(မူရင်း-အဘမင်းသိင်္ခ)ကြွေးထူတဲ့ လူတွေကို အဲဒီ အဆောင်တွေ ပေးလိုက်တာ မနည်း တော့ဘူး။ တော်တော်လေး တန်ခိုး ပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေ တောင် မပေါ် သေးဘူးကွ။ စီးကရက် ဗူးထဲပါတဲ့ ရွှေရောင် စက္ကူနဲ့ လုပ်ပေးခဲ့တာ။
ယုံယုံကြည်ကြည်နဲ့ တော့ လုပ်ကွာ။ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေ၀ီ မယ်တော်တွေကို လှူကွာ။ အဲဒီ ယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ ထူးထူးဆန်းဆန်း ကြွေးတွေ ကျေသွားတာကို တွေ့ရတယ်ကွာ။ မယုံရင်တော့ မင်းကိုယ်တိုင် စမ်းကြည့်။
ဟုပြောလိုက်ရာ မောင်မောင်မြင့်အေးက "စမ်းဆို မနက်ဖြန် မနက်ကစပြီး စမ်းရမှာပဲ ဆရာရေ" ဟု ပြောဆိုကာ ကျွန်ုပ်အနီးမှ ထွက်သွားလေတော့၏။ ကျွန်ုပ်မှာလည်း မောင်မောင်မြင့်အေးသို့ ယခုလအတွင်း ပေးရန် စာမူအကြွေး ကျေသွားသောကြောင့် ရင်၌ ပေါ့၍ သွားလေတော့၏။
ထိုအတူ ကြွေးထူနေသော လူအပေါင်းတို့အား ကြွေးများကျေ၍ ၎င်းတို့၏စိတ်သည် စမ်းရေလိုစီး၍ မိုးတိမ်လို လွင့်မျှောကာ ပေါ့ပါး လွတ်လတ်ကြပါစေသတည်းဟု ဆုတောင်းမိလေတော့၏။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter