Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

တေ့လွဲလွဲနေသောစီးပွားရေးလုပ်ငန်းရှင်များအတွက်

ဖယောင်းတိုင်ပေါ်တွင် ဖယောင်းတိုင်ဆင့်၍ ထွန်းရသော ယတြာဆန်းတစ်မျိုး

တစ်နေ့တွင် ရွှေဘုံသာ လမ်း၌ ကျင်လည် ကျက်စားနေသော ရတနာပွဲစား မညိုဆိုသူ ရောက်လာလေ၏ ၎င်းမညိုသည် ကျွန်ုပ်နှင့်တွေ့ လျှင် တွေ့ ချင်း “ဆရာရယ်… ဒီတစ်လလုံး မညို အလုပ် မဖြစ်ပါဘူး… အရင်ကဆို ညိုက ၀ယ်လက်ကို ရှောင်ပြီး ပြေးနေရတယ်…

အခုတော့ ညိုက သူတို့ကို လိုက်ရှာနေရတယ်… အလုပ်တွေ အားလုံး ကတော့ တေ့လွဲကလေး လွဲသွားတယ်။ အဲဒီလို ဖြစ်တာတွေ များနေပြီး…ညိုကို လုပ်ပေးပါဦး” ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း မိုးကောင်းကင် ဆီသို့ မော့၍ မျက်စိမှိတ် ထားပြီးလျှင် အာရုံ တောင်းလိုက်လေ၏။

အာရုံထဲတွင် ဖယောင်းတိုင် အကြီးပေါ်၌ ဖယောင်းတိုင် အသေးဆင့်ကာ ဘုရားစင်တွင် မီးပူဇော် ထားသည်ကို တွေ့ ရလေ၏ ။မညိုသည် အိမ်သို့ ပြန်သွားပြီးလျှင် ထိုအတိုင်း ပြုလုပ်လေ၏။ ထိုအခါ၌ တေ့လွဲ လွဲသွားသော ကိစ္စများသည် ပြန်၍ တေ့တေ့ဆိုင်ဆိုင် ဖြစ်လာလေတော၏။

ထို့ကြောင့် ကျွန်ုပ်အား ကျေးဇူးတင်သည် ဟု ဆိုကာ အချိန်မမှန်သော နံရံကပ် နာရီ တစ်လုံး တိုက်ဆွေး ဖြစ်နေသော မန္တလေး ပိုးလုံးချည် တစ်ထည်။ မှိုတက်နေသော ငါးသုံးလုံး ဆေးလိပ် တစ်တောင့်တို့ကို လာရောက်၍ ကန်တော့လေသတည်း…။ (မူရင်း-အဘမင်းသိင်္ခ)

Wednesday, August 25, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels