Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အခက်အခဲများပြေလည်စေသော လွယ်ကူသောနည်းတစ်ခု

သင်တို့လျှောက်လှမ်းသော ဘ၀ခရီးလမ်းတွင် အခက်အခဲမျိုးစုံတို့သည် စောင့်ကြိုလျှက်ရှိသည်။ ဘ၀သည် သာယာဖြောင့်ဖြူးသော ပန်းခင်းလမ်း မဟုတ်ပါ။ အပျော်ခရီးသွားစရာ ပန်းခြံမဟုတ်ပါ။ ကစားကွင်းမဟုတ်ပါ။ သို့သော် အပျော်ခရီး တစ်ခုလို သဘောထားပြီး သွားတာ အကောင်းဆုံး ဖြစ်မည်ထင်၏။ ထိုအခါ သင်၏ ဘ၀ခရီးလမ်းသည် လေးလံခြင်းများ၊ ပျင်းရိငြီးငွေ့ခြင်းများ၊ စိတ်ပျက်အားငယ်ခြင်းများ ဖြစ်မည်မထင်၊ ပျော်ရွှင်စရာ ဘ၀ခရီးလမ်းတစ်ခု အဖြစ် တွေ့မြင်ရလိမ့်မည်။

ထို့ကြောင့် သင်သည် နေ့စဉ်နေ့တိုင်းသင်၏ ဘ၀ခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းစေချင်ပါသည်။ ပျော်လည်း တစ်ရက်ကုန်လိမ့်မည်၊ ပျက်လည်း တစ်ရက် ကုန်လိမ့်မည်။ ထို့ကြောင့် ပျော်တာပင် ကောင်းလိမ့်မည် ထင်၏။ ရီတာနဲ့ ငိုတာ ဘယ်ဟာကောင်းသနည်း။ ရီတာကောင်း၏။ ထို့ကြောင့်ပင် သင်သည် ရီရီမောမောသာ လျှောက်လှမ်းစေချင်ပါ၏။

ထိုကဲ့သို့ လူသားတို့၏ ဘ၀ခရီးလမ်းကို ပန်းခင်းသောလမ်းပမာ လျှောက်လှမ်းနိုင်ဖို့အတွက်ဆိုလျှင် သင်တို့ ပုခုံးထက်တွင် သင်တို့ကိုယ်တိုင် ထမ်းတင်ထားသော အထုပ်ကြီး နှစ်ထုပ်ကို သင်တို့ကိုယ်တိုင် ပြစ်ချလိုက်ဖို့ အရေးကြီးပါ၏။ အတိတ်ဆိုသော အထုပ်နှင့် မရောက်လာသေးသော အနာဂါတ်ဆိုသော အထုပ်နှစ်ထုပ်ပင် ဖြစ်၏။

သင်သည် အတိတ်ကာလက ဖြစ်ပျက်ခဲ့သော အကြောင်းအရာမျိုးစုံကို ထမ်းပိုးထား၏။ အနာဂါတ်တွင် မရောက်လာသေးသော။ မသေချာသော အကြောင်းအရာမျိုးစုံ ထမ်းပိုးထား၏။ ထို့အတွက်ကြောင့် သင်တို့သည် လွန်စွာလေးလံနေကြကုန်၏။ ထိုကြောင့် သင်တို့ကိုယ်တိုင် ကောင်းမွန်စွာ လွှတ်ချကြည့်လိုက်စမ်းပါ။ သင်သည် လွတ်လတ်ပေါ့ပါးခြင်း၏ ချိုမြိန်သော အရသာကို သင်ကိုယ်တိုင် ခံစား၇လိမ့်မည်။ ထိုအခါ သင်သည် ဗလာဟူသော ဝေါ၀ါရဓမ္မကို ကောင်းမွန်စွာ အလိုလို သဘောပေါက်လာလိမ့်မည်။

သင်၏ ဘ၀တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက အောက်တွင် ကျွန်ုပ်တို့၏ ဆရာသခင် အဘဒေါက်တာ မင်းသိင်္ခ ညွန်ပြပေးထားသော ယတြာနည်းဖြင့် ဆောင်ရွက်ကြည့်လိုက်ပါ။ ဒါသည်လည်း သင်တို့ ဘ၀ခရီးအတွက် ပေါ့ပါးစေသော နည်းတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပါလား။

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ မဟာချိုင်မြို့

Tuesday, February 1, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels