
ကောင်းတာကြံသမျှ အောင်စေသော်ဟု အမည်ရသော စမသည် ကကြီး ၊ ဃကြီး ဏကြီး ၊ ဠကြီးဟု ဆိုအပ်သော ဗျဉ်းသုံးဆယ့်သုံးလုံး အနက်မှ ကြီးတပ်ခေါ်ရ သော အက္ခရာတိုပကို ဘုံ(၈)ဆင့်တင်၍ အပေါ်တွင် န၀င်းစီးကာ ရေးထား၏။ ထိုကြီးလေးကြီး အက္ခရာကိုပင် ဘုံလေးဆင့်တပ်ကာ န၀င်းညွန့် တင်၍ ရေးသားသည်ကို တွေ့ရ၏။
ထို့နောက်မှ (ကောင်းတာကြံသမျှ အောင်စေသော် ) စာကို ရေးထား၏။ ထိုစာလုံး တစ်လုံးတိုင်းကိုလည်း ဠ-အံကိုက်စမဖြင့် ပိတ်ထားသည်ကိုလည်း တွေ့ရ၏။ ထို ဠ-အံကိုက်စမ၏ အစွမ်းထက်ပုံကို ဤနေရာတွင် ဖော်ပြရန် အလျဉ်း မသင့်သေးသောကြောင့် ဤနေရာတွင် မဖော်ပြသေးပါ။
လောကီပညာ လိုက်စာဖူးသူတိုင်း ဤစမ၏ အာနိသင်ကို သိကြ၏။ ထိုစမ၏ အလယ်၌ကား ( စဓဗ၀) စမကို ကွန်ခြာရေးထား၏။ ထိုစမ၏ အသုံးကို ကျွန်ုပ် ကောင်းစွာ သိပါ၏။ ထိုစမကို ရေးဆွဲ၍၎င်း ၊ ကူးယူ၍၎င်း ၊ ပန်းကန်ပြားပေါ်တွင် ကော်သုတ်၍ ကပ်ပြီးလျှင် အလယ်တည့်တည့် နေရာ၌ တစ်နေ့လျှင် ဖယောင်းတိုင် တစ်တိုင်ကျ သက်စေ့ ထွန်ညှိပူဇော်၍ ကြံစည်လျှင် အကြံအောင်သည်ဟု ဆို၏။
သို့ရာတွင် ကျွန်ုပ်၏ အတွေ့အကြုံအရ ကောင်းမြတ်သော အကြံများသာ အောင်ပါသည်။ ထို့ကြောင့် ကောင်းသော အကြံကို ကြံစည်လိုသော သူတို့အား အသုံးပြုနိုင်စေရန် စေတနာ ရှေ့ထား၍ ဖော်ပြလိုက်ရပေသတည်း။