ကျွန်တော် ဒီနေရာလေးမှာ ဒီနှစ်သင်၏ကံကြမ္မာ ဆိုတဲ့ အမည်နဲ့ ပို့လေးတစ်ခု တင်ထားပါတယ်။ အဲဒီ ပို့လေးမှာ သုံးတန်ပေါ်နိစ် ပညာနဲ့ မိမိရောက်ဆဲ အသက်အပိုင်း အခြားကို ကံဇာတာ ကောင်းမကောင်း တွက်ကြည့်တာပါ။ သက်ရောက် တွက်နည်းလို့လည်း ခေါ်ပါတယ်။ ကိုယ်လက်ရှိ ရောက်နေတဲ့ အသက်အပိုင်း အခြားမှာ ကံဇာတာ ကောင်း မကောင်းကို သိချင်တယ်ဆိုရင် အဲဒီနေရာလေးက နည်းအတိုင်း တွက်ကြည့်လိုက်ပါ။
အခု တင်မဲ့ ပို့လေးကတော့ သက်ရာက်ယတြာလို့ ခေါ်ပါတယ်။ ဘယ်သက်ရောက်မှာ ဘာယတြာ ချေရမယ်ဆိုတာကို ရေးမှာပါ။ အဲဒီတော့ သက်ရောက် တွက်နည်းအတိုင်း တွက်ကြည့်ပြီးလို့ မိမိ ဘာသက်ရောက်လဲ ဆိုတာကို သိပြီဆိုရင် ကိုယ်ရောက်နေတဲ့ သက်ရောက်အတိုင်း ယတြာချေပေါ့။ အဲဒီလို သက်ရောက်ယတြာ ချေလိုက်မယ် ဆိုရင် မိမိရောက်ရှိနေသော အသက်အပိုင်းအခြားမှာ မကောင်းသော ကံဇာတာများ ပြေပြောက်ပြီး ကောင်းကျိုး ချမ်းသာများ ရရှိနိုင်မည် ဖြစ်ပါကြောင်း........
တနင်္ဂနွေသက်ရောက်လျှင်.....

- မုန့်လုံးရေပေါ် လှူပါ။
- အုန်းနို့နှင့် ချက်ထားသော ဘဲသားဟင်းကို ဘုန်းကြီးကျောင်း လှူပါ။
- ဆီမီးသက်စေ့လှူပါ။
- တံခွန် ၊ ကုက္ကား ၊ မုလေးပွား ဂြိုဟ်တိုင်စေ့လှူပါ။
- ထီးဖြူ အကြီးတစ်လက်နှင့် ထီဖြူ အသေးသက်စေ့ မွေးနေ့နံက်တွင် လှူပါ။
- အမွှေးနံသာနှင့် ဘုရား ဆင်းတုတော်အား ရေသပ္ပါယ်ပါ။
- နေ့စဉ် ခန္ဓကိုယ် သန့်ရှင်းရေး ၊ အိမ် သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ရေလဲပါ။
- တစ်ပတ်တစ်ကြိမ် အဓိဋ္ဌာန် ပုတီးစိပ်ပါ။
- လပြည့် လကွယ် နေ့များတွင် သတ်သတ်လွတ်စားပါ။
- အလုပ်တွင် သန့်ရှင်းရေးလုပ်ပါ။
- အိမ်သာဆေးပါ။
- ရေလှူပါ။
- အင်္ဂါသက်ရောက် ယတြာများကိုလည်း ချေပါ။
- ငါးသက်စေ့ လွှတ်ပါ။
- ထီးနီ သက်စေ့လှူပါ။
- ငှက်လွှတ်ပါ။
- လူမမာကို ဆေးဝါးဓာတ်စာ လှူပါ။
- အုန်းသီးတစ်လုံး အ၀လှပ် အရေသွန် ဆားသိပ် ညောင်ပင်မှ ရုက္ခဇိုး လှူပါ။
- စနေသက်ရောက် ယတြာများကိုလည်း ချေပါ။
- ယပ်ဖြူသက်စေ့လှူပါ။
- ဘုရား ရင်ဘတ်တော် ရွှေချပါ။
- ရေသက်စ့လှူပါ။
- ဘုရား ဆင်းတော်တု ရေသပ္ပါယ်ပါ။
- အဓိဋ္ဌာန် ပုတီးစိပ်ပါ။
- ဘုရားဖူးသွားပါ။
- ခရီးစရိပ် ပြတ်နေသူကိုငွေလှူပါ။
- မွေးနေ့တိုင်း အိပ်ယာပြောင်းရွေ့အိပ်ပါ။

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter