ကံလမ်းကြောင်း၏အကျိုးအာနိသင်ကံလမ်းကြောင်းဆိုတာ လက်ဖ၀ါး အောက်ခြေ (လက်ကောက်ဝတ် အပေါ်ဘက်) ကနေ လက်ဖ၀ါး အလယ်ဗဟိုကို ဖြတ်ပြီး လက်ခလယ်အောက်ခြေ စနြေ၈ိုဟ်ခုံကို ထိုးဖောက် နေတဲ့ လမ်းကြောင်းကို ခေါ်တာပါ။
ကံလမ်းကြောင်းဟာ ဖြောင့်တန်းပြီး အပြတ်အတောက် ကင်းမဲ့နေရင် ကောင်းတယ်။ ကွေ့ကောက် ပြတ်တောက်နေရင် မကောင်းပါဘူး။ လက္ခဏာပညာမှာ ကံလမ်း ကြောင်းဟာ လူတစ်ယောက်ရဲ့ ဆူကြုံနိမ့်မြင့်ပြတဲ့ မြေပုံဆိုရင်လည်း မမှားပါဘူး။ လူတစ်ယောက်ရဲ့ အောင်မြင်မှု့ ဆုံးရှုးမှု့ ချန်းသာကြွယ်ဝမှု့ ဆင်းရဲ ပင်ပန်းမှု့ စတဲ့ လောကဓံတရားတွေကို ကံလမ်းကြောင်းက ထင်ဟတ်စေပါတယ်။
ကံလမ်းကြောင်းဟာ ဖြောင့်တန်းပြီး အပြတ်အတောက် ကင်းမဲ့နေရင် ကောင်းတယ်။ ကွေ့ကောက် ပြတ်တောက်နေရင် မကောင်းပါဘူး။ လက္ခဏာပညာမှာ ကံလမ်း ကြောင်းဟာ လူတစ်ယောက်ရဲ့ ဆူကြုံနိမ့်မြင့်ပြတဲ့ မြေပုံဆိုရင်လည်း မမှားပါဘူး။ လူတစ်ယောက်ရဲ့ အောင်မြင်မှု့ ဆုံးရှုးမှု့ ချန်းသာကြွယ်ဝမှု့ ဆင်းရဲ ပင်ပန်းမှု့ စတဲ့ လောကဓံတရားတွေကို ကံလမ်းကြောင်းက ထင်ဟတ်စေပါတယ်။
ကံလမ်းကြောင်းဟာ အသက်လမ်းကြောင်း ပေါ်ကနေပြီး အစပြိုး နေရင်တော့ ကိုယ်ထူး ကိုယိချွန် ကြိုးစားအားထုပ်မှု့ကြောင့် ဘ၀ရဲ့ အောင်မြင်မှု့တွေ ဝေဆာနေရပါတယ်။ မိဘဆွေမျိုး အသိုင်းအ၀ိုင်းရဲ့ ပံ့ပိုးကူညီမှု့ မပါပဲ ဘ၀ကို အောက်ခြေကနေ စပြီး တိုးတက်အောင် အောင်မြင်အောင် တက်လှမ်းနိုင်သူတွေရဲ့ လက်ဖ၀ါးပြင်ပေါ်မှာ အဲဒီ ကံလမ်းကြောင်းမျိုး ပါတတ်ပါတယ်။ အလွယ်မှတ်ထား ချင်ရင်တော့ ကိုယ့်ထူးကိုယ်ချွန် လို့ မှတ်ထားလို့ ရပါတယ်။
ကံလမ်းကြောင်းဟာ လက်ဖ၀ါးအောက်ခြေ ကနေပြီး တော့ လမ်းကြောင်းနှစ်ခု ပူးပြီး တက်နေရင်တော့ အရမ်းကောင်းပါတယ်။ သူ၏ ဘ၀မှာ သူလိုချင် တာတွေကို လွယ်လင့်တကူ အောင်မြင်နိုင် ပါတယ်။ တစ်ချို့ကတော့ ကံလမ်းကြောင်း နှစ်ထပ်လို့ ခေါ်ကြပါတယ်။ သူ၏ ဘ၀လမ်းခရီးမှာ လုပ်ငန်းနှစ်မျိုးနှင့် အောင်မြင်မှု့ ရတတ်ပါ တယ်။ မိဘ ဘိုးဘွား အကြီးအကဲများ၏ လုပ်ငန်းကို ဆက်ခံပြီး အောင်မြင်မှု့ ရရှိလာ တဲ့ သူတွေရဲ့ လက်ဖ၀ါးပြင်မှာလည်း တွေ့ရတတ်ပါတယ်။
ကံလမ်းကြောင်းဟာ အဖြောင့်မသွားဘူး။ လှိုင်းထပြီး ပြတ်တောက်နေရင်တော့ မကောင်းပါဘူး။ သူ့ရဲ့ ဘ၀လမ်းခရီး ဟာလည်း ကံတရားရဲ့ ဖေးမ ကူညီမှု့တွေ ရလိုက် ကံတရားရဲ့ ချိုးနှိမ်မှု့တွေရလိုက်နဲ့ ခံရတတ်ပါတယ်။ ဘ၀လမ်းခရီးဟာ တကယ့်ကို နိမ့်တုံ မြင့်တုံပါပဲ၊ တက်လာလိုက် ကျသွားလိုက်ပါ။ အစုန်အဆန်တွေ များလှပါတယ်။ သူရဲ့ ဘ၀လမ်းခရီးမှာလည်း ခုတ်ကန်သင်းတွေ များလှပါတယ်။ ချမ်းသာလိုက် ဆင်းရဲ လိုက် အောင်မြင်လိုက် ကျရှုံးလိုက် တက်လိုက် ကျလိုက် သူများရဲ့ လက်ဖ၀ါးပြင်မှာ ပါတတ်ပါတယ်။
ကံလမ်းကြောင်းဟာ သောကြာဂြိုဟ်ခုံကနေ စထွက်လာတယ်။ အသက်လမ်းကြောင်း ကို ဖြတ်တက် သွားမယ်ဆိုရင်လည်း သိပ်မကောင်းပါဘူး။ အဲဒီလို ကံလမ်းကြောင်းပါတဲ့ သူတွေဟာ အပျော်အပါး အသောက်အစား ကာမဂုဏ်အာရုံတွေ များလွန်းလို့ ဥစ္စာဓန တွေ ရာထူးဂုဏ်သိမ်တွေ ဆုံးရှုံး ကျဆင်းရတတ်တဲ့ လူတွေရဲ့ လက္ခဏာမှာ ပါတတ် ပါတယ်။ ဒီလို လူတွေကတော့ များပါတယ်။ အရက်သမားဖြစ်ပြီး ပျက်စီးသွားတဲ့ လူတွေ လောင်းကစားကြောင့် ဘ၀ပျက်သွားတဲ့ လူတွေ မိန်းမကြောင့် ဘ၀ပျက်သွားတဲ့ လူတွေရဲ့ လက်ဖ၀ါးပြင်မှာ ပါတတ်ပါတယ်







Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter