Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

နေ၀င်မီးလက်စီးပွားတက် (ဆီမီးအဓိဋ္ဌာန်)

တစ်ခါက ကျွန်ုပ်ထံသို့ လူငယ်ဇနီးမောင်နှံ နှစ်ဦး ရောက်လာခဲ့ပါတယ်။ စီးပွားရေး ရှာဖွေရှာမှာ အင်မတန်မှပင် လာဘ်ပိတ်နေတယ်လို့ ပြောပါတယ်။ နောက်ပြီး အမိန့် သြဇာအာဏာလည်း လုံးဝ မရှိဘူး ဖြစ်နေတယ်တဲ့။ ဘယ်လောက်ထိအောင် လာဘ်ပိတ်နေသလဲ ဆိုရင် ဘတ်ငွေ(၅၀၀)လောက် သွားပြီး အကူအညီတောင်းတာ ထုပ်မပေးတဲ့အပြင် နင့်နင့်သီသီး ပြောဆိုလွှတ်တာတောင် ခံခဲ့ရတယ်တဲ့။

နောက်ပြီး စကားပြော မအောင်မြင်တဲ့နေရာမှာလည်း ဘာပဲ ပြောပြော ဘာပဲဆိုဆို အဆင်မပြေဘူးတဲ့။ ကိုယ့်ရဲ့ လက်အောက်ငယ်သား ညီငယ် ညီမငယ်တွေကိုလည်း ပြောလိုက်ရင် တစ်ခွန်းမကျန် ပြန်အော်တာတောင် ခံရတယ်တဲ့။ ကုန်ကုန်ပြောမယ် ဆရာရယ်တဲ့။ သူတို့နေတဲ့ တန်းလျှားက လာကပ်နေတဲ့ ခွေးတောင် တန်းလျား တစ်ခုလုံးက လူတွေနဲ့ အကုန် သိတယ်။ ခင်တယ်။ အဲ... သူတို့ လင်မယားကိုဆို ရန်သူတွေလည်း အတင်း ထိုးဟောင်တော့တာပဲတဲ့။

ပြီးတော့ သူက ပြောသေးတယ်။ ဆရာရယ်တဲ့ ။ ကံနိမ့်နေတယ်ဆိုရင် တစ်နှစ်နှစ်နှစ်ပေါ့တဲ့။ အများဆုံး (၃)နှစ်ဆက်တိုက် နိမ့်စမ်းပါစေတဲ့။ ခံနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ တစ်နှစ်လာလဲ အဆင်မပြေ၊ အကြွေး မကြေ။ နောက်တစ်နှစ်လာလဲ အဆင်မပြေ။ ဘယ်လောက်တောင် ကြာနေပြီလဲတဲ့။ တစ်ခါတစ်လေဆို လောကကြီးကို စိတ်နာလွန်းလို့ ကိုယ့်ကိုကိုတောင် သတ်သေပစ်ချင်ပါရဲ့။ အဲဒီတော့ ဆရာရယ်။ ကူညီလို့ ရရင် ကူညီပေးစေချင်ပါတယ်တဲ့။ နည်းစနစ်လေး ဘာလေးရှိရင် ညွန်ပြပေးစေချင်တယ်တဲ့။

အဲဒိတော့ ကျွန်တော်ကလည်း....

အင်း... ကိုယ့် ညီတို့က နည်းစနစ်တောင်းတော့ ကိုယ်ကလည်း ပေးရတာပေါ့။ ဒါပေမယ့် ဒါဟာ ဘာသာရေးနဲ့ ပါတ်သက်တဲ့ နည်းစနစ်ဖြစ်တယ်။ ပြောရရင်တော့ အဓိဋ္ဌာန်နဲ့ မပျက်မကွက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ ကိုယ့်ညီတို့ လုပ်နိုင်မယ်ဆိုရင်တော့ ပြောပြမယ်ဆိုတော့... ယောက်ျားလုပ်သူက....

ဆရာရယ် လုပ်ဆို လုပ့်ပါ့မယ်။ အခက်အခဲတွေသာ ပြေလည်ရင် ပြီးရော။ ဒါပေမယ့် ဆရာရယ် အဓိဋ္ဌာန်တွေ ဘာတွေဆိုတာလည်း ကျွန်တော်တို့က တစ်ခါဘူးမှ ၀င်ဘူးတာ မဟုတ်ဘူး။ အဓိဋ္ဌာန်ဆိုတဲ့ စကားတောင် ဆရာနဲ့တွေ့လို့ ဒီတစ်ခါ ပထမဦးဆုံး ကြားဖူးတာပါ ဆရာရယ်။ အဲဒီတော့ အဓိဋ္ဌာန်တွေ ဘာတွေဝင်မယ် ဆိုရင် ဘာတွေ ဆောင်ရန် ရှောင်ရန် လိုသေးလဲလို့ မေးပါတယ်။ အဲဒီတော့ ကျွန်တော်ကလည်း...

အဓိဋ္ဌာန်ဆိုတာက တစ်ခုခုကို ကိုယ်တစ်ကယ် မဖြစ်ဖြစ်အောင် လုပ့်ပါ့မယ်ဆိုတာကို ကိုယ်က သစ္စာဆိုတာပါ။ြ့ပီးတော့ ကိုယ်ကလည်း ကိုယ်ပြောထားသလို ကိုယ်လုပ်မယ်ဆိုတဲ့ ကိစ္စတစ်ခုကို ပြီးစီး အောင်မြင်သည့် အထိ ဘာအခက်အခဲပဲ ကြုံကြုံ ကိုယ်အဓိဋ္ဌာန် ပြုထားတဲ့ကိစ္စကို မပျက်စီးစေဘဲ လုပ်တာပါ။ ထူးထူးထွေ ဆောင်ရန် ရှောင်ရန်ဆိုတာတွေတော့ မရှိပါဘူး။ အရေးကြီးတာက အဓိဋ္ဌာန်မပျက်ဖို့ အဓိကပါဟု ပြန်ပြော လိုက်လေ၏။

ဒါဆို လုပ်မယ်ဆရာ။ ပြောပြပါ။ မဖြစ်ဖြစ်အောင် လုပ်ပါ့မယ်။ ပိုက်ဆံလည်း တစ်ပြားတစ်ချပ်မှ ကုန်တာမှ မဟုတ်တာ ဆရာရယ်။ လုပ်ပါ့မယ်။ အဆင်ပြေ မလာလည်း ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကုသိုလ်တော့ ရပါသေးတယ်။ အဆင်ပြေလာတော့လည်း ပိုကောင်းတာပေါ့ မဟုတ်လားဆရာ။

သေချာပါတယ်ကွ။ ဒီ အဓိဋ္ဌာန်သာ ပုံမှန်လုပ်စမ်းပါ။ မင်းတို့ရဲ့ ဘ၀တွေ လူတစ်လုံး သူတစ်လုံး ဖြစ်လာဖို့ အာမခံပါတယ်ဟု ကျွန်ုပ်ကဆိုကာ အောက်ပါ ဆီမီးအဓိဋ္ဌာန်ကို သူတို့အား ကောင်းမွန်သော စေတနာဆန္ဒ ဖြင့် ပြောပြပေးခဲ့လေ၏။ (ကျွန်ုပ်၏ လေးစားရပါသော စာဖတ်သူများခင်ဗျား... ဆင်းရဲ နိမ့်ကျလှသော စာတစ်လုံးမှပင် မတတ်ရှာသော ၊ဘာလုပ်လုပ် အပေါက်အလမ်းမတည့်သော ထိုသူတို့ လင်မယားနှစ်ဦးအား ကျွန်ုပ်သည် ခက်ခက်ခဲခဲ လုံးဝမလုပ်ရသော ငွေကြေး အကုန်အကျ မရှိသော အထက်ပါ အဓိဋ္ဌာန်ကို စေတနာ ကောင်းဖြင့် လမ်းညွန်ပြပေးခဲ့၏။ ထိုသူတို့ လင်မယားနှစ်ဦးကလည်း လိုက်လုပ်ခဲ့၏။ ဘုရား၏ တန်ခိုးတော်ကြောင့် ထိုသူတို့ မိသားစုသည် (၆)လလောက်အကြာ ယခုအခါ၌ အဆင်ပြေ ပြေလည်နေပြီ ဖြစ်ပါကြောင်း ၀မ်သာဖွယ် တွေ့ရှိခဲ့ရလေ၏။)

ဆီမီးအဓိဋ္ဌာန်

မိမိ၏ မွေးနေ့မှစ၍ မြတ်ဗုဒ္ဓအား အောက်ပါဂြိုဟ်သက်အတိုင်း ဆီမီးထွန်းညှိ့ ပူဇော်ရမည်။ ဂြိုဟ်(၈)ခွင် ရှိသောကြောင့် အဓိဋ္ဌာန်တစ်ခါလျှင် (၈)-ရက်တိတိ ကြာမည်ဖြစ်၏။ ထို(၈)-ရက်တွင် ထွန်းညှိပူဇော် ထားသော ဖယောင်းတိုင် အရေအတွက်ကို ရေသော် (၁၀၈) ရလေ၏။ အဓိဋ္ဌာန်ရက်များတွင် တတ်နိုင်သလောက် မိမိတို့ ရသော ဂါထာများကိုလည်း ပုတီးစိပ်နိုင်ပါက ပို၍ ထူးခြား အောင်မြင်မည် ဖြစ်ပါ သည်။

တနင်္ဂနွေ....................(၆)တိုင်
တနင်္လာ.....................(၁၅)တိုင်
အင်္ဂါ..........................(၈)တိုင
ဗုဒ္ဓဟူး.......................(၁ရ)တိုင်
စနေ..........................(၁၀)တိုင်
ကြာသပတေး..............(၁၉)တိုင်
ရာဟု.........................(၁၂)တိုင်
သောကြာ...................(၂၁)တိုင်။
(မိမိ၏ မွေးနေ့မှစ၍ ဆောင်ရွက်ပါ)

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Monday, October 11, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels