အကြောင်းအမျိုးမျိုးနှင့် နိုင်ငံခြား တိုင်းပြည်သို့ သွားရောက်ရမည့် သူများရှိသည်။ ထိုသူတို့တွင်လည်း အကြောင်း အမျိုးမျိုးကြောင့် ထစ်ငေါ့နေသူ ကြန့်ကြာနေသူများ ရှိပါသည်။ ဘယ်လို အကြောင်းကြောင်းပဲ ဖြစ်ဖြစ် နိုင်ငံခြားသို့ အဆင်ပြေပြေ ချောချောမောမော ထွက်ခွါခွင့် ရရန်အတွက် အောက်ဖော်ပြပါ ယတြာ နည်းကို ဖော်ပြပေး လိုက်ပါသည်။
အောက်ဖော်ပြပါအင်းကို ကူးယူ၍ ဖယောင်းတိုင်တွင်ပတ်ကာ ကြွေပုဂံပြားခံ၍ မီးထွန်းပါ။ ထိုမီးထွန်းနေသော အချိန်တွင် ပူးတွဲဖော်ပြထားသော နမောတေဂါထာနှင့် အရပ်ဒေသ ဖော်ညွန်းပြရာ နေ၊လဂါထာများကို ပူဇော်ပေးခြင်းဖြင့် ပညာတော်သင်ပဲ ဖြစ်စေ ၊ အလုပ်ကိစ္စအတွက် နိုင်ငံခြားသို့ သွားမည့်သူဖြစ်စေ ကုန်ရောင်း ကုန်ဝယ် သွားမည့်သူဖြစ်စေ ဒီပြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ ထွက်ခွါသည်ဖြစ်စေ မည်သူမဆို ကြန့်ကြမှု့ ကင်းကင်းနှင့် နိုင်ငံခြား ခရီးကိစ္စများ အောင်မြင်နိုင်ပါကြောင်း...........
အောင်မြင်ပြီးမြောက်ခရီးပေါက်နိုင်ကြပါစေ
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

နမောတေဂါထာတော်
နမောတေ ဗုဒ္ဓ ၀ီရတ္တု
ဝိပ္ပမုပ္ပတိ ပန္နော သ္မိ
တဿမေ သရဏံ ဘ၀။
နေနတ်သားအတွက်ဂါထာ
တထာဂတံ အရဟန္တံ
(သူရိယော) သရဏံဂတော။
ရာဟု (သူရိယံ) ပမုဉ္စဿု၊
ဗုဒ္ဓေါ လောကာနု ကမ္မတာ။
လနတ်သားအတွက်ဂါထာ
တထာဂတံ အရဟန္တံ
(စန္ဒိမာ ) သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု
ဗုဒ္ဓေါ လောကာနု ကမ္မတာ။
နမောတေ ဗုဒ္ဓ ၀ီရတ္တု
ဝိပ္ပမုပ္ပတိ ပန္နော သ္မိ
တဿမေ သရဏံ ဘ၀။
နေနတ်သားအတွက်ဂါထာ
တထာဂတံ အရဟန္တံ
(သူရိယော) သရဏံဂတော။
ရာဟု (သူရိယံ) ပမုဉ္စဿု၊
ဗုဒ္ဓေါ လောကာနု ကမ္မတာ။
လနတ်သားအတွက်ဂါထာ
တထာဂတံ အရဟန္တံ
(စန္ဒိမာ ) သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု
ဗုဒ္ဓေါ လောကာနု ကမ္မတာ။
အောင်မြင်ပြီးမြောက်ခရီးပေါက်နိုင်ကြပါစေ
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter