ငါ ဗေဒင်လက္ခဏာ ဟောစားတုန်းက သုံးတဲ့ နည်းကလေးတော့ ရှိတယ်ကွ။ အဲဒါက အိန္ဒြိယက 'အာနန္ဒာ လဟီးရီး' (ANANDA LAHARI) ဆိုတဲ့ ဆရာကြီး တစ်ဦးရေးတဲ့ ယန္တြ စာအုပ် စာမျက်နှာ နံပါတ် ၃၇မှာ ဖော်ပြထားတဲ့ ယန္တြလေး အကြောင်းပဲ။ ဘာပုံကလေးမှန်း မသိပါဘူးကွာ။ ကောက်ကောက်ကွေ့ကွေ့ ကလေးပါပဲ။အဲဒီ ယန္တြလေး အပေါ်မှာ ပူဇော်ရမည့် ပစ္စည်းတွေလည်း ဖော်ပြထားတယ်။ ငါက တစ်ခုမှ မလုပ်ဘူး။ ငါ့မှာ ရန်ရှိလာတဲ့ အခါမှာ အဲဒီ ယန္တြလေးကို စားပွဲပေါ် တင်လိုက်တယ်ကွာ။ အဲဒီပေါ်မှာ ပန်းကန်ပြားလေး တစ်ချပ် တင်လိုက်တယ်ကွာ။ ပြီးတော့ အဲဒီ အပေါ်က မီးထွန်းလိုက်တယ်ကွာ။
အဲဒီအခါမှာ ထူးထူးခြားခြား ရန်တွေ ပျောက်သွားတယ်။ အတိုက်အခံတွေလည်း ပျောက်သွားတယ်ကွ။ အဲဒါနဲ့ ငါလည်း ငါ့မိတ်ဆွေတွေကို ပေးတယ်။ အဲဒီတုန်းက ဖိုတိုစတက် မပေါ်သေးဘူးကွ။ ဓါတ်ပုံ ရိုက်ရိုက်ပြီး ပေးရတယ်။ ဓါတ်ပုံဖိုးတော့ မနည်းဘူး ကုန်ခဲ့ဘူး တာပေါ့ကွာ။
ဒါပေမဲ့ ငါ့မိတ်ဆွေတွေက အားကြီး သဘောကျတယ်။ ငါကတော့ ပိုက်ဆ့တွေ ကုန်လှပေါ့ကွာ။ ပြီးတော့ ငါဟာ ဗေဒင် လက္ခဏာဟောတဲ့ အခါမှာလည်း ရန်များတဲ့လူ ၊ အတိုက်အခံများတဲ့လူကို အဲဒီ ယန္တြလေး သုံးဖို့ ပေးခဲ့ဘူးတယ်။ အခုလည်းပဲ ငါ့ဆီကို လာတဲ့ လူတွေကို ဖိုတိုစတက် ကူးပြီး အဲဒါလေးတွေကို ပေးနေတာပဲ။ အိပ်ထဲမှာ ဆောင်ထား၇င်လည်း ကောင်းတယ်။ ငါက အဲဒီ ယန္တြလေးကို အလွတ်ဆွဲ တတ်နေပြီ။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter