Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အလိမ်ခံရသော - ငွေများအမြန်ပြန်ရစေသောယတြာ

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၃၅)နှစ်ခန့် ရှိသော မအေးဝင်းဟုအမည်ရသော အမျိုးသမီးတစ်ဦး ရောက်လာပြီးလျှင် ကျွန်ုပ်ထံသို့ ဗေဒင်လက္ခဏာ ကြည့်လေ၏။ သူ၏ မွေးသက္ကရာဇ်ကို ပထမဦးဆုံး သုံးတန်ပေါ်နိစ်ပညာ၊ မဟာဘုတ်ဗေဒင်၊ နာမက္ခရအစရှိသောတိုင်များကို အဆင်သင့် တွက်ထားပြီးလျှင် ကျွန်ုပ်၏ အသက်သွေးကြောသဖွယ် သဘောထားသော တားရော့ပညာရပ်နှင့် မအေးဝင်အား ဟောပေးရလေ၏။

ကျွန်ုပ်သည် မအေးဝင်း၏လက်အား ရေးမွှေးဖြင့် ဆွတ်ဖြန်းပြီး သန့်ရှင်းစေပြီးလျှင် ၎င်း၏ ဘယ်ဘက်လက်ဖြင့် တားရော့ကို တစ်ဝက်ချိုးခိုင်းလိုက်လေရာ အောက်ပါအတိုင်း ကျလေတော့၏။

ကျွန်ုပ်သည် မအေးဝင်းအတွက် တားရော့(၇) ချပ် ချလေ၏။ အပေါ်ပုံကို ကြည့်ကြည့်ပါ။ (၁-၆-၄-၂-၇-၅-၃) ဟု အစဉ်အတိုင်း ချ၍ ဟောပေးလေ၏။ ထိုတားရော့(၇)ချပ်ဟောနည်းကို အသေးစိပ်လေ့လာချင်ပါက နောင်တွင် အသေးစိပ် ပို့တင်ပေးပါဦးမည်။ ကျွန်ုပ်သည် မအေးဝင်၏ ကံကြမ္မာအား တားရော့နှင့်ဖြန့်ကျက်၍ ကြည့်လိုက်ရာ...

နံပတ်(၁) တားရောကဒ်သည် တနင်္ဂနွေဂြိုဟ်နှင့် ပတ်သက်သောကိစ္စများကို ဟောရသောကဒ်ဖြစ်လေ၏။ နံပါတ် (၁)နေရာတွင် တားရောနံပါတ်(၅) ဘုန်းကြီးကဒ်ကျလေ၏။ ဘုန်းကြီးကဒ်သည် အကောင်းဖြစ် သောကြောင့် အိမ်ထောင်ရေးကိစ္စ၊ အလုပ်ကိစ္စများနှင့် ပါတ်သက်၍ ကောင်းမွန်ကြောင်း၊ အလုပ်အကိုင် အဆင်ပြေမည် ဖြစ်ကြောင်း ဟောပေးရလေ၏။

နံပါတ်(၆)ဟု ရေးပြထားသောနေရာသည် သောကြာဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စများကို ဟောပေးရသော ကဒ်ဖြစ်၏။ ထိုနေရာတွင် တားရောနံပါတ် (၁၈) လမင်းစန္ဒာကဒ်ကျ၏။ လမင်းစန္ဒာကဒ်သည် မကောင်းသောကဒ်ဖြစ်လေ၏။ ရန်များသောကဒ်ဖြစ်လေ၏။ ထို့ကြောင့် ဆွေမျိုးသားချင်းကိစ္စ၊ ခရီးကိစ္စ အစရှိသော သောကြာနံနှင့်ပါတ်သက်သော ကိစ္စများကို မကောင်းကြောင်း သတိထားရမည်ဖြစ်ကြောင်း ကို ဟောပေးရလေ၏။

နံပါတ် (၄)ဟု ရေးပြထားသောနေရာသည် ဗုဒ္ဓဟူးဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စများကို ဟောပေးရသော ကဒ်ဖြစ်၏။ ထိုနေရာတွင် တားရော့နံပါတ်(၉) ပုဏ္ဏားဘကွန်းကဒ်ကျလေသောကြောင့် သားသမီးကိစ္စ၊ လူမှု့ပေါင်းသင်းဆက်ဆံရေး ကိစ္စများတွင်ကောင်းကြောင်း ၊ အကျိုးပေးမည်ဖြစ်ကြောင်း၊ အောင်မြင်မည်ဖြစ် ကြောင်း၊ ဟောပြေရလေ၏။

နံပါတ်(၂)ဟုရေးပြထားသော နေရာသည် တနင်္လာဂြိုဟ်နှင့် ပါတ်သက်၍ ဟောပေးရသောနေရာ ဖြစ်၏။ ထိုနေရာတွင် တားရော့နံပါတ်(၁၆) ပြိုကျသောမျှော်စင် ကဒ်ကျလေသောကြောင့် ငွေကြေးကိစ္စ၊ အလှူမင်္ဂလာကိစ္စများနှင့် ပါတ်သက်၍ အဆင်မပြေကြောင်း၊ ပျက်စီးမည်ဖြစ်ကြောင်း၊ ငွေကြေးဆုံးရှုံးမည့် ဖြစ်ကြောင်း၊ ငွေလိမ်ခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးကိစ္စ ချေးငှားခြင်း၊ အာမခံပေးခြင်း၊ ကိုယ်တိုင် ချေးငှားခြင်းများကို ဆင်ချင်ရမည်ဖြစ်ကြောင်း ဟောပေးရ၏။

နံပါတ်(၇)ဟု ရေးပြထားသောနေရာသည် စနေဂြိုဟ်နှင့်ပါတ်သက်သော ကိစ္စရပ်များကို ဟောပေးရသော နေရာဖြစ်၏။ ထိုနေရာတွင် တားရောနံပါတ်(၁၅) တစ္ဆေကဒ်ကျ၏။ ထို့ကြောင့် လတ်တလောရည်ရွယ်ထား သော ကိစ္စများနှင့်ပါတ်သက်၍ ထစ်ငေါ့နိုင်ကြောင်း၊ အနှောက်အယှက်မြင်ကြောင်း၊ ဆုံးဖြတ်ရ ခက်မည့်အကြောင်း ဟောပေးရပြန်၏။

နံပါတ်(၅)ဟု ရေးပြထားသော နေရာသည် ကြာသပတေးဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စရပ်များကို ဟောပေးရသော နေရာဖြစ်၏။ ထိုနေရာတွင် တားရောနံပါတ် (၁၂) တွဲလောင်းဆွဲခံရသူကဒ် ကျလေ၏။ ထိုကဒ်သည် မကောင်းသောကဒ်ဖြစ်၏။ ထို့ကြောင့် ကြာသပတေးဂြိုဟ်ဖြစ်သော မိတ်ဆွေအပေါင်း အသင်းများနှင့်ပါတ်သက်၍ လူယုံသတ်တတ်ကြောင်း၊ မည်သူကိုမျှ ယုံကြည်ခြင်းငှာ မသင့်ကြောင်း၊ မိမိယုံကြည်သော မိတ်ဆွေ၊ ဆရာသမားကဲ့သို့သောသူ ဒုက္ခပေးခံရတတ်ကြောင်း ဟောပေးရ၏။

နံပါတ်(၃)ဟု ရေးထားသောနေရာသည် အင်္ဂါဂြိုဟ်နှင့် ပါတ်သက်သော ကိစ္စရပ်များကို ဟောပေးရသောနေရာ ဖြစ်လေ၏။ ထိုနေရာတွင် တားရောနံပါတ်(၂၀) ရှင်ပြန်ထမြောက်ကဒ်ကျ၏။ ဆိုးရာမှ ကောင်းရာဘက်သို့ ဦးတည်လာသော အဓိပ္ပါယ်ဖြစ်၏။ ထို့ကြောင့် အင်္ဂါနံ လင်ကိစ္စ၊ စက်ကိစ္စများ၊ နျင့်ပါတ်သက်၍ အဆင်မပြေဖြစ်နေတာတွေ အဆင်ပြေလာမည်ဖြစ်ကြောင်း၊ လင်ယောင်္ကျားကို ပါတ်သက်၍ စိတ်သောကများ ပြေပြောက်မည်ဖြစ်ကြောင်း ဟောပေးရ၏။

မအေးဝင်းသည် ကျွန်ုပ်တစ်ခါဟောတိုင်း တစ်ခါ ခေါင်းညိတ်၍ မှန်ကန်ကြောင်း ၀န်ခံလေ၏။ သူတစ်ခါ ၀န်ခံတိုင်း ကျွန်ုပ်လည်း ကျွန်ုပ်လွန်စွာချစ်မြတ်နိုးသော တားရော့ကဒ်လေးများကို နမ်းလေ၏။ ကျွန်ုပ် ဗေဒင်ဟောပြောသော တားရောကဒ်လေးများသည် စုတ်ပြတ်နေပြီ ဖြစ်၏။ ရိနေ၏။ လောင်းထားသော ပလပ်စတစ်ကဒ်များပင် တ၀က်တပျက်က ကွာနေ၏။

မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ် မှော်ဘီမရမ်းတလင်းတွင် နေထိုင်စဉ်ကပင် မွေးထားသော တားရော့ကဒ်များ ဖြစ်သောကြောင့် ကျွန်ုပ်၏ မသိစိတ်က လွန်စွာစွဲလန်းမြတ် နိုးနေ၏။ ထို့ကြောင့် သူများလက်ဆောင်ပေးသော တားရော့ထုပ်အသစ်များ တော်တော်များများ ရှိနေသည့်ကြားတွင်ပင် ကျွန်ုပ်သည် ကျွန်ုပ်၏ စုတ်ပြတ်နေသော တားရောအဟောင်းထုပ်ကလေးကိုသာ မြတ်မြတ်နိုးနိုးဖြင့် သုံးစွဲရခြင်း ဖြစ်လေ၏။

ကျွန်ုပ်သည် မအေးဝင်းအား အထက်ပါအတိုင်း တားရော့(၇)ချပ်ကို ဖြန့်ကျက်၍ တားရောတစ်ချပ်လျှင် ၃-ခွန်း ဖြင့် (၂၁)ခွန်းတိတိ ဟောပေးလိုက်ပြီ ဖြစ်၏။ (၂၁)ခွန်းဆိုသော ဟောကိန်းများသည် အတော်များနေပြီ ဖြစ်၏။ ကျွန်ုပ်ဟောတိုင်းဟောတိုင်းလည်း အရမ်းမှန်တာပဲဟု ၀န်ခံသောကြောင့် ကျွန်ုပ်သည် ဗေဒင်ဟောပေးရသည်မှာ လွန်စွာပျော်ရွှင်နေမိလေ၏။ (မှတ်ချက်- ဒီနေရာတွင် ဤကဲ့သို့ရေးသားရခြင်းမှာ ကျွန်ုပ်ကို ကျွန်ုပ် ဗေဒင်မှန်ပါတယ်ဟု ကိုယ့်ကိုဖော်မသူတော်ကဲ့သို့ ကြွားလုံးထုပ်သည်ဟု မထင်မြင်မယူစေလိုပဲ ဗေဒင်ဝါသနာရှင် လူငယ်များက တားရော့ဖြင့် ဗေဒင်မဟောတတ်ပါ။ ဘယ်လို ဟော၇တာလဲဟု မကြာခနဆိုသလို မေးတတ်ကြသောကြောင့် တားရော့ ပညာရပ်ဖြင့် ဤကဲ့သို့ မှန်မှန်ကန်ကန်ဟောလို့ရတယ်ဆိုတာကို သိစေချင်သောကြောင့် ဤသို့ ရေးသား ရခြင်း ဖြစ်ပါတယ်။) ထို့နောက် မအေးဝင်က ကျွန်ုပ်အား ဆက်လက်၍ အောက်ပါအတိုင်း ပြောပြလေတော့၏။

မှန်ပါတယ်ဆရာရယ်။ ဆရာဟောတာတွေ အကုန်နီးပါးလောက် မှန်ပါတယ်။ အလုပ်အကိုင် အဆင်ပြေတယ်ဆိုတာရော။ လင်ကံ ကောင်းလာတယ်ဆိုတာရော၊ လတ်တလောကိစ္စ ထစ်ငေါ့မယ်ဆိုတာရော၊ တော်တော်များများ မှန်ပါတယ်။ အဆိုးဆုံးကတော့ လူယုံသတ်မယ်။ ငွေလိမ်ခံရမယ်ဆိုတာကတော့ အမှန်ဆုံးပါပဲ။ အခုလာတာလဲ အဲဒီကိစ္စနဲ့ ဆရာ့ဆီလာတာပါ။ တော်တော်များ များ ပေးထားတဲ့ငွေတွေ ပြန်မရဘူးဖြစ်နေတယ်ဆရာ။ အဲဒါလေးတွေ ပြန်ရအောင် ကူညီပေးပါဦးဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း အလိမ်ခံရသောငွေများ အမြန်ပြန်ရစေသော အောက်ဖော်ပြပါယတြာ ကို မအေးဝင်းအား ပေးလိုက်လေတော့သတည်း။

အလိမ်ခံရသောငွေများ အမြန်ပြန်ရစေသောယတြာ

သခွါးသီးတစ်လုံးမှာ လူပုံဆွဲပါ။ ထိုလူပုံလေးရဲ့အောက်မှာ ငွေလိမ်သူရဲ့အမည်ကို ရေးပါ။ ထိုနောက် လမ်းလေးခွဆုံကို သွား၍ “ ငါ့ငွေတွေ အမြန်လာပေးစေ”ဟု ပြောဆို၍ ချိုးဖဲ့ စွန့်ပစ်လိုက်ပါ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Friday, February 11, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels