Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မနောမယ-မငွေလှိုင်

ဆီမီးခွက် မငွေလှိုင်ဆိုတဲ့ မင်းသမီးတစ်လက် ရှိခဲ့ဘူးတာတော့ ကြားဖူး ပါတယ်။ ပြီးတော့ ဆီမီးခွက် အကကောင်းတဲ့ ကျွန်တော့် သူငယ်ချင်း မငွေလှိုင်လည်း ရှိပါတယ်။ အခုတော့ ဘယ်ရောက်နေမှန်းတောင် မသိပါဘူး။ သူတို့ကို ကျွန်တော်က ဘယ်လို အားကိုးရမှာ တုန်းဟု ကျွန်ုပ်က ပြန်၍ မေးလိုက်ရာ ထိုလူကြီးက....

လူကို ပြောတာ မဟုတ်ဘူးကွ။ ဓါတ်ကို ပြောတာ။ ဆီမီးခွက်ဆိုတာက ထွန်းတောက်တဲ့ ဓါတ် ၊ မ-ဆိုတာက မ-စတဲ့ဓါတ်။ ငွေလှိုင် ဆိုတာက ငွေပေါတဲ့ ဓါတ်။ ဆီမီးခွက်ချဉ်း သက်သက်က အန္တော" ရတယ်ကွ။ အန္တောဆိုတာ မင်းနားလည်မှာ မဟုတ်ဘူး။ " ၁၀ " ရတာကို ပြောတာ။ ဒီမှာ ကြည့်ကွာဟု ဆိုကာ ၎င်း၏ လွယ်အိတ်မှ ဗလာစာအုပ် တစ်အုပ်ကို ထုပ်၍ သူ၏ ဖောင်တိန်နှင့်ပင် ဖော်ပြပါပုံကို ရေးပြလေတော့၏။

ကျွန်ုပ်လည်းပုံကို သေချာစွာ ကြည့်၏။ ဆီမီးခွက်တစ်ခု မီးတောက်နေသောပုံဖြစ်၏။ ထို ဆီမီးခွက်ပေါ်တွင် မငွေလှိုင် ဆိုသော စာသားရေးထား၏။ ထိုပုံလေးကို ကျွန်ုပ်အား ပေးလေ၏။ အိမ်ရှိရင် အိမ်မှာ ချိပ်။ အိမ်မရှိရင် အိပ်ထဲမှာ ထည့်။ မီးခွက် မီးတောက်ချိန် နီးပြီ။ မီးတောက်ရင် မငွေလှိုင် ကလိမ့်မယ်။ မငွေလှိုင်ကရင် မင်းအိမ်မှာ ပွဲဖြစ်ပြီ။ ပွဲဖြစ်ရင် ပွဲကြည့်မယ့်လူ လာလိမ့်မယ်။ လူစည်ကား လိမ့်မယ်။

စိတ်ဝင်စားသူများ ၊ ယုံကြည်သူများ အတွက် ဖော်ပြလိုက်ပါသည်။ (မူရင်း-အဘ မင်းသိင်္ခ)

Saturday, August 28, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels