Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

သင်-အရေးတကြီးငွေလိုအပ်လာခဲ့ရင်

မူရင်း-အဘမင်းသိင်္ခ
တစ်နေ့တွင် ကျွန်ုပ်၏ မိတ်ဆွေ ကိုတင်မြင့်ဆိုသူ ကျွန်ုပ်ထံသို့ ရောက်လာပြီးလျှင် " ဆရာရေ ...၊ လုပ်ပါဦး။ သစ်တွေက ဆိပ်ကမ်းကို ရောက်နေပြီ။ သင်္ဘောတင်ဖို့ စရိပ်စကလိုနေတယ်။ လိုနေတာက သိန်း(၇၀)လောက် လိုနေတယ်။ အဲဒါ မနက်ဖြန် ဆယ့်နှစ်နာရီထိုးလို့မှ ကျွန်တော်ဘက်က မပေးနိုင်ရင် အရှက်ကွဲပါပြီ။ အရှက်ကွဲတာထက် ကျွန်တော် ဒီတစ်သက် ကုန်သည်လုပ်စားလို့ မရတော့ဘူး။ ဘယ်သူမှလည်း ကျွန်တော့်ကို ယုံမှာ မဟုတ်တော့ဘူး။ ဆရာ့ပညာနဲ့ ကယ်ပါဦး" ဟု ဆိုကာအပူကပ်လေတော့၏။

ကျွန်ုပ်သည် ကောင်းကင်ဆီကို မျက်နှာကို မော့ထားပြီးလျှင် မျက်စိကို မှိတ်ထားလိုက်လေ၏။ ထိုသို့ မှိတ်ထား လိုက်စဉ်၌ လင်ဗန်းအသေးစား အရွယ်ခန့်ရှိ ဘိန်းမုန့်တစ်ချပ်ကို အာရုံတွင် တွေ့မြင်ရလေ၏။ ဘိန်းမုန့်ကြီးမှာ နီညိုရောင်ကြီး ဖြစ်၏။ ဘိန်းစေ့များလည်း အပြည့်ပါ၏။ ထိုဘိန့်မုန့်ကြီးကို ကျွန်ုပ်၏ မိတ်ဆွေ ကိုတင်မြင့်ဆိုသူ သည် မြေကြီးပေါ်တွင် ချခင်းပြီးလျှင် ပုလင်းတစ်လုံးမှ ရေဖြင့် လောင်းချနေသည်ကို တွေ့ရလေ၏။ ထိုပုလင်း တွင်လည်း ရှာလကာရည်ဟု ရေးထားသည်ကို ထင်ရှားစွာတွေ့ရလေ၏။ ထိုသို့ အာရုံ၌ တွေ့မြင်ရလေ၏။ ထို့ကြောင့် ကျွန်ုပ်က....

ဒီမှာ ကိုတင်မြင့် ဘိန်းမုန့်ကြီးကြီး တစ်ချပ်ဝယ်ဗျာ။ ပြီးတော့ မြေကြီးမှာချပြီး ရှာလကာရည်နဲ့ လောင်းပေတော့။ ခင်ဗျား လိုချင်နေတဲ့ ငွေတွေရလိမ့်မယ်" ဟု ပြောလိုက်မိလေ၏။ ထိုအခါ ကိုတင်မြင့်က " မလုပ်ပါနဲ့ ဆရာရယ်။ စားတဲ့သောက်တဲ့ ဘိန်းမုန့်ကြီးကို မြေကြီးပေါ်ချပြီး ရှာလကာရည် လောင်းရမယ်လို့။ ရယ်စရာကြီးဗျာ။ တစ်ခြား လူတွေမြင်ရင်လည်း ကျုပ်ကို ဒီအတိုင်းထားမှာ မဟုတ်ဘူး။ ၀ိုင်းပြီး ရိုက်ကြလိမ့်မယ်" ဟု ပြောရလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က "ယတြာကတော့ အာရုံထဲမှာ အဲဒါပဲတွေ့တယ်ဗျာ။ ခင်ဗျား လုပ်ချင်ရင်လည်းလုပ်။ မလုပ် ချင်ရင်လည်း နေဗျာ"ဟု ပြောလိုက်ရာ ကိုတင်မြင့်လည်း ဂွတ္တလစ်မြလမ်းရှိ ဘိန်းမုန့်ဆိုင်တွင်ရောင်းသော ဘိန်း မုန့်ကြီးတစ်ချပ်နှင့် ရှာလကာရည် တစ်ပုလင်းတစ်ပုလင်းကိုဝယ်၍ ကားဖြင့်ထွက်သွားပြီး လူရှင်းသောလမ်းဘေး တစ်နေရာတွင် ချကာ ရှာလကာရည်ဖြင့် လောင်းလေတော့၏။ ထိုသို့ လောင်းပြီး ကျွန်ုပ်ထံ ရောက်လာပြန်၏။ ထိုသို့ ရောက်လာပြီး......

ကျွန်တော် လောင်းခဲ့ပြီဆရာ။ တစ်ခုတော့ ပြောရဦးမယ်နော်။ ဒီအလုပ်က ကျွန်တော်ရော ကျွန်တော့်မိန်းမရော စပ်တူလုပ်တာဆိုတော့ မိန်းမရော လောင်းဖို့ လိုသေးလားဟု မေးလေတော့၏။ ထိုအခါ ကျွန်ုပ်က မလိုပါဘူးဗျာ။ အာရုံထဲမှာ ခင်ဗျားကိုပဲ မြင်တာဆိုတော့ ခင်ဗျားမိန်းမ လောင်းဖို့မလိုပါဘူးဟု ပြောမိလေ၏။ ထိုအခါ ၎င်းက ဘယ်ကနေဘယ်လို အဲဒီငွေရမှာလည်း ဆရာရယ် ဟောစမ်းပါဦးဟု ဆိုလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း တဲရော့ကိုချိုးလိုက်ရာ ဘုရင်မကဒ်ပြားကို ရသဖြင့် "မြန်မာပြည်မှာ ဘုရင်မလို့ လူသိ များတာက ရှင်စောပုပဲဗျ။ ရှင်စောပုလမ်းကလည်း စမ်းချောင်းမှာရှိတယ်။ စမ်းချောင်းရှင်စောပုလမ်းက ရလိမ့်မယ် ထင်တယ်ဟု ပြောလိုက်မိလေ၏။ ညပိုင်းသို့ ရောက်သောအခါ၌ ၎င်းကိုတင်မြင့် ကျွန်ုပ်ထံသို့ ရောက်လာပြီးလျှင် ကျွန်ုပ်အတွက် ၀ယ်လာသော ပန်းသေးခေါက်ဆွဲတစ်ထုပ်အား လှမ်းပေးရင်း

ဘိန်းမုန့်နဲ့လုပ်တဲ့ ယတြာကတော့ စွမ်းပြီဗျို့။ညနေကပဲ သိန်း(၇၀) ရခဲ့ပြီ။ ကျွန်တော်ကို သိန်း(၇၀)ထုပ်ပြီး ချေးတဲ့ လူကတော့ စမ်းချောင်း ရှင်စောပုလမ်းက မမြင့်တဲ့။ ဒါပေမဲ့ ပိုက်ဆံကသူ့ပိုက်ဆံတော့ မဟုတ်ဘူး။ သူ့အမေ ဒေါ်ပုရဲ့ ပိုက်ဆံပဲ။ ရှင်စောပုပိုက်ဆံပေါ့ဗျာဟု ပြောလေတော့၏။

Monday, August 16, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels