အတိုက်အခံ ကိစ္စတွေ ၊ အမှု့ကိစ္စတွေ အတွက် ဆရာကြီးသုံးတဲ့ ကိုယ်ပိုင်နည်းကော မရှိဘူးလားဟု မေးလေ၏။ "ဒီလို ရှိတယ်ကွဲ့။ ဟောဒီ ဂါထာကလေးနဲ့ အနက်ကလေးကို အရ ကျက်ထားမှတ်ထား။ မရသေးခင်တော့ ဘုရားစင်မှာ ကပ်ထား။ ဒါပေမဲ့ အနက်ကတော့ ဆင်ခြင် ရုံပါပဲကွယ်။ ပါဠိကိုပဲ အသုံးပြုမှာပါ။
ဒေဝ ပုတ္တော ကိလေသော စ ၊ အဘိ သင်္ခါရ မာရကော။
ခန္ဓော မစ္စူတိ ပဉ္စေတေ ၊ မာရေ ဝိဇိတဝံ နမေ။
အနက်။.............။
ဒေဝ ပုတ္တော ၊ ဒေဝပုတ္တမာရ်လည်းကောင်း။
ကိလေသောစ ၊ ကိလေသာမာရ်လည်းကောင်း။
အဘိသင်္ခါရမာရကော ၊ အဘိသင်္ခါရ မာရ်လည်းကောင်း။
ခန္ဓော ၊ ခန္ဓမာရ်လည်းကောင်း။
မစ္စူတိ ၊ မစ္စူမာရ်လည်းကောင်း။
ဣတိ ၊ ဤသို့။ ဧတေ-ပဉ္စမာရေ ၊ ထိုမာရ်ငါးပါးတို့ကို။ ဝိဇိတဝံ ၊ အောင်တော်မူပြီးသော မြတ်စွာဘုရားကို။
အဟံ ၊ အကျွန်ုပ်သည် ။ နမေ-နမာမိ၊ ရှိခိုးပါ၏။
အတိုက်အခံ ရှိရင် အဲဒီ ဂါထာကို ၄၉-ရက် သက်စေ့ရွတ်ရမယ်။
အမှု့ ရှိရင်ရော.........
အမှု့ရှိရင်တော့ YANTRIC ယန္တြကို သုံးရမယ်။ အဲဒါက ဟောဒီမှာ ကြည့်ဟု ဆိုကာ ကျွန်ုပ်သည် အနန္ဒာ လဟီးရီး ဆိုသူ ပုဂ္ဂိုဟ်ကျော်၏ ယန္တြကျမ်းတွင် ဖော်ပြထားသည့် အောက်ပါ ယန္တြကို ရေးပြလေ၏။

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter