Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အိမ်နှင့်ခြံအမြန်ရောင်းထွက်စေသောယတြာ

စားပွဲတင် မော်တော်ဆိုင်ကယ် အရုပ်ကလေးဖြင့် ခြံအ၀င် အုတ်တိုင်ကို တိုက်သောကြောင့်
အိမ်နှင့်ခြံ အမြန်ရောင်ရသော အဖြစ်ဆန်းတစ်ခု(မူရင်း-အဘမင်းသိင်္ခ)

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ညီအစ်ကိုအရင်းကဲ့သို့ ရင်းနှီးသော မောင်ဌေးမော်ဆိုသည့် လူငယ်တစ်ဦး ရောက်ရှိလာလေ၏။ ၎င်းနှင့်အတူ ၎င်း၏ဇနီး မကြူကြူလည်း လိုက်ပါလာလေ၏။ ၎င်းတို့ လာခြင်းမှာ ၎င်းတို့ အမွေရထားသော ခြံနှင့်တိုက်ကို အမြန်ဆုံး ရောင်းလိုသောကြောင့် ဖြစ်၏။

အဲဒီခြံနှင့်တိုက်ကို အမြန်ဆုံး ရောင်းရမှ ဖြစ်မယ်ဆရာ။ ကျွန်တော်သားကို စင်္ကာပူ ကျောင်းဖွင့်အမီ ပို့ချင်တယ်။ အဲဒါရောင်းရမှ ပို့နိုင်မှာဆရာဟု မောင်ဌေးမော်က ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ဒီလို ပစ္စည်း အကြီးအမားတွေက ချက်ခြင်းရောင်းဖို့ကတော့ ခက်တယိကွဟု ပြောလိုက်လေ၏.။

ဟုတ်ပါတယ်ဆရာ။ ဒါကြောင့် ကျွန်တော် ဆရာ့ဆီ ပြေးလာခဲ့တယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်း မတတ်သာသည့်အဆုံး၌ ကောင်းကင်မှ ယတြာကိုသာ တောင်းရတော့၏။ ကျွန်ုပ်၏ မျက်နှာကို ကောင်းကင်ဘက်သို့ မော့ထားပြီးလျှင် မျက်စိကို မှိတ်၍ ငြိမ်နေလိုက်၏။ ကျွန်ုပ်၏ အာရုံထဲတွင် လူတစ်ယောက်သည် မော်တော်ဆိုင်ကယ် စီးလာပြီးလျှင် ထိုအိမ်ရှေ့၌ ရပ်၏။

ထိုသို့ ရပ်ပြီးလျှင် ခမောက်ကို မ၍ ထိုအိမ်ကို ကြည့်ပြီး ဆိုင်ကယ်ကိုမောင်းထွက်သွားပြန်၏။ ထိုသူ ပြန်ရောက်လာပြီး အိမ်ခြံဝင်း အုပ်တိုင်ကို မော်တော်ဆိုင်ကယ်ဖြင့် တစ်အားဝင်၍ တိုက်လေတော့၏။ ကျွန်ုပ်လည်း ကျွန်ုပ်မြင်ရသော အာရုံကို မောင်ဌေးမော်အား ပြောပြရာ မောင်ဌေးမော်က........

မော်တော်ဆိုင်ကယ် စီးတဲ့ အထိ ရတယ်ဆရာ။ ရပ်ပြီး ခမောက်ကို မ.ကြည့်တာလည်း ရသေးတယ်။ အုပ်တိုင်ကို ဆိုင်ကယ်နဲ့ ၀င်တိုက်ဖို့ကတော့ မလွယ်ဘူး ထင်တယ်ဆရာ။ လူပါ သေသွားလိမ့်မယ်ဟု မောင်ဌေးမော်က ကျွန်ုပ်အား ပြောပြလေတော့၏။ ထိုအခါ ကျွန်ုပ်က

မော်တော်ဆိုင်ကယ်ကိုတော့ မင်းကိုယ်တိုင်ပဲ စီးကွာ။ ခမောက်ကို မပြီး ကြည့်တာကိုလည်း မင်းပဲ ကြည့်ပါ။ နောက်တစ်ခေါက် ပြန်လာပြီး အုတ်တိုင်ကို တိုက်တာကတော့ မင်းမတိုက်ပါနဲ့။ ငါ့မှာ စားပွဲပေါ်မှာ အလှတင်ထားတဲ့ မော်တော်ဆိုင်ကယ် အရုပ်ကလေး ရှိတယ်။ အဲဒါကို ယူသွားပြီး အဲဒါလေးနဲ့သာ တိုက်လိုက်ပေတော့ဟု ပြောလိုက်လေ၏။ ပြီးလျှင် စာပွဲပေါ်တွင် တင်ထားသော မော်တော်ဆိုင်ကယ် အရုပ်ကလေးကိုပါ ပေးလိုက်လေ၏။

မောင်ဌေးမော်သည် ကျွန်ုပ်ပြောသည့်အတိုင်း မော်တော်ဆိုင်ကယ်စီး၍ အိမ်ရှေ့တွင် ရပ်ကာ ခမောက်ကိုမ၍ ကြည့်၏။ နောက်တစ်ခေါက် ပြန်ရောက်သောအခါ ဆိုင်ကယ်ကို ခြံဝတွင် ရပ်၍ ဆိုင်ကယ်ပေါ်မှ ဆင်းကာ စာပွဲတင် ဆိုင်ကယ်ရုပ်လေးဖြင့် အိမ်ရှေ့အုတ်တိုင်ကို တစ်အား တိုက်လိုက်လေ၏။

မော်တော်ဆိုင်ကယ်ရုပ်လေးမှာ ကျိုးပဲ့၍ သွား၏။ နောက်တစ်နေ့ နံက်တွင် ခြံနှင့်တိုက်ကို ၀ယ်မည့်သူများ ရောက်လာကာ စာချုပ် စာတမ်းများနှင့် တကွ ငွေချေပြီး ၀ယ်ယူသွားလေတော့၏။ မောင်ဌေးမော်လည်း စင်္ကာပူရှိ သူ၏သားလေးထံသို့ ငွေအချိန်မီ ပို့နိုင်လေတော့သတည်း။

Tuesday, August 10, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels