heintinzawတစ်ခါတုန်းက ကျွန်တော်ဆီမှာ ဗေဒင်လာသင်နေတဲ့ တပည့်လေး တစ်ယောက်ရှိတယ်။ သူ့နာမည်က သူဇာဝေတဲ့။ သူ့က မော်လမြိုင် ဇာတိ။ ရုပ်ကလည်းချောတယ်။ အသားက ဖြူဖြူ၊ အရပ်က မနိမ့်မမြင့်နဲ့ဆိုတော့ တော်တော်လေး ကြည့်ကောင်းတယ် လို့ ပြောရမယ်။ သူ ကျွန်တော်ဆီမှာ ဗေဒင်လာသင်တော့ သူ့အသက်က (၂၈)နှစ်ရှိပြီ။ စကားပြောရင် မွန်သံဝဲ၀ဲလေးနဲ့ အရမ်းနားထောင်လို့ ကောင်းတယ်။
သူနဲ့ မရှေးမနောင်းမှာပဲ ကောင်လေးတစ်ယေက်လည်း ကျွန်တော်ဆီမှာ တားရော့ပညာ လာသင်တယ်။ သူကတော့ ကော့ကရိတ်က ကရင်လူငယ်တစ်ဦးပဲ။ သူကြတော့ အရမ်းရှက်တတ်တယ်။ ယောက်ျားလေး တန်မယ့် မသွားရဲဘူး။ မပြောရဲဘူး။ လူတော မတိုးဘူး။ ဒါနဲ့တောင် သူက ဗေဒင်ဆရာ ဖြစ်ချင် တာတဲ့။သူကတော့ အသက် ၂၀-ပဲ ရှိသေးတယ်။
ဇာတ်လမ်းက ဗေဒင်ဆရာ အခန်းက စတယ်လို့ ပြောရမလို ဖြစ်နေပြီ။ ဖြစ်ပုံက ဒီလို။ သူတို့ နှစ်ယောက်လုံးက အလုပ်နားရက် ကအတူတူဆိုတော့ ကျွန်တော့် အခန်းကို လာရင် အတူတူ လာကြတယ်။ ပညာသင်တော့လည်း အတူတူ။ စားတော့လဲ အတူတူဆိုတော့ ကြာတော့ သံယောဇဉ် ဖြစ်သွားကြတယ်နဲ့ တူပါတယ်။ ကျွန်တော်ကတော့ အတိအကျ မသိပါဘူး။ ထင်တာကတော့ သူတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ် ထင်တာပဲ။ အဲဒီအထိ ပြဿနာ မရှိသေးဘူး။
ကျွန်တော်က သူတို့ကို လက္ခဏာသင်ပေးတယ်။ ပြဿနာက အခုမှ စတာ။ ကျွန်တော်က ပြောပြတယ်။ လက်ဖ၀ါးပြင် နှလုံးလမ်းကြောင်းမှာ ကျွန်းတွေအများကြီး ပါနေရင်တော့ အချစ်ရေးမှာ အလေးအနက်မထား တတ်ဘူး။ ကိုယ့် ချစ်သူအပေါ်မှာ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ်။ နောက်ပြီး ချစ်သူ များတတ်တယ်လို့ ပြောပြလိုက်တယ်။
ခက်တာက သူဇာဝေရဲ့ ညာဘက်လက်ဖ၀ါး နှလုံးလမ်းကြောင်းမှာ ကျွန်းတွေ အများကြီး ပါတယ်။ အဲဒီမှာ ကရင်..က မပြောမဆို သူဇာဝေရဲ့ လက်ဖ၀ါးကို ဆွဲယူ ကြည့်လိုက်တယ်။ ပြီးတော့ ကရင်က ပြောတယ်။ ဟာတဲ့ အမ လက်မှာ ကျွန်တွေ အများကြီးပဲတဲ့။ အဲဒီလိုပြောပြီး မျက်နှာမကောင်း ဖြစ်သွားတယ်။ ကျွန်တော် ရှေ့မှာကတော့ ဒီလောက်ပါပဲ။
နောက်သိရတာက အပြင်မှာ ဆက်ပြီး သူတို့နှစ်ယောက် ပြဿနာ ဖြစ်ကြတယ်။ ကရင်က ပြောတယ်။ အမက အချစ်မှာ မလေးနက်ဘူး ဘာညာပေါ့။ သူဇာဝေကလည်း ဟဲ့ ငါ ငယ်ငယ်တုန်းကတော့ နင်ပြောသလို ဟုတ်ပါတယ်။ မငြင်းပါဘူး။ အခုတော့ ငါ ဒီလိုမနေတော့ပါဘူးပေါ့။ နင့်အပေါ်လည်း ငါ လေးလေးနက်နက် ချစ်တာပါပေါ့။ ပြန်ရှင်းပြတယ်။
ဒါပေမယ့်... ကရင်က မရတော့ဘူး။ အချစ်စိတ်က အရမ်းမိုးမွှန်နေပြီ။ အဲဒီမှာ စိတ်မချဘူးဆိုပြီး သူဇာဝေကို ကရင်က ခိုးပြေးပါလေရော......
အဲဒီမှာ ကရင့်ရဲ့ မိဘတွေရော သူဇာဝေရဲ အကိုအမတွေရော ကျွန်တော်အခန်းထဲ လိုက်လာကြရော...
မနည်းပဲ ပြဿနာရှင်းလိုက်ရတယ်။ နောက်တော့လည်း အဆင်ပြေသွားကြပါတယ်။ မင်္ဂလာဆောင်မှာ လူကြီးအရာနဲ့ ဆုံးမစကား ပြောပေးပါဆိုလို့ ကျွန်တော်က အဲဒီညမှာ ဘာပြောရရင် ကောင်းမလဲ စဉ်းစားနေတယ်။ နောက်တော့ ကြာဖူးနားဝရှိတဲ့ မိဘ၀တ်တို့ သားသမီးဝတ်တို့ ...အဲဒါတွေ ပြောမယ်ဆိုပြီး အလွတ်ကျက်သွားတယ်။ မကောင်းမြစ်တာ ကောင်းရာညွန်လတ် ဘာညာပေါ့။
မင်္ဂလာဆွမ်းကျွေးဆိုတော့ ဟိုရောက်တော့ ဘုန်းကြီး အရင်ဆွမ်းကပ်တယ်။ ပြီးတော့ ဆရာတော်က မင်္ဂလာဆွမ်းကျွေး တရားဟောတယ်။ အဲဒီမှာ ဆရာတော်က ဘာဟောသလဲဆိုတော့ ကျွန်တော် ညတုန်းက ကျက်ခဲ့တဲ့ ဟာတွေ အကုန်လုံး တရားထဲ ထည့်ဟောပါလေရော။ တစ်လုံးမှကို မလွဲဘူး။
အဲဒီ ကျွန်တော်ရဲ့တပည့် ကရင်နဲ့ သူဇာဝေတို့ရဲ့ မင်္ဂလာဆောင်မှာ ကျွန်တော် ဆုံးမစကား မပြောခဲ့ရပါ ဘူးဗျာ....
ဒါပါပဲ.....
အခုပြောချင်တာက လက္ခဏာမှာ ညာဘက်လက်ဖ၀ါးရဲ့ နှလုံးလမ်းကြောင်းမှာ ကျွန်တွေအများကြီး ပါနေ၇င် တော့ အချစ်ရေးမှာ အလေးမထားပဲ မျက်နှာများတတ်တယ်တဲ့။
ကဲ....သင့် ချစ်သူရဲ့ လက်ဖ၀ါးလေးကို ကြည့်ကြည့်လိုက်ပါဦး ကိုကို မမတို့ရေ....................

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter
yes veary good ဆရာ သိပ်မိုက်တဲ့ဇတ်လေးဘဲ ဆရာကအရမ်းတော်တာဘဲ
ReplyDelete