မိမိချစ်သောသူ မိမိအပေါ် အမုန်းပွားနေလျှင်...
လင်ကွဲမယားကွဲကိစ္စပြန်ပေါင်းချင်လျှင်...
+++ မောင်နှမ သားအမိ စိတ်ဝမ်းကွဲနေလျှင်...
+++ ဇနီးမောင်နှံ အချစ်ပျယ်နေလျှင်....
+++ ဆရာတပည့်အထင်လွဲ၍ လမ်းကွဲစပြုနေလျှင်....
+++ အောက်လက်ငယ်သားနှင့် အထက်လူကြီးအမြင်စောင်းနေလျှင်...
အဲဒီလို အခါတွေမှာဆိုရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။
အရေးကြီးတာလေးတွေ အရင်မှတ်ထားရမယ်။
+++ ဒီယတြာကို မိတ်အချိန်အတွင်းမှာ တိတိကျကျ လုပ်ရမယ်။
+++ မိမိရဲ့ ဆပွတ်နေ့သားကစိတ်ပါလက်ပါ ပြုလုပ်ပေးရမယ်။
+++ (၂၁)-ရက်တိတိ မထိရမကိုင်ရ ထားထားပါ။
+++ (၂၁)ရက်ပြည့်ရင်တော့ ရေစီးနေသောရေသန့်သန့်မှာ မျှောပစ်ရမယ်။
အရင်ဆုံး ယတြာကို ဆောင်ရွက်မယ့်လူက ကိုယ် ဘာနေ့သားလည်းပေါ့။ ကိုယ့်ကို ချစ်ခင် အလေးထား စေချင်တဲ့ လူက ဘာနေ့သားလည်းပေါ့။ အဲဒီနှစ်ချက်ကို အဓိက ထားရမယ်။ အဲဒါကို ကျကျနန သိထားပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ယတြာကို ကျကျနန တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ယတြာ ဆောင်ရွက်နေတဲ့
(၂၁)ရက်အတွင်းမှာတောင် ထူးခြားပါတယ်။
ဒီယတြာကို စီရင် ဆောင်ရွက်တော့မယ်ဆိုရင် ကိုယ့် နေ့သားအလိုက်ကြည့်ပါ။ နောက် ကိုယ်လုပ်မယ့် လူက ဘာနေ့သားလည်းပေါ့။ ပြီးရင် ဘေးမှာ ဖော်ပြထားတဲ့ အရွက်တွေနဲ့ စီရင်ရမယ်။ နောက်တစ်ခုက အကူနေ့သားဆိုတာ ကိုယ့်ရဲ့ ယတြာပန်းအိုးကို စေတနာပါပါနဲ့ သတ်မှတ်ထားတဲ့နေရာအရောက် တင်ပေးရ မယ့်လူပါ။ နောက်အချိန်ကတော့ တိတိ ကျကျ လိုက်လုပ်ဖို့ပါပဲ။

တနင်္ဂနွေ သားသမီးတစ်ဦးဦးက ဒီယတြာကို စီရင်မယ် ဆိုရင် အပေါ်က ဇယားကွက်ထဲမှာ ကြည့်လိုက်။ ကိုယ့်ကို ချစ်စေချင်တာက ဘာနေ့သားလည်းပေါ့။ ဥပမာ ကိုယ်ကို ချစ်စေချင်တာ အင်္ဂါပဲ ထားပါတော့။ အဲဒီတော့ ကိုယ်က တနင်္ဂနွေ ချစ်အောင်လုပ်မယ့်လူက အင်္ဂါနော်။ တနင်္ဂနွေနဲ့ အင်္ဂါကို ချစ်အောင် ဓာတ်ဆင်မှာ။ကြည့်လိုက်။ ချစ်စေချင်သူ ဆိုတဲ့အကွက်မှာ အင်္ဂါဆိုတဲ့ အကွက်မှာ ဘာပန်းတွေ ရေးထားလဲ။ အုန်းညွန့် (၆) ညွန်နှင့် ဇော်စိမ်း(၈) ညွန့် ဟုတ်တယ်နော်။ ဒါပဲပေါ့။
အဲဒီ ပန်းတွေကို ပန်းအိုးအသစ်တစ်လုံးထဲမှာ ရောထိုးရမယ်။ ဓာတ်မိအောင် ဓာတ်ပုံ နှစ်ပုံကို ပန်းအိုးမှာ ကပ်ပေါ့။ အဲဒီ ပန်းအိုးကို အကူနေ့သား ဖြစ်သူက ကိုယ် သတ်မှတ်ထားတဲ့နေရာကို တင်ပေးရုံပဲ။ ခုံ မြင့်မြင့်လေး တစ်လုံးပေါ် တင်လည်း ရပါတယ်။ သူတင်နေတဲ့အချိန်မှာ ကိုယ်က ထိုင်ပြီး ဆုတောင်းပေါ့။ အရေးကြီးတာက(၂၁)-ရက် တိတိ ထားရမယ်။ (၂၁)-ရက်အတွင် မထိရ မကိုင်ရဘူး။ ၂၁-ရက်ပြည့်ရင် ရေမျှောပစ်လိုက်ပါ။
မရှင်းတာရှိရင် ဘလောတွင်ဗေဒင်မေးရန်ဆိုတဲ့နေရာမှာ မေးထားခဲ့ပါဗျာ














Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter