Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ရတနာကုန်သည်များအတွက်-ယတြာ

ပြောင်ပြောင်လက်လက် အမွှေးတိုင်ထုတ်သော စက္ကူ ကြက်ဥပြုတ်တို့ဖြင့် ပြုလုပ်ရသော ယတြာ

တစ်နေ့တွင် ကျွန်ုပ်ထံသို့ မိုးကုတ်မြို့ မှ မသွယ်ဆိုသော မိန်းကလေးတစ်ဦး ရောက်ရှိ လာလေ၏ ။ သူသည် ပလောင်မလေး တစ်ဦးဖြစ်၏ ။ ရတနာ လုပ်ငန်းနှင့် အကျိုးပေး၍ ချမ်းသာ နေပြီဖြစ်၏ ကျွန်ုပ်ကို တွေ့ လျှင်တွေ့ ချင်း ၎င်းက
“ဆရာရယ်… မသွယ် ရန်ကုန်ကို ရောက်တာ တစ်ပါတ်ကျော်ပြီ အနီတွေရော အပြာတွေရော ပါလာတယ် တစ်ခုမှကို ရောင်းမထွက် သေးပဲ ပိတ်နေတယ် အဲဒါ လုပ်ပေးပါဦး” ဟု ပြောလေတော့၏ ကျွန်ုပ်လည်း မျက်နှာကို ကောင်းကင်ပေါ်သို့ မော့၍ မျက်စိမှိတ်ကာ အာရုံ တောင်းလိုက်လေ၏

ကျွန်ုပ်၏ အာရုံထဲတွင် ၎င်းမသွယ်သည် အမွှေးတိုင် ထည့်သော ပြောင်ပြောင် လက်လက် စက္ကူအိတ်များကိုဖြန့်၍ သူ၏ ကျောက်မျက် ရတနာများကို ထုတ်နေသည်ကို တွေ့ ရ၏။ ထိုသို့ ထုတ်ပြီးနောက် ထိုရတနာများကို ကြက်ဥပြုတ် တစ်လုံးနှင့် လိုက်၍ ခေါက်နေသည် ကိုလည်း တွေ့ ရပြန်၏ ။ မသွယ်အား ပြောပြ လိုက်လေ၏ ။

မသွယ်သည် ကျွန်ုပ်အိမ်မှ ထွက်သွားပြီးလျှင် ပြောင်ပြောင် လက်လက် စက္ကူဖြင့် ထည့်ထားသော အမွှေး တိုင်များကို ၀ယ်လာလေ၏ ။ သူသည် သူ၏ ရတနာများကို အမွှေးတိုင် စက္ကူဖြင့် ထုတ်နေလေ၏ ။ ထိုသို့ ထုတ်ပြီးနောက် လက်ဖက်ရည် ဆိုင်မှ ၀ယ်လာသော ကြက်ဥပြုတ်ဖြင့် ထွက် ထွက်ဟုဆိုကာ ခေါက်နေလေ၏ ။

ထိုသို့ပြုလုပ်ပြီးသည် ကျွန်ုပ်အား နှုတ်ဆက်၍ ၎င်းတည်းခိုသော အိမ်သို့ ထွက်ခွာ သွားလေတော၏ ။ နောက်တနေ့ နေ့လည်တွင် မသွယ် ပြန်ရောက်လာပြန်၏ ။ ထိုအခါ ကျွန်ုပ်က ‘ဘယ်လိုလဲ မသွယ်’ ဟုမေးလိုက်ရာ ၎င်းက ‘အဆင်ပြေ ပါတယ်ဆရာ ဒီမနက်ပဲ အားလုံး ထွက်ကုန်ပြီ အဲဒါကြောင့် ကျွန်မ ဒီညနေ ပြန်တော့မယ်။ ဆရာကို လာပြီး နှုတ်ဆက်တာပါ’ ဟု ပြောပြီးလျှင် ကျွန်ုပ်အား ငွေများ ထိုက်ထိုက်တန်တန် ကန်တော့၍ သွားလေတော့၏ ။

ထိုအချိန်မှ စ၍ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ ရောက်သော ရတနာ ကုန်သည် ကျောက်ပွဲစား တို့အား ဤယတြာကိုပင် ပြုလုပ် ဆောင်ရွက် ပေးခဲ့လေ၏ ။ထိုသို့ ပြုလုပ်ပေးရာတွင် မအောင်မမြင် ဖြစ်သည်ဟု ကျွန်ုပ် မမှတ်မိပါ။ ထို့ကြောင့် အရေးရှိက သုံးနိုင်ရန် အတွက် ကောင်းကင်မှ ယတြာနည်းကို ဖော်ပြလိုက်ရလေ တော့သတည်း…။ (မူရင်း- အဘမင်းသိင်္ခ)

Wednesday, August 25, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels