Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အမွေကိစ္စအဆင်ပြေစေသောယတြာ

ဝါးလုံးပေါ်တွင် ၀က်ဝံရုပ်ကပ်၍ဖက်အိပ်ရသောယတြာ(အဘမင်းသင်္ခ)

တစ်နေ့တွင် မိန်းကလေးတစ်ဦးသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။ ထိုမိန်းကလေး ပြောပြချက်အရ သူ၏မိဘ များ ဆုံးပါးသွားသောအခါ မိဘ၏ အမွေအနှစ်များကို အဒေါ်ဖြစ်သူက ထိမ်းသိမ်းပေးထားသည်ဟု ဆို၏။ သို့ရာတွင် အဒေါ်က တကယ်မပေးဘဲ ညစ်နေသည်ဟု ဆို၏။

ကျွန်ုပ်လည်း ကောင်းကင်ဆီသို့ မျက်နှာကိုမော့၍ မျက်စိကို မှိတ်ကာ အာရုံတောင်းခံလိုက်၏။ ထိုအခါ၌ လက်မောင်းလုံးလောက် အရွယ်ခန့်ရှိသော ၀ါးလုံးပေါ်တွင် ၀က်ဝံပုံက လေးကပ်၍ ထိုဝါးလုံးကို မိန်းကလေးက ဖက်၍ အိပ်နေသည်ကို အာရုံထဲတွင် မြင်တွေ့ရလေ၏။

ကျွန်ုပ်လည်း ၀ါးလုံးတစ်လုံး ရှာပြီးလျှင် ထိုဝါးလုံး၌ ၀က်ဝံပုံပတ်၍ အိပ်ရန် ထိုမိန်းကလေးအား မှာကြားလိုက်လေ ၏။ မိန်းကလေးသည် ထိုဝါးလုံးကို ဖက်၍ အိပ်လေ၏။ တစ်ပါတ်ခန့် ကြာသောအခါ အဒေါ်ဖြစ်သူသည် ရှေ့နေ ရှေ့ရပ်ခေါ်၍ စာချုပ် စာတမ်းနှင့်အတူ ပေးစရာရှိသည့်ငွေများကို ထုတ်၍ ပေးသည်ဟုဆို၏။

ထိုအချိန်မှစ၍ ကျွန်ုပ်သည် အမွေကိစ္စ ပေါ်ပေါက်လာသူများကို ၀ါးလုံးတွင် ၀က်ဝံပုံကလေး ကပ်၍သာ ဖက်၍ အိပ်ခိုင်းသည် ချဉ်းဖြစ်၏။ ထိုသိုပ ပြုလုပ်တိုင်းလည်း ကြံကြာနေသော အမွေများသည် ချောချောမောမော ရလေ တော့သတည်း။

Saturday, August 14, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels