Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

တားရော့ကို နှလုံးသားဖြင့်လိုက်စားပါ

တားရော့ကို ဦးခေါင်းဖြင့် မလိုက်စားပဲ နှလုံးသားဖြင့် လိုက်စားစေချင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် တားရော့သည် ဦးခေါင်းမှလာသော ပညာမဟုတ်။ နှလုံးသားမှလာသော ပညာသာ ဖြစ်၏။ ကျွန်ုပ်သည် အစပထမ၌ ဦးခေါင်းဖြင့် လိုက်စား၏။ ထိရောက်ခြင်း မရှိသောအခါ၌ နှလုံးသားဖြင့် လိုက်စားခဲ့၏။ ထိုအခါကျမှ ထိထိရောက်ရောက် ဖြစ်လာလေတော့၏။

အစပထမတွင် ကျွန်ုပ်သည် တားရော့ကို “ငါပိုင်ပြီ”ဟု ကြွေးကျော်ခဲ့၏။ သို့မဟုတ် တားရော့သည် ငါ၏ ပစ္စည်း ဖြစ်ပြီဟု ကြွေးကျော်ခဲ့၏။ နှလုံးသားနှင့် လိုက်စားသော အခါ၌ ထိုကြွေးကျော်သံသည် လွန်စွာနိမ့်ကြောင်း သဘောပေါက်ခဲ့ရ၏။

ထိုကြွေးကျော်သံကို ကြည့်လျှင် တားရော့သည် ကျွန်ုပ်၏ ပစ္စည်းဖြစ်ရုံမျှ ဖြစ်၏။ တားရော့နှင့် ကျွန်ုပ်သည် တပေါင်းတစည်းတည်း မဖြစ်။ ပစ္စည်းဆိုလျှင် ပျောက်ဆုံးသွားနိုင်၏။ အမှန်ဖြစ်ရမည်မှာ တားရော့နှင့် ကျွန်ုပ်သည် တစ်သားတည်း ၊ တစ်ပေါင်းတည်း ၊ တစ်ထပ်တည်း ဖြစ်နေရမည်ဖြစ်၏။

ဤသို့ ဖြစ်မနေသေးလျှင် တားရော့သည် ကျွန်ုပ်၏ ပစ္စည်းမျှသာ ဖြစ်နေသေး၏။ ကျွန်ုပ် မဟုတ်သေးပေ။ နောင်အခါတွင် ကျွန်ုပ်သည် အောက်ပါအတိုင်း ကြွေးကျော်ခဲ့၏။

ငါဟာ တားရော့ ဖြစ်တယ်။
တားရော့ဟာ ငါဖြစ်တယ်။

တားရော့တွင်ပါသော မှော်ဆရာသည် ကျွန်ုပ်ပင်ဖြစ်၏။ တားရော့တွင်ပါသော ဘုရင်သည်လည်း ကျွန်ုပ်ဖြစ်၏။ တားရော့တွင်ပါသော ဘုန်းကြီးသည်လည်း ကျွန်ုပ်ပင်ဖြစ်၏။ တားရော့တွင်ပါသော ရသေ့သည်လည်း ကျွန်ုပ်ပင်ဖြစ်၏။ထို့အတူ တားရော့တွင်ပါသော အရူးသည်လည်း ကျွန်ုပ်ပင် မဟုတ်ပါလော.....

Thursday, January 28, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels