Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

နိုင်ငံခြားမှငွေအမြန်ပေးပို့စေသောယတြာ

စပယ်ယာအမ်းသောပိုက်ဆံဖြင့် ဓါတ်ပုံကိုရိုက်သော ယတြာဆန်းတစ်မျိုး
(မူရင်းအဘမင်းသိင်္ခ)

တစ်နေ့တွင် ကျွန်ုပ်ထံသို့ အသက်လေးဆယ်အရွယ်ခန့်ရှိ အရှာဘီဆိုသော မိန်းမတစ်ဦး ရောက်ရှိလာလေ၏။ ထို့ကြောင့် ကျွန်ုပ်က " ကဲ... အရှာဘီ ၊ လာတဲ့ ကိစ္စ ပြောစမ်းပါဦး "ဟု မေးလိုက်ရာ ၎င်းက...

ဒီလိုပါဆရာရယ်။ ကျွန်မယောက်ကျား ဘေလာဒင်က နွားမွေးချင်တယ်ဆိုလို့ ကျွန်မနွားတွေဝယ်ပေးထားတယ် နွားတွေလည်းဝယ် ပြီးရော သူက မမွေးချင်ပြန်ဘူး မလေးရှားကိုသွားချင်တယ် လို့ပြောပြန်တယ်။ အဲဒါကျွန်မလဲသူများဆီကပိုက်ဆံချေးပြီးမလေးရှားကိုပို့လိုက်တယ်။ မလေးရှားလည်းရောက်ရော သူရတဲ့ပိုက်ဆံ တွေကို သူ့ဘာသာသူသုံးဖြုံးနေတယ်။ ကျွန်မဆီကိုငွေမပို့ဘူး ကျွန်မမှာတော့ ကြွေးတွေနဲ့နေ့တိုင်း ရင်ဆိုင် နေရတယ်... အဲဒါငွေပို့အောင်လုပ်ပေးစမ်းပါ" ဟုပြောလေတော့၏။ ကျွန်ုပ်လည်း ကောင်းကင်ကိုမော့၍ အာရုံ တောင်းရလေတော့၏။ ကျွန်ုပ်၏အာရုံထဲတွင် အရှာဘီကဘက်(စ်)ကားစီသွား၏။ ဘတ်(စ်)ကားခအဖြစ်ငွေတစ် ထောင်ကိုစပယ်ယာသို့ ပေးလိုက်၏။

စပယ်ယာ........ ငွေတစ်ထောင် ယူပြီးလျှင်ငါးရာတန်တစ်ရွက် နှစ်ရာတန်တစ်ရွက် တစ်ရာတန်တစ်ရွက်ပြန်အမ်း နေသည် ကိုလည်းတွေ့ ရလေ၏။ ထို့နောက် အရှာဘီသည် ၎င်းပိုက်ဆံများ ခေါက်၍ ၎င်း၏ယောက်ျား ဓါတ်ပုံကို ခေါက်ကာ "ငါ့ဆီကိုငွေပို့" "ငါ့ဆီကိုငွေပို့" ဟုအော်ဟစ်နေသည်ကိုတွေ့ ရလေ၏။ ကျွန်ုပ်လည်းထိုအတိုင်း ပြုလုပ်ရန် အရှာဘီအား ပြောလိုက်လေ၏။

အရှာဘီလည်းကျွန်ုပ်ပြောသည့်အတိုင်းပင် စပယ်ယာပြန်အမ်းသောပိုက်ဆံဖြင့် ၎င်း၏ ယောက်ျားဓါတ်ပုံကို ရိုက်သည် ဟုဆို၏။ ထိုသို့ရိုက်ပြီး သုံးရက်ခန့်အကြာတွင် ၎င်း၏ယောက်ျားဘေလာဒင်ထံမှ ၎င်းထံသို့ငွေပို့သည်ဟုဆို၏။ ထို့ကြောင့် ကျွန်ုပ်အား ငါးသုံးလုံး စီးကရက်တစ်ဘူးဝယ်၍ ကန်တော့လေ၏။ ထို့နောက်အရှာဘီက ကျွန်ုပ်အား "ဆရာရေ...ဘေလာဒင်တော့ ငွေပို့ပြီ ဟု လည်းအားရပါးရပြောရှာ လေတော့၏။

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်ပတ်ခန့် ကြာသောအခါ အရှာဘီရောက်လာပြန်၏။ ထို့ကြောင့် ကျွန်ုပ်က "ကဲ...ကုလားမ ဘာဖြစ်လာပြန်ပြီလဲ" ဟုမေးရပြန်လေ၏။ ထိုအခါ အရှာဘီက "ဆရာရေ...မလေးမှာ ဘေလာဒင် အလုပ်လုပ်နေတဲ့ အလုပ်က ပြုတ်သွားပြီ။ အခုအလုပ်လက်မဲ့ဖြစ် သွားပြီ။ အဲဒါ အလုပ်ရအောင် လုပ်ပေးပါဦး " ဟုပြောပြန်လေ၏။ ထိုအခါ၌ အရှာဘီ၏ အိမ်သားတစ်ဦး၏ ခြေထောက်တွင် အနာလေးသေးသေး တစ်လုံးပေါက်နေသည်ကို အာရုံတွင်တွေ့ ရလေ၏။ အရှာဘီသည် စက္ကူကလေးကိုသုံးထောင့် ပုံဖြတ်ပြီး တံတွေးစွတ်၍ ထိုအနာကလေးတွင် ကပ်ပေးလိုက်သည်ကိုတွေ့ ရလေ၏။

ထို့ကြောင့် ကျွန်ုပ်က အရှာဘီအား "အရှာဘီရေ... နင့်ရဲ့ အိမ်သူအိမ်သားတစ်ယောက် တစ်ယောက်မှာ ခြေထောက်မှာ အနာကလေး ပေါက်နေလိမ့်မယ်။ အဲဒီ့အနာကလေးကို စက္ကူအဖြူကလေးသုံးထောင့်ညှပ်ပြီး တံတွေးစွတ်ပြီး ကပ်ပေးလိုက်ပေတော့...။ ဟိုမှာနင့်ယောက်ျား အလုပ်ရလိမ့်မယ်" ဟုပြောလိုက်ရာ အရှာဘီက "ဘာဆိုင်လို့လဲဆရာ..." ဟုမေးလေ၏။ ထိုအခါ ကျွန်ုပ်က "ဘာဆိုင်သလဲဆိုတာကိုတော့ ငါလည်းမသိဘူး အဲဒီလိုလုပ်လိုက် နင်ယောက်ျားအလုပ်ရမှာတော့ သေချာတယ်" ဟုပြောလိုက်လျှင် အရှာဘီက "ကောင်းပါပြီ ဆရာ...အဲဒီ့အတိုင်းလုပ်လိုက်ပါမယ်" ဟုဆိုကာ ပြန်သွားလေ၏။ ကျွန်ုပ်မှာသည့်အတိုင်းပင် အရှာဘီက လုပ်လေ၏။ သမီးငယ်ကလေးခြေထောက်တွင် အနာ ပေါက်နေသည်ဟုဆို၏။ ကျွန်ုပ်ပြောသည့် အတိုင်း အရှာဘီ ကလုပ်လိုက်ရာ နှစ်ရက်ခန့် အကြာတွင် မလေးတွင် အလုပ်လက်မဲ့ဖြစ်နေသော ဘေလာဒင်သည် အလုပ်ရသွားကြောင်း သိရလေတော့၏။

ထို့ကြောင့် နံပြားထောပတ်သုတ်တစ်ပွဲနှင့် လက်ဖက်ရည်ဓါတ်ဗူးတစ်လုံး ကျွန်ုပ်အား လာရောက်ကန်တော့၍ ပြန်သွားလေတော့သတည်း...။

Tuesday, August 17, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels