Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မိသားစုစိတ်အေးချမ်းစေသောယတြာ

သူ့အမည်က ကိုတင်အောင်။ အခုနေနေတာက မဟာချိုင် တလာတ်ကုန်းမှာ။ သူ့ရဲ့ အသက်က ၄၅-နှစ်။ သူတို့ မိသားစုဝင် စုစုပေါင်း အားလုံးပေါင်း အကုန်လုံး (၆)ယောက်ရှိတယ်။ သူရယ်- သူမိန်းမရယ် သားသမီး (၄)ယောက် ရယ်။ အားလုံးက ထိုင်းနိုင်ငံမှာ။ သူတို့အားလုံးက ရွေ့ပြောင်းအလုပ်သမား မွန်လူမျိုးတွေ။

တစ်နေ့ ကိုတင်အောင် ကျွန်တော်ဆီကို ရောက်လာတယ်။ သူလာတာက ညနေ (၃)နာရီလောက် ရှိတော့မယ်။ ကျွန်တော့်ကို လာနှုတ်ဆက်တာတဲ့။ မြန်မာပြည် ပြန်တော့မယ်တဲ။ အဲဒီတော့ ကျွန်တော်က ဟာ ကိုတင်အောင် ကောက်ကာ ငင်ကာကြီးပါလား။ ဆိုင်းမဆင့် ဘုံမဆင့်လို့ ပြောလိုက်တော့ ကိုတင်အောင်က ဒီလို ပြောတယ်။

ပြန်ချင်လို့ ပြန်တာ မဟုတ်ဘူး ဆရာလေးရဲ့။ စိတ်ညစ်လို့ဗျာ။ အိမ်မှာ တစ်ယောက် တစ်မျိုးနဲ့ နေချင်စိတ်တောင် မရှိတော့ဘူး။ နားအေးပါးအေး မြန်မာပြည်ကို ပြန်နေတော့မယ်တဲ့။ အဲဒါ ဆရာလေးကို လာနှုတ်ဆက်တာဆိုပဲ။ ကျွန်တော် သိပါတယ်။ ကိုတင်အောင်က မြန်မာပြည်ကို တကယ် မပြန်ချင်ပါဘူး။ ဒီလူက တော်ရုံတန်ရုံလည်း စိတ်ညစ်တတ်တာ မဟုတ်ဘူး။ အခု သူ ဒီလို ဖြစ်တယ်ဆိုကတည်းက သူတို့ မိသားစုမှာ ပြဿနာတော်တော် များပုံရတယ်။ ပြီးတော့ ဒီလူက သူ့မိသားစုကို ဒိလောက် ခင်တွယ်တာ။

ကျွန်တော်က ဒီလိုလည်း မဟုတ်သေးပါဘူး ကိုတင်အောင်ကလည်း။ ခင်ဗျား ပြန်သွားတော့လည်း ပြီးသွားတာ ပြတ်သွားတာမှ မဟုတ်တာ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အကြံညာဏ် မဟုတ်ပါဘူး။ ခနနေပါဦးဗျာ။ ကျွန်တော့်ကိုလည်း အကြောင်းစုံ ပြောပြစမ်းပါဦးဗျာလို့ ကျွန်တော်ကပြောတော့ ကိုတင်အောင်က ဒီလို ပြောပြတယ်။

ပထမဦးဆုံးက အိမ်က မိန်းမပေါ့။ သူ့ ညီမ၀မ်းကွဲ တစ်ယောက် မြန်မာပြည်က တက်လာဖို့ လမ်းစရိပ် တစ်သောင်းခွဲရယ် ဒီမှာ အလုပ်စမတ်ဖို့ (အလုပ်ရှာဖို့) ငွေက ငါးထောင်ရယ် ဟိုနည်းနည်း ဒီနည်းနည်း ပေါင်းလိုက်ရင် ဘတ် နှစ်သောင်းလောက် သူက ကြားထဲက အာမခံ ချေးပေးတယ်လေ။ အဲဒါ ဒီရောက်တော့ သူ့ညီမ ၀မ်းကွဲက အကြွေးမဆပ်ပဲ ထွက်ပြေးသွားတယ်။ အဲဒါကို ကျွန်တော်တို့ မိသားစုက ကြားထဲက မဆီမဆိုင် အာမခံ ချေးပေးတာဆိုတော့ စိုက်ပြီး ဆပ်ပေးရမယ်။ အဲဒါပေါ့ စားစရာမရှိ လျှော်စရာရှိဆိုတာ။ ကျွန်တော်က မလုပ်ပါနဲ့လို့ အတန်တန် တားနေပါရဲ့နဲ့ ဒီမိန်းမ လုပ်ဖြစ်အောင်ကို လုပ်တယ်။ ကျွန်တော် ပြောရင် လဲ မကြိုက်ဘူး။ ထိုင်းနိုင်ငံမှာ ဆိုတာက ကိုယ်ကကျူး ကိုယ့်ဒူးတောင် ယုံရတာ မဟုတ်ဘူး။ အကုန်လုံးက နေ့မြင် ညပျောက်တွေချဉ်။ ရေမျှော ကမ်းတင်တွေချဉ်းဆိုတာ ဒီမိန်းမ မသိဘူး။ အဲဒါကို ပြောလိုက်ရင် နေ့တိုင်း ရန်ဖြစ် နေရော။

နောက်တစ်ယောက် ဟိုကောင် ။ ဆရာ သိတယ် မဟုတ်လား။ သားအကြီးကောင် ဟိုတစ်နေ့က သူ့ သူငယ်ချင်းအိမ်မှာ တစ်ည သွားအိပ်တယ်။ အဲဒါ သူ့ သူငယ်ချင်းကို ပုလိပ်က မြင်းဆေးမှု့နဲ့ လာဖမ်းတယ်။ အဲဒါ မဆီမဆိုင် အိမ်က သားအကြီးကောင်ပါ အချုပ်ထဲ ပါသွားလို့ မနည်း လိုက်ထုပ်လိုက်ရသေးတယ်။ ငွေကတော့ ထုံးစံအတိုင်း နည်းနည်းပါးပါး ကုန်သွားတာပေါ့။ အဲဒါကို သူငယ်ချင်းတွေ မကောင်းရင် မပေါင်းနဲ့လို့ ပြောတာ ဒီကောင် မရဘူး။ ကျွန်တော်လည်း ဒီကောင် ဒါတွေ လုပ်တာ ဘယ်သိပါ့မလဲတဲ့။ သိရင် ဘယ်သွားမလဲ အဖေရာတဲ့။ ဒီကောင် အဖေကိုတောင် ပြန်အော်တယ်။

နောက်တစ်ယောက်က အငယ်မ။ အသက်က ခုမှ (၁၇)-နှစ်ပဲ ရှိသေးတာ။ ရည်းစားက ထားချင်နေပြီ။ ဟိုနေရာ ချိန်းတွေ့။ ဒီနေရာ ချိန်းတွေ့နဲ့။ သောက်ရှက်ကို မရှိဘူး။ ကိုယ်က မရှိလို့ သူများနိုင်ငံမှာ ကျွန်လာခံနေရတာ။ ကိုယ်ဘ၀ကို ကိုယ်နားမလည်ကြဘူး။ ကျွန်တော်က အဖေဆိုတော့ မပြောလို့လည်း မရဘူး။ ပြောပြောနေရတာ။ ပြောချင်စိတ်လည်း မရှိတော့ဘူး။ အဲဒီတော့ သူတို့တွေနဲ့ ဝေးတဲ့နေရာကို သွားနေလိုက်တာပဲ ကောင်းမယ် ဆရာလေးရဲ့။ ကျွန်တော်မရှိမှ ဒင်းတို့တွေ ဘ၀အကြောင်းကို နားလည်မယ်။ အဲဒါ ခုညနေ ကျွန်တော် ပြန်တော့မလို့။ နေချင်စိတ်က မရှိတော့ဘူးဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်လည်း

ကိုတင်အောင်ရယ်။ ဒီလိုချဉ်းလဲ ချက်ခြင်းကြီး မဆုံးဖြတ်ပါနဲ့ဗျာ။ အခုဟာက ပြဿနာတွေက တစ်ရက်ထဲ ဆုံပြီး ဖြစ်သွားတော့ ခင်ဗျားလည်း ထူပူသွာတာပေါ့။ နောက်တော့လဲ အေးသွားမှာပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ကူညီလို့ရပါတယ်ဗျာ ဆိုတော့ ကိုတင်အောင်က..

ဆရာက ဘယ်လို ကူညီနိုင်မှာလဲ။ ကျွန်တော်တော့ မထင်ပါဘူးဗျာဟု ပြန်ပြောလေ၏။

အော်.. ကိုတင်အောင်ရယ်။ ကျုပ်က ဗေဒင်ဆရာလေ။ ဗေဒင်ဆရာဆိုတော့ ဗေဒင်နည်းနဲ့ ယတြာနည်းနဲ့ ကူညီမှာပေါ့ဗျ။ မိသားစု တစ်ခုမှာ အဲဒီလို ပြဿနာတွေ တစ်ယောက်တစ်မျိုးနဲ့ စိတ်ပူစရာတွေ ဖြစ်လာရင် မိသားစု စိတ်အေးရအောင် ပြုလုပ်ဆောင်ရွက်လို့ ရတဲ့ ယတြာတွေ ရှိပါတယ်ဗျာ။ ခင်ဗျား လုပ်ကြည့်ပါဦး။ ကျွန်တော်တို့ အဘမင်းသိင်္ခ ပြောနေကြစကားလို ပြီးတော့လည်း ပြီးတာပဲ မဟုတ်ဘူးလားဗျလို့ ချော့မော့ပြောပြီး သူ့ကို မိသားစု စိတ်အေးစေတဲ့ အောက်ပါယတြာကို လုပ်ခိုင်းလိုက်တယ်။

အမှန်တကယ်လည်း ကိုတင်အောင်ကြီး မြန်မာပြည်ကို ပြန်မသွားဖြစ်ပါဘူး။ သူ မပြန်ဖြစ်ဘူးဆိုတာ ကျွန်တော်လဲ သိသားပဲ။ ဒီလူကြီးက သူ့မိသားစုနဲ့ ခွဲပြီး တစ်ရက်လေးတောင် နေဘူးတဲ့လူမှ မဟုတ်တာ။ သူလား ပြန်ဖြစ်မှာ။ နောက် တစ်လခွဲ လောက်ကြာတော့ ကိုတင်အောင်ကြီးနဲ့ ကျွန်တော်နဲ့ လမ်းမှာတွေ့တော့ ကိုတင်အောင်ကြီးက ကျွန်တော့်ကို ဘာပြောတယ် မှတ်လဲ။ ဆရာလေးရေ... ပြီးတော့လဲ ပြီးတာပဲတဲ့။ ကျွန်တော် သိလိုက်ပါတယ်။ သူ့မိသားစု စိတ်အေးသွားပြီဆိုတာ။

မိသားစု စိတ်အေးစေသောယတြာ။

နာနတ်သီးတစ်လုံးမှာ ယပ်အဖြူ(၇)လက် ပတ်ပတ်လည် ထိုးပါ။ ယပ်မှာတော့ (ဒုက္ခ) ဆိုတဲ့ စာကို ထင်နေအောင် ရေးပါ။ ပြီးရင် မိမိအိမ်က ဘုရားစင်ပေါ်မှာ တင်ထားပြီး ဆုတောင်းပါ။ စာရွက်တစ်ရွက်မှာတော့ မိမိတို့ မိသားစု ကြုံတွေကနေရတဲ့ အခက်အခဲတွေ ပြဿနာတွေ ပြေလည်ချင်တာတွေ နောက်မိမိတို့မှာ ကြုံတွေ့နေရတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရေးထားတဲ့ စာရွက်ကို နာနတ်သီးရဲ့ အောက်က ခံထားပါ။ နာနတ်သီးမလဲအောင်တော့ အောက်က ခွက်တို့ ဇလုံတို့ ခံထားပေါ့ဗျာ။ (၇) ရက်တိတိ ထားလိုက်ပါ။ မရှင်းရင်တော့ ကော်မန့်မှာ မေးထားခဲ့ပေတော့ဗျို့။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Sunday, October 24, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels