Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

နိုင်ငံခြားအမြန်သွားရစေသောယတြာ

နိုင်ငံခြားသွားရရန် အုတ်မှုတ်ခွက်ကို ရကွင်းကဲ့သို့ တီးရသောယတြာ(မူရင်း-အဘမင်းသိင်္ခ)

တစ်နေ့တွင် အသက်(၂၀)ကျော်အရွယ်ရှိ မိုးသီတာဆိုသည့် မိန်းကလေးတစ်ဦးသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်၏တပည့် ဗေဒင်ဆရာမ အေးချမ်းမြင့်၏ သမီးကလေး ဖြစ်၏။ ကျွန်ုပ်သည် သူ့ကို မြင်လျှင်မြင်ခြင်း ... ကဲ ဆိုစမ်းပါဦး မိုးသီတာ ၊ မျက်လုံးကြီးလည်း အစ်လို့။ ငိုထားတယ်နဲ့ တူတယ်။ ငါ့ကို ပြောစမ်းပါဦး ၊ ဘာဖြစ်လာသလဲဟု ကျွန်ုပ်က မေးလိုက်မိ၏။ ထိုအခါ မိုးသီတာက...

သမီးက အမေနဲ့ နေတာ မဟုတ်ပါဘူး အဘ။ သမီး အမေရဲ့ အစ်မ သမီး ကြီးတော်နဲ့ နေတာပါ။ သမီး ကြီးတော်ရဲ့ ယောက်ျားက ကြယ်ငါးပွင့်က အရာရှိပါ။ အဲဒီ ကြီးတော်ယောက်ျားက ဂျပန်ပြည်ကို အလုပ်ကိစ္စနဲ့ ပြောင်းတော့ မယ်အဘရယ်။ သူ့ မိသားစုတစ်ခုလုံး လိုက်သွားရမှာ။ သမီးတစ်ယောက်ထဲ အဲဒီအိမ်မှာ ကျန်ခဲ့မှာ။ သမီးက လိုက်ခွင့် မရသေးဘူး။ သမီး အရမ်းလိုက်ချင်တာပဲ။ အဲဒါကြောင့် နေ့တိုင်းငိုနေရတယ်။ သမီးကို သူတို့ မိသားစုနဲ့ လိုက်ခွင့်ရအောင် အဘပညာနှင့် လုပ်ပေးပါဟုပြော၍ ငိုလေတော့၏။

ကျွန်ုပ်လည်း မကြံတတ်အောင် ဖြစ်သွားလေတော့၏။ ထို့ကြောင့် မျက်နှာကို ကောင်းကင်ဆီသို့မော့ပြီးလျှင် မျက်စိမှိတ်၍ အာရုံခံလိုက်လေ၏။ ထိုသို့ အာရုံခံလိုက်စဉ် ကျွန်ုပ်၏အာရုံထဲတွင် မိုးသီတာက အုပ်မှုတ်ခွက်နှစ်ခု ကို ကြိုးတတ်၍ ရကွင်းးတီးနေသည်ကို တွေ့ရလေ၏။ ကျွန်ုပ်လည်း အုပ်မှုတ်ခွက်နှစ်ခုကိုရှာ၍ ကြိုးတတ်ပြီး မိုးသီတာကို ပေးရင်း

အဲဒီ ကြိုးတတ်ထားတဲ့ အုပ်မှုတ်ခွက်ကို ရကွင်းတီးသလိုသာ တီးပေတော့။ ဘယ်နှစ်ချက်ရယ် မဟုတ်ဘူး။ ည အိပ်ခါနီးတိုင်း ဂျပန်ပြည်ကို အာရုံပြုပြီးတီးပါ။ ရောက်သွားလိမ့်မယ်ဟု ပြောလိုက်၏။

မိုးသီတာလည်း အုပ်မှုတ်ခွက် ၂-ခုကို ကျွန်ုပ် ပြောသည့်အတိုင်းပင် ညစဉ် ညတိုင်း တဂွမ်းဂွမ်း တီးလေတော့၏။ ၅-ရက်မြောက်သောနေပတွင် ၎င်း ကြီးတော်ကြီး ယောက်ျားက မိုးသီတာကလေး တစ်ယောက်တည်း ထားပြစ်ခဲ့ရမည်ကို သနားသဖြင့် မိသားစု စာရင်းတွင် သွင်းကာ ခေါ်သွားရန် စီစဉ်လေတော့၏။ အမှန်တကယ် သွားရာတွင်လည်း မိုးသီတာသည် လိုက်ပါသွားရလေတော့၏။ ထိုသို့ သွားရာတွင် မိုးသီတာသည် ထိုအုပ်မှုတ်ခွက်နှစ်ခုကို ဂျပန်ပြည်သို့ ထည့်၍ သွားလေ၏။

၎င်းမိုးသီတာသည် ဂျပန်ပြည်တွင် (၇)နှစ် နေပြီးနောက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။ ယခုအခါ တွင် အိမ်ထောင်ကျ၍ သားသမီးများပင် ထွန်းကားနေပြီဖြစ်၏။

မှတ်ချက်။........။ အကယ်၍ အကြောင်းအရာကို မယုံကြည်သူ ရှိပါငြားလဲ ကျွန်ုပ်သည် ထိုသူကို မိုးသီတာနျင့် တွေ့ပေးနိုင်ပါသည်။ နောက်နောင်တွင်လည်း နိုင်ငံခြားသွားရန် အခက်ကြုံနေသူအပေါင်းကို အုပ်မှုတ်ခွက်ယတြာ လုပ်ပေးမြဲ ဖြစ်ရာ အောင်မြင်သည်ချဉ်းသာ ဖြစ်ပေတော့၏။

တင်ပြသူ=ဟိန်းတင့်ဇော်

Monday, August 9, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels