Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ရန်ပြေငြိမ်းစေသောယတြာ

ငှက်ပျောတစ်တောင်တုံးမီးပန်းကုံးယတြာ
မူရင်း အဘမင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ မိတ်ဆွေ ကိုလှဖေဆိုသူ ရောက်လာလေ၏။ သူသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း

ဆရာသမား... ကျုပ်ကို ယတြာလေးဘာလေး လုပ်ပါဦးဗျာ။ လူတစ်ယောက်က ကျုပ် အိမ်ရှေ့လာပြီး ကျုပ်ကို လာလာကြည့်နေတယ်။ အဲဒီလို ကြည့်ရုံနဲ့လည်း မပြီးသေးဘူး။ ကျုပ်အိမ်နဲ့ မျက်စောင်းထိုးက လဘက်ရည်ဆိုင်မှာ ထိုင်ပြီး ကျုပ်အိမ်ကို တစ်နေကုန် ကြည့်နေတာပဲ။ ကျုပ်ဖြင့် အူယားလိုက်တာ မပြောပါနဲ့။ အဲဒီ ငတိ တစ်နေကုန် လာပြီး မကြည့်အောင် ခင်ဗျား ပညာနဲ့ လုပ်ပေးစမ်းပါဗျာဟု အကူအညီ တောင်းလေတော့၏။

ကျွန်ုပ်လည်း မိုးကောင်းကင်ဆီသို့ မော့၍ မျက်စိမှိတ်ထားပြီးကာ ကောင်းကင်မှ ယတြာကို စိတ်တွင်းမှ တောင်းလိုက်လေ၏။ ထိုသို့ တောင်းလိုက်လျှင် ကျွန်ုပ်၏ အာရုံထဲ၌ အဖိုးကြီးတစ်ဦးသည် တစ်တောင်ခန့်ရှိသော ငှက်ပျောတုံးပေါ်တွင် ၀ါးခြမ်းပြားကို လေးကိုင်းသဏ္ဌန် စိုက်၍ ထိုဝါးခြမ်းပြားပေးတွင် ဖယောင်းတိုင် ၉-တိုင်စိုက်၍ ခြံစည်းရိုး တိုင်ပေါ်တွင် တင်ထားသည်ကို တွေ့ရလေ၏။
ထို့နောက် ထိုအဖိုးကြီးက

ရန်ရှိတာ ရန်မလာအောင် လုပ်တဲ့နည်းတွေထဲမှာ ဒီနည်း အကောင်းဆုံးပဲ။ မှတ်ထားကွ။ ငှက်ပျော တစ်တောင်တုံး မီးပန်းကုံး
ဟု ပြောသည်ကို စိတ်တွင်းမှ နားလည်လိုက်၏။ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ သူငယ်ချင်း ကိုလှဖေအား ထိုသို့ ပြုလုပ်ရန် မှာလိုက်လေ၏။ ကိုလှဖေသည် ကျွန်ုပ် ပြောသည့်အတိုင်း ပြုလုပ်သည်ဟု ဆို၏။ သုံးရက်ခန့် ကြာသောအခါ ကျွန်ုပ်၏ မိတ်ဆွေ ကိုလှဖေသည် ကျွန်ုပ်ထံသို့ ရောက်လာပြန်၏။ ထို့နောက် ကိုလှဖေက

ဆရာပြောတဲ့အတိုင်း ကျုပ်လုပ်လိုက်တာ အဆင်ပြေသွားပြီဗျ။ မနေ့က လဘက်ရည်သောက်မယ် ဆိုပြီး ဟို ငတိထိုင်တဲ့ လဘက်ရည်ဆိုင်ကို ၀င်သွားတာ အဲဒီ ငတိ လဘက်ရည် အတင်းဝယ်တိုက်လို့ ကျုပ် သောက် လိုက်ပါလေရော။ အဲဒီလို သောက်လိုက်တုန်းမှာပဲ သူက ကျုပ်ကို ပြောတယ်။ ဒီမှာ ကိုလှဖေတဲ့ ခင်ဗျား အိမ်ရှေ့ကို ကျုပက လာလာပြီး ကြည့်တာကို စိတ်မဆိုးနဲ့နော်တဲ့။

ကျုပ်တို့က အလိုရှိနေတဲ့ တရာခံတစ်ဦး ခင်ဗျာဆီမှာ ရှိတယ်လို့ သတင်းရလို့ လာကြည့်တာပါ။ အခုတော့ တရာခံလည်း ဖမ်းမိပါပြီ။ ကျုပ်တို့လည်း လာ မကြည့်တော့ပါဘူး။ သက်ဆိုင်ရာက ကျုပ်ကို ပြန်သိမ်းပါပြီ။ ကဲ ဘယ်လောက် ကောင်းတဲ့ ယတြာလည်း ဆရာသမားရယ် ကျုပ်ကဖြင့် ခင်ဗျားရှိနေလို့ အားကိုးရှိလို့။ နယ်တွေ ဘာတွေ မထွက်စမ်းပါနဲ့ဗျာ။ ကျုပ်ကဖြင့် လိုက်လိုက်ရှာရတာ။ နယ်တွေ ဘာတွေ မသွားစမ်းပါနဲ့ဗျာ။ ကိုယ့် အိမ်မှာ ကိုယ်နေစမ်းပါ။

ဟုဆိုကာ အလွန် ရှားပါးသော အင်္ဂလိပ် အားဆေး တစ်ပုလင်းကို ကန်တော့၍ ပြန်သွားလေတော့ သတည်။...

Saturday, August 7, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels