Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မြေကွက်အမြန်ရောင်းထွက်စေသောယတြာ

မြေကွက်ရောင်းထွက်စေရန် ကိုလန်ဘို-ကိုလန်ဘိုဟု
အော်ဟစ်ရခြင်း(မူရင်း-အဘမင်းသိင်္ခ)

တစ်နေ့တွင် ကျွန်ုပ်၏တပည့် သိဒ္ဓိဆန်းဆိုသော ဗေဒင်ဆရာတစ်ဦးသည် ၎င်း၏ ဗေဒင်ဆိုင်ခန်းမှ ပြန်လာ ပြီးလျှင် ကျွန်ုပ်ထံသို့ ရောက်လာပြီးလျှင် ကျွန်ုပ်နှင့်တွေ့လျှင်တွေ့ချင်း ၎င်းက ခြူသံပါအောင် ငြီးလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က

နေစမ်းပါဦး သိဒ္ဓိဆန်းရဲ့။ မင်းက ဘာဖြစ်လို့ဒီလောက်တောင် ငြီးနေရတာလဲဟုမေးမိလေ၏။ ထိုအခါ သိဒ္ဓိဆန်းက

ဒီလိုပါ ဆရာကြီး။ ကြက်တန်းက ကုလားတစ်ယောက်က သူ့ မြေကွက်ရောင်းဖို့ ကျွန်တော်ဆီမှာ လာပြီး ဓါတ်ရိုက်တယ်။ ကျွန်တော်လည်း ဓါတ်ရိုက်ပေးတာပဲ။ အင်္ဂ၀ိဇ္ဇာနဲ့ ရိုက်ပေးတယ်။ ဆန်းသဘောနဲ့ ရိုက်ပေးတယ်။ နည်းကို စုံနေတာပဲ။ ဒီထက်ပိုဆိုးတာက မြေအရောင်းအ၀ယ်လုပ်တဲ့ ပွဲစားတွေပါ လွှတ်ပေး သေးတယ်. အဲဒါကို မထွက်ဘူး ဖြစ်နေတယ်။ အဲဒီ ကုလားကလည်း .....

မထွက်မချင်း ကျွန်တော်ဆီလာပြီး ငိုပြတော့တာပဲ။ ကြာတော့ ကျွန်တော်ဟာ ကျွန်တော်ရဲ့ ဗေဒင်ဆိုင်ခန်းကို သွားရမှာတောင် ကြောက်လာတယ်။ ဒါတောင် သူ့ဆီက ပိုက်ဆံတစ်ပြားမှ ယူထားတာ မရှိဘူးနော်။ ဆရာကြီးရယ် အဲဒါလေး အမြန်ဆုံးထွက်အောင် လုပ်ပေးစမ်းပါ။ ကျွန်တော်မှာ ဒီကုလားမျက်နှာကို မြင်လိုက် တာနဲ့ ရူးချင်သလိုလို ဖြစ်နေတယ်ဟု စိတ်ပျက် အားငယ်သော လေသံဖြင့် ပြောလေတော့၏။

ထိုပကြောင့် ကျွန်ုပ်လည်း မျက်နှာကို ကောင်းကင်ထက်သို့ မော့ပြီးလျှင် မျက်စိမှိတ်၍ အာရုံခံလိုက်၏။ ကျွန်ုပ်၏အာရုံထဲတွင် ကတုံးပြောင်အောင် တုံးထားသော ကုလားတစ်ယောက်သည် မြေကွက်အလွတ်ကို ပတ်၍ လျှောက်ကာ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း ၎င်း၏ပါးစပ်မှ ကိုလန်ဘို ကိုလန်ဘိုဟု အော်ဟစ်နေ သည်ကို တွေ့ရ၏။

ထို့ကြောင့် ကျွန်ုပ်က သိဒ္ဓိဆန်းအား ဒီလိုလုပ်ကွာ။ မင်းကုလားကို ကုတုံးပြောင်အောင် တုံးခိုင်းလိုက်ပြီးရင် သူ ရောင်းချင်တဲ့ မြေကွက်ကို ပတ်ပြီး လျောက်လို့။ အဲဒီလို ပတ်ပြီး လျှောက်တဲ့အခါ ခြေလှမ်းတိုင်းမှာ ကိုလန်ဘို ကိုလန်ဘိုလို့ အော်ရမယ်။ အဲဒီလိုလုပ်လိုက်ရင် မြေကွက် ထွက်သွားလိမ့်မယ်လို့ဟု ပြောလိုက်၏။

ထိုအခါ သိဒ္ဓိဆန်းက ... ဂတုံး တုံးခိုင်းစရာ မလိုဘူး ဆရာကြီးရဲ့။ ဒီကုလားက ဂတုံးကို ပြောင်နေတာပဲ။ မြေကွက်ကို ပတ်လျောက်ပြီး ကိုလန်ဘို ကိုလန်ဘိုလိုပ အော်ဖိုပပဲ ရှိတော့တယ်ဟု ပြောလေ၏။

နောက်တစ်နေ့တွင် ထိုကုလားလာသောအခါ၌ သိဒ္ဓိဆန်းက ဤနည်းအတိုင်း ပြုလုပ်ရန် သင်ပေးလိုက်လေ၏။ ကုလားလည်း ပြောသည့်အတိုင်း မြေကွက်ကို ပတ်လျောက်သည်နှင့် (ကိုလန်ဘို ကိုလန်ဘို)ဟု အော်လေတော့၏။ ထိုသို့ အော်နေစဉ်အတွင်း ထိုမြေကွက်ရှေ့သို့ မော်တော်ကားတစ်စီး ရောက်လာပြီး ကားပေါ်မှ လူများက.. ဟေ့ ကာဆင် ဘာတွေ မန်းနေတာလဲ..ဟု ပြောပြီး ကားပေါ်မှဆင်းကာ မြေကို တိုင်းထွာ၍ စာချုပ်များချုပ်ဆိုကာ တစ်ပြားတစ်ချပ်မှ ဈေးမဆစ်ပဲ ၀ယ်သွားလေတော့၏။ ထို့ကြောင့် ထိုမြေ ရှင် ကုလားလည်း လွန်စွာပျော်မြူးပြီးလျှင် သိဒ္ဓိဆန်းထံသို့လာရောက်ပြီး သိဒ္ဓိဆန်းအား ငွေနှစ်သောင်း ကန်တော့လေ၏။

သိဒ္ဓိဆန်းလည်း ၎င်း၏ဆိုင်ကို အစောကြီးပိတ်ပြီးလျှင် ကျွန်ုပ်အတွက် စီးကရက်ဘူးများ ၊ နို့ဆီ နို့စိမ်း များဝယ် ကာ ကျွန်ုပ်ထံ လာလေ၏။ ထို့ကြောင့် ကျွန်ုပ်က... ဘယ်လိုလဲကွဟု မေးလိုက်ရာ သိဒ္ဓိဆန်းက

မြေကွက်ကို ပတ်ပြီး ကိုလန်ဘိုကိုလန်ဘိုလို့ အော်နေတုန်း ၀ယ်မယ့်လူရောက်လာပြီး အရောင်းအ၀ယ် ဖြစ်သွားတယ်။ ကျွန်တော့်လည်း ငွေနှစ်သောင်း လာကန်တော့တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဆရာကြီး အ တွက် ဆေးလိပ်တို့ ကော်ဖီမှုန့်တို့ဝယ်ပြီး လာခဲ့တာ။ နေစမ်းပါဦး ဆရာကြီးရဲ့။ အဲဒီလိုလုပ်တာနဲ့ ဘယ်လို ထွက်ရတာလဲဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က......

မမေးပါနဲ့ ငါ့လူရယ်။ ငါလည်း မသိပါဘူး။ ကောင်းကင်ကိုလှမ်းပြီး အာရုံပို့လွှတ် ယတြာတောင်းလိုက်တာ ကောင်းကင်ကပေးတဲ့ ယတြာပါ။ ဒါကြောင့် ငါလည်းမသိပါဘူးဟု ပြောလိုက်ရာ သိဒ္ဓိဆန်းက... ဒီလိုဆိုရင် ဒီယတြာဟာ ဆန်းပညာနည်းနဲ့ရတဲ့ ယတြာလည်းမဟုတ်ဘူး။ အင်္ဂ၀ိဇ္ဇာနည်းက ရတဲ့ ယတြာလည်း မဟုတ် ဘူးပေါ့။ ကောင်းကင်ကကျလာတဲ့ ယတြာနည်းပေါ့ဟု ပြောလေတော့၏။

ထိုအခါ ကျွန်ုပ်က အဲဒီလို ပြောဖို့ ရှိတော့တယ်ဟု ရေရွတ်လိုက်မိလေတော့သတည်။

Tuesday, August 10, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels