(မူရင်း-အဘမင်းသိင်္ခ)ခြေထောက်တစ်ဖက်မှာ မိတ်ဆွေရဲ့ နာမည်ကို ရေးပါ။ မျက်နှာချင်း ဆိုင်ရဲ့ ခြေထောက် တစ်ဖက်မှာ ကိုယ်ပြောင်း ချင်တဲ့ မြို့ကိုရေး။ ကျန်တဲ့ ခြေထောက် နှစ်ဘက်မှာ လည်း နာမည်က တစ်ဖက် ပြောင်းချင်တဲ့ မြို့က တစ်ဖက်ရေး။
ပြီး တော့ အဲဒီပုံမှာလည်း ကဒ်ပြား ထူထူလေးမှာ ကပ်လိုက်။ ပြီးလို့ရှိရင် အလယ် ဗဟိုဘက်က အပ်ကလေးနဲ့ ဖောက်ပြီး စားပွဲပေါ် အပြားလိုက် ချထား။ ညအိပ်ခါနီးရင် အဲဒါလေးကို လက်ယျာရစ် ခုနှစ်ပတ် ပြည့်အောင် လုပ်ပြီးမှ အိပ်ရမယ်။ အစောကြီး ကြိုလုပ်လို့ မရဘူး။ အိပ်ခါနီးမှ လုပ်ရမယ်။
လေးလေးနက်နက် ယုံယုံကြည်ကြည် လုပ်ရမယ်။ တစ်ချို့ဆိုရင် သူ မသွားချင်တဲ့ မြို့ကို အမိန့်ထွက်ပြီးမှ သူ သွားချင်တဲ့မြို့ကို ပြန်ပြောင်းပြီး အမိန့်ထုပ်ပေး ရတာမျိုး ရှိတယ်။
မှတ်ချက်။ လောကီပညာ သဘောမှာ လွန်စွာ ဆန်ားကယ်ပါ၏။ အပြောင်းအရွေ့ ကိစ္စများအတွက် နည်းအမျိုးမျိုး ရှိပါသည်။ ဤနည်းသည် ကျွန်ုပ် ဗေဒင်ဆရာဘ၀က အသုံးပြုခဲ့သော နည်းကောင်းလေးတစ်ခု ဖြစ်သဖြင့် လိုအပ်သူများ အသုံးပြုနိုင်ရန်အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter