Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မင်းသမီးအတွက်-အောင်တော်မူယတြာ

တစ်နေ့သ၌ ကျွန်ုပ်သည် အီးမေးလ်ကိုဖွင့်၍ ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာ မေးမြန်းသူများ၏ မေးလ်များကို ဖွင့်၍ စစ်ဆေးလျှက်ရှိရာ ထူးခြားသော မေးတစ်ဆောင်ကို တွေ့ရှိရလေ၏။ ကျွန်ုပ်သည် ထိုမေးလ်ကို ဖွင့်၍ ကြည့်ရှု့ လေရာ အခြားမေးလ်များကဲ့သို့ ပင်အွန်လိုင်းမှ ဗေဒင်မေးသော စာပင်ဖြစ်လေသည်။ သို့သော် တစ်ခု ထူးခြားသည်မှာ ထိုစာမှာ ပြည့်သူ့ အချစ်တော် အနုပညာရှင်တစ်ဦးထံမှ စာပင် ဖြစ်လေ၏။ ထိုစာကို ကျွန်ုပ်သည် ကာယကံရှင်၏ အမည်နာမများကို ပြောင်းလွဲ၍ မူရင်းအတိုင်း ဖော်ပြရပါမူ အောက်ပါအတိုင်း ဖြစ်လေတော့၏။

ဆရာဟိန်းတင့်ဇော်ရှင့်....
ကျွန်မဆရာ၏ထံတွင် လေးစားစွာ အကူအညီတောင်းပါရစေရ။ ကျွန်မသည် လူသိများသော အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။ သို့သော် ခေါင်းဆောင်မင်းသမီး တစ်လက်တော့ မဖြစ်ခဲ့ပါ။ အောင်မြင်ကျော် ကြားသော ခေါင်းဆောင်မင်းသမီးတစ်လက် ဖြစ်လာရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြိုးစားလာခဲ့ပေမယ့် နှစ်တွေ လတွေသာ ကြာလာခဲ့ပေမယ့် အရံမင်းသမီးဘ၀ကနေ တိုးမတက်ခဲ့ပါဘူးဆရာ။

အဲဒီလိုနဲ့ ကျွန်မဟာ အနုပညာလောကမှာ နှစ်မြုတ်ကြိုးစားခဲ့တာ အရံမင်းသမီးဘ၀နဲ့ နာမည်တော်တော်လေး ရလာခဲ့ပါတယ်။ ဇာတ်ကားတော်တော်များများမှာ ကျွန်မပါဝင် သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျှ အဟောင်းအဟောင်းတွေ နေရာမှာ အသစ်အသစ်တွေ အစားထိုးလာတာ သဘာဝပဲ မဟုတ်လားဆရာ။ ဒါကြောင့် ကျွန်မဟာ တဖြေးဖြေးနဲ့ ပွဲတွေ ကျဲလာတယ်ဆိုပါတော့ ဆရာရယ်။

အသက်လေးကလည်း ရလာပြီဆိုတော့ အောင်မြင်တဲ့ ခေါင်းဆောင်မင်းသမီးတစ်ယောက် ဖြစ်ဖို့အတွက်တော့ မမျှော်လင့်တော့ပါဘူး ဆရာ။ ဒါပေမယ့် ကျွန်မရဲ့ ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ကျွန်မရဲ့ အသက်မွေး ၀မ်းကျောင်းအလုပ်အတွက်ပဲ ဖြစ်ဖြစ်ပေါ့ ဆရာရယ်။ ကျွန်မကို ကူညီပေးစေချင်ပါတယ်။ ပြောချင်တာကတော့ ကျွန်မကို ပွဲတွေများရအောင် ကူညီပေးပါဆရာရယ်...

ဒီလောက်ပါပဲဆရာရယ်...
လေးစားစွာဖြင့်..
မ(.............)

အဲဒီစာကလေးကို ဖတ်ပြီးသည့်နောက် ကျွန်ုပ်သည် များစွာ စဉ်းစားရပြီဖြစ်၏။ သူမပြောတာက သူမရဲ့ ဂုဏ်သိက္ခာ အတွက်ဆိုတော့ ကျွန်ုပ်သည်လည်း ကျွန်ုပ်၏ ဂုဏ်သိက္ခာအတွက် အောင်မြင်အောင် မလုပ်ပေးသင့်ဘူးလား။ အလကားပါဟူသော စကားမှာ ကျွန်ုပ်တစ်ဦးတည်းကို ထိခိုက်စေသော စကားမဟုတ်ပေ။ ဗေဒင်ဆရာလောက နျင့် ကျန်သော ဗေဒင်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုသော ဆရာအားလုံးကို ထိခိုက်စေသည် မဟုတ်ပါလား။ ထိုကြောင့် ကျွနိုပ်သည် မင်းသမီးအတွက် ယတြာများကို အစီအစဉ် ဆွဲရလေ၏။ထို့ကြောင့် ကျွန်ုပ်သည် တစ်ယောက်ထဲထိုင်၍ ထိုမင်းသမီး၏ ဇာတာကို ဗေဒင်တွက်ရင်း စဉ်းစားနေစဉ် ကျွန်ုပ် နားထဲတွင် ဆရာသခင် အဘမင်းသိင်္ခ၏ စကားသံများကို ပြန်လည်၍ ကြားယောင်လာလေ၏။

ပွဲရှိရင်ပွဲကြည့်လာမယ်ဆိုတဲ့ စကားတစ်ခွန်းရှိတယ်ကွ။ မင်းတို့ သေသေချာချာ စဉ်းစားကြည့်ကွ။ လောကကြီးမှာ ပွဲဆိုတဲ့ စကားပါတဲ့နေရာ တော်တော်များဟာ အခါတိုင်းထက်ပိုပြီး စည်ကားတယ်။ ဥပမာကွာ ဘုရားပွဲဆိုပါတော့။ အခါတိုင်းထက်ပိုပြီး ကျက်ပြန်မက စည်နေတယ်ကွာ။ ဇာတ်ပွဲ ၊ နတ်ပွဲကွာ ၊ ပြောရင် အစုံပဲကွ။ အဲဒီတော့ ဒီပွဲဆိုတဲ့ စကားလေးတစ်ခွန်းမှာ စည်ကားခြင်းတွေ၊ ပျော်ရွှင်မှု့တွေ ၊ ပေါများခြင်းတွေ ရယ်မောရခြင်းတွေ ပါနေတယ်ကွ။

ပွဲဆိုရင် လူတွေက ငွေတွေကိုလည်း ပေါပေါများများ သုံးကြတယ် မဟုတ်လား။ အဲဒီတော့ ပေါလျှံကြွယ်ဝစေတာတွေလည်း ပါနေတာပေါ့။ ပွဲဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ ပွဲကြည့်ဖို့ လူတွေကလည်း လာကြတယ်ကွာ။ အဲဒီတော့ လူစည်ကားစေခြင်းဆိုတဲ့ ဓာတ်သဘာဝလည်း ပါတာပေါ့။ ဒါကြောင့် မိမိတို့ လုပ်ငန် စည်ကားစေချင်တယ် ၊အောင်မြင်စေချင်တယ်၊ ပြည့်စုံစေချင်တယ် ဆိုရင်ကွာ ပွဲထိုးရတယ်ဟူသော စကားသံကို ပြန်လည်ကြားယောင်လာလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် မင်းသမီးအား မိမိ၏နေအိမ်တွင် ပွဲတစ်ပွဲထိုးထားရန် အကြောင်းကြား၏။ ပွဲကို မည်သို့ ထိုးရမည်။ဆိုတာကိုလည်း အောက်ပါအတိုင်း ပြည့်စုံစွာ ရေးသား၍ ပေးပို့လိုက်လေ၏။ မကြာမီ ထိုမင်းသမီးလေးသည် ကျွန်ုပ်ထံသို့ နောက်ထပ် စာတစ်ဆောင်ပို့၍ သူသည် ဆရာပြောတဲ့အတိုင်း အိမ်ဘုရားခန်းတွင် ပွဲတစ်ပွဲကို ယုံယုံကြည်ကြည်ဖြင့် ထိုးထားပြီးဖြစ်ကြောင်းနှင့် ထိုပွဲကို ထိုးပြီးသည့်နေ့မှစ၍ မကြာမီပင် သူ၏ အနုပညာ လုပ်ငန်းများလည်း သိသိသာသာ အောင်မြင်လာကြောင်း အခုဆိုရင် သူမသည် အနုပညာလုပ်ငန်းများနှင့် မအားမလပ်အောင်ပင် အလုပ်များလျှက် ရှိကြောင်း စာရေးသား ပေးပို့လာ ခဲ့လေသည်။ ထို့ကြောင့် အနုပညာလုပ်ငန်းကို ဖြစ်စေ လူအများနှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေသူများ အနေနှင့် မိမိတို့၏ လုပ်ငန်း စည်ကားအောင်မြင်စေလိုပါက အိမ်ဘုရားခန်းတွင် ပွဲတစ်ပွဲထိုး၍ မြတ်ဗုဒ္ဓအား ကပ်လှူထားပါ။ အမြဲထိုးနိုင်လျှင် ကောင်း၏။ အမြဲ မထိုးနိုင်ပါက လုပ်ငန်း စတင်ချိန်တွင် တစ်ကြိမ်ထိုးပါ။ မိမိ လုပ်ငန်းပြီးဆုံးချိန်တွင် တစ်ကြိမ်ထိုးပါ။

အောင်တော်မူပွဲအတွက်လိုအပ်သောပစ္စည်းများ....

ကြွေရည်သုပ်ဇလုံတစ်လုံး
အုန်းသီး အညှာကောင်းကောင်းတစ်လုံး
ငှက်ပျောသီး ကောင်းကောင်းသန့်သန့် (၃)ဖီး
ထီးဖြူအကြီး(၁)လက်
တံခွန်(၃)-ခု(၀ါ-၁၊စိမ်း-၁၊နီ-၁)
ကုက္ကား(၃)-ခု(၀ါ-၁၊စိမ်း-၁၊နီ-၁)
ကြက်လျှာ(၃)-ခု(၀ါ-၁၊စိမ်း-၁၊နီ-၁)
မုလေးပွား(၃)-ခု(၀ါ-၁၊စိမ်း-၁၊နီ-၁)
ယပ်(၃)-ခု(၀ါ-၁၊စိမ်း-၁၊နီ-၁)
ထီးအသေး(၃)-ခု(၀ါ-၁၊စိမ်း-၁၊နီ-၁)
ဂြိုဟ်စုံရုပ် (၃)-ခု
သာသနာ့အလံ(၃)ခု
ပိတ်ဖြူစသင့်တော်ရုံတစ်စ
သစ်သားမီးခြစ်တစ်လုံး
အပ်ချဉ်လုံးအဖြူအပ်အပါတစ်စုံ
ကွမ်းယာ(၂)ယာ(ထုံး၊ကွမ်းသီး၊ဆေး)
ကွမ်းရွက်ထဲ လဘက်ထည့် (၁)ယာ
နံသာဖြူ ကရမက် အမွှေးနံ့သာ။
ဖယောင်းတိုင်နှင့်အမွှေးတိုင်

ကြိုတင်ပြင်ဆင်ပုံ

ပစ္စည်းအားလုံး စုံပြီဆိုရင် အုန်းသီး ငှက်ပျောသီးတွေကို သန့်နေအောင် ရေဆေးပေါ့။ ဘုရားကို လှူမှာပဲဗျာ။ သန့်သန့်ရှင်းရှင်းလေး ကောင်းပါတယ်။ အုန်းသီး ငှက်ပျောသီးတွေကို ရေဆေးတဲ့အခါဆိုရင် ပါးစပ်က ဥုံ သနသန သနအပေါင်း ထောင်သောင်းကျေစေလို့ ဆိုပြီး ဆေးရမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအုန်းသီး ငှက်ပျောသီးတွေ ဈေးကိုရောက်လာဖို့ဆိုတာ ကြားထဲမှာ အဆင့်တွေ အများကြီး ကျော်ဖြတ်လာခဲ့ရတယ်။ ဟိုလူကျော် ဒီလူခွနဲ့ဆိုတော့ သနတာတွေ ပျောက်အောင်လို့ ဆိုတယ်။

နောက်တစ်ခုက ကြက်လျှာမှာ လိုရာစေဆိုတော့...
ကြက်လျှာလေးတွေမှာတော့ ကိုယ်ဖြစ်ချင်တာကို ဆုတောင်းစာရေးပေါ့။ ဥပမာ ပွဲများများ ရရှိပါစေ.. ငွေကြေးလာဘ်ရွှင်ပါစေ... ကျန်းမာရေးကောင်းပါစေ အစရှိသည်ဖြင့်ပေါ့။ ကျန်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း ကိုယ်နဲ့ ပါတ်သက်တဲ့ ဆုတောင်စာလေးတွေရေးပေါ့။

နောက်တစ်ခုက သာသနာ့အလံမှာကြတော့ အောင်လံထိုး ဟိုးဟိုးကျော် လို့ရေးရမယ်။

နောက်တစ်ခု ယပ်မှာကြတော့ ဒုက္ခအပေါင်း လို့ ရေးရမယ်။ မိမိတို့ ကြုံတွေ့ရမယ့် ဒုက္ခတွေ ရပ်သွားစေမယ် အဓိပ္ပါယ်ပေါ့။

နောက်ဆုံးအဆင့်ကြတော့ အုန်းသီးထိပ်မှာ အပေါက်တွေ ဖောက်ပေါ့။ ပြီးရင် အခုနပြောခဲ့တဲ့ ထီးတွေတံခွန် တွေ ကြက်လျှာတွေကို အုန်းသီးမှာစိုက်ပါ။ ထီးဖြူအကြီးကိုတော့ အလယ်မှာ စိုက်ပေါ့။ ပြီးရင် ဇလုံထဲကို ငှက်ပျောသီး (၃)ဖီး အောက်ကထည့်။ အပေါ်က အုန်းသီးတင်ပေါ့။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ကြည့်ကောင်း အောင် ဘေးကနေ လိုက်ထည့်ပေါ့။ ပြီးရင် ငှက်ပျောသီးတွေကြားထဲမှာ နှင်းဆီပန်းတွေ သစ္စာပန်းတွေ ဝေနေအောင် လိုက်ထိုးပါ။ အမွှေးနံ့သာရည်တွေ ပက်ဖြန်းပေါ့။

ဘယ်နေ့လှူမလဲ...

အကောင်းဆုံးကတော့ မိမိရဲ့ မွေးနေ့ နံက် ( ၉း၄၅ ) မှာ လှူပါ။

မြတ်ဗုဒ္ဓအားကပ်လှူပုံ

ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့နှင့် ဘ၀အဆက်ဆက် ပဋ္ဌာန်းဆက် တော်စပ်ခဲ့ဘူးသော ပုဂ္ဂိုလ်အပေါင်းတို့ အား ကိုယ်စားပြု၍ ဘုရားတပည့်တော် (................)နေ့သား မောင် / မ (..........)မှ မြတ်စွာဘုရားအား ညွတ်နူးသဒ္ဓါ ကြည်လင်စွာဖြင့် သုံးတန်စေတနာ ခိုင်မာစွာ ပြဋ္ဌာန်း၍ လှူဒါန်းပူဇော်ပါသည်။

ဆုတောင်းပုံ

ဤအောင်တော်မူပွဲကို ဆက်ကပ်လှူဒါန်းရသော ကောင်းမှု့ကြောင့် (...........) ဖြစ်ရပါစေ.........

ဤနေရာတွင် မိမိတို့ ဖြစ်ချင်တာကို တိတိကျကျ ပြတ်ပြတ်သားသား လေးလေးနက်နက် ဆုတောင်းဖို့ လိုပါတယ်။ ကိုယ်ဘာဖြစ်တာလဲဆိုတာကို ကိုယ်ကိုယ်တိုင် တိတိကျကျ သိထားရမယ်။ တစ်ချို့ကြတော့ ဆု တောင်ဆိုရင် ယေဘုယျဆန်တဲ့ ဆုတောင်းမျိုးတွေ ဆုတောင်းတတ်ကြတယ်။ အဲဒီလို မဟုတ်ဘူး။ ကိုယ်အဓိက အဖြစ်ချင်ဆုံး အရေးအကြီးဆုံးကို ဆုတောင်းရမယ်။

ကဲ....
မည်သူမဆို မိမိတို့၏ စီပွားရေးလုပ်ငန်းဆောင်တာများ အောင်မြင်စေရန် တိုးတက်စေရန် စည်ကားစေရန် နည်းများစွာ ရှိသည့်အနက် အထက်ပါနည်းလမ်းသည် ကုသိုလ်လည်းရ ယတြာလည်း မြောက်ပါသောကြောင့် မည်သူမဆို စနစ်တကျ ပြုလုပ်ဆောင်ရွက်နိုင်စေရန်အတွက် စေတနာကောင်းဖြင့် ဖော်ပြလိုက်ရပေသတည်။

အဘမင်းသိင်္ခ၏မရမ်းတလင်းယတြာမြေတွင် အင်္ဂတေဖြင
ပြုလုပ်ထားသော ပွဲကြီးရှေ့တွင် ကျွန်ုပ်တို့ သန္ဓေတပည့်များ
အမှတ်တရပုံ(ထိုနေ့က ခြံတွင်း လုပ်အားပေးရင်း အမှတ်တရ ရိုက်ထားတာပါ)

Saturday, October 16, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels