Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

နိုင်ငံရပ်ခြား-အမြန်သွား

အကြောင်းအမျိုးမျိုးနှင့် နိုင်ငံခြား တိုင်းပြည်သို့ သွားရောက်ရမည့် သူများရှိသည်။ ထိုသူတို့တွင်လည်း အကြောင်း အမျိုးမျိုးကြောင့် ထစ်ငေါ့နေသူ ကြန့်ကြာနေသူများ ရှိပါသည်။ ဘယ်လို အကြောင်းကြောင်းပဲ ဖြစ်ဖြစ် နိုင်ငံခြားသို့ အဆင်ပြေပြေ ချောချောမောမော ထွက်ခွါခွင့် ရရန်အတွက် အောက်ဖော်ပြပါ ယတြာ နည်းကို ဖော်ပြပေး လိုက်ပါသည်။

အောက်ဖော်ပြပါအင်းကို ကူးယူ၍ ဖယောင်းတိုင်တွင်ပတ်ကာ ကြွေပုဂံပြားခံ၍ မီးထွန်းပါ။ ထိုမီးထွန်းနေသော အချိန်တွင် ပူးတွဲဖော်ပြထားသော နမောတေဂါထာနှင့် အရပ်ဒေသ ဖော်ညွန်းပြရာ နေ၊လဂါထာများကို ပူဇော်ပေးခြင်းဖြင့် ပညာတော်သင်ပဲ ဖြစ်စေ ၊ အလုပ်ကိစ္စအတွက် နိုင်ငံခြားသို့ သွားမည့်သူဖြစ်စေ ကုန်ရောင်း ကုန်ဝယ် သွားမည့်သူဖြစ်စေ ဒီပြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ ထွက်ခွါသည်ဖြစ်စေ မည်သူမဆို ကြန့်ကြမှု့ ကင်းကင်းနှင့် နိုင်ငံခြား ခရီးကိစ္စများ အောင်မြင်နိုင်ပါကြောင်း...........

နမောတေဂါထာတော်

နမောတေ ဗုဒ္ဓ ၀ီရတ္တု
ဝိပ္ပမုပ္ပတိ ပန္နော သ္မိ
တဿမေ သရဏံ ဘ၀။

နေနတ်သားအတွက်ဂါထာ

တထာဂတံ အရဟန္တံ
(သူရိယော) သရဏံဂတော။
ရာဟု (သူရိယံ) ပမုဉ္စဿု၊
ဗုဒ္ဓေါ လောကာနု ကမ္မတာ။

လနတ်သားအတွက်ဂါထာ

တထာဂတံ အရဟန္တံ
(စန္ဒိမာ ) သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု
ဗုဒ္ဓေါ လောကာနု ကမ္မတာ။

အောင်မြင်ပြီးမြောက်ခရီးပေါက်နိုင်ကြပါစေ
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Friday, October 15, 2010

1 comment:

  1. တခုလောက် မေးချင်ပါတယ်။ နမောတေ ဂါထာက အမျိုးမျိုးရှိတာကို ရှာကြည့်ရင်းနဲ့သိလိုက်ရပါတယ်။ ခုဖော်ပြထားတဲ့ ရွတ်ဆိုရန် ဂါထာက အင်း တော်ထဲမှာ ထည့်ထားတဲ့ ဂါထာနဲ့ မတူ တာလဲ တွေ့လိုက်ရပါတယ်။ အင်းတော်ထဲက ဂါထာက အောက်ဖော်ပြပါ ဂါထာဖြစ်နေပါတယ်။

    နမောတေ ဗုဒ္ဓ ဝီရတ္ထု
    ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
    သမ္ဗာဓ ပဋိပ္ပန္နောသ္မိံ၊
    တဿမေ သရဏံ ဘဝ။

    အချို့ နေရာမှာ အထက်ပါဂါထာနဲ့ နေ/လ နတ်သားဂါထာ တွဲဆိုတာ တွေ့ရပါတယ်။

    မေးချင်တာကတော့ အင်းတော် နဲ့ ရွတ်ဆိုရမယ့်ဂါထာက တမင်မတူတာလား ဒါမှ မဟုတ် အထက် မှာကူး ြပထားတဲ့ ဂါထာကမှ မှန်တာလား သိပါရစေ။

    ReplyDelete

Featured

b

သင္လိုခ်င္တာ ဒီမွာရွာ

Labels