တစ်နေ့တွင် ကျွန်ုပ်ထံသို့ မိန်းကလေးတစ်ဦး ရောက်လာလေ၏။ ထိုမိန်းက လေးသည် ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ချင်း .........
သမီးယောက်ျားဟာ လောင်းကစားတွေ လုပ်ပြီး မလျှော်နိုင်လို့ ထွက်ပြေး သွားတယ်။ နောက်တစ်ခုက သမီး ကြိုးပန်းထားတာတွေ ဘာမှ ဖြစ်မလာဘူး။ သမီး သူငယ်ချင်းတွေနဲ့ အတူတူ တယ်လီဖုန်း လျှောက်ထားတယ်။ သူတို့ အကုန်လုံး ရတယ်။ သမီး မရဘူးဟု ပြောလေ၏။
ကျွန်ုပ်လည်း လိုတရ စာရွက်လေးတစ်ရွက် ရေးပေးလိုက်လေ၏။ ထိုသို့ ရေးပေးလိုက်ပြီး နောက်.
အဲဒီ စာရွက်လေးမှာ ကွက်လပ်ကလေး(၅) ခုပါတယ်။ အဲဒီ ကွက်လပ်လေးထဲမှာ သမီးရဲ့ နေ့နံကို ရေးထည့်ရမယ်။ သမီးက ဘာနေ့သမီးလည်း ဟု မေးလိုက်ရာ ၎င်းက....
တနင်္လာသမီးပါ အဘဟု ပြောလေ၏။
အဲဒီလိုဆိုရင် ကွက်လပ်ထဲမှာ (၂)ဂဏန်းလေးတွေ ရေးထည့်ရမယ်။ ပြီးတော့ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်းရမယ်။ အောက်က ပန်းကန်ပြားခံပြီး မီးထွန်းရမယ်။ (၉) ရက်ဆက်တိုက် ထွန်းရမယ်။ ဒါဆို သမီးရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝလာလိမ့်မယ်။

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter