Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ချေးထားသော ငွေများ အမြန်ပြန်ရစေသောယတြာ

တစ်နေ့သ၌ ကျွန်ုပ်သည် မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းလေး ရှိရာသို့ အသက်အားဖြင့် (၆၀)နှစ်ခန့် ရှိသော သူအိုလင်မယားနှစ်ဦး ရောက်ရှိလာလေ၏။ သူတို့၏ အသက်အရွယ်အရ ဆိုလျှင် မြန်မာပြည် တွင်ပြန်၍ ဘုရားသွား ကျောင်းတက်နှင့် ဥပုဒ်သတင်း ဆောက်တည်ရင်းဖြင့် လူ့ဘ၀၏ နောက်ဆုံး အချိန်များကို ကုသိုလ် ဘာဝနာ ပွားများရင်းဖြင့်သာ အချိန်ကုန်သင့်သည် မဟုတ်ပါလော။ အခုတော့ သူတို့ လင်မယားသည် အဘယ့်ကြောင့် ထိုင်းနိုင်ငံမှာ နေနေရသနည်းဟု ကျွန်ုပ် စိတ်ထဲမှ တစ်ယောက်တည်း တွေးမိလေတော့၏။

ကဲ.. ထိုင်ကြပါဗျာ။ ကျွန်တော် ဘာကူညီပေးရမလဲဟု မေးလိုက်လေရာ....

ဒီလိုပါဆရာ။ ကျွန်တော်တို့ လင်မယားမှာ သားသမီး မရှိပါဘူး။ ပြေးကြည့်မှ ဒီလင်မယား နှစ်ယောက်ထဲ ရှိတာပါ။ ထိုင်းနိုင်ငံကိုရောက်လာတာလဲ (၁၈)နှစ်ရှိပြီဆရာ။ ဒီကြားထဲတော့ ၃-ခေါက်လော့တော့ ပြန်ရောက်ဖြစ်ပါတယ်။ အခုတော့ ထိုင်းနိုင်ငံမှာ နေရတာ စိတ်မပျော်တော့ဘူး။ အသက်လေးကလည်း ကြီးပြီဆိုတော့ ကိုယ်ရပ် ကိုယ်ရွာ ပဲ ပြန်ပြီး အေးအေးဆေးဆေး ပြန်နေချင်ပါပြီ။ ဘုန်းကြီးကျောင်း သွားမယ်။ ဘုရားသွားမယ်။ တရားစခန်းလေး ဘာလေးဝင်ပြီး အေးအေးဆေးဆေးနေ အေးအေးဆေးဆေးပဲ သေချင်ပါတယ် ဆရာလေးရယ်ဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က... ကောင်းပါတယ်ဗျာ။ ဒီလို ဆုံးဖြတ်ချက်ချတာ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအသက် ဒီအရွယ်တွေ ရောက်ပြီဆိုမှတော့ ဘုရားရိပ် တရားရိပ်မှာ အေးအေးချမ်းချမ်းပဲ နေထိုင်သင့်ပြီ မဟုတ်လား။ လူမှန်း သိတတ်စ အရွယ်ကတည်းက ကျွန်တောတို့တတွေဟာ ဒီစားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးရယ် သမုဒ္ဒ ရာ ၀မ်းတထွာဆိုတာရယ် နောက်မှာ ရုံးကန် လှုပ်ရှားနေရတာ။ တစ်ခါဘူးမှ အားလပ်ရက်ဆိုတာ မရှိသလောက် ပါပဲ။ ကိုယ့်စိတ်ထဲက ဘယ်လောက်ပဲ ဘုရားတရားနဲ့ နေချင်ပေမယ့် တကယ်နေနေရတာက ဒီလောကကြီးထဲ မှာလောဘတွေ ဒေါသတွေ မောဟတွေနဲ့ပဲ နေထိုင်နေကြရတယ်။ အခုလို မြန်မာပြည်ကို ပြန်ပြီး ဘုရားရိပ် တရားရိပ်မှာ အေးအေးချမ်းချမ်း နေထိုင်တော့မယ် ဆိုတော့ ကောင်းပါတယ်ဗျာဟု ပြန်ပြောလိုက်လေ၏။

ထိုအခါ အမျိုးသမီး ဖြစ်သူက...

ရည်ရွယ်ချက်ကတော့ ကောင်းတယ်ဆရာရေ။ ဒါပေမယ့် အခက်အခဲတွေက ရှိနေတော့။ ပြန်တောင် ပြန်ဖြစ်ပါ့ မ လား မသိဘူး။ ဘာလဲဆိုတော့ ကျွန်မတို့က ဒီမှာ ငွေတိုးလေး နည်းနည်းပါးပါး ချထားပါတယ် ဆရာရယ်။ အဲဒါလေးတွေကို အခု ပြန်သိမ်းနေတာ။ တစ်ချို့ကတော့ ပြန်ပေးကြပါတယ်။ တစ်ချို့ကြတော့ နည်းနည်းလက် ခက်နေတယ် ဆရာရေ။ အဲဒီတော့ ပေးထားသောငွေများ အမြန်ပြန်ရစေတဲ့ ယတြာလေး ဘာလေး ကူညီပေးပါဦး ဟု ပြောလေသောကြောင့် ကျွန်ုပ်သည် ချေးထားသောငွေများ အမြန်ပြန်ရစေသော အောက်ပါယတြာကို ထိုအဖိုးကြီး အဖွားကြီး လင်မယားနှစ်ဦးအား ပေးရင်း မြန်မာပြည်သို့ ပြန်၍ ဘုရားရိပ်တွင် အေးချမ်းစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသတည်း။

ချေးထားသာငွများ အမြန်ပြန်ရစေသောယတြာ

မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စိမ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမှာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်း လပိုင်းအတွင်း အဆင်ပြေ သွားပါကြောင်း.......

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Friday, October 22, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels