့သို့ ကျွန်ုပ်က သူအား လုပ်ရပါမူသူ၏ အိမ်နံရံ တစ်ချပ်လုံး ဖြိုချပစ်ရမည် ဖြစ်၏။ ထိုအဖြစ်ကို ကြားလျှင် ဦးစိန်ဖေ၏ ခေါင်းရင်းအိမ်မှလူသည် ကျွန်ုပ်အိမ်သို့ မဖိတ်ခေါ် ရပါပဲလျက် လာ၍လည်၏။

ထို့နောက် ထိုသူက “မိတ်ဆွေကြီး အမှုကို ကျုပ်ဝယ်ချင်လိုက်တာဗျာ၊ ဘာမှမဟုတ်ပါဘူး၊ ဒီလူကြီးကို နှိပ်စက်ချင်လို့ပါ” ဟု ပြောင်ပြောင်တင်းတင်းပြောလေ၏။ ကျွန်ုပ်ကလည်း ထိုလူကြီးအား “ဆရာတို့က ဆရာတို့က ” ဟု ပြောလေ့ရှိသည်ကို နားကလောနေရကား ကျွန်ုပ်အမှုကို မရောင်းနိုင်ပေ၊ ရှိုးသမား စကားဖြင့် ပြောရပါမူ ဒီတစ်လှည့်တွင် ရှိသမျှပုံ၍ ရှိုးရမည့်အလှည့် ဖြစ်၏။

ကျွန်ုပ်သည် ဦးစိန်ဖေကြီးအား.. “ ဘယ်လိုလဲ ဆရာကြီး” ဟု မေးလိုက်ရာ ဦးစိန်ဖေကြီးက “ကျုပ်လဲ မတိုင်းမိဘဲ ဆောက်လိုက်မိပါတယ်ဗျာ၊ အိမ်နီးချင်းတွေပဲ မြေကလေး တစ်ထွာတစ်မိုက်အတွက် နင်လား ငါလား ပြောကြဆိုကြဖို့ မရှိပါဘူး၊ ကျုပ်တို့တောမှာဆိုရင် သူ့မြေကိုယ့်မြေ တစ်လံနှစ်လံဝင်ပြီး ဆောက်ကြတာ” ဟု ပြောလေ တော့၏။ “တောမှာတော့ ဟုတ်ပါလိမ့်မယ် ဆရာကြီး မြို့မှာဆိုတော့ မရဘူ၊ ခြောက်လက်မလောက် ကိုယ့်မြေထဲ ရောက်နေရင် တချို့ ဆိုေ ရတံလျှောက်တွေ ဖြတ်ခိုင်း၊ ပြင်းပေါက်မိုးတွေ ဖြိုခိုင်းလုပ်ကြတာ မဟုတ်လား၊

ခြောက်လက်မဆိုရင်တော့ ကျွန်တော်အနေနဲ့ဘာမှ မပြောပါဘူး၊ အခုဟာက တစ်ပေခင်ဗျ၊ အဲဒီတော့ ကျွန်တော့်အနေနဲ့ မတရားလဲ မလုပ်ချင်ပါဘူး၊ ဆရာကြီး လုပ်တဲ့နည်းအတိုင်းပဲ ကျွန် တော့်မြေ ကျွန်တော် လိုချင်တယ်၊ ကျွန်တော်မြေထဲ ရောက်နေတဲ့ ဆရာကြီးရဲ့ အဆောက်အဦး ဖျက်ပေးဖို့ပါပဲ” ဟု ကျွန်ုပ်က ပြော လိုက်ရာ ဦးစိန်ဖေ၏ မျက်နှာသည် ဝါအဝင်၌ စွန့်ပစ်ခြင်းခံရသော နတ်အုပ်သီးကဲ့သို ရှုံ့တွ၍ သွားလေတော့၏။ အိမ်ကို ဖျက်ပစ်ရန် အခက်အခဲရှိသော ဆရာဦးစိန်ဖေသည် ကျွန်ုပ်အား ငွေသုံးသောင်း အလျှော်ပေးရတော့၏။

ကျွန်ုပ်၏မြေတစ်ကွက်လုံး ဝယ်လျှင်ပင် သုံး သောင်းနှင့်ပင် ရနိုင်၏။ ယခုမူ မြေတစ်ပေအတွက် ငွေသုံးသောင်းကို ကျွန်ုပ်က လက်ဖြောက်တီး၍ ယူလိုက်လေ၏။ ဦးစိန်ဖေကြီး ကား ကစားလိုက်သည်နှင့် ခါးကျိုးသွားသော ရှစ်သုံးလုံး ဖဲထုပ်နှင့် တူ၏။ ကျွန်ုပ်မှာမူကား ကုလားဖန် ထိုးရခက်သော အေဝမ်းဖဲထုပ်နှင့်တူ၏။ သို့ရာတွင် ကျွန်ုပ်တို့နှစ်ဦးသည် အိမ်နီးချင်းများသာတည်း။

ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသော အချိန်များ

ဒီနေ့က ကျွန်တော့်ရဲ့ အသက် (၃၄)နှစ်ပြည့်ပြီး (၃၅)နှစ်ထဲကို ၀င်တဲ့ မွေးနေ့လေးပါ။ ကျွန်တော်က ၈.၈.၁၉၇၇ တနင်္လာသားဆိုတော့ ဒီနှစ်မွေးနေ့လေးက မွေးရက် မွေးလ မွေးနေ့ အားလုံးတိုက်ဆိုင်တဲ့ နေ့လေးပါ။ မွေးနေ့မှာ ဘာတွေ အမှတ်တရ လုပ်ဖြစ်လဲဆိုတော့ ညဦးပိုင်းတုန်းက အော် မနက်ဖြန် ငါ့မွေးနေ့ပါလား ဆိုတာ တစ်ချက် သတိယတယ်။

မိုးလင်းပိုင်းရောက်တော့ မိုးလင်းကတည်းက ဗေဒင်မေးတဲ့ ဧည့်သည်တွေ ရောက်လာတယ်။ ဟောစာတမ်း ကိစ္စတွေနဲ့ အလုပ်များနေတာ မွေးနေ့ဆိုတာကိုတောင် မေ့နေမိတယ်။ ညနေလောက် ရောက်တော့မှ သတိယဖြစ်သွားတယ်။ ဒါပေမယ့် ဘာပွဲမှ မလုပ်ဖြစ်ပါဘူး။ ဒီတိုင်းလေးပဲ တိတ်ဆိပ်ငြိမ်သက်စွာ မွေးနေ့ကို ကျော်ဖြတ်ဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့ အထိမ်းအမှတ် ဒီနေ့ည ကျွန်တော် စောစောအိပ်တော့မယ်ဗျာ။ အာလုံးပဲ ဂွတ်နိုက်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၃၀)တွင်း

တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)အတွင်း

အင်္ဂါနေ့ဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၀၀)ခွဲ၊ညနေ(၄း၀၀)မှ(၇း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ၁၀း၃၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်မွန်းတည်း(၁၂း၀၀)မှ (၁း၃၀)တွင်း

ကြာသပတေးနေဒုတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၁၀

တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း
တတိယကံမြင့်ချိန်မွန်းတည့်(၁၂)မှ(၁း၃၀)တွင်း

ဖားသားဆီပြန်ဟင်း

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သော လူကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလာလေ၏။ ကျွန်ုပ် ကြီးပြင်းခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းကိုပီတာကြီးအား အရူးပီတာဟု ခပ်လွယ်လွယ် ခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ထို့သို့ မခေါ်ရက်သောကြောင့် ကိုပီတာဟုပင် ခေါ်ဝေါ်ခဲ့လေ၏။

ကိုပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်..“ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်…” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။ ကျွန်ုပ်ကမူ.. “ ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့မနက်စာ ဘာဟင်းနဲ့စားမလဲ ပြောစ်းပါဗျာ၊ ကျုပ် ချက်ကျွေးစမ်းပါရစေ” ဟု မေးလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူးကွာ၊ ဈေးထဲမှာ စားဖားတွေရနေပြီ၊ ဖားသားဆီပြန် တစ်ခွက်ရယ်၊ ငါးပိထောင်းစပ်စပ် ကလေးတစ်မယ်ရယ်၊ ဟင်းခါးပူပူရယ်၊ မုန်လာဥသုပ်ရယ် ငါးပိရည်တို့စရာပေါ့ကွာ၊ ဒီ့ထက်လည်း မပြောတတ်ပါဘူး” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ဂျလေဘီ မောင်ဆုဟုခေါ်သော တပည့်လေးအား ဈေးသို့ လွှတ်ရလေတော့၏။ မောင်ဈေးမှ ပြန်လာသောအခါ၌ သီဟိုဠ်ပင်အောက်တွင် မီးသွေးဖိုကလေးကိုချ၍ ကိုပီတာကြီးနှင့် စကားပြောရင်း ထမင်းဟင်းလျာများကို ချက်ပြုတ်ရလေတော့၏။ ကိုပီတာကြီးနှင့် စကား လက်စပြတ်သွားသော အခါ၌ ကျွန်ုပ်သည် ဖတ်လက်စ စာအုပ်ကြီးတစ်အုပ်ကို ဆက်၍ ဖတ်နေလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ် စာဖတ်နေသည်ကို အံ့သြသော မျက်နှာဖြင့် ငေးမောကြည့်ရှုနေလေ၏။

ကျွန်ုပ်ဖတ်နေသော စာအုပ်ကြီးမှာ လွန်စွာထူ၏။ လွန်စွာမှလည်း ခန့်ညား၏။ ထို့အပြင် မြန်မာ ဘာသာဖြင့် ရေးထားသော စာအုပ်လည်း မဟုတ်ပေ။ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော စာအုပ်ကြီးဖြစ်၏။ ထိုစာအုပ်ကြီးမှာ အင်္ဂလိပ်စာ ကောင်းစွာ တတ်ကျွမ်း၍ အနက်အဓိပ္ပါယ်ကို အရသာ ခံနိုင်သောသူတို့ အရေးတယူ ဖတ်လေ့ရှိသော စာအုပ်ကြိးဖြစ်၏။ ထိုစာအုပ်ကြီးကို မဖတ်ဖူးလျှင်ပင် အင်္ဂလိပ်စာကို နှံ့နှံ့စပ်စပ် ဖတ်ဖူးသည်ဟု ပြောရန် ခက်ပေလိမ့်မည်။ တိုတိုနှင့် လိုရင်းဆိုရပါမူ တကယ်တတ်ကျွမ်းသော အင်္ဂလိပ် စာသမားတို့၏ အသည်းစွဲ စာအုပ်ကြီး တစ်အုပ်ဖြစ်လေ၏။

ကျွန်ုပ်သည် “ငွေတစ်ပဲနှင့် ငါးကြင်းခေါင်းထက်ကိုင်” ဆိုသော စကားပုံကံသို့ ထိုစာအုပ်ကြီးကို တက်၍ကိုင်နေခြင်းဖြစ်၏။ အမှန်စင်စင်အားဖြင့် ကျွန်ုပ်တက်ကျွမ်းသော အင်္ဂလိပ်စာအဆင့် အတန်းမှာ သူငယ်တန်းမျှလောက်သာရှိ၏။ သို့ရာတွင် အဘယ်ကြောင့် ကျွန်ုပ်နှင့် အဆင့်မမီသော ထိုစာအုပ်ကြီးကို ဖတ်နေရသနည်းဆိုမူ “ကျုပ်လည်း အဲဒါကြီးကို ဖတ်ဖူးပါတယ်ဗျာ..” ဟု မုသားမပါဘဲ ဂိုက်ထုတ်ကြွားဝါ လိုသောကြောင့် ဖတ်နေရခြင်းဖြစ်၏။ ကျွန်ုပ်သည် ထိုစာအုပ်ကို ဖတ်နေရသော ခဏ၌ ကြီးမားသော ဝဋ္ဋ်ဒုက္ခတစ်ခုကို ခံစားနေရသကဲ့သို့ရှိ၏။

သို့ရာတွင် တစ်စုံတစ်ယောက်က “ဒီစာအုပ်ကြီး ဖတ်ရတာ ဘယ့်နဲ့လဲ” ဟုမေးပါမူ “ကောင်းသဗျာ၊ ကျုပ်တော့ဖြင့် အလွန်ကို ကြိုက်တာပဲ” ဟူ၍ ခပ်ကြွားကြွားလေး ပြန်၍ဖြေမိပေလိမ့်မည်။ “ ကိုယ့်အကြောင်း ကိုယ်သိ” ဆိုသကဲ့သို့ ကျွန်ုပ်သည် ဤမျှခက်ခဲ လေးနက်သော စာအုပ်ကြီးကို ဖတ်နေငြားသော်လည်း အမှန်အားဖြင့် ကောင်းစွာနားမလည်ပေ။ သို့မဟုတ် လုံနားမလည်ပေ၊။ ကျွန်ုပ်သည် ထိုစာအုပ်ကြီးကို ခပ်တည်တည်ဖြင့် ဖတ်နေ၏။ ကိုပီတာကြီးသည် အံ့သြသကဲ့သို့ ကျွန်ုပ်အား ကြည့်နေ၏။ သို့ရာတွင် တစ်စုံတစ်ရာပြောဆိုခြင်း မပြုရှာပေ။

ကျွန်ုပ်ချက်သော ဖားသားဟင်းဆီပြန်၊ မုန်လာဥသုပ်၊ ပိန်းရိုးဟင်းခါးစသည်တို့မှာ ကျက်သွားပြီဖြစ်သောကြောင်း ထိုအနား၌ပင် ထမင်းစား စားပွဲဝိုင်းကလေးကိုချ၍ ထမင်းပွဲပြင်ကာ ကိုပီတာကြီးအား ကျွေးမွေးရလေတော့၏။ ကိုပိတာကြီးသည် ထမင်းကို မြိန်ရှက်စွာစားနေ၏။ ထမင်းစားပြီးသောအခါ၌ ရေနွေးကြမ်း၊ ထန်းလျက်ဖြူ ဆုပ်တို့ဖြင့် အချိုပွဲ တည်းလျက်ရှိလေ၏။ အချိုပွဲကို လက်စသပ်ပြီးသော အခါ၌ ကျွန်ုပ်ထံမှ စီးကရက် တစ်လိပ်ကို တောင်းယူကာ ရှိုက်ဖွာ၍ နေပြန်လေ၏။

ထို့နောက် ကိုပီတာကြီးက.. “ဖိုးအောင်ထွန်းရေ..မင်းကို နာရောပဆိုတဲ့ လူတစ်ယောက်အကြောင်း ပြောပြရဦးမယ်” ဟု စကားစလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “ပြောပါဗျာ.. ပြောပါ၊ နားထောင်ပါ့မယ်” ဟု ပြန်၍ပြောလိုက်မိလေ၏။ “ဒီလိုကွ..ရှေးအခါတုန်းက အိန္ဒိယပြည်မှာရှိတဲ့ ကျောင်းတော်ကြီးတစ်ခုမှာ ကျောင်းအုပ် ဆရာကြီးတစ်ဦးဖြစ်တဲ့ နာရောပဆိုတဲ့ လူတစ်ယောက်ဟာ အလွန်ခက်ခဲနက်နဲတဲ့ ကျမ်းစာအုပ်ကြီး တစ်အုပ်ကို ဖတ်နေတယ်၊ အဲဒီကျမ်းစာအုပ်ကြီးကလည်း ရှေးဟောင်း စာအုပ်ကြီးဆိုတော့ သက္ကတ ဘာသာနဲ့ ရေးထားတာကွ၊ နာရောပဟာ တခြားဘာသာရပ် တွေကိုတော့ ကောင်းစွာ တတ်ကျွမ်းချင် တတ်ကျွမ်းပေမပေါ့ကွာ၊ ဒါပေမဲ့ သက္ကတဘာသာနဲ့ ပတ်သက်ရင်တော့ ဟန်ကျပန်ကျတတ်တာ မဟုတ်ဘူးကွ၊

မင်းအနေနဲ့ နားလည်အောင်ပြောရရင် နာရောပတတ်တဲ့ အဆင့်က သူငယ်တန်းလောက် တတ်တာကွ၊ သူဖတ်နေတဲ့ စာအုပ်ကြိးရဲ့ အဆင့်က သက္ကတဘာသာမှာ ပါရဂူဘွဲ့လောက် ရတဲ့လူလောက်မှ ဖတ်နိုင်၊ နားလည်နိုင်မှာကွ၊ ဒါပေမဲ့သူက အဲဒီကျမ်းကြီးကို ဘာကြောင့်ဖတ်နေသလဲဆိုတော့ “ကျုပ်လည်း ဒီကျမ်းကြီးကို ဖတ်ပြီးနေပါပြီဗျာ” လို့ ပြောလို့ရအောင် ဖတ်နေတာကွ၊ အမှန်က သူ့အနေနဲ့ ဖတ်သာ ဖတ်နေတာ၊ တစ်လုံးမှ နားမလည်ဘူး၊ အဲဒီတော့လည်း ဖတ်ရင်းနဲ့ အိပ်ငိုက်လာတာပေါ့ကွာ၊

အဲဒီတော့ ကျမ်းကြီးကို ခေါင်းအုံးပြီး အိပ်ပါလေရော အဲဒီမှာ အိပ်မက်မက်တော့တာပဲ” ဟု ကိုပီတာကြိးက ဖြည်းညှင်းစွာပြောရင်း ပြောလိုသည့်အကြောင်းအရာကို အခိုင်အမာ တည်ဆောက်လိုက်လေ၏။ “ အတော့်ကို စိတ်ဝင်းစားဖို့ ကောင်းတာပဲ၊ ဆက်ပြီး ပြောပါဥိး ကိုပီတာကြီးရဲ့” ဟု ကျွန်ုပ်က ပြောရလေ၏။ ထိုအခါ၌ ကိုပီတာကြီးသည် ဆက်၍ပြောပြန်လေ၏။

“နာရောပရဲ့ အိပ်မက်ထဲမှာ အဝတ်စုတ်တွေဝတ်ထားတဲ့ အဘွားကြီးတစ်ယောက် သူ့ရှေ့ကိုရောက်လာတယ်၊ အဲဒီအဘွားကြီးဟာ ရုပ်ဆိုလိုက်တာလည်း မပြောနဲ့တော့ သူ့မျက်နှာကိုမြင်ပြီး နာရောပဟာ လန့်နေတယ်၊ အဘွားကြီးက နာရောပကို “ဘာတွေဖတ်နေတာလဲ” လို့ မေးတယ်၊ နာရောပက “ရှေးဟောင်းသက္ကတ ကျမ်းစာတစ်စောင်ဖတနေတာပါ” လို့ ပြန်ပြီး ဖြေတယ်၊ အဲဒီအခါမှာ အဘွားကြီးက “ဖတ်တာတော့ ဟုတ်ပါပြီး နားရောလည်ရဲ့လား” လို့ မေးလိုက်တယ်၊ အဲဒီတော့ နာရောပက “ဘာဖြစ်လို့ နားမလည်ရမလဲဗျ နားလည်လို့ဖတ်တာပေါ့” လို့ ပြန်ပြီးဖြေလိုက်တယ်၊ အဲဒီတော့ အဘွားကြီးက “နားလည်တယ်ဆိုတာ အဲဒီကျမ်းထဲမှာပါတဲ့ စကားလုံးတွေကို နားလည်တာလား ကျမ်းရဲ့ဆိုလိုချက် အနှစ်သာရကိုနားလည်တာလား” လို့ ထပ်ပြီးမေးလိုက်တယ်၊ အဘွားကြီးက မေးရုံတင်မေးတာ မဟုတ်ဘူးနော်၊နာရောပရဲ့မျက်လုံးကို သူ့မျက်လုံးနဲ့ စိုက်ပြီး ကြည့်လိုက်သေးတယ်၊

အဲဒီတော့ နာရောပဟာ မလိမ့်ဝံ့တော့ဘူး “တကယ်ပြောရရင်တော့ စကားလုံးတွေကိုတောင် မနားနားလည်အောင်လုပ်နေပါတယ်ဗျာ၊ သူ့ရဲ့အဓိပ္ပါယ်အနှစ်သာရကိုတော့ နားမလည်ပါဘူး” လို့ နာရောပက အမှန်အတိုင်းပြောလိုက်တယ်၊ အဲဒီလို အမှန်ကိုလည်း ပြောလိုက်ရော အဘွားကြီးဝတ်ထားတဲ့ အဝတ်စုတ်တွေဟာ ပျောက်ကွယ်သွားပြီး အလွန်လှပသစ်လွင်တဲ့ အဝတ်အစားတွေဖြစ်သွားတယ်၊ အကျည်းတန် အရုပ်ဆိုးတဲ့ အဘွားကြီးလည်း ပျောက်သွားပြီး ငယ်ရွယ်လှပတဲ့ မိန်းမချောလေး ဖြစ်သွားတယ်၊

တိုတိုပြောရရင် နာရောပဟာအမှန်ကိုပြောလိုက်တဲ့အတွက် အရုပ်ဆိုးအကျည်းတန်တာပျောက်ပြိး အလှအပပေါ်လာတာ၊ အဲဒီလှပတဲ့ မိန်းကလေးဟာ နာရောပရဲ့ရှေ့မှာ ဝမ်းသာတဲ့ အထိမ်းအမှတ်နဲ့ ကနေတယ်၊ အဲဒီတော့ နာရောပက အံသြပြိး “ဘယ်လိုဖြစ်သွား တာလဲ ”လို့မေးလိုက်တယ်၊ အဲဒီတော့ အဘွားကြီး ဘဝပြောင်းပြီး မိန်းမချောလေး ဖြစ်သွားတဲ့သူက “ဘယ်လိုမှဖြစ်တာ မဟုတ်ဘူးဟေ့ နင်ဟာ ကျောင်းအုပ်ဆရာကြီးပဲ၊ နင်ဟာ ပညာရှိကြီးပဲ၊ ဒါပေမဲ့ နင်ဟာမလိမ်ဘူး၊ နာရောပရေ၊ မတတ်ဘဲနဲ့ တတ်ချင် ယောင်မဆောင်ဘူး၊ မသိဘဲနဲ့ သိချင်ယောင်မဆောင်ဘူး၊ မကြွားဘူး၊ သူတစ်ပါးကိုလည်း ဟန်ဆောင်လိမ်လည်ခြင်းမပြုဘူး၊ နင့်ကိုယ်နင်လည်း မလိမ်ဘူး၊ ဒါကြောင့် အကျည်းတန်မှု၊ အရုပ်ဆိုးမှုတွေပျောက်ပြီး အလှတရားတွေ ပေါ်လာတာ၊ ဒါကြောင့် ဝမ်းသာပြီး ငါက ကနေတာ” လို့ ပြန်ပြီးပြောတယ်။

အဲဒီမှာ နာရောပက အဓိပ္ပာယ် အကောင်လွဲပြီး “ငါက မတတ်ပါဘူး၊ နားမလည်ပါဘူးလို့ ပြောတာတောင် ဒီမိန်းမကြီး ဒီလောက်ပျော်သွားရင် တတ်ပါတယ်၊ နားလည်ပါတယ်လို့ များပြောရင် ဘယ်လောက်များ ပျော်ရှာနိုင်မယ်မသိဘူး” ဆိုပြီး သူရဲ့စကားကို ပြင်ပြီးပြောတယ်။ “ ဒီလိုဗျ… ကျုပ်ဟာ ဒိကျမ်းစာအုပ်ကြီးကို ဖတ်တော့ဖတ်တယ်၊ အဓိပ္ပါယ်အနှစ်သာရကို မသိပါဘူး၊ လူအထင်ကြီးအောင် ဖတ်နေတာပါလို့ ဆိုတဲ့စကား အလကားပြောတာဗျ၊ ကျုပ်ဟာ ဒီကျမ်းကို ကောင်းကောင်းကြီး ဖတ်တတ်တယ်၊ အနက်အဓိပ္ပာယ်နဲ့ တကွ သူ့ရဲ့ဆိုလိုချက် အနှစ်သာရကိုလည်း ကောင်းကောင်းကြီး သဘောပေါက်တယ်” လို့ ပြောလိုက်တယ်၊

အဲဒီအခါမှာ ကနေတဲ့ မိန်းကလေးဟာ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ကြူကြူပါအောင် ငိုတော့တာပဲ၊ သူဝတ်ထားတဲ့ လှပသစ်လွင်တဲ့ အဝတ်အစားတွေ ဟာလည်း ချက်ချင်းပဲ အဝတ်စုတ်တွေဖြစ်သွားတယ်၊ လှပတဲ့မိန်းကလေးဟာလည် အရုပ်ဆိုး အကျည်းတန်တဲ့ မိန်းကလေးဖြစ်ပြန်ဖြစ်သွားတယ်၊ ပြီးတော့ နာရောပဟာ အိပ်ရာက လန့်နိုးသွားတယ်၊ ပြီးတော့ သူ့အဖြစ်အပျက်ကို သူ အပြီးအပိုင် သဘောပေါက်သွားတယ်”

ကိုပီတာကြီးသည် သူစကားကို အဆုံးသတ်လိုက်ပြီးနောက် ရေနွေးကြမ်းတစ်ခွက်ကို မော့ လိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “အဲဒါ ဘယ်လိုဖြစ်တာလဲ ကိုပီတာကြိးရဲ့ ရှင်းပြပါဦး” ဟု မေးလိုက်ရလေ၏။ “ နာရောပဟာ သူတကယ်မတတ်ဘဲနဲ့ တတ်ချင်ဟန်ဆောင်တယ်လေကွာ၊ သူ တကယ်မသိဘဲနဲ့ သိချင်ဟန်ဆောင်တယ်လေကွာ၊ အဲဒီအလုပ်တွေဟာ လိပ်ပြာက သူ့ကို ပြန်ချောက်ပြီး အိပ်မက် မက်တာပေါ့၊ အခု ငါပြောတဲ့ လိပ်ပြာဆိုတဲ့စကားက သူ့ရဲ့ ပကတိစိတ်ကို ပြောတာ၊ အိပ်ရာကလည်း နိုးရော သူဟာ ဟန်ဆောင်မှုတွေကိ လွှတ်ချလိုက်တယ်၊ မတတ်ဘဲနဲ့ လူအထင်ကြီးောအင် သိချင်ယောင် မဆောင်တော့ဘူး၊ ပကတိအတိုင်းနေမယ်ဆိုပြီး အလုပ်ကထွက်သွားတယ်၊ နောက်ဆုံးမှာ အမှန်တကယ် တတ်သိနားလည်တဲ့ ရိုးသားနဲ့ ပဏ္ဍိတ်နာရောပ ဖြစ်သွားတယ်” ဟု ပြောဆိုရယ်မောလေ၏။

ကျွန်ုပ်လည်း အူကြောင်ကြောင် ရယ်မောလိုက်ရလေ၏။ ထို့နောက် ကိုပီတာကြီးက … “သနားစရာကောင်းတဲ့ မောင်အောင်ထွန်းရေ.. အသက်လည်း ခြောက်ဆယ်ငါးနှစ်ရောက်နေပြီ၊ ခုအချိန်ထိ ကိုယ့်ကိုယ်ကို လိမ်ဦးမလို့လား၊ သူတစ်ပါး အထင်ကြီးအောင် ကိုယ်တကယ်မတတ်တဲ့ အင်္ဂလိပ်စအုပ်ကြီးတွေ ကိုယ်ပြဦးမလို့လား နာရောပကိုတော့ လိပ်ပြာက ချောက်တယ်နော်၊ မငိးကိုတော့ လိပ်ပြာထက်ဆိုးတဲ့ ဘီလူးက လာပြီးချောက်လိမ့်မယ် ရပ်တန်းက ရပ်ပေတော့“ ဟုပြောကာ ကျွန်ုပ်၏ကျောကုန်းကို သူ၏ လက်သီးကြီးဖြင့် ဘန်းကနဲ့ ထုကာ ကြောင့်ကြမဲ့သော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ခြံအတွင်းမှ ပကတိ ငြိမ်းချမ်းသောအမူအရာဖြင့် ထွက်သွားလေတော့၏။

ထို့နောက်တွင်ကာ ကျွန်ုပ်၏ စာအုပ်စင်တွင် ကျွန်ုပ်ကိုယ်တိုင် တကယ် မဖတ်တတ်သော လူအထင်ကြီးရုံမျှ သက်သက် တင်ထားသော အင်္ဂလိပ်စာအုပ်ကြီးများကို မြေကြီးပေါ်သို့ ပုံ၍ချကာ ဒီဇယ်တစ်ပုံး လောင်း၍ မီးရှို့လိုက်လေတော့၏။ မီးခိုးများသည် ကောင်းကင်ပေါ်သို့ လိပ်၍တက်နေ၏။ ကျွန်ုပ်၏မျက်နှာသည် ကောင်းကင်ပေါ်သို့ မော့၍ကြည့်ကာ မီးခိုးများကို ကြည့်ရင်း ကျေနပ်ကြည်နူးနေမိလေ၏။ ကျွန်ုပ်သည် လူအထင်ကြီး ခံချင်သော အကျဉ်းထောင်မှ အပြီးအပိုင် လွတ်မြောက်သွားပြီဖြစ်လေတော့သတည်း။ စိတ်မနှံ့သော ကိုပီတာကြီးအား ကျေးဇူးတင်မဆုံး….။

အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်း

တစ်ခုသော တနင်္ဂနွေနေ့၌ ကျွန်ုပ်သည် လွန်စွာရင်းနှီးသော မိတ်ဆွေလင်မယားနှစ်ဦးမှ ဖိတ်ကြားထားသော ကလေးကင်ပွန်းတပ် တစ်ခုသို့ သွားရောက်ခဲ့လေ၏။ ကျွန်ုပ် သွားရောက်သော အချိန်တွင် ဘုန်းတော်ကြီး ဆွမ်းကပ်နေသော အချိန် ဖြစ်၏။ ကျွန်ုပ်လည်း အလှူရှင်များနှင့် အတူ ၀င်ရောက်၍ ကုသိုလ်ယူရင်း ၀ိုင်းဝန်း၍ ဆွမ်းကပ်၏။ အလှူရှင်များနှင့်အတူ အလှူတော်ငွေများ ထည့်ဝင်၏။ ထို့နောက် အလှူရှင်များနှင့်အတူ ရေစက်အတူချ တရားအတူနာ အမျှအတန်းပေးဝေ၏။ ဆရာတော်များသည် ဆွမ်းဘုန်းပေး တရားတော်များကို ချီးမြင့် ရေစက်ချပြီး ပြန်ကြွသွားလေ၏။

ကျွန်ုပ်တို့ကိုလည်း ဘုန်းတော်ကြီးများ ဆွမ်းဝိုင်းအကျများကို အိမ်ရှင်များမှ ကြွေးမွေးဧည့်ခံလေ၏။ အလှူရှင် လင်မယားနှစ်ဦးမှ ကိုဟိန်းတင့်ဇော် နေဦနော် အေးဆေးပေါ့ဟု အေးဆေးမှ ပြန်နော်ဟု ပြောသဖြင့် ကျွန်ုပ်ကလည်း ရပါတယ်ဗျာ။ လုပ်ပါလုပ်ပါ။ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ဟု ပြန်ပြောလိုက်လေ၏။

ကျွန်ုပ်တို့ ခေါင်းရင်းဘက်ဝိုင်းတွင် ကျွန်ုပ်နှင့် တစ်ဝိုင်းတည်း ထိုင်နေကြသော သူ ၄-ဦးရှိ၏။ အသက်၄၅-နှစ်ခန်ရှိသော လင်မယားနှစ်ဦးနှင့် အသက် ၃၀လောက်ရှိသော အမျိုးသားတစ်ဦးဖြစ်လေ၏။ ကျွန်ုပ်အပါအ၀င် လူလေးဦး ၀ိုင်းထိုင်နေခြင်း ဖြစ်လေ၏။ လင်မယားနှစ်ဦးအနက်မှ အမျိုးသား ဖြစ်သူသည် ကျွန်ုပ်အား မကြာခန ဆိုသလို လှမ်းလှမ်း၍ အကဲခပ်ကြည်လေ၏။ အနည်းငယ်ကြာသောအခါတွင်လည်း အလှူရှင်အိမ်တွင် လူအနည်းငယ် ရှင်းသွားပြီဖြစ်၏။ တရားနာလာသော သူများသည်လည်း အလုပ်ဆင်းမီ ပြန်သွားကြပြီ ဖြစ်၏။ ထို့ကြောင့် အလုပ်ရှင်အိမ်တွင် အလှူရှင်မိသားစုနှင့် ကျွန်ုပ်အပါအ၀င် ဧည့်သည် လေးငါးယောက်လောက် သာ ရှိလေ၏။ အလှူရှင်ဖြစ်သူလည်း အခုမှ အနည်းငယ် အားလပ်သဖြင့် ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရလေ၏။

အလှူရှင် ကိုအောင်ဝင်းက ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရင်း ကျွန်ုပ်ရှေ့မှ လင်မယားနှစ်ဦးအား ကျွန်ုပ်နှင့် မိတ်ဆက်ပေးလေ၏။ ဒါက ဆရာကြီးမင်းသိင်္ခတပည့် ဗေဒင်ဆရာ ကိုဟိန်းတင့်ဇော်လေဟု မိတ်ဆက်ပေးလေ ၏။ အစောနကတည်းက ကျွန်ုပ်အား မကြာမကြာ အကဲခတ်နေသော ထိုသူသည် ကျွန်ုပ်ကို ဗေဒင်ဆရာဖြစ် သည်ဟု ကြားလိုက်ရသည်နှင့် တပြိုင်နက် ၎င်း၏ မျက်ခုံးနှစ်ဘက်သည် အနည်းငယ် မြင့်တက်သွားပြီး အံ့သြ သွားပုံရလေ၏။ ကျွန်ုပ်ကလည်း ၎င်းအား ဖော်ရွှေစွာဖြင့် ဟုတ်ပါတယ်ဗျာ။ မဟာချိုင်နေ၀စ်မှာ နေပါတယ်။ နေ၀စ်ဘက်ကို ရောက်ရင် ၀င်လည်လို့ ရပါတယ်။ ဖိတ်ခေါ်ပါတယ်ဟု ပြန်လည် နှုတ်ဆက်လိုက်၏။

၎င်းအမျိုးသားသည် ကျွန်ုပ်က ခင်မင်စွာဖြင့် ဖိတ်ခေါ်သော်လည်း ကျွန်ုပ်အား ခပ်တည်တည်ဖြင့် ကြည့်လိုက်ကာ အေးဗျ.... ကျွန်တော်ကတော့ ဗေဒင်တွေဘာတွေ တစ်ခါဘူးမှ မမေးဘူးပါဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း အသိတွေ ဗေဒင်တွေဘာတွေ သွားမေးရင်းနဲ့တော့ အဖော်လိုက်သွားဖူးပါတယ်။ ရန်ကုန် မှာနေတုန်းကလည်း ခင်ဗျားတို့ ဆရာမင်းသိင်္ခရဲ့ တပည့်တွေဆီကို လိုက်သွာလို့ ရောက်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က မေးတာတော့ မဟုတ်ပါဘူး။ အဖော်လိုက်သွားရင်း ရောက်ဖြစ်တာပါဟု ခပ်တည်တည်ဖြင့် ပြန်ပြောလေ၏။

ထို့နောက် ၎င်းက ဆက်လက်၍ ကျွန်တော် ဗေဒ်ဆရာတွေနဲ့ ပါတ်သက်လို့ နည်းနည်း အစာမကြေတဲ့ဟာလေး ရှိတယ်ဗျ။ အဲဒါကို ခင်ဗျားနဲ့ တွေ့တုန်း နည်းနည်လောက် ပြောလို့ရမလားဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က မိတ်ဆွေကြီးက ကျွန်တော်ဆီမှာ ဗေဒင်လာမေးဘူးလို့လားဟု ပြန်မေးလိုက်လေရာ ၎င်းက မမေးဘူးပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေနဲ့ ပါတ်သက်တဲ့ ကိစ္စဆိုတော့ ဗေဒင်ဆရာကို ပြောတာ ပိုကောင်းမလားလို့ဗျ။ ပြောလို့ ရရ မရရ နည်းနည်းလောက်တော့ ပြောမယ်ဗျာဟု အားမနာတမ်း ပြောလေတော့၏။ ထိုအခါ အလှူရှင် ကိုအောင်ဝင်းကလည်း ကျွန်ုပ်အား အားနာသော မျက်လုံးများဖြင့် လှမ်းကြည့်လေ၏။

ထိုအခါ ကျွန်ုပ်ကလည်း ဒီနေ့ ကျွန်တော်လာတာက ကိုအောင်ဝင်းတို့ အလှူကို လာတာပါဗျာ။ မိတ်ဆွေကြီး စကားပြောချင်တယ် မေးချင်တယ်ဆိုရင်တော့ ကျွန်တော့်အခန်းကို လာခဲ့ပါ။ ကျွန်တော် ခင်ဗျားကို ကော်ဖီတစ်ခွက်ဖျော်တိုက်ပြီး ခင်ဗျား ပြောတဲ့စကားတွေကို အေးအေးဆေးဆေး နားထောင်ပေးပါ့မယ်ဟု ပြန်ပြောလိုက်လျှင် ၎င်း မသိဆိုးဝါးလှသော ဧည့်သည်က. ကျွန်ုပ် ပြန်ပြောသည်ကို အရေး မစိုက်သော အမူအယာဖြင့် ဆက်လက်၍ ကျွန်ုပ်အား အောက်ပါအတိုင်း တရစတ် ပြောချလေတော့၏။

အမှန်အတိုင်းပြောရရင် ကျွန်တော့ ဗေဒင်ဆရာတွေဆီကိုသွားရင် သူတို့ဘာတွေပြောတာလဲ နားထောင်ကြည့် တယ်။ ဘာတွေ ပြောကြလဲဆိုတော့ တစ်ချို့ ယတြာတွေကို ပြောပြပြီး ဘယ်လိုဖြစ်အောင် လုပ်လို.့ရတယ် ဒီလိုဖြစ်အောင် လုပ်လိုရတယ်ဆိုပြီးတော့ ပြောတာတွေ့ရတယ်။ သူ့ဘာသူနေတဲ့ တစ်ယောက်ကိုလည်း လုပ်လို့ ရတာဘဲလား။ ဆရာကြီးရဲ့ တစ်ချို့တပည့်တွေနဲ့ လည်း သူငယ်ချင်းတွေ သွားဗေဒင်မေး ယတြာချေနဲ့လုပ်တော့ လိုက်သွားရင်း တွေ့ဘူးတဲ့ ဆရာတစ်ချို့ လည်း ရှိခဲ့ဘူးပါတယ်။ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးပါတယ်။

ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီး ပါ။ လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ်တရားမျှတပါရဲ့လား။ တကယ်တော့ ခင်ဗျားတို့ ဗေဒင်ဆရာတွေဆိုတာ တနည်းအားဖြင့် စိတ်ရောဂါကု ဆရာဝန်တွေနဲ့ အတူတူပါဘဲ။ တစ်ခါတစ်လေ ဗေဒင်ဆရာတွေရဲ့ စကားတစ်ခွန်းက စိတ်ဓါတ်ကျသွားနိုင်စေသလို စိတ်ဓါတ်ကိုမြှင့်တင်ပြီးပေးပြီး ဘ၀ခွန်အားကိုလည်း တက်စေတယ် မဟုတ်လားဟု ကျွန်ုပ်အား ပြောလေ၏။

ထိုအခါ ကျွန်ုပ်လည်း ၎င်း၏စကားကို မည်သို့ ပြန်လည်ချေပပြောဆိုရမည်ကို မသိအောင် ဖြစ်သွားမိ၏။ မည်သို့ ရှင်းပြရမည်ကို နားမလည်နိုင် ဖြစ်မိ၏။ တစ်ချို့ စကားလုံးများသည် မရှင်းလင်းတာကပင် ကောင်းသေး၏။ ရှင်းပြလိုက်ကာမှ ပိုမို၍ ရှုပ်ထွေးသွားတတ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုလူအားမည်သို့ ပြန်ပြောရမည်ကို လုံးဝမတတ်သောကြောင့် မျက်လုံးကြီး အကြောင်သားဖြင့် ကြည်နေမိတော့၏။

ထိုအချိန်တွင် ကျွန်ုပ်တို့ ၀ိုင်းထဲတွင် တစ်ချိန်လုံး ငြိမ်၍ ထိုင်နားထောင်နေသော အမျိုးသားက ကျွန်ုပ်တို့ စကားဝိုင်းကို ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်အားပြောသော အမျိုးသားကြီးကို အောက်ပါအတိုင်း လှမ်းပြောလိုက်လေ၏။

အော်... ခင်ဗျားမလဲ ဗေဒင်ဆရာကို ဘာတွေ သွားပြောနေတာတုံး။ ဗေဒင်ဆရာလဲ ဆရာဝန်လိုပဲပေါ့ဗျာ။ ဆရာဝန်တွေလည်း တစ်ခါတလေ လူနာတွေကို မပြောချင်တဲ့ စကားကို ပြောရတာပဲမဟုတ်လား။ ခင်ဗျား ရုပ်ရှင်တွေထဲမှာ မတွေ့ဘူးလား။ လုံးဝသေတော့မယ့် လူနာတစ်ဦးကို ဆရာဝန်က ဘာမှ မပူပါနဲ့။ သေချာပေါက် ခင်ဗျာ အသက်ရာကျော် နေရမယ်လို့ ပြောတာ တွေ့ဘူးလို့လား။ မသိမသာလေး ခေါင်းခါပြလိုက်တာ မဟုတ်လား။ ဗေဒင်ဆရာတွေလည်း ဒီလိုပေါ့ဗျာ။ တစ်ခါတလေကြတော့လည်း မကောင်းတဲ့ စကားတွေကို တော့ ဘယ်ပြောချင်ပါ့မလဲ။ ဒါပေမယ့် ဗေဒင်ဆရာဘက်ကလည်း ကြည့်ကြည့်ဦးလေ။ မပြောချင်ပေမယ့် မျက်လုံးမှိတ်ပြီး ပြောလိုက်ရတာပဲ မဟုတ်လား။

နောက်ယတြာကတော့ ဆရာကလည်း အမျိုးမျိုး ရှိတာပဲ မဟုတ်လား။ နောက် တစ်ခု စဉ်းစားကြည့်ရမှာက ဗေဒင်ဆရာတွေက အိမ်တကာ လှည့်ပြီး မဟုတ်တာတွေ လိုက်လုပ်ပေးတဲ့ ဆရာတွေကြတော့ တစ်မျိုးပေါ။့ ကိုယ်ရဲ့ ဗေဒင်ဟောခန်းမှာ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေပြီး လာပြီးအကူအညီတောင်း ကြတာလေ။ သူက ကိုယ့်ဆီကို အကူအညီလာတောင်းတာ။ ဗေဒင်ဆရာရယ် လုပ်ပေးပါလို့လာပြီး အကူအညီတောင်းကြ တာ။

ဗေဒင်ဆရာက ဗေဒင်ဆရာပဲလေ။ တန်ခိုးရှင်မှ မဟုတ်တာ။ ကိစ္စမှန်သမျှ ဖြစ်စေ အောင်စေဆိုပြီး လုပ်ပေးလို့ မရပါဘူး။ နောက်ပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေးနေတဲ့ လူတိုင်းကိုလည်း လိုက်လုပ်လို့ မရပါဘူး။ ကိုယ်နဲ့ ပါတ်သက်တဲ့ ကိစ္စတွေလောက်ကိုသာ လုပ်လို့ရတာပါ။ နောက်ပြီး ဗေဒင်ဆရာတွေဟာ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးတယ်။ ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီးပါ။

လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ် တရားမျှတပါရဲ့လားဆိုတာကတော့ ဗေဒင်ဆရာတိုင်း အဲလို မဟုတ်ပါဘူးဗျာ။ ဗေဒင်ဆရာတွေဆိုတာကလည်း ဘာသာရေးကို တန်ဖိုးထားတဲ့ လိုက်စားတဲ့ ဆရာတွေ အများကြီးရှိပါတယ်။ ကိစ္စတစ်ခု လာတိုင်ပင်တာနဲ့ ဒါဟာ သင့်တော်သလား မသင့်တော်တဲ့ ကိစ္စလားဆိုတာ မစဉ်းစားပဲ နေပါ့မလား။ သူတို့လည်း စဉ်းစားမှာပေါ့။ မဟုတ်ဘူးလား ဆရာရယ် ဟု ကျွန်ုပ်ဘက်သို့ လှည့်ကာ စစ်ကူတောင်းရင်း ကျွန်ုပ်၏ ရှေ့မှ လူကြီးအားလှမ်း၍ ပြောလိုက်လေ၏။

ထိုအခါ ကျွန်ုပ်ကလည်း ယောင်တောင်တောင်ဖြင့် ဗျာ ....... အော် .... ဟုတ်ပါတယ် ။ ဟုတ်ပါတယ်ဟု ကြောင်တောင်တောင်ဖြင့် ပြန်လည်၍ ခေါင်းညိတ်လိုက်မိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် ဧည့်သည်တွေ စောင့်နေကြကြောင်း ဖုံးဆက်လာသဖြင့် ကျွန်ုပ်လည်း အလှူရှင် လင်မယားအား၎င်း ကျွန်ုပ်အား ၀ိုင်းဝန်းကူညီ၍ ပြောပေးသော မိတ်ဆွေအား၎င်း ကျွန်ုပ်၏ ရှေ့တည့်တည့်မှ ကျွန်ုပ်၏ မိတ်ဆွေကြီးအား၎င်း နှုတ်ဆက်ကာ ပြန်လာခဲ့လေတော့၏။

အပြန်တွင် အလှူရှင် ဖြစ်သော ကိုအောင်ဝင်းက စိတ်မရှိပါနဲ့ ဆရာရယ်။ ဒိလူက ဒီလိုပါပဲ။ စိတ်ရင်းတော့ ကောင်းပါတယ်။ စကားအပြောအဆို မတတ်တာလေး တစ်ခုပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ရပါတယ်ဗျာ။ ကျွန်တော်က သူမေးတာတောင် ကောင်းကောင်း ပြန်ဖြေတတ်တာ မဟုတ်ပါဘူး။ အခုတောင် ကျွန်တော့်ဘေးက မိတ်ဆွေက ကျွန်တော့်ကိုယ်စား ၀င်ပြောပေးလို့ တော်သေးတယ်။ မဟုတ်ရင် ကျွန်တော်တောင် ဘာပြန်ပြောရမှန်း မသိလို့ ချက်ချင်းတောင် ထပြန်ရမလား မဆိုနိုင်ဘူး။ ပြီးတော့ သူလည်း သူမြင်တာကို သူပြောတာ သူလည်း မမှားပါဘူးဗျာ။ မှန်ပါတယ်ဟု ကျွန်ုပ် ပြန်ပြော၍ ဆိုင်ကယ် တက္ကစီငှားကာ ပြန်လာခဲ့လေ၏။

အခန်းသို့ ပြန်ရောက်သောအခါ ဧည့်သည်များကို ဗေဒင်ဟောခြင်း ၊ ယတြာပေးခြင်း စသောအလုပ်များ ပြီးသောအခါ ရေးလက်စ အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်းစသည်ကို ဆက်လက် ရေးသားပေးလိုက်လေတော့သတည်း။

အင်္ဂါသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံနက်(၁၀း၃၀) မှ (၁၂း၀၀)တွင်း

တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံနက်(၆း၀၀) မှ (၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၀၀)တွင်း

တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်မွန်းတည့် (၁၂း၀၀)မှ(၁း၃၀)တွင်း

ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံနက်(၇း၃၀) မှ (၉း၀၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၁း၃၀)မှ(၁၂း၀၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှည(၇း၃၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်နံနက်(၉း၀၀) မှ (၁၀း၃၀)တွင်း

တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း

Tuesday, August 23, 2011

Sunday, August 21, 2011

Friday, August 19, 2011

Tuesday, August 16, 2011

Sunday, August 14, 2011

Wednesday, August 10, 2011

Monday, August 8, 2011

Saturday, August 6, 2011

Thursday, August 4, 2011

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels