Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

သင်၏စီးပွားရေးမှန်မှန်တက်အောင်

ကျွန်တော်က ၂၀၀၆-ခုလောက်တုန်းက မြန်အောင်ဆိုတဲ့ ဇာတိမြို့ကလေးမှာ ဗေဒင်ဟောခန်း ဖွင့်လှစ်ခဲ့တယ်။ အဲဒီဗေဒင်ဟောခန်းဖွင့်တုန်းက ကျွန်တော်ရဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ ပြန်ဆုံခဲ့တယ်။ သူငယ်ချင်းရဲ့ နာမည်က ၀င်းဗိုလ်တဲ့။ ငယ်ငယ်လေးကတည်းက တရွာတည်း တစ်ရပ်တည်း အတူနေလာခဲ့ပြီး ကနောင်ဆိုတဲ့ မြို့ကလေးမှာ (၅)တန်းအထိ ကျောင်းအတူ တက်ခဲ့တဲ့ ၊ နွေရာသီ ကျောင်းပိတ်ရက်တွေဆိုရင်လည်း ဘုန်းကြီး ကျောင်းမှာ ဘုန်းကြီးကျောင်းသားအဖြစ် အတူနေခဲ့တဲ့ သူငယ်ချင်းပါ။

ကျွန်တော်နဲ့ ၀င်းဗိုလ်ဟာ တရွာတည်းသား သူငယ်ချင်းအရင်းကြီးတွေဆိုပေမယ့် ကျွန်တော် မြန်အောင်မှာ ဗေဒင် ဟောခန်းဖွင့်တော့ ၀င်းဗိုလ်က မိန်းမတွေ ဘာတွေရပြီး ကလေးတောင် (၃)ယောက်ရနေပြီ။ ကျွန်တော်ကတော့ အဘမင်းသိင်္ခဆီရောက်ပြီး ဗေဒင်ဆရာ တစ်ဦး ဖြစ်လာခဲ့တယ်။ ၀င်းဗိုလ်က ရွာမှာ ကုန်စုံ ဆိုင်လေး တစ်ဆိုင်ဖွင့်ထားတယ်။

သူတစ်နေ့ ကျွန်တော်ဆီကို ရောက်လာခဲ့တယ်။ သူ့စီးပွားရေးကောင်းအောင် မှန်မှန်တက်အောင် ဘာလုပ်ရမ လဲတဲ့။ ယတြာတောင်းတယ်။ အဲဒီတော့ ကျွန်တော်က အောက်မှာ ဖော်ပြမယ့် ယတြာကို ပေးလိုက်တယ်။ သူကလည်း ကျွန်တော်ပြောတဲ့ ယတြာကို လိုက်လုပ်ပါတယ်။ နောက်တော့ ကျွန်တော်ကလည်း ရန်ကုန်ရောက် ရန်ကုန်ကနေတဆင့် ထိုင်းနိုင်ငံရောက်နဲ့။ သူငယ်ချင်း ၀င်းဗိုလ်နဲ့ ဝေးကွာသွားခဲ့တယ်။

၂၀၀၉-ခုနှစ်မှာ ကျွန်တော်က မြန်မာပြည်ကို တစ်ခေါက် အလည်ပြန်တယ်။ ဟိုရွာကိုရောက်တော့ သူငယ်ချင်း ၀င်းဗိုလ်ကို ပြန်တွေ့ရတယ်။ အံ့သြစရာ ကောင်းတာက ရွာမှာ သူငယ်ချင်းဝင်းဗိုလ်က သူဋ္ဌေးလေးစာရင်း တောင်ဝင်နေပြီလေ။ တော်တော်လေး အဆင်ပြေနေတယ်။ သူပြောပြတာက သူက ပထမ ကုန်စုံဆိုင်လေး သေသေးလေးကနေ နောက်တော့ ဆံစပါးတွေပါ တွဲပြီး လုပ်လာတယ်။ မိုးတွင်းဆို ဓာတ်မြေသြဇာတွေပါ လုပ်တယ်။

နောက်ရွာဆိုတော့ မိုးတွင်းဆို စပါးပေးတို့ ကောက်စိုက်ပေးတို့ သူက အကုန်လုံး လုပ်တယ်။ ခြံထဲက တစ်ဖက်ပေါ့။ အခုဆို ၀င်းဗိုလ်ဆိုတဲ့ ကောင်က ရွာမှာ ထော်လာဂျီနဲ့ ဆန်စက်နဲ့ ဖြစ်နေပြီလေ။ တစ်ရွာလုံးကို လည်း လခနဲ့ မီးတောင်ပေးနေတာ။ ကျွန်တော်နဲ့တွေ့တော့ သူက ပြောတယ်။ ကျေးဇူးတင်တယ် သူငယ်ချင်းတဲ့ ဆိုတော့ ကျွန်တော်ကလည်း ဘာလဲဟပေါ့။ မေ့နေပြီလားတဲ့။ မင်းပေးခဲ့တဲ့ ယတြာကြောင့် ဖြစ်လာတာပါတဲ့။ ငါလည်း ကြိုးစားတယ်။ ယတြာလည်း စွမ်းတယ်ထင်တယ်တဲ့။ (၃)နှစ်အတွင်း လုပ်သမျှ စီးပွားရေးက လုံးဝ လွဲချော်သွားတာ မရှိပဲ ဆက်တိုက်ဆိုသလို မှန်မှန်ကြီး အောင်မြင်လာတာပဲတဲ့။ ဘယ်သူတွေ ဘာပြောပြော ကိုယ်ကတော့ အရမ်းယုံတယ်တဲ့။

မိမိတို့၏စီးပွားရေးမှန်မှန်တိုးတက်စေသောယတြာ

မိမိ၏မွေးနေ့ အလိုက် သစ်သားကို လှော်တက်ပုံစံ လုပ်ရမည်။ ပြီးရင် မှန်ပေါ်မှာ ကြိုးလေးနဲ့ ချိပ်စွဲပြီး ထောင် ထားလိုက်ပါ။ ဒါဆိုရင် မိမိတို့ လုပ်သော စီးပွားရေး လုပ်ငန်းများတွင် လုံးဝ မှန်မှန်ကြီး တက်နေမည် ဖြစ်ပါကြောင်း။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Monday, October 25, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels