(မူရင်း-အဘမင်းသိင်္ခ)ကောင်းတာကြံသမျှ အောင်စေသော်ဟု အမည်ရသော စမသည် ကကြီး ၊ ဃကြီး ဏကြီး ၊ ဠကြီးဟု ဆိုအပ်သော ဗျဉ်းသုံးဆယ့်သုံးလုံး အနက်မှ ကြီးတပ်ခေါ်ရ သော အက္ခရာတိုပကို ဘုံ(၈)ဆင့်တင်၍ အပေါ်တွင် န၀င်းစီးကာ ရေးထား၏။ ထိုကြီးလေးကြီး အက္ခရာကိုပင် ဘုံလေးဆင့်တပ်ကာ န၀င်းညွန့် တင်၍ ရေးသားသည်ကို တွေ့ရ၏။
ထို့နောက်မှ (ကောင်းတာကြံသမျှ အောင်စေသော် ) စာကို ရေးထား၏။ ထိုစာလုံး တစ်လုံးတိုင်းကိုလည်း ဠ-အံကိုက်စမဖြင့် ပိတ်ထားသည်ကိုလည်း တွေ့ရ၏။ ထို ဠ-အံကိုက်စမ၏ အစွမ်းထက်ပုံကို ဤနေရာတွင် ဖော်ပြရန် အလျဉ်း မသင့်သေးသောကြောင့် ဤနေရာတွင် မဖော်ပြသေးပါ။
လောကီပညာ လိုက်စာဖူးသူတိုင်း ဤစမ၏ အာနိသင်ကို သိကြ၏။ ထိုစမ၏ အလယ်၌ကား ( စဓဗ၀) စမကို ကွန်ခြာရေးထား၏။ ထိုစမ၏ အသုံးကို ကျွန်ုပ် ကောင်းစွာ သိပါ၏။ ထိုစမကို ရေးဆွဲ၍၎င်း ၊ ကူးယူ၍၎င်း ၊ ပန်းကန်ပြားပေါ်တွင် ကော်သုတ်၍ ကပ်ပြီးလျှင် အလယ်တည့်တည့် နေရာ၌ တစ်နေ့လျှင် ဖယောင်းတိုင် တစ်တိုင်ကျ သက်စေ့ ထွန်ညှိပူဇော်၍ ကြံစည်လျှင် အကြံအောင်သည်ဟု ဆို၏။
သို့ရာတွင် ကျွန်ုပ်၏ အတွေ့အကြုံအရ ကောင်းမြတ်သော အကြံများသာ အောင်ပါသည်။ ထို့ကြောင့် ကောင်းသော အကြံကို ကြံစည်လိုသော သူတို့အား အသုံးပြုနိုင်စေရန် စေတနာ ရှေ့ထား၍ ဖော်ပြလိုက်ရပေသတည်း။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter