(မူရင်း-အဘမင်းသိင်္ခ)ငါသုံးတဲ့ အဆောင်တစ်မျိုး ရှိတယ်ကွ။ အရင်တုန်းက လက္ခဏာဆရာ ဗေဒင်ဆရာ လုပ်စားတုန်းက အဲဒီ အဆောင်မျိုး လုပ်ပေးဖူး ပါတယ်ကွာ။ အဲဒါကတော့ HORN OF PLENTY ဟွန်းအော့ဖ်ပလန်းတီး လို့ခေါ်တယ်။ ပေါကြွယ်ဝသော ဦးချိုလို့ အဓိပ္ပါယ် ရတာပေါ့ကွာ။
ရှေ့ရှေ့တုန်းက ဥရောပတိုက်မှာ ရှိတဲ့ မုဆိုးကြီးတွေဟာ သူတို့ရတဲ့ သားကောင်ရဲ့ ချိုကြီးတွေကို ပစ္စည်းထည့်တဲ့ ပုံးကြီးတွေအဖြစ် အသုံးပြုလေ့ရှိတယ်။ အဲဒါတွေကို ဥရောပမှာ ရှိတဲ့ လောကီပညာ ဆရာတွေက အဲဒီ ချိုကြီးတွေထဲမှာ သီးနှံတွေ ၊ ငွေတွေထည့်ပြီး အစီအရင် အဖြစ် လုပ်ကြတယ်။
အစီအရင် ဆိုတာလည်း တခြားဟာ မဟုတ်ပါဘူး။ လာဘ်ရွှင်တဲ့ အစီအရင်ပေါ့ကွာ။ အဲဒီ အစီအရင်ဟာ ဘယ်လောက်စွမ်းသလဲ ဆိုရင် တကယ့်ဦးချိုနဲ့ တကယ့်ပစ္စည်းတွေ ထည့်ထားတဲ့ အဲဒီပုံကို နံရံမှာ ချိပ်ဆွဲထားရင်တောင် လာဘ်ရွှင်တယ်ကွာ။ ဥရောပတိုက်မှာ အဲဒီပုံတွေ တော်တော်များများ ချိပ်ထားလေ့ရှိတယ်။ ဒီမှာလည်း အတော်များများ ငါသုံးဖူးတယ်ကွာ။
ဤပုံကို ကူးယူ၍ ဖြစ်စေ ၊ ဤစာရွက်ကို ဖြစ်စေ ယုံကြည်စွာဖြင့် မိမိတို့အိမ်တွင် ချိပ်ဆွဲထားပါက အကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်း...........








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter