မူရင်း-အဘမင်းသိင်္ခ
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မြန်မာ့ ရုပ်ရှင် မဂ္ဂဇင်းကို ထုပ်လုပ်သော မေသင်းခိုင် ရောက်လာ၏။ ထို့နောက် ၎င်းက ကျွန်ုပ်အား တွေ့လျှင် တွေ့ချင်း... " မြန်မာ့ ရုပ်ရှင်အတွက် ဘာရေးပေးမှာလဲ" ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က....
ဒီလိုရှိတယ် သမီး။ ရုပ်ရှင် သရုပ်ဆောင်ပဲ ဖြစ်ဖြစ် ၊ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ကွယ် ၊ အလုပ် အကိုင်ဟာ တစ်သမတ်တည်း ကေင်းနေတာ မဟုတ်ဘူး။ ကောင်းတဲ့ အခါ ရှိသလို မကောင်းတဲ့ အခါလည်း ရှိတယ်ကွဲ့။ အဲဒါ သဘာဝပဲ။ အန်ကယ့် အတွေ့အကြုံအရ ပြောရရင်တော့ အဲဒီလို အခါမျိုးမှာ ခုသာ ခံသာဖြစ်အောင် ဘုရားနဲ့ ပတ်သက်တဲ့ ယတြာလို့ပဲ ပြေပြော ၊ ဆွမ်းတော် ကပ်တာလို့ပဲ ပြောပြော အဲဒါလေး လုပ်လိုက်ရင် ထူးခြား လာတာကို တွေ့ရတယ်"ဟု ကျွန်ုပ်က ပြောလိုက်လျှင် : အဲဒါလေးပဲ ရေးပေးပါ"ဟု ပြောသဖြင့် ကျွန်ုပ်သည် အောက်ပါအတိုင်း ရေးပေးလိုက်လေ၏။