နောင်နောင် "ဆရာ မီးတွန်းတဲ့အခါ ကျီးခြေကျစ်တယ်ဆိုတာ ပို့စ်တခုအနေနဲ့ ရှင်းပြပေးပါ"လို့ ကျွန်တော်ရဲ့ မိတ်ဆွေ ကိုနောင်နောင်က လာမေးထားလို့ ဒီပို့လေးကို အပြည့်အစုံ တင်ပေးလိုက်တာပါ။ ကျီးခြေမီးဇာ ဆိုတာ မြန်မာ့ဗေဒင်ပညာရဲ့ ယာတြာချေတဲ့နေရာ တော်တ်ာများများမှာ ပါဝင်ပါတယ်။ ယတြာနှင့် ပါတ်သက် တဲ့ စာအုပ်စာပေ ကျမ်းတွေမှာဆိုရင်လည်း ချဉ်မန်းကွင်း ဆိုသောစကားရယ် ကျီးခြေမီးဇာ ပြုလုပ်၍ မီးထွန်းလေ ဆိုသောစကားရယ်ဟာ တော်တော်မျာများ တွေ့ရတယ်။
ချဉ်မန်းကွင်းဆိုတာက ယတြာချေမယ့် လူရဲ့ လက်နှစ်ဘက်ကို ဆန့်တန်းစေပြီး ဟိုဘက်လက်နဲ့ ဒီဘက်လက် အဆုံး(တစ်လံ)တိတိ ချဉ်ကို တိုင်းဖြတ်ပြီး အစနှစ်စကို ပူးချဉ်ထားတဲ့ ကွင်းကလေးကို ချဉ်မန်းကွင်းလို့ ခေါ်တာပါ။ နောက်ပြီး ချဉ်မန်းကွင်းဟာ န၀င်းရပါတယ်။ (ချဉ်=၂ ၊ မန်း =၅ ၊ ကွင်း= ၂) အားလုံး ပေါင်းလိုက်ရင် ကိုးရပါတယ်။
ကျီးခြေမီးဇာဆိုတာကတော့ အဲဒီ ချဉ်မန်းကွင်းကို ကျစ်ထားတဲ့ မီးဇာကိုခေါ်တာပါ။ ကျီးခြေထောက်နှင့် တူလို့ ကျီးခြေမီးဇာလို့ ခေါ်တယ်လို့ သိရပါတယ်။ ယာတာခေတဲ့နေရာမှာ ချဉ်မန်းကွင်းကို ခေါင်းကနေ စွတ်ရတယ်။ ပြန်ချွတ်တဲ့အခါကျတော့ ခြေထောက်ကနေ ပြန်ချွတ်ရတယ်။ ယတြာချေတဲ့ လူရဲ့ ခန~။ာကိုယ်အတွင်းမှာ ၇ှိတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေကို ဆွဲ ချွတ်လိုက်တယ်လို့ သိရပါတယ်။ ပြီးတော့မှ အဲဒီချဉ်မန်းကွင်းကို ကျီးခြေမီးဇာကျစ်ပြီး မီးရှို့ ပစ်ရတာပါ။ ကဲ အောက်မှာ ပုံလေးတွေပါ တင်ပေးလိုက်ပါတယ်။ အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်ခင်ဗျာ..........