Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မိမိအပ်နှံထားသောပစ္စည်းများ ပြန်တောင်းရစေသောနည်း

သူ့နာမည်က ဦးအေးမောင်တဲ့၊ သူက မွန်လူမျိုး ၊ အသက် လေးရှစ်လောက်ရှိတဲ့ ၊ စိတ်သဘောထားပြည့်ဝပြီး ခင်မင်ဖော်ရွှေတတ်တဲ့ ဦးလေးကြီးတစ်ယောက်ပါ။ သူက လူတစ်ဖက်သားကို အရမ်းလည်း ကူညီတတ်တယ်။ ဒုက္ခရောက်နေတဲ့လူကို တွေ့ပြီဆိုတာနဲ့ မကူညီရရင်ကို မနေနိုင်ဘူး။ နောက်ပြီး သူ့မှာရှိလို့ကတော့ အကူအညီ လာတောင်းတဲ့လူက မရသွားဘူးဆိုတာကို မရှိတာ။ ငွေမတတ်နိုင်ရင် လူနဲ့ ကူညီပေးတာ။ ပြောရရင်တော့ စိတ်ကောင်းအလွန်ရှိတဲ့ ဦးလေးကြီးတစ်ယောက် ဆိုပါတော့။

သူ-စိတ်ကောင်းရှိလွန်းလို့ ဒုက္ခရောက်တာလည်း ကျွန်တော်မှတ်မိသေးတယ်။ အမှန်ကတော့ ပြဿနာက ကျွန်တော်ကစတဲ့ ဇာတ်လမ်း။ ဖြစ်ပုံက ဒီလို။ တစ်နေ့ အလုပ်ပိတ်ရက်မှာ ဦးအေးမောင်ကြီး ကျွန်တော်အခန်းကို လာလည်တယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွန်တော့်ဆီကို ဖုံးတစ်လုံးဝင်လာတယ်။ တစ်ဘက်က ပြောတာကို ကျွန်တော်က လုံးဝနားမလည်ဘူး။ တစ်ဘက်လူက ကျွန်တော်ကို မွန်လိုပြောနေတာကိုး။ အဲဒီတော့ ကျွန်တော်က နားမလည်တော့ မွန်လူမျိုး ဦးအေးမောင်ကြီးကို ဖုံးလှမ်းပေးလိုက်တယ်။

ကျွန်တော်ရှေ့မှာ ဦးအေးမောင်ကြီးတစ်ယောက် မွန်လို စကားတွေပြောနေတာ နာရီဝက်လောက်တောင် ကြာတယ်။ စိတ်ဝင်တစားကို ပြောနေတာနော်။ အခြေအတင်ကို ပြောနေတာ။ နောက်ပြီး သူကလည်း ဘာတွေလည်းမသိ ပြန်ပြန်မေးတယ်။ အဲဒီလိုနဲ့ နာရီဝက်လောက် ကြာတော့ ဦးအေးမောင်ကြီးတစ်ယောက် ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဖုံးကို ကျွန်တော့် ပြန်ပေးလိုက်ရင်း သွားလိုက်ဦးမယ်ဆရာလေးရေ။ လုပ်စရာလေး ချက်ချင်းပေါ်လာလို့ဆိုပြီး သုတ်တိသုတ်ပြာနဲ့ ကျွန်တော့်အခန်းထဲက ပြန်ထွက်သွားတယ်။ ကျွန်တော်လည်း စဉ်းစားပြီး ကျန်နေခဲ့တယ်။ ဒီလူကြီး ဘာဖြစ်သွားတာပါလိမ့်ပေါ့။

ညနေ(၆)နာရီလောက်ရောက်တော့ ဦးအေးမောင်ကြီးတစ်ယောက် ကျွန်တော့်အခန်း ပြန်ဝင်လာပြန်တယ်။ မျက်နှာကတော့ ရှုံ့မဲ့မဲ့နဲ့။ တစ်ခုခုကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတဲ့ ပုံနဲ့ ။ အဲဒီတော်မှ ကျွန်တော်လည်း တနေကုန်သိချင်နေတဲ့ ကိစ္စကို မအောင်အီးနိုင်ပဲ ဖွင့်မေးလေိုက်တယ်။ အဲဒီတော့မှ ဦးအေးမောင်ကြီးက ကျွန်တော်ကို ဒီလိုပြောပြတယ်။ အဖြစ်က ဒီလို...

ဒီလိုဆရာလေးရေ..။ မနက်တုန်းက ဆရာဆီကို အမျိုးသမီးတစ်ယောက် ဖုံးဆက်တယ်။ မွန်လိုပြောတယ်။ ဆရာက နားမလည်တော့ ကျွန်တော်ဆီကို ဖုံးပေးလိုက်တယ်လေ။ အဲဒီမှာ ဖုံးဆက်လာတာက ဗန်ကောက်မှာ အိမ်ဖော်လုပ်နေတဲ့ မွန်အမျိုးသမီးတွေလို့ ပြောတာပဲ။ သူတို့က ညီအမနှစ်ယောက်တဲ့။ သူကတော့ တစ်ခုလပ်တဲ့။ သူ့ညီမလေးကတော့ အပျိုလေးတဲ့။ အခု သူတို့ ညီအမနှစ်ယောက် ဒုက္ခအရမ်းရောက်နေလို့ လာကယ်ပါတဲ့။ မွန်လူမျိုးအချင်းချင်းလှမ်းပြီး အကူအညီတောင်းတာပါတဲ့။

အဲဒီတော့ ကျွန်တော်က ဘာဖြစ်တာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီတော့ သူတို့က ဘာပြောလဲဆိုတော့ အခုလောလောဆယ် သူညီမအပျိုမလေးကို သူတို့လုပ်နေတဲ့ အိမ်က သူဋ္ဌေးက အတင်းယူမယ်လုပ်နေတယ် လို့ ပြောတယ်။ အဲဒါအဲဒီအိမ်ကနေ ထွက်သွားချင်တာပါတဲ့။ ဒီကနေ ထွက်မသွားရင် သူ့ညီမလေး ရေတိမ်နစ်ရပါလိမ့်မယ်။ ကယ်ပါဦးလေးရယ်လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က ဒါဆို လိပ်စာပေး ဦးလေးလာကြိုမယ်လို့ ပြန်ပြောလိုက်တော့ အဲဒီအမျိုးသမီးက အခုလောလောဆယ်တော့ သူက အရေးမကြီးပါဘူး။ သူ့ကိုလည်း သူဋ္ဌေးက မကြိုက်တော့ အရေးမကြီးဘူး။ အရေးကြီးတာက သူ့ညီမ အပျိုလေး ဘ၀မပျက်အောင်တော့ ကူညီပေးပါလို့ ပြန်ပြောတယ်။

ထိုအခါ ကျွန်တော်က စကားဖြတ်ပြီး အော်..မနက်တုန်း က အရေးတကြီး ထထွက်သွားတာ ဒီကိစ္စပဲပေါ့လေလို့ ဆိုတော့ ဦးအေးမောင်ကြီးက ဟုတ်တယ်ဆရာလေးရေလို့ ပြန်ပြောတယ်။ နောက်တော့ ဆက်ပြောပါဦးလို့ ကျွန်တော်က စကားဆက်ထောက်ပေးလိုက်တော့ ဦးအေးမောင်ကြီးက သူ့အဖြစ်အပျက်ကို ဆက်ပြောပြတယ်။

အဲဒီလိုနဲ့ ကျွန်တော်က လာကြိုမယ်လို့ ပြောတော့... အဲဒီဖုံးဆက်တဲ့ အမျိုးသမီးက ဒီလိုပြန်ပြောတယ်ဆရာရေ။ ဦးလေးတဲ့။ ဦးလေးကူညီမယ်ဆိုရင် ဒီလို ကူညီလို့ မရသေးဘူးတဲ့။ သူဋ္ဌေးက ပြောတယ်။ တကယ်လို့ နင့်ညီမကို ဒီမှာဆက်မထားချင်ရင် မြန်မာပြည်က လာတုန်းက ငါစိုက်ထားတဲ့ လမ်းစရိတ်တွေ ကို ပြန်အမ်းပေးရင် ခွင့်ပြုမယ်လို့ ပြောတယ်။ ပိုက်ဆံမရရင်တော့ လုံးဝ အိမ်ကနေ ပြန်ခွင့်မပေးဘူးလို့ သူဋ္ဌေးက ပြောတယ်လို့ ဖုံးဆက်တဲ့ မိန်းကလေးက ပြောတယ်ဆရာလေးရေ။

အဲဒီတော့ ဦးလေးရယ် ကျွန်မကတော့ အိမ်ထောင်လည်းကျပြီးသားဆိုတော့ ကျွန်မအတွက်ကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဖြစ်နိုင်ရင် ကျွန်မ ညီမလေးရဲ့ ဘ၀ရေတိမ်မနစ်အောင် ကူညီပေးစေချင်တယ်။ ဖြစ်နိုင်ရင်လေ ကျွန်မညီမလေးပေးရမယ့် ပိုက်ဆံရှစ်ထောင်ကို ဦးလေးက စိုက်ပြီး ကူညီပေးစေချင်တယ်။ သူ ဦးလေးတို့အိမ် ရောက်လာရင် အလုပ်လုပ်ပြီး ပြန်လုပ်ဆပ်ပါ့မယ်လို့ သူက ဆက်ပြောတယ် ဆရာရေ...

အဲဒီမှာ ကျွန်တော်ကလည်း ဘာမှ မစဉ်းစားတော့ဘူး။ ကိုယ့်မှာကလည်း သမီးတွေနဲ့ မဟုတ်လား။ သမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ချက်ချင်းပဲ ကူညီပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာ။ ခပ်တိုတိုပြောရရင်တော့ ဆရာရေ။ ညနေ နှစ်နာရီလောက်မှာ မိန်းကလေးတစ်ယောက် အသက်ကတော့ (၂၀)လောက်တော့ရှိမယ်ထင်တယ်။ တက္ကစီနဲ့ ကျွန်တော့်အခန်းကို ရောက်လာတယ်ဆိုပါတော့။ သူ့အမကတော့ ပိုက်ဆံကို သူဋ္ဌေးကိုပေးဖို့ တက္ကစီ ကားသမားနဲ့ ထည့်ပေးလိုက်ပါဆိုလို့ ကျွန်တော်လည်း ပိုက်ဆံရှစ်ထောင်ကို အဲဒီ ကောင်မလေးကို လာပို့တဲ့ ကားသမားနဲ့ ထည့်ပေးလိုက်တယ်။ ကောင်မလေးကတော့ ကျွန်တာ့်အခန်းကို ရောက်လာတယ်ပေါ့။ ထိုအခါ ကျွန်တော်ကလည်း ဦးအေးမောင်ကြီး စကားကို ဖြတ်ပြီး ဒီလိုပြောလိုက်တယ်။

ကောင်းလိုက်တာဗျာ။ ဒီ ကုသိုလ်က ဘာနဲ့မှ လဲလို့မရဘူးဗျ။ သူတစ်ပါး ဘ၀ပျက်မယ့်ဘေးကနေ သီသီကလေး လွတ်မြောက်အောင် ကူညီပေးတာ အင်မတန် မွန်မြတ်တဲ့ ကူညီဖေးမမှု့ပါပဲ ဦးအေးမောင်ကြီးရာ။ သာဓုဗျာ သာဓုလို့ ပြန်ပြောလိုက်တော့ ဦးအေးမောင်ကြီးက မျက်နှာကြီး နီသွားပြီး...ဘယ်ကလာ ကုသိုလ်ရရမှာလည်း ဆရာလေးရဲ့။ အခု အဲဒီကောင်မလေး အိမ်အောက်ကို ခနသွားဦးမယ်ဆိုပြီး ဆင်းသွားတာ အခုထိ ပေါ်မလာတော့ဘူး ဆရာလေးရေဟု ပြန်ပြောလေတော့၏။ သေချာတာ ကတော့ ငွေရှစ်ထောင်ပါသွားပြီ ဆရာလေးရေ...ဟု ဦးအေးမောင်ကြီးက ပြန်ပြောလေ၏။

အဲဒီ ဦးအေးမောင်ကြီးက အဲဒီလောက် သူတစ်ပါးအပေါ်ကို ကူညီပေးတာ။ ကိုယ့်ဘ၀ အပျက်ခံပြီး ကူညီပေးမယ့် လူစားမျိုးပဲ။ ယခုလည်း ဦးအေးမောင်ဆိုသော ဦးလေးကြီးသည် ကျွန်တော့် ဗေဒင်ဟောခန်း ထဲ ရောက်လာပြီးလျှင် အောက်ပါအတိုင်း ပြောလေ၏။

ဒီတစ်ခါလာတာကတော့ ဆရာလေးဆီက အကူအညီတောင်းစရာလေးရှိလို့ပါ။ မြန်မာပြည်က ကျွန်တော့် အိမ်နဲ့ ခြံ စာချုပ်စာတမ်းတွေကို အမကြီးဆီမှာ အပ်ထားတာ။ အဲဒါလေးတွေကို ပြန်တောင်းတာ တောင်းလို့ကို မရဘူးဖြစ်နေတယ်။ ကျွန်တော့်ရဲ့ ဆန္ဒက အဲဒီအိမ်နဲ့ ခြံကို ရောင်းပြီး မော်လမြိုင်မြို့သစ်ဘက်မှာ အသစ်ပြန်ဝယ်ချင်တာ။ အဲဒီစာချုပ်စာတမ်းလေးတွေကို ပြန်တောင်းလို့ရအောင် အမကြီးက ထုပ်ပေးအောင် ဆရာလေးက ယတြာပေးပါဟု ပြောသောကြောင့် ကျွန်ုပ်လည်း မိမိ၏ ပစ္စည်းများ သူတစ်ပါးထံတွင် အပ်နှံထားပါက ပြန်တောင်းရစေသော အောက်ဖော်ပြပါ ယတြာနည်းကို ဦးအေးမောင်ကြီးအား ပေးလိုက်လေတော့သတည်း။

မိမိအပ်နှံထားသော ပစ္စည်းများကို သွားတောင်းခါနီးတွင် လက်အုပ်ချီ၍ ပိသော ဟူသောဂါထာကို (၁၀၈)ခေါက် ရွတ်သွားပါ။ မိမိကို မြင်တာနဲ့ အပ်နှံထားသော ပစ္စည်းများကို လွယ်လင့်တကူ ထုပ်ပေးပါလိမ့်မယ်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Monday, February 14, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels